Saturday, May 17, 2014

အီတလီ Pastina

မင်္ဂလာပါရှင်~~~
ခုတလောဘိုဆန်ချင်နေပါတယ်..။ အီတလီခေါက်ဆွဲက အမျိုးပေါင်းသောင်းခြောက်ထောင်လောက်ကိုရှိ
တာလေ..ဟဟ..ခေါက်ဆွဲခြောက်တွေထားတဲ့အတန်းထဲဝင်သွားမိရင် ဘာဝယ်ရမှန်းတောင်မသိဘူး..။
ဒီတခါတော့ Pastina လို့ခေါ်တဲ့"little pasta" တွေဝယ်ခဲ့တယ်။ အဲဒီအထဲမှာမှ ဒီဟာက တကဲ့သေးသေး မှသေးသေးလေး..ကြယ်ပုံလုံးလုံးလေး..။ ဝယ်လာမိပြီး ဘယ်လိုချက်ရမလဲလို့ စနည်းနာကြည့်တော့ ချက်
နည်းလည်းသောင်းခြောက်ထောင်ပါဘဲရှင် ^_^ ဒီတော့ သူတို့စတိုင် ကိုယ့်စတိုင် ရောသမမွှေလေပေါ့
ဆန်ပြုတ်ပြဲသလိုလို ထမင်းကြော်လိုလိုနော်...ဒါပေမဲ့မထင်မှတ်ဘဲ တကယ်နူးညံ့ပြီးစားကောင်းပါကောရှင်
ကျမထုံးစံကတော့ မိုပေါ့..ကျမက မိုနဲ့ မျှစ်တို့ကိုအရမ်းကြိုက်တယ်..။ အသားငါးသိပ်မစားတဲ့သူဆိုရင် ထိုဖူး
တို့ပဲတို့ပိုစားပေးရတယ်လေ..အရသာရှိအောင်လို့ မိုလေးနဲနဲသာထည့်ချက်လိုက် အသားမူန့်ဆိုတာမလိုဘူး
ကျမက တရုတ်နံနံပင်ကြီးခေါ်မလား celery လို့ခေါ်ကြတယ်လေ အဲဒါလေးနဲ့ မုန်လာဥနီ အီတလီကြက်
အူချောင်း ကြက်သွန်နီ မို တို့ကိုမာဂျရင်းလို့ခေါ်တဲ့ ဟင်းရွှက်ဆီနဲ့လုပ်တဲ့ထောပတ်နဲ့ချက်ပါတယ်
တယောက်စာ နေ့လည်စာထမင်းဗူးအတွက်လေ ဘယ်လောက်ထည့်ရမှန်းတောင်မသိဘူး..နဲနဲဘဲချက် တာကို ၂ခါခွဲစားရတယ် အများကြီးရတာ..
 

ချစ်စရာလုံးလုံးလေးတွေ..ထောပတ်ဆီထည့်ထားတဲ့အိုးထဲ ဟင်းသီးဟင်းရွှက်တွေ ကြက်အူချောင်းတွေ
ကြော်ပြီးမွှေးလာမှ အဲဒီ ကြယ်လုံးလေးတွေထည့်မွှေပြီးရေနဲနဲလေး မြုပ်ရုံပေါ့ ထမင်းချက်သလို အဖုံးလေး
ပိတ် မီးအေးအေးနဲ့ခဏလောက်ထားလိုက်တယ်...။

တဝက်လောက်ကိုဗူးထဲမှာ သိမ်းထားရသေးတယ်။ မကုန်လို့လေ..။ အပေါ်ကချိစ်ဖြူးလိုက်တာဘဲ...ပူတော့
အားလုံးပျော်ဝင်ကုန်တယ်...။ နူးနူးညံ့ညံ့မွှေးမွှေးလေးနဲ့အရသာအလွန်ရှိတာဘဲ...။ တကယ်ပြောတာပါး))
ကဲ...ကျန်တဲ့ဟာတွေနောက်တမျိုးချက်မှ လာပြီးအာလူးဖုတ်အုံးမယ်နော့်..

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

10 comments:

  1. ကိုယ်ကတော့လေဘိုစာကိုအလကားစားရတဲ့ပါတီတွေနဲ့ 
    ရုံးမှာလုပ်တဲ့ပါတီတွေမှာပဲစားတယ်။
    တခါတခါစိတ်ရူးပေါက်ပြီးချိစ်တွေဝယ်မိရင်မကုန်လို့ လွှတ်ပစ်ရတာတော့တော်တော်နှမျောတယ်။ ကြယ်ပုံလေးတွေကတော့စမ်းသပ်ပြီးချက်ချင်စရာရယ်။း)
    အိုင်အိုရာ

    ReplyDelete
    Replies
    1. အလကားတွေခဏခဏစားရင်းကြိုက်သွားတာလေဗျာ..ဟီး
      တချို့ဟာတွေတကယ်စားကောင်းတယ်
      အသုပ်သဘောမျိုးလုပ်ထားတာနဲ့တူတယ်
      ရိုးရိုးစင်းစင်းလေးနဲ့..လေ
      ချိစ်တွေအသေးဆုံးအတုံးလေးဘဲဝယ်တော့တယ်
      အမျိုးပေါင်းများစွာဘဲနော်..ဒါနဲ့..
      ဆန်စေ့လိုသေးသေးပါစတာလည်းရှိသေးတယ်မအိုင်အိုရာရေ့၊

      Delete
  2. ဘိုစာထဲမှာ အသားတွေ ချိစ်တွေတော့ ကြိုက်ပေမယ့် ခေါက်ဆွဲဆို ဆန်နဲ့လုပ်တဲ့ခေါက်ဆွဲပဲ ကြိုက်တာမို့ အီတလီစာ ဂျုံ ခါက်ဆွဲတွေကို သိပ်မစားဖြစ်နေဘူး... တခါတလေ စိတ်ရူးပေါက်မှ သို့မဟုတ် ရွေးစရာမရှိမှ စားဖြစ်တယ်။ မမအိုင်အိုရာလိုပဲ :)

    ReplyDelete
    Replies
    1. ကိုယ်တို့ တူတာတွေသိပ်များတယ်နော်စူးနွယ်လေး။း)
      အိုင်အိုရာ

      Delete
    2. ကိုယ်တို့တော့ ခေါက်ဆွဲခင်ဘဲ
      ဟင်းဟင်း...ဆန်ခေါက်ဆွဲဆိုလို့..
      ကျိုင်းတုံက ဆန်ခေါက်ဆွဲဗန်းသေးသေးလေးနဲ့
      ချက်ချင်းလုပ်ပြီးချက်ချင်းစားတဲ့ဟာမျိုးစားဖူးလား..
      နောက်ဗန်းဝယ်လာပြီးလုပ်စားအုံးမယ်..
      စူးနွယ် မအိုင်အိုရာ နဲ့တူတာတခုရှိတယ်လေ..
      ချက်ရေးပြုတ်ရေးစိတ်ဝင်စားတာပေါ့..း)))

      Delete
    3. စားဖူးသေးဘူးမမီး

      Delete
  3. ဟန်ကြည်May 18, 2014 8:50 AM

    ပါစတာဆိုလို့ ပြူးပြဲုကြည့်လိုက်တာ ပိစိကွေးကလေးတွေကိုးဗျ...ဆတ်ခနဲကြည့်လိုက်တာ ထမင်းကြော်မှတ်နေရော... :)

    ReplyDelete
    Replies
    1. ပါစတာနဲ့မြူတာချက်ချင်းကြီးရောက်ချလာတယ်ပေါ့..
း))))

      Delete
  4. အဲလိုကြယ်ပိုပါစတာ ဒီမှာမရှိသေးဘူး ချစ်စရာလေး စားလို့ကောင်းတယ်ဆိုလို့ စားဖူးချင်သေးတယ် မမီး နောက်တမျိုးချက်မယ့်ဟာကို မျှော်လိုက်ဦးမယ်

    ReplyDelete
    Replies
    1. မိုးငွေ့လေးရေ...
      ဆန်စေ့ပုံလေး ဖဲပြားပုံလေးတွေ
      ဘီစကွတ်အဝိုင်းပုံလေးတွေလည်းရှိတယ်..
      တဗူးဝယ်ထားရင် ၄-၅ ခါလောက်ချက်နေရတယ်.
      နောက်တော့ဆက်ရန်လာမှာပေါ့နော်..:D

      Delete