မင်္ဂလာပါရှင်~~~ကျမ မိတ်ဆွေတယောက်က ကျမရေးတာတွေက ရသစာပေထဲမပါတဲ့ kitchen talk စာပေတဲ့။ ဒီလောက် စားကြောငမ်းတဲ့မယ်ငီး ရေးတာလည်း သာရေတမြားမြားနဲ့ရေးရတာ..ဂလောက်အရသာရှိတာကိုနော်..အရသာစာပေလို့ မှတ်ယူကြပါကုန်.. ^_^
ကိုင်း..ဒီတခါတလည်း မီးဖိုချောင်အကြောင်း ဟင်းအကြောင်းဘာလေးညာလေး ပြောဆိုကြရအောင်...
ကညွှတ်တွေလတ်ဆတ်လို့ ခရုဆီနဲ့ကြက်သွန်ဖြူ ပြောင်းဖူးမူန့်နဲနဲဖျော်ထည့်ပါလို့..ဒီလိုလုပ်စားလေ့ရှိတယ်
ကညွတ်ကိုတော့ ရေပူပူမှာခဏပြုတ်လိုက်ရင် ပိုကောင်းပါတယ်။ ဆားလေးနဲနဲခပ်ပေါ့..။ ပြီးမှ ကြက်သွန်ဖြူ
ဓါးပြားရိုက် ၂ခြမ်းနဲ့ ဆီပါလေရာလေးဒယ်အိုးပူပူမှာ ကြော်၊ ခရုဆီနဲ့ပြောင်းဖူးမူန့် ဖျော်လေးလောင်းထဲ့၊ ဆားနဲနဲ ငရုပ်ကောင်းဖြူးး ရေအေးစိမ်ထားတဲ့ ကညွတ်လေးပြန်ထည့်.. ခဏလေးပါဘဲ..စားကောင်းချက် ကတော့
ဘဲဒီးဘဲဒီး..ဂွတ်ရှယ်ပေါ့..
ဟိုတခါက ကိုယ့်ဖာသာကိုယ့်စိတ်နဲ့ ရန်တွေဖြစ်ပြီး ဝယ်လာတဲ့ကတက်ချဉ်လေးကို ရေအထပ်ထပ်ဆေး..၊
ကြက်သွန်ဖြူ ဆီချက်၊ဆား၊ကုလားအော်သီး၊ကြက်သွန်နီ၊ခရမ်းချဉ်သီးမီးဖုတ်၊ငံပြာရည်နဲနဲ၊မချဉ်လို့ သံပုရာ သီးညှစ်ရသေးတယ်လေ။ မြေပဲဆံထောင်းလေးကောမပါမဖြစ်...အိုးမိုင်...ဘယ်ပြောကောင်းလိမ့်မတုံး...
ပဲဟင်းပူပူလေး၊ငါးကြော်လေးနဲ့..ဂွတ်..
နောက်ပြီး ဒီငါးလေးကို ဓါတ်စာကျနေပါတယ်။ ငါးကိုသာကြိုက်တတ်တာ ငါးနံမည်တော့လာမမေးပါနဲ့ ဘာ
မှသိပ်သိတာမဟုတ်ဘူး၊ ငါးခူ ငါးရံ့ ဒီလောက်ဘဲသိတာ ဒီငါးကိုလည်းစိတ်ထဲမှာ ဝိုင်းဝိုင်းကြီး အသားထူလို့
ဝယ်လာတယ် ငါးပုတ်ဆိုလား သူများကိုပြပြီးမေးတာ သူကဒီလိုဘဲပြောပါတယ်။ ဆား၊ငရုတ်ကောင်း၊ ပဲငံ
ပြာရည်၊ခရုဆီနယ်ဖတ်ပြီး oven ထဲထည့်လိုက်တာဘဲ..အထဲမှာတော့ ကုလားအော်သီး၊ကြက်သွန်ဖြူ ၊နံနံ့ ပင်ပါးပါးလှီးလို့ သွပ်ထားလိုက်တယ်၊ ဗိုက်သားပိတ်ဖို့က သွားကြားထိုးတံနဲ့လေ..ဟီး..ကဗျာမဆန်ချက်..

ဟော..အထဲကငါးအသားလေး....စပ်စပ်မွှေးမွှေးလေး...
အပြင်မှာကျတော့ ဒီလိုပုံပေါ့...
ဟင်းရည်ကျတော့ မုန်ညှင်းစော...ဒီတခါဂျပန်ကို ရှမ်းပြုလိုက်ပါတယ်လေ..
Miso ဆိုတဲ့သူတို့ဟင်းရည်အနှစ်ကိုဗူးလိုက်ဝယ်ထားပြီး ဘာဟင်းရည်ချက်ချက် ၂ဇွန်းလောက်ကလော် ထည့်လိုက်တယ် ချိူ နေတာဘဲ..သူမေးတော့ ဒါရှမ်းဟင်း...ချက်ရတာလွယ်လွန်းလို့..ဂျင်းကြက်သွန်ဖြူနီ
ခရမ်းချဉ်သီး ရောပစ်ထည့်ကြိုထားလိုက်ရုံပါဘဲ စားခါနီး ကြက်သွန်ဖြူဆီချက်အဖတ်ကိုနဲနဲခပ်ထည့်
လိုက်တယ်လေ..။
နောက်တခါ ငါးကိုကျတော့ ကြော်လိုက်တယ်..ဆီနဲနဲနဲ့ဆိုတော့ လှော်တယ်ပြောလည်းရမယ်နဲ့တူ
တယ်..ဟီး...ပြီးမှ...
ပဲငါးပိကြက်သွန်ဖြူ ဆီသတ်ထည့်..အစိမ်းရောင်ရှိသောဘယ်အရွှက်မဆိုအုပ်လို့ရတယ်..
တခါတလေလည်း..အရွှက်တွေနဲ့ ဟိုလိုဒီလိုပေါ့...
ဂဏန်းတွေတိုးခွေ့လုဝယ်လို့ ဒီကလည်းအားကျမခံလုဝယ်လာခဲ့တယ် တခါမှမချက်ဖူးဘူး...
.JPG)
စမ်းသပ်ချက်လိုက်တော့လည်း..အိုး..မိုင်..တယ်တော်တဲ့..ငီးငီးပါလား...တရွှတ်ရွှတ်နဲ့ကိုက်စားရတာ ထမင်းစားပျက်တာ အမှန်ဘဲ..ဒီဟင်းကို ပဲငါးပိနဲ့ချက်တာ...
ဝယ်စားရင်တော့ဘာမှမတတ်ဘူး..အာချားဟဲဆိုင်...အာကျူ းမားဆိုင်လောက်ဘဲထိုင်တတ်တာလေ...။အာ
ချားဟဲ ဒါန်ပေါက်ကလည်း ကြက်သွန်နဲ့ နံနံ့ပင်နဲ့...
ဒါလေးတော့မဆိုးဘူး...အဲဒီနေရာမှာ အာချားဟဲဆိုင်တွေ အများကြီးတနေရာထဲစုနေတာ..နံမည်ကြီးတဲ့. Iselin, New Jersey ဖက်မှာရှိတယ်။ တခါကကျမပြောဖူးတဲ့ အာချားဟဲ
အများကြီးရှိတယ်ဆိုတဲ့နေရာကပါ။
နောက်တဆိုင်ရဲ့..ဒါန်ပေါက်...
ကျမကဆိတ်သားဟင်းနဲ့စားကြည့်တာ...
ဒါကတော့ longisland NY ကနေရာဟောင်းဖက်မှာ ဘူဖေးတဲ့ တယောက် ၁၂ ကျပ်လောက်ပါဘဲ..ရှိသမျှ
ခူးခပ်ပြီးစားတာဘဲ..ဘာကဘာတွေမှန်းတောင်သေသေချာချာမသိဘူး..ဟီးး

အာချားဟဲဆိုင်မထိုင်ရင်လည်..အာကျုးမားဆိုင်ပေါ့...
ဒီတခါ ဗီယက်နမ်ဆိုင်ခေါက်ဆွဲက စားကောင်းနေလို့....
သူတို့ပင်လယ်စာခေါက်ဆွဲကြော်တဲ့...သူပြောတာတော့ သိပ်အကောင်းကြီးမဟုတ်ဘူးတဲ့....
ကျမက ရှည်တော်မူပြီး ဂျပန်အာလူး ကြက်သားမဆလာ ဆိုတာ(တခါက ဘယ်မှာလဲမသိစားဖူးတာ အရမ်းကောင်းဘဲ..လေ) မှာမိတယ်..ဒီလိုပြဲပြဲလေးဗျ..မကောင်းဘူး...
ကျမတို့အိမ်ရှင်မတွေကတော့ အိမ်မှာဟင်းကျန်ထမင်းကျန်ဆိုရင် ကြံဖန်ပြီးလုပ်စားကြရတာဘဲနော့်...။
အိမ်ကငါးက ကြီးလွန်းလို့ မကုန်ရင် ထမင်းကျန်နဲ့ ငါးထမင်း ဆိုပြီး အပ်ချလောင်း..ဖြစ်စေအောင် နှယ်
ဖတ်စားတတ်ပါတယ်။အဖေသာတွေ့ရင်အပြောခံရမှာ ထမင်းစေ့ကမပျောက်ဘူး..ငါးထမင်း အာလူးထမင်း ထမင်းချဉ် ထမင်းဝါအားလုံးပုံစံအမျိုးမျိုးရှိကြပါတယ်။ ဒါပေမဲ့ တွေ့နေမြင်နေရတာက အားလုံးစုပေါင်းပြီးရှမ်း
ထမင်း ဆိုပြီး အပ်ချလောင်းပေါင်းကြိတ်ပေးလိုက်ကြတာဘဲ..ဘာဘဲဖြစ်ဖြစ် ဗိုက်ထဲ ရှောကနဲဝင်သွားဖို့ အဓိက.....လေနော်.. :P
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး