Wednesday, March 12, 2014
ဂျပန်Nattoo ကိုပအို့ဝ်ပဲပုပ်စေ့လိုကြော်...
မင်္ဂလာပါရှင်~~~
လွန်ခဲ့သောအပတ်ကပေါ့ရှင် ကျမရဲ့နယူးဂျာစီကတဦးတည်းသောမိတ်ဆွေမိသားစု  နယူးယောက်ကနေ
အော်စွမ်းစားမလားလို့မေးပြီး ဝယ်လာပေးပါတယ်။ သူတို့အိမ်သွားယူရင်းနဲ့လည်းထိုဖူးနွေး မုန့်ဟင်းခါးတွေ
ကျွေးတဲ့အပြင် အိမ်ကိုတောင်ထိုဖူးခဲ မုန်ညှင်းချဉ်တွေရော အိုစွမ်း ၄ချောင်းတောင်ထဲ့ပေးလိုက်သေးတယ်။
တော်တော်အူစိုခဲ့တဲ့ရက်တွေပေါ့ ^_^
သူတို့ကို ဒီNatto လေးလက်ဆောင်ပြန်ပေးခဲ့ပါတယ်။ ပါးစပ်ကတော့ ဟိုလိုလေးလုပ်၊ ဒီလိုလေးလုပ်နဲ့ပြော
ခဲ့ပါတယ်။ အပြောနဲ့ နားလည်ပါ့မလားမသိ၊ ကိုယ်ကလည်း အူကြောင်ကျား စကားပြောပတ်ချာလည်
နေတတ်တာ..ကဲ..ညတရေးနိုးထမှ ဘယ်လိုချက်စားရသလဲပြောပြအုံးမယ်လေ...
Sorry အများကြီးပါ..မောင်ငယ်ညီမလေးတို့ရေ...
ဂျပန်ကိုကိုတို့ ဒီ Natto ကိုလုပ်တာအရမ်းကောင်းတာဘဲ ကောက်ရိုးတွေကြားထဲထဲ့ပြီး ပဲကိုပုပ်စေ တာပေါ့နော်...အရမ်းသန့်ရှင်းတာဘဲ၊ ပရိုတင်းဓါတ်အများကြီးပါပြီး လူနဲ့တဲ့တည့်အစားအစာတခုပါ။ နောက်
မှ သူတို့နည်းအတိုင်းလုပ်စားကြည့်ဖို့စဉ်းစားထားတယ်။ ခုတော့ ကိုယ့်နည်းကိုယ့်ဟန်လေးပေါ့..ရှင်..။
ပုံမှာပါတဲ့အတိုင်း တထုတ်ကို ၃ဗူးပါတယ်။ ကျမက ၂ဗူးဘဲကြော်တာ ကျန်တာကို ခရမ်းချဉ်သီးနဲ့ ပဲပုပ် ချက်စားဖို့ချန်ထားအုံးမယ်။ Natto ဆိုတာ တောင်ကြီးဖက်ကိုရောက်ဖူးတဲ့သူတွေမြင်ဖူးကြမှာပါ။ဈေးထဲမှာ
ပအိုဝ့်တွေတောင်းလေးနဲ့ရောင်းတာလေ..အစိမ်းသုတ်စားလည်းကောင်းတယ်။ ဂျုးမြစ်ရှိရင်တော့ ကျမ အသုပ်စားဖြစ်မှာဘဲ..။ရန်ကုန်မှာလည်းရှိပါတယ်။ပဲပုပ်စေ့အချဉ်တည်ထားတာလေ..။ဒါပေမဲ့ ရန်ကုန်မှာ
ရောင်းတာက ဆေးဆိုးပြီးနှပ်လည်းမနှပ်ဘူး အနံ့လည်းမကောင်းဘူး..ထားပါလေ..သူတို့က အရောင် ဆိုးထားတွေဘဲရောင်းနေတတ်ကြတယ်။
 ကျမက အဖေကြော်နည်းတောင်ကြီးက ပအိုဝ့်တွေရောင်းတဲ့ ပဲပုပ်စေ့လိုသဘောထားပြီး ကြော်တာပါ။
အရင်ဆုံး ပဲပုပ်စေ့ကို ဆီနည်းနည်းနဲ့ ကြွတ်နေအောင်ကြော်တယ်။ ပြီးတော့ ကြက်သွန်ဖြူ ဂျင်း နံနံ့ပင် ငရုတ်သီး ဆား အပြင်သူ့တို့ဂျပန်တွေထဲ့ထားတဲ့ ပဲငံပြာရည်လေး ၂ထုတ်ပါထဲ့လိုက်တယ်။
ဟော...တွေ့လား..မွှေးနေတာဘဲ...ထမင်းပူပူလေးနဲ့ဆို...ရှမ်းမကတော့ ဂွတ်တာပေါ့ @_@
နောက်တခါကျရင် ပုံထဲကလို စပါကက်တီနဲ့လုပ်စားကြည့်ရအုံးမယ်...ထမင်းဖြူလေးနဲ့နှယ်စားလည်း အိုကေဘဲတဲ့။
TunTunWin & SongSong ကိုကျေးဇူးတင်တယ်နော့....
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး
17 comments:
  1. ဒီကလည်း ပဲပုပ်စေ့ မနပ်တဲ့အကြောင်းတော့ ပို့စ်တောင်ရေးထားသေးတယ် မမီးရေ
    အောင်သုခဆိုင် ရန်ကုန်မှာ စားတာလေ
    လုံးဝပဲ.. မနပ်ဘူး
    ဒီထဲမှာ ရေးထားတာ http://suenwelay.blogspot.de/2014/02/blog-post_20.html
    ဒါက နပ်ပါတယ်
    မနပ်တဲ့ ပဲပုပ်စေ့တော့ ပြီးမှ ပုံနဲ့ တကွ တင်ဦးမယ်
    ကျမက ထင်တာ အဲဒီတနေ့တည်းပဲ မနပ်တာလားလို့
    မမီးပြောသလိုဆိုတော့ အမြဲတန်းပဲ မနပ်နေတာပေါ့နော်
    ReplyDelete
    Replies
    1. အော်....
      ပဲပုပ်ကြိုက်သူတယောက်တွေ့ပြီး)))
      ဟုတ်တယ်၊ဆက်တောက်ဆက်တောက်ဖြစ်တတ်တယ်။
      တချို့ကလည်းပြုတ်ပြီးအရောင်ဆိုးရောင်းတာတဲ့၊
      မသိပါဘူး..သူများတွေပြောကြတာဘဲ..
      နောက်တခါNatto နဲ့စပါကက်တီလေးလုပ်စားရအုံးမယ်..
      စူးနွယ်ရေ့...
      ၈ျပန်ကတော့အရမ်းစားဘဲ၊
      ဝိတ်ချတဲ့သူတွေအတွက်အသင့်တော်ဆုံးလို့ပြောတာဘဲလေ။
      Delete
  2. ကျေးဇူးပါ အမ။ စမ်းကြည့်ရ မယ်။ မစားရသေးဘူး။
    ReplyDelete
    Replies
    1. စားကြည့်ပါကွယ်..
      အားရှိပါတယ်..
      ကြိုက်သွားမှာပေါ့..
      အမျိုးမျိုးလုပ်စားလို့ရတယ်လေ..
      Delete
  3. ကိုယ့်ကိုအဲဒါမိတ်ဆက်ပေးတာဂျပန်အမေရိကန်သူငယ်ချင်းမလေးလေ။ သူကကိုယ်တို့ စီလာလာအိပ်တယ်။ ကိုယ်နဲ့ သူကစာကျက်ဖေါ်စာကျက်ဖက်။ ဘာသာတော့တူပါဘူး။ ကိုယ်ကရှမ်းပဲပုတ်ကိုထောင်းကျွေးတာသူကကြိုက်တယ်လေ။ အဲဒါသူကပဲပုတ်ထောင်းစားပြီးအဲဒါကိုကိုယ့်ကိုပြန်ဝယ်လာပြီးစားကြည့်ခိုင်းတာ။ ချွဲချွဲကြီးမို့ ကို်ယ်ကြိုက်ပါ့မလားလို့ သူကထင်နေတာ။ အဲဒါကိုသူ့ အရည်လေးနဲ့ နယ်ပြီး Beet Leave အရွက်နုလေးတွေနဲ့ သူကတို့ စားတာ။ အရမ်းကောင်းတယ်။ ကိုယ်လည်းအဲဒီကတည်းက ပဲပုတ်အတွက်မပူတော့ဘူး။ ကိုရီးယားပဲပုတ်ပလတ်စတစ်ထုတ်နဲ့ ဟာရယ်အဲဒါရယ်ရှိရင် ကိုယ်တို့ ကြိုက်တဲ့ပဲပုတ်ဟင်းမျိုးစုံလုပ်စားလို့ ရတယ်လေ။
    မိတ်ဒ်အင်ဂျပန်ဆိုတာလေးကိုတွေ့ အောင်ရှာပြီးကြည့်ရတယ်။
    ကိုယ်သူ့ ကိုအစိုထောင်းစားတာလည်းကြိုက်တယ်။
    အိုင်အိုရာ
    ReplyDelete
    Replies
    1. မအိုင်အိုရာရေ့..
      ကျမအစိုထောင်းမစားဖူးဘူး..။
      စမ်းကြည့်ရမယ်။
      သိပ်ညက်အောင်ထောင်းစရာလိုပါသလား?
      အခုကျမဝယ်တဲ့ ကကြီးဆိုင်က အရှေ့ဖက်ခြမ်းမှာ၊
      အကြီးဆုံးလို့ဆိုတယ်၊
      ဂျပန်အစားအစာတွေကိုကောင်တာသပ်သပ်နဲ့ထားတယ်။
      ဒီပဲပုတ်တွေကြတော့ အခဲထားတဲ့နေရာမှာရှိတာ။
      အမျိုးပေါင်းသောင်းခြောက်ထောင်ဘဲ၊
      ဂျပန်တွေဝယ်ရင်နဲနဲချောင်းကြည့်ထားရတယ်။
      သူတို့ဆွဲတဲ့အထုတ်လိုက်ပြီးယူရတာ.
      ဟီး..ကိုယ်မှဘူးသီးခပေါင်းစာမတတ်ဘူးကော..။
      တရုတ်စာနဲ့ဂျပန်စာလုံးတွေကိုတော့ကွဲအောင်နဲနဲကြည့်တတ်နေပါပြီ။
      အဲလိုမျိုးပဲပုတ်ကိုအမတောင်ကြီးသွားရင်ဈေးထဲမှာ၊
      ပအို့ဝ်တွေရောင်းတာမြင်ရမှာဘဲ။
      ဒီလိုချွဲချွဲလေးပါ..ဂျပန်ကဟာတော့ ပိုနယ်ပေးရင်၊
      ပိုချွဲတယ်။ အင်း..ကကြီး၊နဲ့ဂျပန်အစားအစာတွေက၊
      ဘယ်လိုလုပ်ကျမတို့ဟာတွေနဲ့လာတူနေလည်းမသိဘူးနော်..။
      စိတ်ဝင်စားစရာကောင်းတယ်။
      Delete
    2. မီးမီး..
      ကိုယ်ကအဲဒီ နတို ပဲပုတ်ကို မိုက်ခရိုဝေ့ နဲ့ နည်းနည်းအပူပေးလိုက်တယ်။ ပြီးတော့ပဲပုတ်ထောင်းသလိုမျိုးငရုတ်သီးစိမ်းတို့ ငရုတ်သီးခြောက်ကြော်တို့ ကြက်သွန်ဖြူတို့ ထဲ့ပြီးမညက်တညက်လေးပဲထောင်းစားတာစိုတိုတိုလေး။ တခါတလေ ခရမ်းချဉ်သီးပါတလုံးလောက်မီးဖုတ်ထဲ့ထောင်း နံနံပင်ပါထဲ့ထောင်းတာ ပဲပုတ်ကိုကြိုက်တော့ ကိုယ်တော့အလကားနေရင်းတောင်နှိုက်နှိက်စားဖြစ်တယ်။း)
      အိုင်အိုရာ
      Delete
    3. နည်းလေးပေးတာကျေးဇူးတင်ပါတယ်..
      မအိုင်အိုရာ...ကျမလည်းပဲပုတ်ကြိုက်တော့၊
      အိုကေမယ်ထင်တယ်။
      စမ်းရအုံးမယ်..။
      တနေ့ကဒီမှာအနေကြာတဲ့မိတ်ဆွေတယောက်ပြောပြတယ်။
      ဂျုးမြစ်နဲ့ဆင်ဆင်သူစားတတ်တဲ့တခုရှိတယ်တဲ့။
      အဲဒါရရင်ပဲပုတ်နဲ့အားပါးတရထာင်းစားရအုံးမယ်း))))
      Delete
    4. ဟုတ်လား..ဒါဆိုစိတ်ဝင်စားစရာဘဲ။ ရှဲအုန်းနော်။
      ကိုယ်လည်းဂျူးမြစ်ကြိုက်တယ်။
      တခါတခါဆိုကြက်သွန်မြိတ်တွေကိုရေစိမ်ထားပြီးထွက်လာတဲ့အမြစ်ကို
      ဖြတ်ပြီးဂျုးမြစ်အစားထိုးကိုက်စားတယ်။း)
      Delete
    5. မေ့ကျန်ခဲ့လို့ ပြန်လာပြောတာ။း)
      နတိုပဲပုတ်ရော ကိုရီးယား (ဟုမ်းမိတ် ပလတ်စတစ်ထုတ်ပြားပြားဝိုင်းဝိုင်းနဲ့ ဟာ) ကိုရော တခါတခါလည်း ဆီပူလေးနဲ့ လှိမ့်လိုက်ပြီးမှထောင်းတယ်လို့ ..
      အိုင်အိုရာ
      Delete
    6. အမရေ....
      ဂျုးမြစ်နဲ့တူတဲ့ဟာကို...
      ရုရှားမှာနေတဲ့ဂျုးလူမျိုးကတဆင့်သိလာတာ..
      သူပို့လာပေးမယ်ပြောပြီး..
      ခုထိမရောက်သေးဘူး.. :P
      Delete
  4. 4 ပုံမြောက်ကို ကြည့်ပြီးသကာလ ဂလုလို့ မြိုချလိုက်ရတယ်။
    ReplyDelete
    Replies
    1. ကျမ်းမာရေးအတွက်လည်းကောင်းတယ်တဲ့၊
      စားကြည့်ပါလေ..ကြိုက်သွားမှာ..
      မြတ်ကြည်လေးရေ့..
      Delete
  5. ဟင် အဲဒါစလုံးမှာဝယ်လို့ရလားမမမီးငယ်
    သာမီးလဲဝယ်ပြီးလုပ်ကြည့်ချင်တယ်
    ReplyDelete
    Replies
    1. ဒန်အိုးလေးရေ့..
      ရမယ်ထင်တာဘဲ..ဂျပန် Natto ဆိုပြီးရှာကြည့်ပါ။
      ကိုယ်တောင်အဲဒီပဲပုတ်နဲ့ ကျိုင်းတုံမြီးရှည်ချက်စားတာ၊
      ကောင်းမှကောင်းဘဲ..း)))
      Delete
  6. Natto ကောက်ရိုးနဲ့လုပ်တာ စိတ်ဝင်စားတယ်သိလား..ကူးလဲ စမ်းကြည့်အုံးမယ်.. ပဲပုပ်စားချင်ပေမယ့်လုပ်ရတာလက်ဝင်တယ်ရယ်... အရွက်ရှာခူးရတာနဲ့.. နေလှမ်းရတာနဲ့... အချိန်ကြာကြာစောင့်ရတယ်.. ကိုးရီးယားဆိုင်နဲ့ ဂျပန်ဆိုင် ရာက်ရင်ရှာကြည့်အုံးမယ်... အဲလိုလုပ်ထားပီးသားဆိုအသင့်ချက်စားရုံဘဲ..း)
    ReplyDelete
    Replies
    1. ကကြီးဆိုင်ရော ဂျပန်ဆိုင်မှာပါရနိုင်ပါလိမ့်မယ်။
      ဖော့ဗူးအဖြူနဲ့ တချို့က ၃ထုပ်၊ တခါတလေ ၂ထုပ်ဘဲပါတတ်တယ်။
      Miso ဟင်းရည်ထဲ့တဲ့ပဲအနှစ်ကိုလည်းကျမတော့၊
      ရှမ်းဟင်းရည်လိုသဘောထားပြီးထဲ့စားတာဘဲ။
      အသီးအရွှက်တခုခုခပ်လို့ရတယ်။
      အရမ်းကောင်းတာဘဲ..။
      Delete