Saturday, March 8, 2014

သူ့နဲ့ညီအမ..တဲ့

မင်္ဂလာပါရှင်~~~
တကယ်ပါ အရင်ကတော့ ပါးစပ်ရာဇဝင်နဲ့ ဟိုဖက်က ပြောပြောနေကြတာပါဘဲ။ နင်တို့က ငါတို့နဲ့ ညီအမ
တော်တာတဲ့၊ တို့တွေက ယဉ်ကျေးမူ့ ဓလေ့ထုံးစံတွေကအစ စာရေးတဲ့ အက္ခရာတွေရော အစားအသောက်
ကအဆုံးပေါ့ အတူတူပါဘဲတဲ့..။ အင်း...ဟုတ်လား ဆိုပြီး အဲဒီတုံးက ကိုယ်က အင်အားသေးတော့ ချို့တဲ့
တယ်လို့ခံစားရတယ်လေ။ ကျယ်ကျယ်လောင်လောင်နဲ့တောင် မထောက်ခံရဲခဲ့ပါဘူး။ ဒါနဲ့ဘဲ အမတော်
ပါတယ်ဆိုတဲ့ သူတို့ဆီမှာ ၉ နှစ်ကြာခိုလူံနေထိုင်ခဲ့ရပါသေးတယ်။

သူတို့ဆီမှာကျမတို့က အုံနဲ့ကျင်းနဲ့ကိုအခြေချနေထိုင်ကြတာဘဲ...။ ဟိုးရှေးကတဲက ရှိခဲ့တာလား..နောက်မှ
သွားကြတာလားတော့ သေသေချာချာကျမလည်းမသိပါဘူး၊ ဖတ်မှတ်လေ့လာရတဲ့ သမိုင်းကြောင်းဆိုတာ
တွေကလည်း တခါခါ အဖြူရောင်ဆိုတာ အမည်းရောင်မဟုတ်တဲ့အရောင်မှန်သမျှကို အဖြူဟုခေါ် ပါသည်။ ဒီလိုပုံစံဖြစ်နေပါတယ်။ ဒီအချိန်ရောက်မှ တချို့ဟာတွေ တက်တက်စင်မှားနေပါရော့လား..ဆိုပြီးမှသိလာ ရတယ်လေ....။ 


ကဲပါလေ..ခုပြောချင်တာက ဒါတွေမဟုတ်ပါဘူး..ဒီလိုဆွေမျိုးတွေပြန်တွေ့တော့ သူတို့က စိတ်လူပ်ရှား တယ်။ လာကြည့်ချင်တယ် လာလည်ချင်ကြတယ် မြင်ချင်ကြတယ်။ မြို့ကြီးပြကြီးမှာနေတဲ့ အမက တော
မှာကျန်ခဲ့တဲ့ ညီမငယ်ကို ဘယ်လိုများစားသောက်နေထိုင်ရုန်းကန်လူပ်ရှားကြပါသလဲ ဆိုပြီး စိတ်ဝင်စား တယ်ဆိုပါတော့..။အော်..ဘယ်ကကျမအမလည်း..အဲ..နံမည်လေးတောင်မပြောပြရသေးဘူးမိတ်ဆက်
ပေးရမှာပေါ့လေ.သူ့နံမယ်က ကျိုင်းမိုင်တဲ့... ကျမက ကျိုင်းတုံလေ...ညီအမတွေမှ ၃ယောက်တောင်
ရှိတာတဲ့ ..။ အားလုံးကွဲနေကြပါတယ်...^_^

ကျမတို့ဆီကမောင်ရင်လောင်းရှင်ပြုအလှူလှည့်တာ


သူတို့ဆီက ကျမတို့ရှမ်းလူမျိုးမောင်ရင်လောင်းရှင်ပြုအလှူလှည့်တာ

သူတို့လည်းဒေါင်းလန်းနဲ့လွှေးကြသလို...
ကိုယ်တို့ဆီမှာလည်း ဒေါင်းလန်းနဲ့ဝါးတီးဖွင့်တုံးပါဘဲ
ကျမ ဟိုမှာရှိကတဲက ၁၉၉ဝ ပတ်ဝန်းကျင်မှာနဲ့တူတယ်။ ထိုင်းဘုရင့်သမီး သီရိဒုံ ကျိုင်းတုံကိုနယ်စပ်ကနေ ကားနဲ့လာလည်ပါသေးတယ်။ အဲဒီတုံးက ကျမတို့မြို့သားတွေအမြတ်တခုထွက်လိုက်တာက ကျိုင်းတုံ -
တာချီလိတ် ကားလမ်းမကြီးကို သူတို့မင်းသမီးလာမယ်ဆိုတော့ သူတို့ဘူဒိုဇာဆိုလား စက်ကြီးတွေနဲ့ လမ်းဟောင်းကို အကျယ်ကြီး ဖြစ်အောင်ကလော်ထိုးလိုက်တယ်လေ..။ အကြမ်းထည်ဆိုပေမဲ့ ဒီလို ကျယ်ပြန့်တဲ့လမ်းမျိုး ကိုယ်တို့မမြင်ဘူး မကြုံဖူးဘူးလေ..။ နောက်တော့ ဟိုက ဒီက ကန်ထရိုက်တာပေး ပြီးပြင်ဆင်လိုက်တော့လိုက် လမ်းကျယ်ကြီးနဲ့ ကားကြီးကား ငယ်အပြင်ဘတ်စ်ကားတွေနဲ့ရော ဟိုဖက်ကို ကတီးကတီး သွားနိုင်ကြပြီလေ..။ ကားခမှ ၅ဝဝဝ ကျပ်ဘဲရှိတယ်။ ၃ နာရီလောက်ဘဲကြာတယ်။ကျမတို့ ငယ်ငယ်ကကားကြီးနဲ့ ၂ညအိပ်ခရီး တာချီလိတ်ကိုသွားခဲ့ရတယ်ဆိုတာ ခုတော့ပုံပြင်တခုလို သိမ်းထား လိုက်ပြီလေ..။


ကျမတောင်ကားနဲ့တခါသွားဖူးတာ ဒီမှာ ရေးထားတာရှိတယ်။ စာရင်းချုပ်ရင် ကျမတို့မြို့လေး သက်ဝင် လူပ်ရှားပြီးတိုးတက်လာပါတယ် လူဝင်လူထွက်တွေများလာတယ်။ စီးပွားရေး အခြေအနေတွေကောင်း လာတယ်ဆိုပါတော့။ တရုတ်နဲ့လည်းကားလမ်းက ၃နာရီလောက်ဘဲလို့ပြောတယ်။ ကျမတော့ မရောက်
ဖူးသေးပါဘူး..။ ဟော...ခု...သီရိဒုံမင်းသမီး ထပ်လာအုံးမယ်တဲ့...။ ကျိုင်းမယ်မြို့နဲ့ ကျိုင်းတုံ တရားဝင် မြို့ညီအမ လုပ်ဖို့တဲ့...။ အရင်က ပုံစံရှေးလက်ရာ အိမ်တွေ
၁ဝ လုံးဆောက်ဖို့ ပြင်ဆင်နေကြ တယ်တဲ့။ ပိုက်ဆံငွေကြေးတွေ ထောက်ပံမယ် ဘာတွေညာတွေကူညီမယ်ပေါ့...။ 

ကျိုင်းမယ်ကတချိန်တခါက Kingdom of Lanna อาณาจักรล้านนา  ဆိုတဲ့ လန်းနားယဉ်ကျေးမူ့တိုင်းပြည်
တခု
လူမျိုးတစုနေထိုင်ထွန်းကားခဲ့ဖူးပါတယ်တဲ့။ ခရမ်းရောင်ချယ်သထားတာက Lanna တိုင်းပြည်ပေါ့။
ထိုင်းမဟုတ်ပါဘူး။ နောက်တော့ သမိုင်းပေါ့လေ...အရ တစုတဝေးထဲက ကျိုင်းမယ်မှာရှိပြီး ကျန်တာတွေ ကနိုင်ငံတွေပါခြားသွားကြပါပြီ။ အဟဲ..သမိုင်းဆရာမဟုတ်တော့ပြောတတ်ဘူးတော့။ ကဲ.ကျမတို့မြို့က ဂုံရှမ်းနဲ့အမျိုးတော်ကြတာပေါ့..တဲ့။

ဖျက်သူတွေဖျက်သွားပေမဲ့ကူမဲ့သူတွေလာပြီးကူညီပေးတာ အရမ်းကြီးဝမ်းသာပါတယ်။ ကြိုဆိုပါတယ်။ ဒီထက် မက မြို့ငယ်လေးတိုးတက်ပါစေ..အမှိုက်တွေကင်းစင်လို့ အမှိုက်ပုံးတွေအများကြီးရှိလာပါစေ။မနှစ်
ကပြည်ကြီးတရုတ်တွေ ကုန်တိုက်လာဆောက်ပေးမယ်ကြားတော့ စိတ်ပိန်လိုက်တာမပြောနဲ့။ သူတို့ ကအ
ရင်တောင်းပြီးမှလုပ်ပေးတာလေ..အေးပါလေ..လူတိုင်းရနိုင်တာတခုကိုမျှော်ကိုးပြီးလုပ်သွားကြတာပါဘဲ။
ဘာဘဲဖြစ်ဖြစ် ကူညီမယ် ဖေးမပေးမယ်ဆိုရင် ဘယ်သူမဆို ကျမတို့က ရွှေလက်နဲ့ကမ်းပြီးကြိုဆိုပါတယ်။

                    ရှေးဟန်ပိုကျတဲ့လန်းနားစာအရေးအသား
သူတို့ဆီက သင်္ကြန်
ဒီမှာလည်း ဂုံရှမ်းအကြောင်းနဲ့ ယွန်းရှမ်း အကြောင်းတွေလေ့လာနိုင်ပါတယ်။ ကျိုင်းတုံမြို့မှာ ရှမ်းအမျိုးပေါင်း စုံစုနေတော့ အဓိက ဂုံရှမ်းနဲ့ ယွန်းရှမ်းတွေဘယ်လိုဆက်စပ်မူ့ရှိသလဲဆိုတာ စိတ်ဝင်စားရင် ပေးထားတဲ့
လင့်ထဲကနေ လေ့လာနိုင်ပါတယ်။( ဘာလို့ အဓိက လို့မေးရင်တော့ ရှင်းရှင်းလေးပါရှင် ကျမက ဂုံရှမ်း၊ယွန်း
ရှမ်းသွေးနှောလို့ ကိုယ့်လူမျိုးအကြောင်းဖတ်ရူလေ့လာတာပေါ့နော့် ^_^ )
                                                   ကျမတို့ဆီက သင်္ကြန်   

ကိုယ်တို့မြို့လေးသာယာဝဖြိုးအလှတွေတိုးလို့ မိတ်ဆွေများကိုကြုံတဲ့အခါအလည်လာကြဖို့ဖိတ်ခေါ်ပါတယ်

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

ကျိုင်းတုံက ဂုံရှမ်းစာသင်ကျောင်းပါ၊ ဂုံသီချင်းနောက်ခံလေးနဲ့ ...

12 comments:

  1. ဗိုလ်ချုပ်တစ်ယောက်လာမယ်ဆိုလို့  ရွှေပြည်သာကနေ လှော်ကား သမီးတို့ ကျောင်းလမ်းကြီး ချက်ချင်းလက်ငင်း ဖြူးသွားပါရောလား..အရင်တုန်းက ချိုင့်တွေ၊ ခွက်တွေနဲ့  ကျောင်းကိုလည်းရောက်ရော အစာကြေပြီးသား ဖြစ်ရော...မမီးတို့ မြို့  တိုးတက်လာတယ်တိုတော့ ဝမ်းသာစရာ...သွားလည်ဦးမယ် တချိန်ချိန်...

    ReplyDelete
    Replies
    1. လူကြီးလာမယ်..ကွဆိုတဲ့စကားလုံးရဲ့နောက်ကွယ်ကိုတော့၊
      ကိုယ်တို့အားလုံးကောင်းကောင်းနားလည်သဘောပေါက်ကြတာဘဲနော်...
း))))) လာလည်ပါရှင်...ဖိတ်ခေါ်ပါတယ်..

      Delete
  2. လန်းနား ဒေသ ကို သဘောကျပါတယ်။ ရာသီဥတု မပူလို့ရယ်... အစားတူလို့ရယ်၊။ အဲဒီ ဒေသတဝိုက်မှာ ပဲပုပ်လည်း စားကြတယ်။ ပန်းဥယျာဉ် တခုက လက်ဆောင်ရောင်းတဲ့ဆိုင်မှာ ပဲပုပ်ကြော်ပြီးသား လက်ဆောင်ဗူးတွေ ရောင်းတာ တွေ့တော့
    ဝမ်းသာအားရ ဝယ်လာခဲ့တာ။
    ဒီမှာနေတဲ့ ဘန်ကောက်ကသူငယ်ချင်းကို ကျွေးကြည့်တော့ မစားဖူးဘူးလို့ ပြောတယ်။ ရန်ကုန်ကလူတွေ ရှမ်းပဲပုပ် မသိသလို နေမှာပေါ့နော်။ ဟိုတုန်းကပါ။ အခုကတော့ ရှမ်းစာတွေက ရန်ကုန်တင်မဟုတ် နေရာအနှံ့ ဖြစ်နေပါပြီ။ ချင်းမိုင်ကို သဘောကျတယ်။

    ReplyDelete
    Replies
    1. ကျိုင်းမယ်၊ကျိုင်းရိုင်းကလူတွေကို၊
      ဘန်ကောက်ကလူတွေလည်းတောသားလို့သတ်မှတ်တာဘဲ၊
      စကားလည်းသိပ်မတူဘူးလေ..
      စားတာကလည်းတခြားဆီပါဘဲ..။
      ကောက်ညှင်း၊ အသား၊ငါး ဆိုရင်ကျပ်တိုက်ခေါ်မလား၊
      ဒါတွေလုပ်စားတယ်။ အဲ...ငါးပိရည်ကျိုတဲ့ငါးပိတော့
      အသေစားတယ်။ ဟင်းတွေထဲ တကောက်လုံးတောက်တောက်စင်းတဲ့တယ်။
      ကျိုင်းတုံမုန့်တီလိုမျိုးရှိတယ်။
      သူတို့ကမုန့်ဟင်းခါးဖတ်လိုသေးနဲ့စားတာ၊
      အေးပါဟာ...ပြောရင်း..သတိရလာပြီ...
      :D

      Delete
  3. ဟန်ကြည်March 09, 2014 8:25 AM

    ညီအစ်မတော်တယ်ဆိုတာ ဟုတ်လောက်တယ်...စကားလုံး အသုံးအနှုန်းလည်း ဆင်တယ်မဟုတ်လား ဒေါ်မီး...သည်မှာလည်း ထို့နည်းလည်းကောင်းပါပဲဗျာ...သီရိဒုံကိုပဲ တ-နေကြရတာချည်းပါပဲ...သူရို့လုပ်လိုက်ပြီဆိုရင် အရှင်မွေး နေ့ချင်းကြီးဆိုသလို နေ့ချင်းညချင်း ဖြစ်သွားတော့တာပါပဲ...အင်း ကိုယ့်လူမျိုးကတော့ ဖဲထီးစုတ်ကြီးဆောင်းနေရင်းနဲ့ တစ်ချိန်က ရွှေထီးဆောင်းခဲ့တာတွေ တမ်းတပြီး ကျေနပ်နေတုန်း...း)

    ReplyDelete
    Replies
    1. ဆြာရေ့..ဒီတခါဘာအမြတ်ရမလဲတော့မသိဘူး...
      များများပြောရင်လည်း ပြည်ပအားကိုးပုဆိန်ရိုး..ဆိုတာလာအုံးမယ်...
      တတ်နိုင်တာတခုဘဲရှိတယ်...
      အားလုံး..ဝဲလကမ်း...ပါရှင်...
      ဖဲထီးကစုတ်လွန်းလို့ မိုးမလုံ၊ လုံခြုံရာကိုရှာတတ်ကြတာ၊
      လူ့သဘာဝပါ...လေ..
      ရွှေထီးဆောင်းတုံးက အူဝဲအရွှယ်ဆိုတော့၊
      မခံစားဖူးဘူးဆိုပါတော့...း))))))

      Delete
  4. သိပ်တိုးတက်ပြီးကိုယ်နှစ်သက်စွဲလန်းခဲ့တဲ့ ရှေးတုန်းကအရာတွေပျောက်ကွယ်သွားမှာကိုတော့
    စိုးမိမှာဘဲနော်။ မျှမျှတတလေးတိုးတက်ရှေးအမွေလေးတွေလည်းထိန်းဆိုရင်တော့ကောင်းမှာပါ။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ခုလည်းတော်တော်ပျောက်နေပါပြီ...
      အော်...တောတွေတောင်တွေသစ်ပင်တွေလေ...ဟီး..
      ဒီတနှစ်ဟိုမှာလည်းတော်တော်အေးတယ်ပြောတယ်။
      သုညအောက်တွေရောက်လို့တဲ့...။
      (တောပြုန်းလို့ပေါ့၊ရာသီဥတုလည်းဖေါက်ပြီလေ)
      နောက်ထပ်ဘာတိုးတက်ပျက်စီးအုံးမလဲမသိပါဘူးလေ..။
း)))

      Delete
  5. လာလည်ချင်ပါတယ်။ အမ ဆီ ကော ညီမ ဆီ ကို ကော ပါ။

    ReplyDelete
    Replies
    1. လာခဲ့ပါလေ..
      ညီအမ ၂ယောက်လုံးဖော်ရွှေပါတယ်..
      ဟင်းချက်လည်းကောင်းကြတယ်တဲ့၊
      ဈေးထဲမှာဗန်းကြီးဗန်းငယ်အသွယ်သွယ်နဲ့၊
      ချက်ရောင်းနေကြပါတယ်...
      :P ^_^ ဟီးဟီး

      Delete
  6. ဂုံရှမ်းနဲ့ရွန်းရှမ်း ခုမှကြားဖူးတာ။ ဗဟုသုတ မရှိပုံများ :) Lanna အရေးအသားနဲ့ ဆင်သလိုပဲနော်။ VCD စာသားကြည့်ကြည့်တာ။

    ReplyDelete
    Replies
    1. မြတ်ကြည်လေးကကိုယ်တို့ဖက်
      ရှမ်းပြည်မှာနေခဲ့တယ်မဟုတ်ဘူးလား..
      အားလုံးသိအောင်၊ကျမခဏခဏပြောပေးရတော့မယ်နဲ့တူတယ်း)))
      ပြောမဲ့သာပြောရတာ..ကိုယ်လည်းဂုံရှမ်းစာကို နဲနဲလေးဘဲဖတ်တတ်တယ်။

      Delete