Friday, December 20, 2013
လူကြီးလူငယ်ပျော်ကြတဲ့ Universal Orlando Resort..
မင်္ဂလာပါရှင်~~~
နေ့ တဝက်ကျိုးသွားတဲ့လည်ပတ်ခြင်းကနေပြန်စရအောင်.. တကယ်တန်းသွားလည်ရင်တော့ နေရာတွေ
အားလုံးကိုတရက်ထဲနဲ့ ဝင်လို့ ပြီးမယ်မထင်ပါဘူး..တကယ့်ကို စိတ်ဝင်စားမဲ့နေရာ Ride တွေသိပ်မကြိုက်တဲ့
သူတွေအတွက်ဆိုရင်တော့ သိပ်ပြီးနှလုံးတုန်ရင်ခုန်စရာတွေမပါတဲ့နေရာတွေကို မြေပုံမှာတခါထဲရှာထားနိုင်
ရင်ပိုကောင်းမယ်.။ အထဲရောက်ရင် ဘယ်သွားလို့ ဘယ်လာရမှန်းကြောင်တောင်တောင်လုပ်နေတာက အချိန်ပုပ်တယ်။
ဒီနေရာ မှာတော့ ပိုက်ဆံနဲ့ အချိန်သက်သာစေနိုင်တဲ့အချက် ၁၂ ချက် ရှိပါတယ်။ သွားလည်ချင်ကြတဲ့မိတ်ဆွေများလေ့လာနိုင်ပါတယ်။ 
အထက်ကမြေပုံအတိုင်း city walk ဆိုတဲ့နေရာကနေစဝင်ရပါတယ်။ အဲဒီမှာမှ Islands of Adventure
နဲ့ Universal Studios ကို ၂ နေရာဘယ်ဖက် ညာဖက်မှာ ခွဲသွားရတာပါ။ အဝင်ဝမှာလက်မှတ်ပြပြီးလက်ဗွေ
နှိပ်ရတယ် ။ ခဏပြန်ထွက်ပြီး ပြန်ဝင်လာရင် အစကနှိပ်ထားတဲ့လက်ဗွေနဲ့ တူမတူတိုက်ကြည့်ဖို့ ..တဲ့..။
လူငယ်လေးတွေတော့ Ride Islands of Adventure ကိုပိုကြိုက်ကြတာပေါ့..။
ကျမ ရှာဖွေဖတ်ရူကြည့်တာ တရက်ထဲ ၂၆ နေရာ လည်ပတ်နိုင်ဖို့ အကြံပေးထားတဲ့ နေရာလည်းရှိတယ်။
သူတို့ ကတော့ E P လို့ ခေါ်တဲ့ express pass နဲ့ သွားတာကိုး..ဒီနေရာမှာ E P ကိုသပ်သပ်ဝယ်ရပါတယ်။
အွန်လိုင်းကနေလက်မှတ်ဝယ်တာ ၂ဝ $ လောက်ပိုသက်သာပါတယ်။ နေရာအဝင်ဝမှာ တန်းစီမစောင့်ချင်
ရင်တော့ နောက်ထပ် ၃ဝ ကျော်လောက်အပိုထပ်ပေးဝယ်ကြတာပေါ့ ။ သူကျတော့ Walt Disney နဲ့ ကွာတယ်။ အဲဒီအကြောင်းကိုကြတော့နောက်မှထပ်ရှင်းပြပါအုံးမယ်လေ။
ကျမတော့ အများကြီးမရောက်ခဲ့နိုင်ဘူး..။ အရင်ပို့ စ်မှာသွားခဲ့တာက Shrek 4D, Mummy,
Transformers 3D, Terminator 3D , ET, Animal Actor, Beetlejuice's Graveyard Revue ဒါတွေနဲ့ 
ကျန်တာက ဟိုနားယောင်ယောင် ဒီနားယောင်ယောင် ဓါတ်ပုံလေးပြေးရိုက် ရေသောက် ရေအိမ်သွား
ဟော..ဒါနဲ့ ကို မိုးချုပ်နေဝင်မှ ပြန်ရတာ...။ နေ့ လည်စာကိုလည်းသေသေချာချာမစားခဲ့ဘူး..။
လူများတဲ့အချိန်ဆိုရင် E P လည်း နာရီဝက် မိနစ် ၂ဝ စောင့်ရတာဘဲတဲ့။ ကျမတို့ တော့ တချို့ ဟာတွေ
နာရီဝက်ကျော်လောက်စောင့်ရတယ်။ 
 ဖရုံသီး cup cake တဲ့ချစ်စရာလေး...စားလို့ လည်းကောင်းတယ်။
အဝင်စမှာကတဲက စားထားတဲ့ကြက်ဆင်ပေါင်သားကြော်ကြောင့်လားမသိဘူး..ရင်တွေပြည့်ပြီး အီလည်
လည်ကြီးဖြစ်နေလို့  အချိုမုန့် တွေစား ရေတွေသောက်နဲ့  တနေကုန်ဘာမှထပ်မစားဖြစ်ဘူး..။
ဒီ ET ကိုတကယ်ဘဲကြိုက်တယ်..။စက်ဘီးစီးသလိုစီးရတာ..ပြီး အပေါ်ရောက်သွားတဲ့အချိန်အောက်မှာမြို့ 
တွေကမီးရောင်နဲ့ တကယ့်ရုပ်ရှင်ထဲကအတိုင်းဘဲ..လပေါ်မှာကိုယ်တို့ အရိပ်ကထင်လို့ (ပုံကပါတဲ့အတိုင်း)
လူတွေဆို.ဟား.အိုး..အီး...ဝိုး..အော်ကြတယ်။ငယ်ဘဝကိုပြန်ရောက်သွားတဲ့အတိုင်းဘဲ။တောတွေတောင်
တွေဖြတ်လို့ ET go home ခဲ့တာပေါ့..။ 
ET နဲ့ ဓါတ်ပုံရိုက်ဖို့ ကတန်းစီ..စိတ်မရှည်တာနဲ့ အဲခုံနားလူမလာခင်မြန်မြန်ရိုက်ထားလိုက်တာ..။
နောက်ထပ်ဆောက်နေတာတွေရှိတယ် အကျယ်ကြီးဘဲ...။ အော်..ဓါတ်ပုံတွေလည်းနေရာတကာ သူတို့ 
ရိုက်ပေးတယ်။ ကိုယ့်ကင်မရာနဲ့ လည်းရိုက်ပေးပါတယ်။ပြီးသူတို့ သတ်မှတ်ထားတဲ့နေရာမှာသွားရွှေးပေါ့။
ဟွန့် .ဈေးကတော့ များတာပေါ့ရှင် ဓါတ်ပုံဖိုးဘဲ ကျမတို့  ၂ဝဝ ကျော် ၃ဝဝ နီးပါးကုန်ခဲ့တယ် ။သူများတွေ လည်းဒီလိုဘဲ လုယက်ရွှေးရတာ..။
ဒါတွေကအပြင်ကနေငေးမောကြည့်ရူစားခဲ့ရုံပါဘဲ...
ကျန်တဲ့ဟာတွေကို ဝင်မယ်ဆို တွန့် ဆုတ်တွန့် ဆုတ်လုပ်နေတဲ့ ချစ်ချစ်ကြီးနဲ့ အော်ဟစ်နေရတာ
Mummy ဝင်ဖြစ်ပါတယ်ဆို... @_@
 ခပ်တည်တည်နဲ့ အိုက်တင်ပေးပြီးသာရိုက်ခဲ့တာ အဲဒီထဲဝင်မယ်ဆိုလည်းဝင်ခဲ့ရတာဟုတ်ဘူး...^_^
 ဒါကတော့ ဝင်ခဲ့တယ်..သီချင်းဆိုတာပါ...
ကဲ ..အဝင်ဝက ညမီးရောင်နဲ့ လှနေပါတယ်...
 အကြီးဆုံး Hard Rock မဝင်ခဲ့ရဘူး...
 မပြန်ခင်..ဟိုဖက်က Islands of Adventure အပေါက်အထိပြေးသွားကြည့်တာ...
 အဲ..ရှေ့ ကဆိုင်လေးကမိုက်တယ်..လေယာဉ်ပျံနဲ့ ..
ကဲ..တာတာလိုက်တော့မယ်.....လာတဲ့လူတွေကလည်း လာကြတုံးဘဲ...ရုပ်ရှင်ရုံတွေရှိတော့ ညဖက်လာကြည့်ကြတာလေ..
အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင် ~~~
မီးမီး
8 comments:
  1. Hi Ma Mee Nage!!
    MIB!!! Man In Black''''
    ?????
    Khine
    ReplyDelete
    Replies
    1. haha..
      That is comedy movie 1997 .
      I want to go inside to see what is it.
      But ... :(((
      Hope..next time...
      Delete
  2. စောစောစီးစီးဘာမှမလုပ်ပဲစာဖတ်သွားတယ်ကွယ်။
    အကြာကြီးပျောက်နေလို့ နေမှကောင်းရဲ့ လားလို့ ။
    အိုင်အိုရာ
    ReplyDelete
    Replies
    1. ဟိုပြေးဒီလာ...
      ဘဝကြီး ချာချာလည်လို့ ပေါ့..မရာ...
      နေကောင်းပါတယ်...
      Delete
  3. mee..
    How u doing!!
    Long time no see..
    Marry X'mas and happy new year to you..
    km
    ReplyDelete
  4. အမ က weekday မှာ သွားတာလား weekend ကတော့ အရမ်း ကျပ်မှာ သေချာတယ်။။
    ReplyDelete
    Replies
    1. အဲဒီနေ့ ကစနေနေ့ ..လူတွေတော့များပါတယ်
      ဒါပေမဲ့ကြိတ်ကြိတ်တိုးကြီးမဖြစ်ဘူး..
      Walt Disney ကိုတော့ စနေမို့ လို့ မသွားဘူး
      အဲဒါကတော့ အသေလူများတယ်..
      Delete