Monday, December 9, 2013
Florida,Universal Studios တ​ခေါက်​....
မင်္ဂလာပါရှင်~~~
longtime no see ဆိုတဲ့ထုံးစံစကားကိုအရင်က အမြင်ကပ်ဘဲဗျို့ ..ခုတော့ကိုယ်ကစပြောရတာ အန်မတန်
မှအားနာမိပါတယ်..။ အပိုမဆလာတွေသိပ်မဆိုတော့ဘဲ မိတ်ဆွေများကို ယူနီဗာဆယ် စတိုဒီယိုကြီးခေါ်
သွားမယ်လေနော်..။  Universal studios သွားရင် လက်မှတ်ဝယ်ပြီး တန်းသွားရုံဘဲထင်ခဲ့တာ၊ ဘယ်ဟုတ် မလဲသူက ၂ပိုင်းခွဲထားတယ်။ လက်မှတ်တစောင်ကတပိုင်းထဲဘဲဝင်လို့ ရပါတယ်။ ဝယ်တုံးက Island of Adventure  ဝယ်တာပါ၊ ကျေးဇူးရှင်က Ride တွေသိပ်များတာကိုမစီးရဲဘူး။ ကြောက်တယ်လေ။
ဒီတော့ Universal studios ကိုဘဲဝင်ကြပါတယ်။
ဟော်တယ်ရှေ့ မှာ မနက် ၆နာရီခွဲကစလို့ ဘတ်စ်ကားတွေတစီးပြီးတစင်းလာပါတယ်။ ဆိုင်ရာ theme park resort တွေကိုပို့ ပေးပါတယ်။
ကျမတို့ တည်းခိုတဲ့ဟော်တယ်ပါ..။ Latin America နိုင်ငံကလူတော်တော်များများတွေ့ ရတယ်။ သူတို့ 
လည်းကျမတို့ နိုင်ငံနဲ့ တူပါတယ် နိုင်ငံကဆင်းရဲပေမဲ့ ချမ်းသာသောလူတန်းစားတွေများပါတယ်..။
ဘယ်လိုချမ်းသာလဲ..ဟုတ်လား...သိရဲ့ သားနဲ့ မေးနေပြန်ပြီ... ^_^ သူတို့ တွေလိုပေါ့ ထုတ်လုပ်ဖြန့် ဖြူး
ရောင်းဝယ်တတ်ကြတာ အလကားသွားခလုတ်တိုက်နေတတ်တယ်..။ မုဒိသာမပွားနိုင်ဘူး..မယ်ငီးတော့..။
ခက်ပြီ...။
ကဲ..ဘတ်စ်ကားနဲ့ ပို့ ပေးခဲ့ပြီ။ ကားပေါ်ရေးထားတာကတော့ Tip လေးဘာလေးပေးပါပေါ့ မပေးလည်းရပါ တယ်တဲ့..ကိုမူတူးတို့  မအားရှောင်တို့ ပေါက်ဖော်တွေ အများကြီးခပ်တည်တည်နဲ့  ဆင်းသွားကြပါတယ်။
၁ ဒေါ်လာဆိုတာ ဘာမှမဟုတ်ပါဘူး၊ ကားဆရာများလည်း ဒါလေးနဲ့ ဘဲရပ်တည်နေကြတာ၊ သဒ္ဓါတရား
ထက်သန်တဲ့နိုင်ငံကလာတဲ့ ၂ယောက်တော့ တယောက် တရွက်နဲ့ ပုံးထဲထဲ့ခဲ့ကြတာပေါ့။ ဒါကြောင့် မြန်မာ
နိုင်ငံ စေသနာနဲ့ လူမူရေးလုပ်ငန်းတွေလုပ်တာ ကမ္ဘာပေါ်မှာနံပါတ် ထိပ်ပိုင်းတွေချိတ်တာတဲ့... အဟဲ
သွားဆိုလို့ တာသွားရတယ်..ဘယ်အပေါက်ကဝင်လို့ ဘယ်ဆီကိုလှမ်းရမှန်းသိဘူး..။သူများတွေသုတ်သုတ်
နဲ့ ပြေးတော့ကိုယ်တို့ လည်းအားကျမခံပါဘူးပြေးလိုက်တာပေါ့။ဘတ်စ်ကားရပ်ပေးတဲ့နေရာမှာအကွက်တွေ
နဲ့ နံပါတ်တွေအများကြီးရှိတယ်။ နောက်ပြန်မဲ့အချိန်ဆို ဘယ်အကွက်နံပါတ်မှာ ဘယ်အချိန်ကားရောက်မယ်
ဆိုတဲ့အချိန်စာရင်းသေသေချာချာသိမ်းထားရတယ်လေ..။ အပေါ်တက်ပြီး လမ်းဟိုဖက်မှာရှိတဲ့ နေရာ ကိုသွားရတယ်..။ ကားငယ်လေးတွေရပ်ဖို့ လုပ်ထားပေးတဲ့ နေရာကြီးဘယ်လောက်ကျယ်သလဲဆိုရင် ဘယ်
လိုပြောရပါ့..အဲ...ရန်ကုန်က ပန်းဆိုးတန်းကုန်းကျော်တံတားကနေ ဗိုလ်ချုပ်လမ်းအတိုင်းလာရင် လမ်း၅ဝ
လည်းအမိုက်စားဘဲ၊ Spider men,Cat in the hat,ET,Jurassic park, King Kong, Jaws တဲ့၊
ဘတ်စ်ကားရပ်တဲ့နေရာတခုဘဲအနီးဆုံးရှိပါတယ်။
အဝင်ဝမှာတော့ ရုပ်ရှင်ရုံတွေရှိပါတယ်။ စားသောက်ဆိုင်တွေရှိတယ် ။ကိုယ်သာ ဖလော်ရီဒါ မှာနေရရင် ဒီနေရာမှာဘဲ ရုပ်ရှင်လာကြည့်မှာ မိုက်တယ်...။
လူတွေသွားနေတာ ကိုယ်ကလည်း ဒါတ်ပုံတွေရိုက်ချင်ထှာလေ..ငါးခူပြုံးလေးနဲ့ ကမန်းကတန်းရိုက်ပြီး
ပြေးရတယ်..နောက်ဖက်ကိုကြည့်ရင်မြင်ရမှာပါ..လူအုပ်ကြီးတွေ..
ရေကန်ရဲ့ တဖက်က မြင်ရတဲ့ Hard Rock cafe က Hard Rock cafe ရဲ့ ကမ္ဘာပေါ်မှာအကြီးဆုံးတဲ့၊ဝင်ရမယ်
ဆိုပြီးစာရင်းတို့ ထားပေမဲ့ မဝင်ခဲ့ရတဲ့နေရာပေါ့ အထဲမှာအရမ်းသားနားဘဲရှင် ။ မိတ်ဆွေများသွားခဲ့ရင်
ဝင်ဖြစ်အောင်ဝင်ခဲ့ပါနော်...။ ကော်နက်ရှင်ကောင်းရင် ဒီနေရာမှာ  သူ့ ရဲ့ မေနူးဖတ်ကြည့်ပါလေ...။
သူ့ ထုံးစံကမ္ဘာလုံးကြီးကလည်းလည်နေတာ စာတမ်းပေါ်ဖို့ စောင့်ရတာနဲ့ နေရာကောင်းရဖို့ စောင့်ရတာနဲ့ 
နောက်ပြန်ထွက်မှ ရိုက်တော့မယ်ဆိုပြီး ခဏတာတာလုပ်ခဲ့တယ်လေ..။
ကျမကမော်တော်ဘုတ်စီးချင်တာ၊ သူကအထဲဝင်ချင်နေပြီ...ခဏခဏငြင်းခုံရတယ် ဟီး..
ခဏလောက်သူငယ်လာပြန်ကြတယ်ဆိုလည်းမမှားပါဘူးလေ..
အထဲဝင်ပြီးတာနဲ့ သူကဝယ်ချင်နေပြီ....ခလေးကြီးငြိမ်အောင် စပို့ ရှပ်တထည်ဝယ်ပေးလိုက်ရတယ်လေ :)))
မိတ်ဆွေဟောင်းတွေ့ လို့ ခဏနူတ်ဆက်တာလေ..း) ဟိုတယောက်လည်းခေါ်နေတာ သူ့ နဲ့ တွဲပြီးမှတ်တမ်း
တင်ဓါတ်ပုံရိုက်မလားတဲ့ရှင်...
ကဲ..ဒီ4 D အရင်ဆုံးကြည့်မှဖြစ်မယ် ။ 3 Dဆိုတာဘဲကြည့်ဖူးသေးတာ..။
ထုံးစံတန်းစီရတယ် ၁၅မိနစ်ဘဲကြာတယ် လူသိပ်မရှိလို့ လေ...အနောက်ဖက်မှာ ဆူညံသံကြားတာ အဲဒီ လူကြီးလှည့်နေတာ ထွက်သွားလို့ ဖြစ်ချေဖူး ဒီရောက်နေတာလေ..
ရုပ်ရှင်ကအရမ်းကောင်း..ဟိုဖက်ကလည်းကောင်း တန်းစီနေတာညနေဖက်ရောက်တော့ လူတွေ ပိုများ
လာတယ် အရင်ဝင်မကြည့်လိုက်ရတာနာတယ် ပရိတ်သတ်တွေကတော့ သူတို့ ဘီးလေးတွေချန်ထား
ခဲ့ကြတယ်လေ ဟင်းဟင်း...ကိုယ့်နဲ့ သက်တူရွှယ်တူလေးတွေပေါ့...အဲလိုဘီးထဲထိုင်ပြီးသာလည်ချင်ထှာ
ခြေထောက်ညောင်းလွန်းလို့ ....
ရှပ်ရုင်ကထွက်လာတော့ စီကနဲအသံတွေကြားရတယ် အော်...Ride တွေ Roller coaster
စီးပြီးအော်ကြတာ စကားမစပ် ဘဲကြီးအတင်းတုတ်ရအုံးမယ်...အဟဲ....
(ကျမတို့ ၂ ယောက် ဂျာမဏီမှာနေတုံးက ဆောင်းတွင်းကြီး Black forest ဆိုတာသွားလည်ရင်း Europa
park ဆိုတာရောက်ခဲ့တယ် ပြင်သစ်နဲ့ ဆွစ်ဇာလန်နိုင်ငံ ကပ်ရပ် ဂျာမာန်နယ်စပ်ဖက်မှာရှိတာပါ ။
စကားလည်းနားမလည် သူများတွေတန်းစီတာမြင်ရင် လိုက်တန်းစီပြီး စီးခဲ့ရတာလေ...အသက်ထွက်ခါနီးပြီ
တကယ်ဘဲ..ဟိုကမ္ဘာလုံးလိုမျိုးထဲဝင်တာ တကိုယ်လုံးပတ်ချာလည်ဝှေ့ ရမ်းသွားတာဘဲ ထွက်လာတော့
တုန် ချည့်ချည့်နဲ့  ရူးဘဲထွက်ကျတော့မလို အေးစက်ပြာနှမ်းသွားတာဘဲ..အဲ့ကတဲက ချစ်ချစ်ကြီး အရမ်း
လန့် တယ်လေ..ဟီး )ဂျာမဏီကအကြောင်းတွေ သိပ်မရေးဖြစ်ဘူး...နောက်ကြုံရင်ဖေါက်သည်ချမယ်လေ
မယ်ငီးအူကြာင်ကြားတွေများပါတယ် :P
ဘာမှတောင်မလုပ်ရသေးဘူး ဗိုက်ကအော်နေပြီ ကဲ...စားစရာဆိုင်လိုက်ရှာရတာပေါ့
ကြက်ဆင်ပေါင်သားကြော်တဲ့ ..ငယ်ငယ်တုံးကကြည့်ခဲ့ဖူးတဲ့ဓါတ်ရှင်ထဲက ပင်လယ်ဓါးမြဗိုလ်တွေလို အားပါးတရ မြက်ခင်းအတုပေါ်ထိုင်ပြီး ကိုက်ခဲ့တယ် ပေါင်တစ်ချောင်း ၁၁ဒေါ်လာကျော်လောက်ကျတယ်
၂ယောက် မနဲဝါးရတာဘဲ သူများတွေကကိုယ်တို့ ကို ကွက်ကြည့်ကွက်ကြည့်နဲ့ အားကျတာလေ...
နောက်တော့ အထဲမှာ ကြက်ဆင်ပေါင်သားကြော်ရောင်းတဲ့ဆိုင်တွေအများကြီး ဝယ်စားကြတာ တန်းစီလို့ ။
တွေ့ လားသူများတွေလည်း အိပ်နေကြတာဘဲ..ပူလိုက်တာ နွေရာသီလာလည်တဲ့သူတွေကိုတကယ်ချီးကျုး
မိတယ်။
ဒီအထဲကိုဝင်ကြည့်တယ် အားလုံးကရင်ခုန်စရာလေးတွေ သိပ်ပြီး ရင်တုန်စရာမဟုတ်တဲ့ Ride နဲနဲတွေ
ဘဲရွှေးရတယ်လေ...။ ကျမမျက်စိတောက်ရှောက်ပိတ်ထားခဲ့တယ်..သတ္တိခဲ..ကွ။
ကြက်ဆင်ပေါင်သားကြော်ဆိုင်...
 စိတ်လူပ်ရှားစရာအကောင်းဆုံးကတော့ ဒီTransformaers ပါဘဲ.. စက်ရုပ်ကြီးက ကိုယ့်ရဲ့ ယာဉ်ကိုဆွဲဆွဲပြီး
ပြေးတာလေ..အောင်မငီး အီးအီးတွေမထွက်အောင်မနဲထောင့်ထားရတယ်..အဟီး  
ဒီလို လမ်းကွေ့ လမ်းကောက်မြောက်များစွာနဲ့ နာရီဝက်လောက်တန်းစီရပါတယ်။ ဒါလူမများလို့ တဲ့..။
 3 D မျက်မှန်ယူ...
တန်းစီပြီး သူ့ အကန့် နဲ့ သူဝင်ရတာလေ ကမန်းကတန်းနဲ့ ဆိုတော့ ဓါတ်ပုံကမြင်တဲ့အတိုင်းပါဘဲ...
ယာဉ်တခုမှာ ၄တန်းလောက်ရှိတယ် ခါးပတ်ပတ်ပြီး ဘေးပတ်လည်ပိတ်လိုက်တယ် ခေါင်မိုးပေါ်ကနေ
ဘာမြင်ရမှန်းမသိသေးဘူး..ဟူးကနဲ ယာဉ်တန်းရွှေ့ သွားမှ ..ဟား... ကို Transformer တွေ တိုက်နေတဲ့
ကြားထဲကိုတို့ ရောက်သွားတာကိုး....သိမ့်ကနဲသိမ့်ကနဲ ဝူးကနဲရူးကနဲ ကောင်းကင်ရောက်လိုက်
မြေပြင်ထဲခေါင်းစိုက်ဆင်းသွားလိုက်တာ..အာခေါင်ခြစ်အော်ကြတာ..ဟီး..ကိုယ်ကအသံအဗြဲဆုံး....
နောက်ဆုံး...ကိုလူကောင်း စက်ရုပ်ကြီးက ကိုယ်တို့ ယာဉ်ကိုကိုင်ပြီး ဘာပြောတယ်မှတ်...
OK..you are safe with me ..... ဒန် ဒန်း ဒန်..ပြီးပါပြီ... တခါဝင်ပြီးပြန်ထွက် ရေသောက်လိုက်..
အိမ်သာရှာလိုက်...
ခဏလောက်တန်းစီလှည့်တာနဲ့ ကြုံလိုက်သေးတယ်..
ဒါကတော့ လိမ္မော်ရောင်မမကြီးကို တမင်ရိုက်တာ..နေရာကမထဘဲ နေလို့ ဒီလိုကြီးထွားလာတာလား..
ဒီလိုကြီးလို့ မထနီုင်တာလား...အမေရိကားမှာအများဆုံးမြင်ရတဲ့ မြင်ကွင်းတွေပါ။
ဒိုးနပ်စားမလို့ သွားကြည့်တာ သကြားအုပ်ထားတာချည့်ဘဲ...ချိုလွန်းမယ်ထင်လို့ မစားခဲ့ဘူး..။
 ရဲ..ကိုကိုကြီးနဲ့ အမှတ်တရ...အဲ့နားကလူကြီးက ကျမကို ရိုက်ပေးမယ်ဆိုပြီး အတင်းလာရိုက်ပေးတာလေ...
အာလူးနဲနဲများသွားပြီနဲ့ တူတယ် :)))) အော်..ပြောဖို့ တခုမေ့နေတာက ဒီပြခန်းထဲဝင်ကြည့်မယ်ဆိုရင်
အဲတာနဲ့ ပတ်သက်တဲ့ရုပ်ရှင်ကိုကြည့်ဖူးထားမှ ပိုမိုက်တာ...ချစ်ချစ်ကြီးက ဘာမှမသိ သူ့ ပြန်ပြီးရှင်းပြနေရ
တာကအလုပ်တခု.... ^_^
တရက်ထဲပတ်ခဲ့ပေမဲ့ တခါထဲရေးမကုန်နိုင်တာ မယ်ငီး နဲနဲလိုပါသေးတယ်...။
နောက်တခါကျတော့ ဇာတ်သိမ်းခန်းပေါ့နော့်......
မောပြီလေ...နားတော့နော်...တကယ့်အပြင်မှာတော့ ရာသီဥတုကြီးပြင်းထန်နေပါတယ်လေ..
အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~
မီးမီး
11 comments:
  1. ကျွန်တော်လဲ Universal Studio ပဲ ကြိုက်တယ်။ အသက်ကြီးလာတော့ ride မစီးရဲတော့ဘူး။
    ReplyDelete
  2. သူများတွေစီးတာကြည့်ပြီးတော့
    ကိုယ်ကဒူးတွေချောင်နေတာလေ...
    သိပ်မကြွားပါနဲ့ ကွာ...
    ကိန်းဂဏန်းချင်းပြိုင်ရအောင်..
    နာတို့ ကိုလည်းအားနာပါအုံး..
    သူငယ်သွားပြန်ကြတာလေ... ဟီး
    :))))
    ReplyDelete
    Replies
    1. အမ.. ခေါင်းစဉ်မှာ Typo ဖြစ်နေတယ်။ Universal Studio..
      Delete
    2. Million thanks.... :D
      Just make correction now:)))))))
      Delete
  3. every time visit, r u tired for travailing!!!!!!
    ♥♥♥♥♥♥♥♥♥♥
    ReplyDelete
  4. Hi ! Ma Mee Nage,
    How are you?
    Khine
    ReplyDelete
    Replies
    1. အပြင် လမ်းထွက်လျှောက်လေ... haha
      Delete
  5. ဆူနမ်တို့ က အဲဒီကို သွားလည်ချင်နေကြတာ...အဲဒါ kids တွေ သွားတဲ့နေရာ...နင်တို့  kids တွေပဲ သွားဆိုပြီး ငြင်းနေတာ...မမီးငယ်ပို့ စ် ဖတ်ပြီးတော့မှ သဘောပေါက်တယ် တကယ့် kids ကြီးတွေ သွားတဲ့နေရာကိုးး)...သွားလည်ရင်တော့ အတော်ပဲ...စင်္ကာပူမှာလည်း USS ရှိတယ်...ရိုလာကိုစတာ အနီနဲ့ အပြာကို ရှေ့ ဆုံးတန်းမှာ ထိုင်စီးပြီး အသားကုန် အော်ခဲ့တာလေ...သုံးနှစ်တောင် ကြာပြီဆိုတော့ အဲလို စီးနိုင်တော့ပါ့မလား မသိ...ဘယ်လို ဇာတ်သိမ်းမှာလဲဟင်... စောင့်မျှော်နေပါကြောင်း..
    ReplyDelete
    Replies
    1. စန်းထွန်းလေးရေ..
      ကိုယ်ဆိုသွားတာသွားတာ ဘာမှန်းကိုသေသေချာချာမသိခဲ့ဘူး
      ဟိုရောက်မှ ကလေးရောလူကြီးပါ စိတ်လွှတ်ကိုယ်လွှတ်
      တကယ်ပျော်ပျော်ပါးပါးကစားနေကြတာ
      တကယ်ကိုပျော်စရာနေရာတွေပါဘဲ
      Ride တွေအပြင် တခြားစိတ်ဝင်စားစရာ ရင်ခုန်စရာလေး
      စိတ်လူပ်ရှားစရာတွေအများကြီးပေါ့..
      ဟီး..ရေးတဲ့သူလည်းပျောက်သွားလိုက်တာ
      အခုမှပြန်ဆက်ပြီး..မြန်မြန်ရေးပါတော့မယ်နော်...
      Delete