Wednesday, October 30, 2013

Korea ပဲနဲ့ ပုန်းတဲ့ ပုန်းရည်ကြီး ကြက်သားဟင်း :)


မင်္ဂလာပါရှင်~~~

ကိုးရီးယားပဲခေါက်ဆွဲကိုတော့ လူတွေတော်တော်များများကြိုက်နှစ်သက်ကြတယ်လို့ ထင်တာဘဲ။
ကျမတော့အရမ်းကြိုက်တယ်။ ခေါက်ဆွဲလည်းအရမ်းကြိုက်တယ်၊ပဲမျိုးစုံလည်းကြိုက်တာကိုး...။
ဒီရောက်တော့ အသင့်စားပဲခေါက်ဆွဲထုပ်တွေစားရင်းနဲနဲငြီးငွေ့ လာတယ်။ တခါခါလည်းကိုယ့်ဖာသာသာ ကိုယ်လည်းချက်စားတတ်တယ်။ ပဲအနှစ်ထုပ်လေးတထုတ်လောက်ဝယ်ထားရင် စားပါလေ့..တမေ့တမော။
ဒီတခါတော့ ကြက်သားနဲ့ ပုန်းရည်ကြီးလိုချက်စားကြည့်တာ။ လွှတ်ကောင်းဗျို့ ..။ အဲဒါနဲ့ အချိန်မဆိုင်းဘဲ
ဒီနေ့ ချက်ချင်း..မိတ်ဆွေများကိုပြောပြမယ်နော့်....။ဒီနေ့ မနက်ကချက်စားတာလေ ^_^ 

ကြက်သားကလည်းတောင်ပံလေးတွေတွေ့ တာနဲ့ ဝယ်လာတာ။ကျမတော့ အရင်ဆုံး အရေခွံအထူကြီးတွေ အဆီလေးတွေညှပ်ထုတ်ပစ်လိုက်တာဘဲ။
 ချင်းမှုန့် ၊ဆား၊ငရုပ်ကောင်း၊ခရုဆီ၊ပဲငံပြာရည်တွေနဲ့ နယ်ထားလိုက်တယ်။
 
ကကြီးရဲ့ ပဲနှစ်ကိုသုံးတဲ့အတွက်သူတို့ ရဲ့ ငရုတ်နှစ်ကောနဲနဲထဲ့ဖို့ ဝယ်လာခဲ့တယ်လေ။တဗူးမှ ၂$ ဘဲပေးရ တာ။  အစိမ်းရောင်လှီးချွတ်ထားတာက တရုတ်နံနံပင်အရိုး နဲ့ ခပ်ဆင်ဆင် Celery ပါ။သူက မွှေးလို့ 
ဟင်းအနှစ်တွေမှာကြက်သွန်နီကိုလျှော့ပြီးအဲဒါကျမသုံးလေ့ရှိတယ်။ ငရုတ်သီးစိမ်းနဲနဲပါထဲ့တယ်။
 
အားလုံးကိုဆီသပ်ပြီးချက်တာ..နဲနဲမွှေးလာရင်(အနှစ်ခပ်ပြစ်ပြစ်လေးလိုချင်လို့ ပါ) Blander ထဲပြောင်းထဲ့။
ဟော..၃ ချက်လောက်ဘလူး..ဘလူး..လုပ်လိုက်ရင်ရပြီ...သိပ်ကြာရင် မကောင်းဘူး...။
ပြီးအိုးထဲပြန်ထဲ့..မီးအေးအေးနဲ့ ပြန်ချက်တာပေါ့။ရေခန်းရင်ရေလည်းနဲနဲထဲ့၊ဆီပြန်ဟင်းဆိုတာ၊အရသာက
ဟင်းအနှစ်မှာရှိတာ..စိတ်ရှည်ရှည်လေးထားပြီး အနှစ်ကိုချက်ရတယ်။ ရေနွေးတအိုးလည်းလိုပါတယ်။
ရေနွေးနဲနဲဆီထဲ့၊ ပြန်မွှေ..အိုးနဲနဲကပ်လာရင်ရေပြန်ထဲ့...ဟင်းအရောင်လည်းလှတယ်။
နောက်..ကြက်သားထဲ့...နှံအောင်မွှေပြီးအဖုံးလေးပိတ်...။ အချိန်ပိုနေရင် သူများတွေဘာဟင်းတွေများ
ချက်စား ကြသလဲလို့  fb မှာစပ်စုတာပေါ့..:P
ဆုံဆေးရည်တော့မရှိဘူး..ဒါပေမဲ့ ဘလူးဘလူးလုပ်တဲ့အခါသုံးတဲ့ခွက်လေးမှာကပ်နေတဲ့အနှစ်တွေနှမျော
စရာ..ဒီတော့ ခွက်ဆေးရည်လည်းနဲနဲထဲ့...ပြီးဆက်လက်မွှေ..အဖုံးပြန်ပိတ်.. ဟီး...:))
ဟော..အဆီပြန်လာရင် ပဲအနှစ်တဇွန်းမောက်မောက်လောက်ကလော်ထဲ့...ရေသံဆီသံတဖြစ်ဖြစ်ကြား
လာရင်..ရေနဲနဲထပ်ထဲ့...ပြီးမီးမိတ်အိုးပိတ်....လှော်ထားတဲ့ကိုယ်တိုင်လုပ်ပုဇွန်ခြောက်မှုန့် နဲနဲ၊ မုန်လာဥဖြူ
နဲနဲ နဲ့ နိုင်လွန်ဟင်းရည်..(ဖြူဖွေးပြီး သန့် ရှင်းကြည်လင်နေသောဟင်းရည်လေ..ဟီး) ငရုတ်ကောင်း၊ ကြက်သွန်ဖြူတဥ ဓါးပြားရိုက်ထဲ့..၊ဟော..ဟင်းရည်ရပြီ...တခွက်၊ နောက်ဘလူးဘလူးခွက်ကိုဆေး၊
ကြက်သွန်ဖြူ၊ ငရုတ်သီးထောင့်တွေ ခုတ်ထစ်ပြီးဆားနဲနဲထဲ့...ခဏလောက်ထပ်ဘလူးလိုက်တာနဲ့  ငရုတ်သီး
ဆားထောင်းတခွက်...မိုတ်တယ်နော်...တော်ပြီ...တို့ စရာအသီးအရွှက်အပြည့်ရှိတယ်။
ကဲ...ရေချိုးပြီး၊ထမင်းစားတော့မယ်...ညစာအတွက်မချန်တော့ဘူး..အပြတ်တွယ်တော့မယ်...။
ချိုချို စိမ့်စိမ့် စပ်မွှေးနေတာဘဲ...အန်မတန်မှတော်သော အီဖေကိုယ်ပါလား....  ^_^ ပထမဦးဆုံးစမ်းသပ်ချက်ကြည့်တာ...မဆိုးဘူးဘဲ.. အလှူအဒါန်းပွဲများအော်ဒါလက်ခံရင် ကောင်းမယ်ကြောင်း.... ဟီး.

အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~
မီးမီး

10 comments:

  1. ကောင်းမှကေငြ်း တော်မှတော် မမီး.... ;)

    Suenwelay

    ReplyDelete
  2. ပျောက်နေလိုက်တာကွာ..
    ဘိရုမာနေပူတော်မှာကိုး....
    များများစားခဲ့..
    ဒါပေမဲ့ မပန်းခဲ့နဲ့ နော်...
    အော်...ပင်ပန်းတာက်ုပြောတာပါ..ဟီး
    အန်းပီးတာကတော့ ...လူတိုင်းဖြစ်လို့ ပြောတော့ဘူးနော်.. ;P

    ReplyDelete
  3. ဟင်းအနှစ်လေးတွေကို ထမင်းနဲ့  နယ်စားလိုက်လို့ ရတော့ ရှယ်ပဲ...အလှုအော်ဒါလက်ခံမယ်ဆိုလို့  အော်ဒါမှာမလားလို့ ....ဟဲ...အလှုကတော့ နောင်နှစ်တွေမှ ထင်ပါရဲ့  ...လာမယ် ကြာမယ်ပေါ့လေ...း)

    ReplyDelete
    Replies
    1. အဟမ်း..
      အလှူတင်မက၊မင်္ဂလာပွဲများလည်း
      အော်ဒါလက်ခံပါကြောင်း...
      ဟီး..အပျိုလေးကိုသွေးထိုးပေးကြည့်တာ :P

      Delete
  4. ဟန်ကြည်October 31, 2013 10:28 AM

    အာ ကိုရီးယားပဲခေါက်ဆွဲ မကြိုက်ပေါင်ဗျာ...ဆိုဂျုဆိုတဲ့ တောအရက်ကြီးလည်း ဘာထူးသေးလဲ ဖွယ်တယ်တယ်နဲ့...ဒါပေမယ့် ဒေါ်မီးချက်ထားတာတော့ ခေါက်ဆွဲမဟုတ်ဘဲ ကြက်သားဆိုတော့ အဟမ်း ...း)

    ReplyDelete
    Replies
    1. အသားငါးမပါတဲ့ခေါက်ဆွဲဆိုရင်၊
      ပဲခေါက်ဆွဲလေးကစားကောင်းတယ်၊
      ဒါပေမဲ့သူတို့ ဆိုင်မှာသွားစားတာကတော့ကောင်းဘူး။
      အာလူးတုံးကြီးကိုက်မိလို့ ..:(
      ဆိုဂျုတော့သိဘူး...ရှိသမျှအရက်ကိုတော့
      အသားနဲ့ နှယ်ဖို့ နပ်ဖို့ လောက်ဘဲသိတာဗျ..
      လာလည်ရင်ချက်ကျွေးမယ်ဗျို့ ...း)

      Delete
  5. ပဲကဘယ်လိုအရသာလည်းပြောအုန်းလေမီးမီးရဲ့ ။
    အီစကိုကပဲပုတ်အရသာနဲ့ တူရင်တော့ကြိုက်တယ်။ ချိုနေရင်မကြိုက်ဘူး။
    ဘာပြောပြောချက်ထားတာစားချင်စရာ။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. မချိုဘူး...ဆားတော့ဟင်းထဲထဲ့စရာမလိုဘူး..
      ကျမကငရုတ်နှစ်လည်းထဲ့တော့...
      နဲနဲစပ်တဲ့အရသာရှိတယ်...
      သကြားထဲ့ထားသလိုမချိုတာတော့အမှန်ဘဲ၊
      ဝက်သားချိုချဉ်ကြော်လောက်တောင်မချိုပါဘူး..
      အာမခံတယ်..ဟီး...
      ချဉ်ရည်ဟင်းနဲ့ လည်းလိုက်မယ်ထင်တာဘဲ...
      ချက်စားကြည့်မရေ...

      Delete
    2. အိုခေ...ကြုံရင်စမ်းလိုက်အုန်းမယ်။း)

      Delete
  6. Wow!!!
    I love that!! Ma Mee Nage!
    Khine

    ReplyDelete