မမျှော်လင့်ဘဲနဲ့  ဖီလာဒဲဖီးယားမြို့ ကို အလည်ခရီးထွက်ခဲ့ရပါတယ်...။ကျေးဇူးရှင်က အလုပ်ကိစ္စရှိတာနဲ့ 
တရက်မကဖြစ်ချင်လည်းဖြစ်မယ်တဲ့။ ဒါနဲ့ ကမန်းကတန်းအဝတ်အစားပစ်ထဲ့ပြီး ကောက်ကောက်ပါအောင်
လိုက်သွားတာပေါ့..။ ခဏ ဂူးဂယ်တချက်ကြည့်တာတော့ The Philadelphia region is known as the
“Cradle of Liberty” as well as the “Cradle of American Horticulture.” တဲ့
အလုပ်ပြီးတော့ ပင်ပန်းတယ်တဲ့..။ဟော်တယ်သွားပြီး အိပ်တော့မယ်ဆိုဘဲ...ဟွန့် ...
အဲနားက တရုတ်ဆိုင်မှာဘဲသွားစားရတယ်..ကြက်သားချိုရဲရဲကြီး..မကြိုက်လည်း..
စားပြီးနားရတော့မယ်လေ...။ သွားစရာမရှိတော့ဘူး...။
ဟော..မနက်ကျတော့ ရာသီဥတုကြီးက ဆိုးရွှားလိုက်တာ မိုးတွေရွာ လေတွေတိုက်လို့ ...
ဟော်တယ်ကလည်း မနက်စာမရှိဘူး..စားမယ်ဆိုရင် ပိုက်ဆံထပ်ပေးရမယ်တဲ့။သွားကြည့်တော့လည်း
သိပ်အကောင်းကြီးမဟုတ်ဘူး..ဒါနဲ့ အနီးမှာရှိတဲ့ WaWa ဆိုင်ကယ်ပေလို့ ပေါ့ရှင်.. မိုးလေထဲပြေးလွှား
ဝယ်လာစားပြီးပြန်အိပ်ပေါ့....။
ဟိုတယ်ရှေ့ ဖက်မှာ အရမ်းကြီးလှပတဲ့ လမ်းလေးတွေရှိတယ်....ပို့ စကဒ်ထဲကအတိုင်းဘဲပေါ့...
ကဲ..ရောက်တုံးရောက်ခိုက်ကျမနောက်လိုက်ခဲ့ကြပါ..Philadelphia Tour ထွက်ကြရအောင်လေ...
ဒီပုံက ငီးငီးလက်ရာတော့ဟုတ်ဖူးလေ...google တခိုးနဲ့ တွေ့ လာတာ.. ကိုယ်တို့ ရိုက်နေတဲ့အချိန်ကမိုးလေးရွာနေတော့ မှောင်နေလို့  |
ကပ်ရက်မှာ Rodin ဆိုတဲ့ ပြတိုက်တခုရှိတယ်။ ပြင်သစ်လူမျိုးAuguste Rodin ဆိုတဲ့
ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီး ရဲ့ နံမည်ကြီး ကြေးရုပ်ထုတွေပြတာပါ..။ ပြင်သစ်လူမျိုး တည်ဆောက်တဲ့
ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီး ရဲ့ နံမည်ကြီး ကြေးရုပ်ထုတွေပြတာပါ..။ ပြင်သစ်လူမျိုး တည်ဆောက်တဲ့
ပြတိုက်မှာ ပြင်သစ်စတိုင်ပန်းဥယျာဉ်ကို ပြင်သစ်လူမျိုးကဘဲဖန်တီးပြီး၊ ပြင်သစ်ပညာရှင်
ထုတဲ့ကြေးရုပ်တွေ၊ပန်းပုရုပ်တွေပြထားတာပါ...။အဟိ...ပြင်သစ်တွေရူပ်နေတာဘဲနော်..။
စာရင်းချုပ်တော့ဥရောပအငွေ့ အသက်တွေပြည့်နေတဲ့နေရာတွေဆိုပါတော့ရှင်....
စာရင်းချုပ်တော့ဥရောပအငွေ့ အသက်တွေပြည့်နေတဲ့နေရာတွေဆိုပါတော့ရှင်....
ရုပ်တုတခုက The Thinker တဲ့....ကိုသင့်ကာကြီးဘာတွေတွေးခဲ့လဲတော့မယ်ငီးမသိ၊
မယ်ငီးတော့ အနီးအနားထိုင်းစားသောက်ဆိုင်လေးဘာလေးတွေ့  ရင်ကောင်းမှာဘဲလို့ တွေးခဲ့
တာပါဘဲလေ...ဟီး...ငတ်ကြီးကျထှာ အထဲမဝင်ခဲ့ဘူး..ထုံးစံပိုက်ဆံပေးရလို့ ...(တိန်..ကပ်စီးနဲတော့)
နောက်ရုပ်ထုတွေကတော့ The Gates of Hell,The Three Shades, အာသံနဲ့ အေဝ
ဆိုတာလည်းရှိတယ်တဲ့။ကမန်းကတန်းနဲ့ သေသေချာချာမကြည့်ခဲ့ရဘူး..
ဟိုအပေါ်ပုံကို...ကိုကြီးအာသံလို့ ဘဲမှတ်လိုက်ပေါ့နော့်..ဟဲ.. :P
ဆိုတာလည်းရှိတယ်တဲ့။ကမန်းကတန်းနဲ့ သေသေချာချာမကြည့်ခဲ့ရဘူး..
ဟိုအပေါ်ပုံကို...ကိုကြီးအာသံလို့ ဘဲမှတ်လိုက်ပေါ့နော့်..ဟဲ.. :P
ရီရပါတယ်..စီလုတ်ဟုတ်ဖူးပြောလည်းမရဘူးနော်..တရုတ်စတိုင်ဖတ်ထိုင်းလားသိပါဘူးလေ...
၁၄.၅ဝ တဲ့...ဟူးးး
ဟင်းရည်ကပင်လယ်စာတုံယမ်း..ရေနွေးတအိုး...စုစုပေါင်း ၃၂ ကျပ်ကျော်ဆိုတော့ တစ်နဲ့ ဘာနဲ့ ၃ရ တဲ့...
ပြောရရင်တော့ရန်ကုန်နဲ့ ဈေးသိပ်မကွာပါဘူးနော်...
ဒီ အချစ်ဆိုတဲ့စာတမ်းကို ဓါတ်ပုံရိုက်နေကြတာ လူတွေပြည့်လို့ ....
ဘယ်အခြမ်းကနေရိုက်ရင်အလှဆုံးမှန်းကိုမသိဘူး...
အားလုံးကို အဝတ်တွေမီးပူတိုက်ပေးနိုင်ပါတယ်လေ..:))
ဒီပုံကိုတော့..နားမလည်မခံစားတတ်ပါဘူးရှင်....
ဂလိုလေးရိုက်လို့ ပြောတာ..ဟီး..သူလည်းပဲပေးတတ်သားဗျ....
သူတို့ လူကူမျဉ်းကျားကစကာကွက်နဲ့ တဲ့....
မျက်စိတွေလည်ပြီး ခြေတွေလည်းညောင်းကုန်ပေါ့....
ခြေထောက်ကမဟန်ဘူး..ဘတ်စ်ကားစီးပြီးပြန်လာရတယ်...
ရိုမန်းတစ်နေကြတာဗျာ..မိုက်တယ်နော်....
ဘာအဓိပ္ပါယ်နဲ့ တရိစ္ဆာန်ပုံတွေကိုပတ်လည်မှာထားတာလည်းတော့မသိပါဘူး...
အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~
မီးမီး
ပန်းပင်တန်းက အရောင်စုံပြီး ကဗျာဆန်ဆန် လှလိုက်တာ။
ReplyDeleteဓါတ်ပုံတွေ ဝေမျှပေးတဲ့အတွက် ကိုယ်တိုင်ရောက်သွားသလို ခံစားရတယ် ကျေးဇူးပါနော်
သစ်ပင်တွေတအားလှပါတယ်..
Deleteကျမကင်မရာကောင်းကောင်းမရိုက်တတ်လို့ သာပေါ့...
ပရောဖက်ရှင်နယ်တွေအများကြီးတွေ့ ခဲ့သေးတယ်..
အဲဒီကို သွားချင်နေတာ မမီးရာ...လွတ်လပ်ရေးကြေငြာခေါင်းလောင်း၊ ရှေးဟောင်းအဆောက်အဦးတွေ အတော်များသား..ဒီစီလိုပဲနော်...မမီးငယ်နဲ့  မမီးငယ် ချစ်ချစ်ကြီး ရုပ်ထုတွေနဲ့ တူအောင် ပို့ စ်ပေးတတ်တယ်နော်...ဟဲ...ဟဲ...:P...ဂျာမန်တွေလို ရိုမန်တစ်ဆန်ဆန် ရိုက်ခဲ့ပါလား...မေရီလန်းကနေ ၂ နာရီပဲ မောင်းရတာ...သွားချင်နေတာ...ဘော်ဒါမရှိသေးလို့ ..နောက် အပိုင်းတွေ မျှော်နေကြောင်းဗျား...ဒါမှ ဆောင်ရန်၊ ရှောင်ရန်တွေ သိပြီး သွားလည်ရင် အဆင်ပြေမှာ...;)
ReplyDeleteအဟား...ဟုတ်ပြီ..
Deleteနောက်အပိုင်းကြရင်ကောင်းကောင်းပြောပြမယ်နော်..
ဒီအချိန်တကယ်လှတာကွာ..
တမြို့ လုံးနီဝါနေတာဘဲ..
လည်စရာတွေမှအများကြီးရယ်..
နဲနဲ ဥရောပဆန်တဲ့နေရာဘဲ...
Very Beautiful tour Ma Mee Nage!!!!
ReplyDeleteKhine
Thanks Khine ..
DeleteNext time go with you..OK...
သွားလည်ချင်လာပြီကွာ။
ReplyDeleteသစ်ပင်တန်းလေးအောက်မှာလမ်းလျှောက်ချင်လိုက်တာ။
ပန်းပုတွေသာစုံအောင်ရိုက်ရရင်တော်တော်အချိန်ပေးရမယ်နော်။
ကျေးဇူး..ကျေးဇူး..
ဆက်လည်ဖို့ အားမွေးလိုက်အုန်းမယ်။း)
အိုင်အိုရာ
ပန်းပုရုပ်တုတွေ၊သစ်ပင်တွေနဲ့ ၊
Deleteမြို့ ကြီးကတော်တော်လှတာဘဲ၊အစကလုံးဝမသိခဲ့ဘူး။
နောက်လာလည်ချင်ရင်၊ဒီလိုFallမှာလာလည်လှဲ့ ...။
မြန်မာတွေအများကြီးရှိတယ်လို့ လည်း၊
မိတ်ဆွေတယောက်ကပြောပါတယ်။
အင်း..ဒါဆိုရင် သစ်fပင်တွေနဲ့ လှနေတဲ့ပုံတွေ၊
ရှာကြံပြီးတင်ပေးဖို့ လုပ်ရတော့မှာပေါ့နော် :D
မရောက်ဖူးတဲ့နေရာတွေ တီတီမီးငယ်ကျေးဇူးနဲ့.တဝကြီးကြည့်သွားတယ်။
ReplyDeleteနောက်အပိုင်းများလဲမျှော်....;)
မကြာမှီလာမည်..မျှော်..
Deleteဟီး...
Autumn ဆိုတော့ တော်တော်လေးသာယာတယ်နော်။ အစ်မ ချစ်ချစ်ကို မြင်ဖူးသွားပြီ :D
ReplyDeleteကကြီးAutumn ကောဘယ်လိုနေလဲ...
Deleteချစ်ချစ်ကြီးကကိုယ့်လိုလှတပတလေး
မဟုတ်လို ပုန်းထားခိုင်းတာ..အဟိ
(သူ..ဂလိုဘလော့တွေဘာတွေဘာမှနားလည်ဘူး
ဖတ်လည်းဖတ်ဖူးဘူး၊ဒါကြောင့်အတင်းတုတ်တာ :P )
အဲလိုပဲ အစ်မ။ နောက်မှ ပို့စ် သက်သက်လေးတင်ဦးမယ်း)
Deleteတော်တော်စုံအောင် သွားတာပဲ။ တော်တော်ညောင်းသွားမှာပဲ
ReplyDeleteဟင်းဟင်း...ဆေးတော်တော်လူးလိုက်ရပါတယ်..
Deleteပျောက်ချက်သားကောင်းလိုက်တာကိုရွှေငါးလေး..
:P
မပျောက်ရပါဘူး ဗျာ ဟဲဟဲ
DeleteDo you know there is a burmese restaurant in Philly...near China town.
ReplyDeleteWe don't know. After We Came back from PhilIy .My friend told me there have many people from Myanmar. If we know 100%sure want to go that restaurant.
ReplyDeleteBy the way in real world we have only 2 Family know in us :(