Saturday, October 12, 2013
တောင်ပေါ်မြေရဲ့ အခြားတဖက်မျက်နှာမှာ...
မင်္ဂလာပါရှင်~~~
တကယ့်တကယ်သွားလေရာရှောင်မလွှတ်မြင်တွေ့ ခဲ့ရတာတွေကိုထိန်ချန်ထားခဲ့မယ်ဆိုရင်တော့
ဘယ်...မတရားဘူးလို့ ဆိုရမှာပေါ့..နော်..။
ဒီစာတွေရေးရင်းနဲ့ စိုင်းထီးဆိုင်သီချင်းလေးညည်းလို့ ကောင်းသား...ဗျ...။ အဲဒီသီချင်းက တခြားခံစားချက်
နဲ့ ရေးစပ်တာပါ။ #♬တောင်ပေါ်မြေရဲ့ အခြားတဖက်မျက်နှာမှာ ဘာတွေရှိမှန်းမသိခဲ့ကြပေ♬ # ဒါပေမဲ့ ကျမတော့ ကျမခံစားရတာတွေကို ဒီသီချင်းကိုအမှီပြုလို့ တင်ပြရအုံးမယ်လေ..။
ကဲ..ကျမတို့ တောင်ပေါ်မြေမှာ ဒါတွေရှိပါတယ်...။ဒီမြင်ကွင်းမျိုးတွေနေရာတကာတွေ့ နိုင်ပါတယ်။
(ဒါတောင်ကျမကတကူးတက သွားရောက်ရှာဖွေရိုက်ယူထားတာမဟုတ်ပါဘူး၊ခရီးသွားဟန်လွှဲ ရိုက်ထားမိလို့ ပြန်ကြည့်ရင်းနဲ့  ခံစားမိရာက မိတ်ဆွေတွေကို ပြောပြတာပါ)
ဒါက ကျိုင်းတုံ-တာချီလိတ် ကားလမ်း၊ ကျိုင်းတုံအထွက်ဖက်မှာပေါ့...။
တခါက ဒီမှာ ရေးဖူးခဲ့ပါတယ်။ကားလမ်းခရီးနဲ့ တာချီလိတ်ဖက်ကနေပတ်ပြန်ခဲ့ရတုံးကပါ...။
မလှတဲ့ပုံတွေကျတော့ ဖယ်ထားပြီး အပေါ်ယံကသာယာစိမ်းစိုနေတာကိုဖြတ်ညှပ်ကပ်ပြီးတင်ခဲ့တယ်လေ။
ကားလမ်းတလျောက်လုံးမှာ အမှိုက်တွေ ပလပ်စတိတ်တွေ မိုင်ပေါင်း ၁ဝဝ ဝေးရင်..အမှိုက်တွေလည်း၊
မိုင်းပေါင်း၁ဝဝ လုံး ခန့် ခန့် ညားညားကြီးပေါ့ရှင်..ရှိနေကြပါတယ်။ ဘတ်စ်ကားထဲမှာ အမှိုက်ပုံးမရှိပါဘူး...
လေလေးတဟူးဟူးနဲ့  ပြူတင်းပေါက်တွေဖွင့်ပြီး စားသောက်ပစ်ဝဲလိုက်တာဘဲ ဘာမှအခက်အခဲမရှိဘူး။
ဒီလိုဘတ်စ်ကားလိုင်းတွေပေါ်ပြီးသွားလာနေတာ နှစ်ပေါင်းမနည်းတော့ဘူးတဲ့..။ဒီတော့ ဖြူဖွေးနေတဲ့
စက္ကူတွေ ပလပ်စတိတ်တွေ လမ်းဘေးမှာနေရာယူကြတာလည်းမဆန်းပါဘူး။
ကျမ ပြီးခဲ့တဲ့နှစ်အိမ်မှာ ၄ လလောက်ကြာတုံးကပေါ့။ အိမ်ရှေ့ က တရုတ်အပျိုကြီးအဒေါ်ကြီးတယောက်
ဆီးချိုနဲ့ ဆုံးသွားတယ်။အသုဘပို့ တော့ တရုတ်သင်းချိုင်းအသစ်(အဟောင်းကိုဘဲကျမကရောက်ဖူးတာ၊
ဒါတော့နေရာတိုင်းမှာတူကြမယ်နဲ့ တူတယ်။  သင်းချိုင်းကုန်းတွေဖျက် ပိုပြီးဝေးတဲ့နေရာတွေကိုပို့ ပစ်လိုက်
်ကြတယ်လေ။နောက်တော့ မြို့ သစ်တွေတည်ကြတာပေါ့...)ကိုသွားရတယ်။
မြို့ နဲ့ တော်တော်လှမ်းပါတယ်။ တရုတ်ဆိုတော့ သိကြတဲ့အတိုင်း သေတဲ့ ဖိုးဖွားမိဘအုတ်ဂူက အရမ်း အဓိက ကျတာကိုး။ သေသေချာချာကျကျနနတည်ထားကြတယ်၊မသေခင်ကတဲ့က မြေဝယ်ပြီး အဆင် သင့်ဆောက်ထားကြတယ်။ နေရာအသစ်ပေမဲ့ စနစ်တကျမြေနေရာချထားတာမျိုးမတွေ့ ရသလိုပါဘဲ...။
ဟိုနားကတစု ဒီဖက်က မြောက်ဖက်ကိုဥိးတည်ထားရင် နောက်တခုက တောင်ဖက်မျက်နှာလှည့်လို့ ။
်
တချို့ ဂူဆိုရင် သင်းချိုင်းမှာနှစ်စဉ်လာကတော့ရတော့ နားဖို့ ထိုင်ခုံ စားစရာတင်ဖို့ စားပွဲ တွေကို အင်္ဂတေနဲ့ 
သေသေချာချာလုပ်ထားကြတာတွေ့ ရတယ်။ ဒါပေမဲ့ကွင်းတခုလုံးတော့ အမှိုက်တွေ အသုဘပိုံ့လာရင်ဝေတဲ့ရေဗူးခွံတွေ ချိုချဉ်ခွံတွေ ပြည့်နှက်နေပါတယ်။ အမှိုက်ပုံးတော့ တခုမှမတွေ့ ရဘူး...:(
ဒီပုံလေးကကြည့်လိုက်တိုင်း ရင်ထဲမှာ လှိုက်ကနဲပါဘဲ...။ ခြေတော်ရာဘုရားပေါ်ကနေရိုက်ယူထားတာပါ။
တောင်တွေကိုပြောင်ခါနေတာပါဘဲ ရာသီဥတုပူလာတယ်လို့  မညည်းကြပါနဲ့ လေ။ရှင်တို့ ကျမတို့ ကြောင့်
ပေါ့..သဘာဝ တရားကိုဖျက်ဆီးတာ လူသတ္တဝါတွေက ကြောက်စရာအကောင်းဆုံးပါဘဲ...
ငယ်ငယ်တုံးက ဒီနေရာကို ခဏခဏရောက်ဖူးတယ်..တောတောင်သစ်ပင်တွေမှ ညို့ မှိုင်းလို့ စိမ်း
လန်းသာယာဖူးခဲ့တယ်လို့ ပြောရင် ...ပုံပြင်တခုလိုဖြစ်သွားပြီပေါ့နော်...။ သစ်ပင်မရှိဘူး အမှိုက်ရှိတယ်။
 ဒါက တော်တော်ကြာခဲ့ပါပြီ။ မြို့ လေးကိုမရောက်တာ ၁ဝနှစ်လောက်ရှိမှ ပထမဦးဆုံးပြန်ခဲ့တုံးကပေါ့..။
တောင်ကတုံးပေါ်မှာ သစ်ပင်တွေခုတ်ထားပြီးပြီဆိုတာ သက်သေပြထားပါတယ်လေ ထင်းပုံလေး ကို စီစီရီရီနဲ့ ...အော်...ဒီနေရာက စစ်တပ်နယ်မြေ....တဲ့ ^_^
နောက်တခါပြန်တော့.လေယဉ်ပေါ်ကနေရိုက်ထားတာ။ကျိုင်းတုံမြို့ အတက်ဂတုံးပြောင်ဖုံးမှောင်တို့ ရွှာ
လို့ နံမည်အသစ်ပေးရမလိုပါဘဲ...။
ခပ်ပြောင်ပြောင်ပေါ့...ဟော...ခုတော့ရေတွေကြီးလို့ ချောင်းရေလျှံလို့ လူတောင်သေပါတယ်ဆို..။
ခုမှ...ထအော်ကြတယ်..သူ့ ကြောင့်..ဟိုလူကြောင့်....။
ဟဲဟိုးကွင်းဆင်းခါနီး...မြေနီတွေဟာအာလူးစိုက်ဖို့ အကောင်းဆုံးတဲ့...။ဒါကြောင့် ဟဲဟိုးက အာလူး နံမည်ကြီး တာပေါ့။(အဟဲ...ဒီကအာလူးမယ်ငီးလိုနေမှာပေါ့..နော့်.း))
ဒါကတော့...နေပူတော်အသွားပေါ့ရှင်...ဖြောင့်ဖြူးစွာမြင်ရတာကတော့ အမြန်လမ်းမကြီး..။ဘေးကယှဉ်
ပြီးရေလုံးဝမရှိခန်းခြောက်နေတဲ့သဲချောင်း၊သဲမြစ်..(နံမည်တော့မသိပါ) သစ်ပင်မရှိ အရိပ်ဝါသမရှိ..
ဟင်းဟင်း....စကားကိုကပ်သပ်ပြီးပြောဆိုခိုင်းနှိုင်းရရင် ကျမတို့ နိုင်ငံကြီးကိုအေးရိပ်ပေးမဲ့သူမရှိသလို
လို့ ထင်ယောင်မိပါတယ်.... :((((
ဒီနေပူတော်ကြီးပေါ်ကဓါတ်ပုံတွေလည်း ဒီမှာ  တင်ဖူးပါတယ်။ အဲတုံးကတော့ ခုလိုအာလူးတွေသိပ်မပေး တတ်သေးဘူးလေ...အဟီး...။ 
သစ်ပင်မရှိလို့ ရေတွေခန်းခြောက်တာလား..ရေတွေခန်းခြောက်လို့ သစ်ပင်မရှိတာလား...။
ဘာဘဲဖြစ်ဖြစ်ပါ.... ဧည့်မျှော်နေကြတယ်ဆိုရင်လည်း အိမ်ကိုသန့် ရှင်းရေးလေးတော့ အရင်လုပ် ထားသင့်ပါတယ်လေ။ ဘယ်သူဘဲ အိမ်ဦးစီးလုပ်ချင်လုပ်ပါ အိမ်သားတယောက်အနေနဲ့  လုံခြုံစိတ်ချရတဲ့ 
ပတ်ဝန်းကျင် ကျမ်းမာရေးညီညွတ်တဲ့ပတ်ဝန်းကျင် အေးချမ်းသာယာတဲ့ အိမ်မှာနေချင် တဲ့ဆန္ဒတွေ
ရှိကြပါတယ်။ အိမ်ထောင်ဦးစီးတယောက်ထဲရဲ့ အခန်းလေးဘဲ ကွက်ပြီးလင်းထိန်လို့ သာယာနေလို့ ကော
တရားမျှတမှု့ ရှိနေပြီလို့ ထင်နေပါသလား..ရှင်...။ ဦးစီးဦးဆောင်လုပ်မှတော့ လုပ်ပေးနေရတာကို လုပ်ပေးနေပြီလို့ ပြောယုံနဲ့ မပြီးပါဘူး....ရှေ့ ကတာဖြောင့်ဖြောင့်သွားကြပါ..ကျမတို့ နောက်ကနေ တသွေမတိမ်းဂျက်စီဂျိန်း လိုက်ပါ့မယ်... အဟီး...(ရှေ့ မျက်နှာနောက်ထားလို့ ရေးလိုက်မိပြန်ပြီ)..
သီချင်းလေးတော့ ဆက်ဆိုလိုက်အုံးမယ်လေ...
♪♫တောင်ပေါ်မြေရဲ့ အခြားတဖက်မျက်နှာမှာ♬ ...ဘာတွေရှိမှန်းမသိခဲ့ကြပေ...♫♬
♫အကိုတို့ ရေ..ပျော်နေတဲ့အိမ်မက်ကလေ..အပြင်ထွက်စို့ လေ.... ♫
အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~
မီးမီး
12 comments:
  1. ဟန်ကြည်October 13, 2013 6:21 AM
    မောင်...ရှေ့ကိုတည့်တည့် ခုတ်မလေ...မေလည်း နောက်ကလိုက်ကာ စိုက်နိုင်ပေါင်လေ...း)
    ဒီဘက်ပြည်နယ်လည်း ထို့နည်းလည်းကောင်းပေါ့ ဒေါ်မီးရေ...ပဲခူးရိုးမကြီးဆိုတာ သမိုင်းထဲမှာ ကျန်ရစ်ခဲ့ပြီပဲ...ဘယ်နားကြည့်ကြည့် တောင်ကတုံးတွေချည်း...အနှီလို ခုတ်တဲ့ ဖွတ်ကြားတွေ ဖြစ်လေရာဘ၀မှာ အမွေးတစ်ပင်မှ မပေါက်တဲ့ လူ့ငပြောင်တွေ ဖြစ်ကြပါစေဗျာ...း(
    ReplyDelete
    Replies
    1. မောင်ကြီးတွေခုတ်ခဲ့သမျှ...
      မောင်ကြီးတွေသုတ်ခဲ့သမျှ...
      မောင်ကြီးဘဲနောင်သံသာရာ၊
      အဆက်ဆက်ပေးဆပ်ဖို့ သာပြင်ထားပါ၊
      မောင်ကြီးမျိုးဆက်သစ်တွေက၊
      ကြွေးဟောင်းတွေကိုအုပ်စိုးလို့ ၊
      ဒီဘဝမှာဒူးလေးနန့် ၊
      ခေါင်းမော့နေရအုံးမယ်ပေါ့
      (ဟုတ်လား...ကိုရင်ဆြာဟန်ကြီးရဲ့ )
      Delete
  2. စန်းထွန်းတို့ ဖက်က ရခိုင်းရိုးမအစွန်မှာလည်း တောင်ဂတုံးတွေကြီးပဲ...မြန်မာပြည်မှာ အမှိုက်ပြသနာတော်တော်ဆိုးတယ်...မမီးလည်း အတော်အာလူးဖုတ်တတ်လာပြီ...အမှန်တွေချည်း ပြောသွားတယ်...း)
    ReplyDelete
    Replies
    1. စါရင်းချုပ်လိုက်တော့၊
      သစ်ပင်တွေ၊တပြည်လုံးပြောင်၊
      အမှိုက်သရိုက်နဲ့ ပလပ်စတိတ်တွေက၊
      အစားထိုးနေရာယူ၊
      ညစ်ပတ်ြပီးမသန့် ရှင်းတဲ့ပတ်ဝန်းကျင်မှာ
      လူတွေကရောဂါထူပြောလို့ ၊
      ဒါ...ကိုယ်တို့ ရဲ့ မြေပေါ်မှာဖြစ်ပျက်နေတာပေါ့...
      Delete
  3. Yes, we agree with you...meemee
    Like u show us what happened in our land....
    Cheer you up....keep blogging.....
    ♥♥♥♥♥♥♥
    Km
    ReplyDelete
    Replies
    1. Thanks, anyway I am a not good writer.
      I just write what I saw and what I feel.
      But I am very happy when you cheer me up.
      I will try my best for you all :)
      Delete
  4. အမှိုက်ကိုစည်းစနစ်ကျကျပစ်သင့်ပစ်ထိုက်ကြောင်းကို
    ခလေးအရွယ်ကနေလူငယ်လူလတ်လူကြီးအရွယ်ထိအသဲစွဲအောင်
    လေ့ကျင့်ကြဖို့ လိုနေတယ်မီးမီးရယ်။
    စည်းမဲ့ပစ်မိရင်ရှက်တတ်တဲ့စိတ်နောင်တရတဲ့စိတ်မျိုးရတဲ့အထိနေ့ စဉ်လေ့ကျင့်သွားဖို့ လိုတယ်။
    အလေ့အကျင့်ရသွားရင်တမင်လိုက်နာရတယ်ဆိုတဲ့စိတ်တွေလည်းပျောက်ပြီးပေါ့ပေါ့ပါးပါးနဲ့ လုပ်ဆောင်သွားနိုင်မှာပါ။
    ရှမ်းပြည်ထက်စာရင်ချင်းပြည်ကပိုတောင်ဆိုးမယ်ထင်တယ် တောင်ကတုံးဖြစ်တာ။
    အိုင်အိုရာ
    ReplyDelete
    Replies
    1. အမှိုက်ပစ်တာနဲ့ ပတ်သက်လို့ ၊
      ကျမလေ ဘယ်လောက်အထိစဉ်းစားသလဲဆို၊
      ဒါလည်းနိုင်ငံအရေး၊အမျိုးသားရေးတခုလောက်အထိ၊
      အရေးပါတယ်လို့ ထင်တယ်။
      အောက်ခြေသိမ်းကစရမယ်ဆိုရင် မူလတန်းမှာကတဲက၊
      ကြပ်ကြပ်မတ်မတ်သင်ကြားလေ့ကျင့်မှ၊
      နောင်လာမဲ့နှစ် ၅ဝ၊ ၁ဝဝ လောက်မှာ၊
      ကျမတို့ ရဲ့ ရွှေပြည်ကြီး လူလူသူသူ၊
      သူများနိုင်ငံနီးပါးလောက်၊
      သန့် ရှင်းနိုင်မယ်လို့ ထင်တာဘဲ။
      ဟူးးးးးးးးးးးးးးးးးးးမောထှာ :P
      Delete
  5. စကားကိုကပ်သပ်ပြီးပြောဆိုခိုင်းနှိုင်းရရင် ကျမတို့ နိုင်ငံကြီးကိုအေးရိပ်ပေးမဲ့သူမရှိသလို
    လို့ ထင်ယောင်မိပါတယ်.... :(((( bravo Aunty Mee mee. အဓိ က နည်းစနစ် မ၇ှိတာနဲ့ အစ အုပ်ချုပ်တဲ့ အစိုး ၇ ဦးနှောက်မရှိမှု အလယ် စည်ပင် က မိုးကျရွှေကိုယ်တွေ အလုပ်မလုပ်မှု အဆုံး ပြောရ၇င် စနစ်တကျ အမှိုက် ပြစ်ချင်တဲ့ ပြည်သူတွေ ရှိအုံး ပြစ်စရာ အမှိုက်ပုံး က ရှာမတွေ့  မနက် ၆ ည၆ အတွင်း အမှိုက်မပြစရ ဆိုတော့ ကာ........
    ReplyDelete
    Replies
    1. AMK ရေ...
      ပြောရရင်တော့ ဂျာအေးသူ့ အမေရိုက်ပေါ့...
      ဇာတ်လမ်းကချာချာလည်နေတာပါဘဲ။
      ဥပဒေတွေဆိုတာကို အပြင်မှာတကယ်မြင်ဖူးခြင်ပါတယ်။
      ရိုသေလေးစားထိုက်တဲ့သူတွေကိုအုပ်စိုးတဲ့၊
      တိုင်းပြည်မှာနေဖူးခြင်သား...ဟီး
      Delete
  6. This is really nice to point out basic need in Burma.
    Thanks for the post.
    ReplyDelete
    Replies
    1. Yes, we all forget the basic and think only to climb the top of the chair.
      To judge other people.To blame each other and our time is up.
      This century cannot get back our golden country.
      But for next generation we put our hope and we should try for it.
      Why not :D
      Delete