Wednesday, June 12, 2013

အိမ်ဆောက်ခြင်းအနုပညာ...

နေပူပူမှာလည်းအပူအပင်မရှိခဲ့ပါဘု့.ဆိုတဲ့ကျမရဲ့ဆရာသမားအာခါလူငယ်လေးတွေနဲ့ပေါ့...
မင်္ဂလာပါရှင်~~~~
ခံစားမှု့ရသအမျိုးမျိုးပေးနိုင်တဲ့ ဖန်တီးမှု့တခုကို၊အနုပညာလို့နားလည်ထားတဲ့၊
(မယ်ငီးနားလည်သလိုပေါ့ရှင်) ကျမတော့ ဒီတခေါက်ရလာတဲ့ အတွေ့အကြုံကို အိမ်ဆောက်ခြင်းအနုပညာ၊လို့ဘဲခေါင်းစဉ်တပ်မိလိုက်ပါတယ်ရှင်..။
စအုတ်မြစ်ချတဲ့အချိန်မှာအုန်းပွဲပေးရတယ်ဆိုလို့
ဟုတ်ပါတယ်..။ဒီလိုဆောက်တာပြုတာ လက်သမား ပန်းရံ အလုပ်ဆိုတာ၊တော်ရုံလူတောင်နားမလည်ကြပါဘူးလေ..။ မိန်းမတွေဆိုပိုဆိုးတာပေါ့..။ကိုယ်နဲ့မဆိုင်တဲ့အလုပ်လို့ထင်ထားခဲ့တာလေ။တကယ်တမ်း နဖူးတွေ့ဒူးတွေ့ကြုံလာတဲ့အချိန်မှာတော့ ၊ကြောက်ရွှံ့ခြင်း၊ရဲရင့်ခြင်း၊ဝမ်းနဲခြင်း၊ဝမ်းသာခြင်း၊ကြည်နူးခြင်း၊သနားကြင်နာခြင်း၊ကိုယ်ခြင်းစာတရားပွားများရခြင်း...အို..ပြောမကုန်နိုင်တဲ့၊ခံစားချက်၊
အမျိုးမျိုး၊လူ့ဘဝရဲ့သဘောတရား၊လူတွေရဲ့သဘာဝ..အားလုံးကိုတနေရာထဲမှာတပြိုင်နက်ထဲ၄လအတွင်းခံစားခဲ့ရတာတွေဟာ...ကျမအတွက်တော့ အိမ်ဆောက်ခြင်းအနုပညာတရပ်..ကိုလေ့လာရသလိုပေါ့။

အိမ်သစ်အိမ်အိုအိမ်ဟောင်းဘယ်လိုပြောင်းပြောင်းကိုယ်တို့မြို့ကလှနေအေးချမ်းနေဆဲပါလေ.
လွန်ခဲ့တဲ့၂ နှစ်ကာလက တာလေငလျင်ကြောမိသွားလို့ရှေးဟောင်းအိမ်၊အုတ်စိမ်း၊အုတ်ကျက်ရောစပ်ဆောက်ထားတဲ့ ကျမတို့ရဲ့အိမ်အိုလေးဟာ အနိစ္စသဘောနဲ့ကိစ္စချောခါနီးဖြစ်နေပါတယ်။အိမ်ထောင့်တွေမှာပက်ကြားအက်ကြီးက ခေါင်မိုးကနေ ဟိုး..အောက်ခြေအထိ၊ ၂ခြမ်းကွဲသလိုကိုဖြစ်သွားတယ် ဆိုပါတော့...။  ဒီတော့နယ်စပ်မြို့လေးတခုက ဆောက်လုပ်ရေးနယ်ပယ်မှာ ကြုံတွေ့ခဲ့ရတဲ့ ကျမရဲ့အတွေ့အကြုံလေး..မျှဝေပါရစေရှင်....အိမ်စဆောက်ဖို့ပြင်ဆင်တဲ့ကာလနဲ့အိမ်
ဆောက်နေတဲ့အတွင်းမှာအလုပ်သမားတွေနဲ့အတူတူလုပ်ကိုင်နေခဲ့တဲ့အချိန်ဆိုပြီး အကြမ်းအားဖြင့် ၂ပိုင်းခွဲပြီး အာလူးဖုတ်ကြတာပေါ့..။ 

ကျမတို့မိသားစုရဲ့ကံကြမ္မာပါဘဲလေ။အဖေက အိမ်ပြင်ဆောက်တော့မယ်ဆိုတော့အမေရုတ်တရက်လေဖြတ်တာနဲ့ကြာသွားပါတယ်။ရန်ကုန်မှာ အမေ့ကိုဆေးလာကုပေးရင်း..အဖေကအရင်ဆုံးသွားပါတယ်..။ဒါနဲ့အကိုငယ်က သူဦးစီးလုပ်ပေးမယ်လို့ဆိုပြီး အဆုတ်ကင်ဆာနဲ့ဆုံးသွားပြန်တယ်။ကင်ဆာဆိုတာမျိုးဟာရောဂါသိတာနဲ့ရောဂါကျွမ်းနေကြပါပြီလေ။အကိုကြီးက ကဲပါလေ..သူဘဲလုပ်ပေးရတော့မှာပေါ့..ဆိုပြီး မောင်နှမ၂ယောက်သွားကြည့်ကြပါတယ်။တာလေငလျင်လှုပ်ပြီးခါစကပေါ့...အိမ်လည်းတော်တော် ရွဲနေပါပြီလေ...။ဟော..အကိုကြီးက ရုတ်တ
ရက်နှလုံးသွေးကြောပိတ်ပြီး ဆုံးပြန်တယ်..။ကျမတို့အတွက်တော့ ကမ္ဘာကြီးချာချာလည်သလို ဖြစ်သွားတာပေါ့..။အထူးသဖြင့် အမေဆိုရင်...၅ နှစ်အတွင်းမှာ သူ့အားကိုးရာလူ ၃ ယောက်ဆုံးရှုံးသွားတယ်လေ..။

မောင်နှမ ၄ ယောက်မှာ အမကအကြီးဆုံး..သူကလည်းမုဆိုးမ။ အော်...ကျမတို့ဘဝက ဒီလိုဒီလို..ရှိပါတယ်။အမေ့ကို စိတ်ချမ်းသာအောင်ထားမယ်ဆိုတဲ့စိတ်က ကျမတို့၂ယောက်အတွက် ထိပ်ဆုံးအလုပ်ဆိုပါတော့။ညှိုးငယ်နွမ်းလျှနေတဲ့အမေ့ကို အိမ်အသစ်လေးနဲ့နေစေချင်တာ...။ကဲ..ဒီတော့..ကျမ...အလုပ်ကနေထွက်ပြီးယောက်ကျားကိုခွှင့်တိုင်ပေါ့...၄ လ...။ရှင်..ကောင်းကောင်းနေနော်...တာတာ
ခနဆိုပြီး ပြန်သွားပါတယ်..။

ကဲ..ရောက်ပြီ...ဘာလုပ်ကြမှာလဲ...။ဘာဆိုဘာမှမသိ..။၁၉၈၉ ပတ်ဝန်းကျင်ကတဲက ကင်းကွာနေခဲ့တာလေ..။သူများတွေလည်းကျမကိုမသိ။ကျမလည်းသူများကိုမသိ။ဟားဟား...အကိုကြီးနဲ့လာတုံးကတော့ သူတို့ကို အိမ်သိမ်းထားခိုင်းတာ။သိမ်းလို့ကိုမပြီးနိုင်ကြဘူးလေ။အကိုကြီးကဆုံးသွားပြီ။အရင်တုံးကအဖေကပရိဘော
ဂလုပ်တာတဲ့..။တာချီလိတ်၊ ကျိုင်းတုံ ကိုတော်လှန်ရေးအစိုးရတက်တော့၊အစိုးရရုံးတွေလာဖွင့်တယ်လေ...။ကျိုင်းတုံ..အရင်တုံးက ကိုယ့်မင်းကိုယ့်ချင်း နဲ့လေ..(အဟား..ဒါကစကားချပ်ပေါ့နော်)။အဖေက ရုံးတွေအားလုံးကို ရုံးသုံးပရိဘောဂ သွင်းဖို့ကန်ထရိုက်ရတယ်တဲ့...။အဲခေတ်က ကျွန်းတွေနဲ့ဘဲသုံးတယ်လေ။နောက်ဆုံးအဆစ်ကျန်တာက အိမ်မှာရှိသမျှပရိဘောဂဆိုတာ၊ကျွှန်းနဲ့လုပ်ထားတဲ့ ဟိုကတခုံကျန်၊ဒီကတခုကျန်..ဆိုတာတွေအားလုံးစုပုံထားတာပေါ့။ တယောက်အိပ်ကုတင်
ဆိုရင် ၁ဝလုံးနီးပါးရှိတယ်။ဘီဒိုဆိုလည်း ၁ဝ ဂဏန်းပေါ့..။ ကုလားထိုင်ဆက်တီ၊
ပစ္စည်းတွေကို ၄ အိမ်မှာသွားခွဲပြီးထားရပါတယ်..။ဒါတောင် တဝက်လောက်က..ဝဲနင်းကီးလုပ်ထားတာ...။

အိမ်ထပ်မဌားတော့ဘူးလေ..အိမ်နောက်မှာအဆောင်တခု(မီးဖိုဆောင်ပေါ့)ခပ်မြန်မြန်ဆောက်ပြီးမှ အားလုံးနောက်ဖက်ကိုပြောင်းပြီး..အရှေ့ကိုဆောက်ပါတယ်..။
အမေပြောလို့ဘုန်းကြီးမေးဘာမေးလုပ်တာပါ။ကျမစိတ်နဲ့ဆို ကိုယ်လုပ်ရင်အကောင်းဆုံးပါဘဲ..။အားလုံးက လူသတ်မှတ်လို ့ဖြစ်ပေါ်လာရတာပါ..ဘုရားဟောမရှိခဲ့ဖူး၊လို့ဘဲသဘောထားတယ်။ဗုဒ္ဓဘာသာစစ်မှန်ဖို့က ၅ ပါးသီလလုံခြုံအောင်စောင့်ထိန်းဖို့ကအဓိကပါလေ။ 

သူများပြောလိုက်မှတ်၊ညည ပြန်ဖတ်တွက်ချက်...မနက်ပစ္စည်းပစ်တာပစ်၊သိမ်းတာသိမ်း၊ ညနေ ကန်တရိုက်တာနဲ့ချိန်း ..အိုး..တရက်တရက် ၂၄ နာရီဆိုတာ..ဘယ်လိုမှမလောက်ပါဘူး...။ကျမ အချိန်က ၄ လဘဲရှိတာလေ..။ နောက်ဆုံး အားလုံးမြေလှန်ဆောက်မယ်၊ပြင်လို ့မရတဲ့ခြေအနေရှိတာနဲ့၊မပြီးသေးဘူးလေ...ကဲ...ဘယ်လိုဆောက်မလဲ...။ ကိုယ်တိုင်လား..ကန်ထရိုက်တာနဲ့လား၊ဘုတ်ပြတ်လား...။ဘလားဘလား..:P  ဗုဒ္ဓေါ..လာပြီ..ဘာလုပ်ရမလဲ.မယ်ငီးဘာမှ မသိရသေးဘူး။အမက ကျောင်းဆရာမ မနက်မိုးလင်းမိုးချုပ် အိမ်မှာမရှိဘူး...။တူမလေးက စျေးရောင်းတယ်၊ သူ့အမျိုးသားက အစိုးရအလုပ်လုပ်တယ်။အမေက အိမ်မှာတုတ်ကောက်လေးနဲ့...လောလောဆယ်အိမ်သားက ဒီလောက်ဘဲရှိတယ်။ဒီတော့ တိုင်ပင်ဖော်လည်းမရှိ၊ ကိုယ့်ဖာသာကိုယ်ဦးထုပ်လေးဆောင်း၊စာအုပ်လေးချိုင်းညှပ်၊မျက်မှန်တဝင့်ဝင့်နဲ့သူများတွေအိမ်ဆောက်နေတာ တမြို့လုံးသွားပတ်ကြည့်တယ်...။တွေ့လား..ကိုယ့်အားကိုယ်ကိုးရပြီလေ...ရဲရင့်ရပြီလေ...:) 
သူများအိမ်တွေလေ...သားရေကျခဲ့တာပေါ့
အဖေ့၊အမေ့နံမည်လေးသုံးပြီးမေးရတယ်။ သူများအိမ်ထဲ..ဒီအတိုင်းဝင်တာ ဘယ်သူကကြိုက်မှာလဲဟုတ်လား..။ ကျမဘယ်သူဆိုတာသူတို့မှမသိတာ..ပြောရသွားလေးဖြီးပြရတာပေါ့..။ဒါနဲ့...ကျမတို့မြို့လေ..တမြို့လုံးနီးပါး..အိမ်ဆောက်ကြတယ်...။ပျက်စီးသွားကြတာကိုး...။စီးပွားရေးတွေကောင်းကြတယ်နဲ့တူတယ်...။၃ ထပ်အိမ်..ရှယ်အိမ်..သိန်းဘယ်နှစ်ထောင်တန်အိမ်..၊လက်ညိုးထိုးမလွဲပေါ့ရှင်....။ ကျမရဲ့ရာဂဏန်းအတိုင်းအတာသေးသေးလေးနဲ့မေးရင်...၊အံမယ်..ကိုကိုကန်
ထရိုက်တာကြီးများ နှာခေါင်းရှုံ့ကြတော်မှုပါတယ်ရှင်...။ကျမအဆင်သင့်စီမံလာတဲ့ အိမ်ပုံစံကိုထုတ်ပြီးမေးရတာပေါ့..ဘယ်လောက်ကြသလဲ..တွက်ချက်ပြီးပြော၊ကျမလိုချင်တဲ့အိမ်ပုံစံက သိန်း တထောင်ကျော်ပါတယ်တဲ့ရှင်...ဟူးးးးး။
မဖြစ်ချေဘူး....နောက်ကန်တရိုက်တယောက်ရှာမယ်။
အထဲမှာလည်းဂလိုလေးသားသားနားနားပေါ့
ကျမလေ...သူများအိမ်တွေလိုက်ကြည့်တယ်။တမြို့လုံးက ကန်တရိုက်တာတွေလိုက်မေးတယ်။ဒီမှာ ကန်ထရိုက်တာအမျိုးမျိုးရှိတယ်..။အစိုးရစီမံကိန်းဂွင်ကြီးတွေကိုင်တဲ့ကန်ထရိုက်တာ၊(ကြားပေါက်အိမ်ဆောက်ပေးတာတဲ့)။ ဒေသခံရှမ်းတွေအခေါ် ဗမာကန်ထရိုက်တာ၊ရှေးရိုးအတိုင်းဆောက်တဲ့ရှမ်းကန်ထရိုက်တာ၊အားခါကန်ထရိုက်တာ(သူတို့က အုံနဲ့ကျင်းနဲ့သူတို့လူမျိုးဘဲအလုပ်သမားအုပ်စုကြီးရှိတယ်)။လွိုင်ရှမ်းကန်ထရိုက်တာ၊လိရှမ်းကန်ထရိုက်တာ၊ခုမှဘွဲ့ရလာတဲ့လူငယ်အုပ်စုကန်ထရိုက်တာ..ရိုက်သတ်လို့မကုန်နိုင်အောင်ပေါများလှတဲ့ ကန်ထရိုက်တာကြီးတွေပါဘဲရှင်နောက်ဆို မယ်ငီးကန်ထရိုက်တာ မဖြစ်လာဘူးလို့ဘယ်သူပြောနိုင်လဲနော့်...ဟီးဟီး။
ကိုယ့်အိမ်..ဟုတ်လား..ပြမယ်..၃ထပ်တိုက်နဲ့ကပ်ရပ်၊၂ထပ်တန်းလျားကြီးရဲ့ဘေးတအိမ်ကျော် မရောက်ခင်၊ဓါတ်တိုင်ရှေ့၊မထင်မရှားဟိုးလှမ်းမြင်ရတဲ့ ပုပြားပြားလေးက ကိုယ့်တို့ရဲ့ဂေဟာပေါ့.. 😂
ခေါင်းစားသွားပြီဟုတ်လား....ဟားဟား...

ဟင်းဟင်း...ရှိသမျှဆက်ထားသမျှကန်ထရိုက်တာကြီးမယ်ငီးအားလုံးနီးပါးလိုက်တွေ့တယ်..ဘယ်နေ့မှာတိတိကျကျ ဘယ်သူနဲ့ဆောက်မလဲဆိုတာအဖြေပေးပါ့မယ်လို့ချိန်းလိုက်ပါတယ်..။ ၁ စတုရန်းပေကို ဘယ်လောက်စျေးနူံးနဲ့အပြီဆောက်တာရှိတယ်။သူတို့အခေါ်ကျင်းစားတဲ့...။ပစ္စည်းဝယ်ပေးရင်စျေးတမျိုး၊ပစ္စည်းရောလက်ခရောအပြီးအစီးဆိုရင်ဘယ်လောက် ဆိုတာပေါ့..။နေ့တိုင်းလက်ခရှင်းပြီးဆောက်ရင်တမျိုး..အိုး..အမျိုးမျိုးပေါ့...။အုတ်ကိုင်ရင်တရက်ဘယ်လောက်၊ အချောကိုင်ရင် တရက်ဘယ်လောက်၊စျေးနူံးကလဲကွဲသေးတယ်...။
ဖျက်ပြီဆိုတော့..ပျက်ပြီပေါ့..အနိစ္စ..ပေါ့ရှင်

ထုံးစံက ဟိုလိုလုပ်..ဒီလိုလုပ်..အန်မတန်မှခေါင်းစားပါတယ်။
အခမဲ့ အခါတော်ပေးဆိုတာလည်း အန်မတန်မှပေါများပါတယ်။ ကျမအားလုံးကိုခေါင်းငြိမ့်ပြပါတယ်။ပြီး..ကိုယ့်ဖာသာကိုလုပ်ချင်တာလုပ်ပါတယ်..ဟီး😜😝😂

ဒါ..အစနိဒါန်းဘဲရှိပါသေးတယ်နော်...လာအုံးမယ်...။စိတ်ဝင်စားစရာတွေ..တပုံတခေါင်း...အာလူးဖုတ်အုံးမှာ... အဖြေမပေးသေးဘဲ..စတင်ခေါင်းစားခြင်းအဆင့်မှာခဏရပ်နားလိုက်ပါအုံးမယ်လေ...။ပျော်ပျော်ပါးပါးပေါ့...။
အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~~
#meemeenage

12 comments:

  1. စိတ်ဝင်စားတယ် မမီး..
    မြန်မြန်ရေးနော် :)

    ReplyDelete
    Replies
    1. အဟီး...
      ရေးဖို့ ချိန်နေတာကြာပေါ့ကွယ်..
      ကောင်းမကောင်း၊စဉ်းစားနေတာ..
      စိတ်ချ..ရေးတော့လည်းအဆုံးထိပေါ့ဟယ်..
      :P

      Delete
  2. Oh...interesting how they do!!!!
    I hope coming soon ...:)
    KM

    ReplyDelete
    Replies
    1. Sure..KM,
      I will explain step by step,how wonderful my world :)

      Delete
  3. ကဲ..ဒီတော့..ကျမ...အလုပ်ကနေထွက်ပြီး ယောက်ကျားကိုခွှင့်တိုင်ပေါ့...၄ လ...။
    ရှင်..ကောင်းကောင်းနေနော်...တာတာ...ဆိုပြီး ပြန်သွားပါတယ်..။

    lolz...

    ReplyDelete
    Replies
    1. အဲဒီခွင့်က လစာမဲ့လို့ မရတဲ့ခွင့်လေဟယ်...
      သိသားနဲ့ ..ဟွန့် ..
      ဟားဟား...

      Delete
  4. ဆက်ရေးနော် အစ်မ စိတ်ဝင်စားတယ် အိမ်ဆောက်၇တာမလွယ် ဘူး

    ReplyDelete
    Replies
    1. ခုတော့ တခေါင်းလုံးဆံပင်ဆွတ်ဆွတ်ဖြူလို့ ၊
      အရင်က ကွက်ကြားလေးဘဲရှိသေးတာ...
      တကယ်မလွယ်ဘူး...

      Delete
  5. ကိုယ့်တုန်းကတိုက်ခန်းပြင်တာလက်သမားပန်းရံသမားသန့် ရှင်းရေးသမား
    သမားပေါင်းများစွာနဲ့ ဆက်ဆံရတယ်။
    ပြောတဲ့အတိုင်းထက်အမြဲပိုကုန်တယ်။ အချိန်၊ပစ္စည်း၊ငွေ။ စိတ်။
    မကြိုက်လို့ ပြန်ပြန်ဖျက်ရတယ်။
    နောက်ဆုံးတော်တော်လေးပြီးတော့၊ရပ်ပစ်လိုက်တော့မှစိတ်ချမ်းသာတော့တယ်။
    မီးမီးကအစအဆုံးပြန်ဆောက်တာဆိုတော့တော်တော်စိတ်ပင်ပန်းလူပင်ပန်းမယ်နော်။
    ဖတ်ချင်လှပြီ။ မြန်မြန်တင်နော်။
    အို်င်အိုရာ

    ReplyDelete
    Replies
    1. ရန်ကုန်ကတိုက်ခန်းဆိုတာဝယ်တာနဲ့ ပြန်ပြင်ရတာဘဲနော်..။
      စိတ်ကုန်ဖို့ ကောင်းတယ်။
      တနေကုန်ထိုင်ကြည့်နေရတယ်လေ၊..ဟုတ်လား..။
      စိတ်တိုင်းကျဖို့ ကခဲယဉ်း...။
      ကျမကလည်းအူတူတူ၊လုပ်လိုက်ရင်တလွဲ၊
      အတွေ့ အကြုံဘာမှမရှိဘဲ၊ရမ်းတုတ်ခဲ့တာတွေပေါ့..။
      အဟဲ...ပြောပြရအုံးမှာပေါ့..:)

      Delete
  6. Daw Mee Yae
    I've been waiting for so long to see your new home photo...
    please.........

    ReplyDelete
    Replies
    1. Sorry,I am writing now..
      :)
      I will try to post this afternoon or evening in NY time.
      OK...

      Delete