Wednesday, May 1, 2013

ဘန်ကောက်ကသက်သတ်လွတ်စားပွဲတော်နဲ့ သူတို့ ဆီကအစားအစာများ..

မင်္ဂလာပါရှင်~~~~
ပြီးခဲ့တဲ့အောက်တိုဘာကုန်ခါနီး ဘန်ကောက်ကိုရောက်တုံးကပေါ့ရှင်..။
မနွဲရတာ ကြာပြီဖြစ်တဲ့ Vegetarian Festival သက်သတ်လွတ်ပွဲတော်ကျင်းပတဲ့အချိန်နဲ့ 
ကိုက်နေပါတယ်။ အဲ့လိုအချိန်ဆိုရင် ဈေးထဲသွားလိုက်ရင် အလံအဝါရောင်တွေထောင်ထားပြီး၊
ဟင်းအိုးကြီးငယ်ရောင်းချနေတာတွေ့ ရပါလိမ့်မယ်။ မြင်ဖူးကြမှာပါ။
ရောက်ခဲ့ကြုံခဲ့ရင် လည်း..ဝယ်သာဝယ်စားလိုက်ပါဆရာရေ့ ...။အရသာရှိပြီး စားကောင်းလှပါတယ်။
(ကဲ..ကျိုင်းတုံအကြောင်းခဏဆိုင်း၊ကမ္ဘောဒီးယား tomb rider meemee ကိုခဏနားပြီး၊စားစရာဖက်၊
ခြေဦးခဏလောက်လှည့်ပါရစေရှင်...:P  )


အဲဒီပွဲကို အမြဲတမ်းအောက်တိုဘာလကုန်ခါနီး တပတ်၊၁ဝ ရက်လောက်မှာကျင်းပတတ်ပါတယ်။
အရင်တုံးက ချိုင်းမယ်မှာအလုပ်လုပ်တုံးကပေါ့..။ကျမသူငယ်ချင်းထိုင်းမတွေ အားလုံးနီးပါး
လိုက်စားကြတယ်။ စုစုပေါင်း ၉ ရက်စားရတယ်။ ပထမ ၁ရက်ကျတော့ ဗိုက်ဆေးတယ်ဆိုပြီး၊
၁ ရက်စားတယ်ဆိုတော့ ၁ဝ ရက်ပေါ့..။ ဘုန်းကြီးကျောင်းတွေမှာ များသောအားဖြင့်တရုတ်ကျောင်းတွေမှာ
ပေါ့..အလကားကျွေးပါတယ်။ ဒီဓလေ့က တရုတ်ကနေဆင်းသက်လာတယ်လို့ ပြောပါတယ်။
( ကျမအမြင်မှာတော့ သတ်သက်လွတ်ကိုကုသိုလ်ရဖို့ စားတာထက်၊ကျမ်းမာရေးအရစားမယ်ဆိုရင် ပိုလက်ခံနိုင်တယ်။ သက်သတ်လွတ်စားပြီး ကုသိုလ်ရတယ်ကုသိုလ်ရတယ်..ဆိုတာနဲ့ ၊ကျေနပ်နေပြီး၊
မဂ်ဖိုနိဗ္ဗာန်ကို မရောက်နိုင်ပါဘူး..။ကိုယ်တိုင်ကျင့်ကျန်အားထုတ်မှရတာနော့်...)
(စကားချပ်..သတ်သက်လွတ်..လို့ ရေးရတာလား၊ သတ်သတ်လွတ်လို့ ရေးရတာလား..သိပ်မကွဲပြားဘူး။
ကျမတော့ အသက်ကိုသတ်ခြင်းကလွတ်လိုက်တယ်ဆိုတဲ့သဘောနဲ့  ဒီလိုဘဲရေးမိတယ်)



ကဲ..ဆြာမကြီးလေသံပစ်ပြီးသွားရင်..ဈေးပွဲတော်ထဲဆွဲခေါ်သွားမယ်..:)
ဈေး..ဆိုရင်အနံပေါင်းစုံနဲ့ ညစ်ပတ်နံစော်နေမယ်လို့ အားလုံးက ဒီလိုဘဲမှတ်ယူထားကြတယ်လေ။
ဟုတ်လား..နော်။ ခုတခေါက် ဘန်ကောက်မှာ တော်တော်ကြီးကိုသန့် ပြန့် တဲ့ဈေးတွေတွေ့ ခဲ့တယ်ဗျား..။
Mall ကြီးတွေမှာလည်း ဒီလိုရောင်းတတ်တယ်ဆိုတော့ ကျမလည်းသွားနေကြ Bang Kapi Mall ကိုရောက်၊
ခဲ့ပါတယ်။ Window shopping လုပ်ရင်း စားသောက်စရာလည်းငမ်းရင်း မုန့် တွေဝယ်ကြ စားကြတာပေါ့။




 
လူတွေလည်းကြိတ်ကြိတ်တိုး..။ဘာဝယ်စားရမှန်းတောင်သိတော့ဘူး..။
အဝင်ဝက အလှဆင်တဲ့ ဒေါင်းရုပ်ပုံလည်းစားစရာတွေနဲ့ လုပ်ထားကြတယ်။
မုန့် တီဟင်းရည်တွေလည်းစုံပါ့..။ကျမအရမ်းကြိုက်တဲ့ ငါးနဲ့ အုံးနို့ နဲ့ ချက်တဲ့ ခေါက်ဆိန့် နမ့်ယာလည်းရှိ။
ကျန်တဲ့ဟာတွေက အောက်ဖက်ဒေသ၊အီစန်ဒေသ ကဟင်းရည်စတိုင်ဆိုတော့ အရမ်းစပ်တယ်။
အားလုံးက ပဲပြား၊မှိုတွေနဲ့ စီမံထားတာ..မွှေးနေတာဘဲ။
ဘဘောင်္သီးထောင်း၊မျှစ်ထောင်း ဝယ်ခဲ့တယ်။
ချိုင်းမယ်ငရုပ်သီးထောင်းနဲ့ ဝက်ခေါက်အတုကြော်..ဝယ်တယ်။ 
ကဲ..ဒီတခါတော့ ကျမ Black Canyon ဆိုင်နဲ့ မိတ်ဆက်ပေးအုံးမယ်။
အရင်တုံးက တွေ့ ဖူးနေတာ..ကာဖီလောက်ဘဲရတယ် လို့ ထင်ခဲ့တာဘဲလေ..။
ခုတော့စားစရာမျိုးစုံရတယ်။ နေရာထိုင်ခင်းသန့် ပြန့် တယ်။
နိုင်ငံခြားသားတွေစားဖို့ ထိုင်းအစားအစာတွေကိုလည်းနဲနဲပါးပါးဗားရှင်းလေးပြောင်းထားတယ်။

ကျမအမျိုးသားကတော့ စာအုပ်ကြီးအတိုင်း ထိုင်းပင်စိမ်းရွှက်ပင်လယ်စာ..ဒါဘဲသူမှာတတ်တာ..။

ကျမတော့ ဆော်လမွန်ငါးကင်၊ပန်းသီးထောင်း(သဘောင်္သီးထောင်းသလိုပေါ့) နဲ့ အုံးထမင်း..မိုက်စ်းP

ပင်လယ်စာကော်ရည်ခေါက်ဆွဲလည်းမြည်းခဲ့တာပေါ့။
အချိုပွဲက မုန့် လုံးကြီးလို့ ခေါ်ရမလားမသိဘူး၊ အထဲမှာ မြေပဲဆံထောင်း(မေ့တောင်မေ့ချင်နေပီ..ဟီး)၊
နဲ့ ဂျင်းရည်မွှေးမွှေးလေးနဲ့ အရမ်းရမ်းကောင်းဘဲ..။

ရန်ကုန်က အသိတွေနဲ့ တွေ့ လို့ သူတို့ ကိုခေါ်သွားကျွေးတာ MBK မှာကျတော့ဒီလောက်မကောင်းဘူး..:(
 
ပင်စိမ်းရွှက်ကြက်သားတဲ့...

နောက်ရက်ကျတော့ Sizzle ဆိုတဲ့အနောက်တိုင်းစာတွေရောင်းတဲ့ဆိုင်.။လူတွေများလွန်းလို့ ကောင်းမလား၊
ဆိုပြီးဝင်တာလေ..။ အပေါ်က စတော်ဘယ်ရီတခွက်ထဲက Black Canyonဆိုင်..။
နောက်၂ ခွက်က ဒီဆိုင်ပေါ့..ခွက်ကလည်းရှည်၊ပိုက်ကလည်းရှည်..ကျုပ် ၅ ပေအရပ်နဲ့ ၊ဘယ်လိုသောက်ရပါ့
ကဲ...ရပ်ပြီးသောက်လိုက်တယ်..မှတ်ပလား... ဟင်းး(


အနောက်တိုင်းဆန်ဖို့ ပုဂံပြားပြားကြီးကြီးသုံးရတယ်လို့ များ ဥပဒေရှိသလားမသိပါဘူး...။
ကြီးကကြီး၊လေးကလည်းလေးနဲ့ ..နော်..။
အော်..ကျမမှာစားခဲ့တာက အမူးသမားပင်လယ်စာ စပတ်ကတ်တီတဲ့။
အရမ်းကောင်း ကြယ်၉ ပွင့်ပေးလိုက်တယ်။


ရေခဲမုန့် ကတော့မိုက်တယ်။ နာနတ်သီးပူပူနွေးနွေးကို အပေါ်ကဗာနီလာရေခဲမုန့် လေးအုပ်လို့ ပေါ့။

နောက်..MBK Center (Ma Boon Khrong)ဖက်ရောက်တုံးကလည်း..၊
အောက်ဆုံးထပ်မှာသွားစားကြသေးတယ်။ ထမင်းစားချိန်တော်တော်လွန်နေပြီလေ..စိတ်တိုနေတာ။
၂ ယောက်သားမှာစရာရှိတာ မမှာသေးဘဲငြင်းခုံနေကြတာ၊စားပွဲထိုးလေးက
ကောင်မလေးလားကောင်လေးလား..သေသေချာချာပြောတာဘူး..ဟီး၊ သူက ကျမကို ခလေးဆန်လိုက်၊
တာ..တဲ့၊သေသေချာချာဗမာလိုပြောသွားတယ်..အဲတော်.....အဟီး..
လူကခလေးလိုပေမဲ့ဦးနှောက်ကခလေးဟုတ်တော့ဘူးတော့...၊
ဒီလိုဘဲ..ပြန်ပြောလိုက်ချင်ပါတယ်..။(ခပ်ပျော်ပျော်ဘဲကောင်းပါတယ်နော့..)


ကဲ..ခလေးရယ်..ကိုယ့်ကို ခပ်စပ်စပ်လေးနဲ့ ဒီဆိုင်ကကောင်းတဲ့ဟင်းမှာပေးဆိုတော့..။
ဒီလို အသေစပ်ပြီး ရေ ၂ပုလင်းလောက်အလိုက်မော့ရတဲ့ဟင်းနဲ့ ညားခဲ့ပါတယ်။
ပုဇွန်အစပ်ဟင်း...တဲ့။နောက်ကဇွန်းရွှက်ကြော်လည်း စပ်တာဘဲ..။


ထိုင်းသူငယ်ချင်းမလေးတယောက်(သူကျွေးထားတာတွေများနေပြီလေ။
ရေပေါ်ဈေးခေါ်သွားတဲ့တယောက်ပေါ့) ကို  Bankape က Fuji  ဆိုင်မှာသွားကျွေးတယ်။
သူတို့ ထိုင်းမှာနံမည်ကြီးတဲ့ အမေရိကန်ထမင်းကြော်တဲ့....။
ရှေးဟေင်းနှောင်းဖြစ်အကြောင်းတွေစကားပြောလိုက်၊မှာလိုက်စားလိုက်နဲ့ ၊
တော်တော်ကြီးကိုစားလိုက်ကြတယ်လေ...။မှာတာလည်းစုံစီနဖာပါဘဲ...။
မပါမဖြစ်ကျမရဲ့ ဆော်လမွန်ငါးနဲ့ အုတုံ၊ဖက်ထုတ်ကျော်၊ပဲပြားနဲ့ မှိုပေါင်း၊ဆိုဘ ခေါက်ဆွဲ၊
နောက်ဆုံးပိတ်ကျတော့ ဆူရှီတပွဲပေါ့..။






ထိုင်းတွေတော်တော် ဂျပန်အစားအစာကြိုက်တာဘဲ..။
ဒီဆူရှီဘားတွေလည်း အရမ်းကြီးများလာတယ်။တန်းစီစောင့်ရတာ..။
ကျမလို စားသုံးသူနဲ့ တွေ့ ရင်တော့သွားပြီ၊ ချက်ချင်းမှာချက်ချင်းရပြီးစားချင်တာဘဲ။
မစောင့်နိုင်ပါဘူးနော်..အပြင်မှာမတ်တပ်ကြီးရပ်စောင့်နေရတာကြီးကို..
ဒီတော့ဘယ်တော့မှမဝင်ဖြစ်ဘူးလေ။

စကားမစပ်..ဒီအမေရိကားမှာ ဆူရှီတွေအများဆုံးလုပ်တာ မြန်မာနိုင်ငံသားတွေဆိုဘဲ။
တကယ့်ကော်ပိုရေးရှင်းကြီးကတော့ ကယ်ရီဖုံးနီးယားဖက်မှာနေတဲ့ဂျပန်တွေကပိုင်ပြီး၊
မြန်မာနိုင်ငံသားတွေကဆိုင်ခွဲတွေဖွင့်ကြတာတဲ့။ ကျမသိတဲ့သူတွေမေးလိုက်ဘာလုပ်လဲဆို..။
ဆူရှီဆိုင်ရှိတယ်..ဆိုတာချည်းဘဲ..။ ကျမရဲ့ ကြီးကြီးတယောက်ရဲ့ တူမကဒီလိုဆိုင်ခွဲတွေရှိတာလေ..။
ကျမကြီးကြီးက ရှမ်းဆိုတော့ ဗမာစကားပီပီမတတ်ဘူး၊အင်ဂလိတ်လည်းမသိဘူးဆိုပါတော့။
ရီစရာတခုပြောရအုံးမယ်။သူကပြောပြတယ်  အိမ်မှာ စုကြည်တွေအများကြီးဘဲတဲ့..။
စားလို့ မကုန်ဘူးဆိုတော့ ကျမမျက်လုံးပြူးသွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုဘဲ မျက်စိထဲမှာပြေးမြင်ပီးလန့် သွားတာ..ဟားဟား..။သူပြောပြလို့ ဒီဆူရှီမြန်မာအကြောင်းသိရတာပါ။








ကျမတို့ အပတ်မန့် နားမှာ နောက်ထပ် ဗမာဆိုင် ၂ ဆိုင်ထပ်တိုးလာတယ်။
အဲဒီအထဲက တဆိုင်မှာမုန့် ဟင်းခါးရတယ်ဆိုလို့ သွားအားပေးရသေးတယ်..။
ကြက်သားပလာတာ၊ဆီချက်၊(ပလာတာဘယ်လိုလုပ်လဲဆိုတော့ Makro ကနေဝယ်တာတဲ့) ကောင်းဗျားးးး
မပြန်ခင်ညကလည်းလမ်းဘေးဆိုင်တနေရာက အီစန်အစားအစာ စားခဲ့သေးတယ်။
ရူးရှဲရူးရှဲ..နဲ့ ဘဲ..ပူလွန်းလို့ စပ်စပ်စားရေများများသောက်ဘဲလေ..။
ဒါက တဗွေထဲလိမ့်တုံး..အုပ်ခဲ့တာလေ..။

အိမ်နားက ပုဇွန်ပင်စိမ်းရွှက်တဲ့..စားလို့ မကောင်းဘူး..။
တခါခါ..ကိုယ့်ဖာသာကိုယ်ချက်တာဘဲကောင်းနေသလိုလိုထင်နေမိသေးတယ်..:P


ကျမ..ငပိထမင်းသုပ်မစားရတာကြာလို့ မှာစားတာ..ကောင်းဘူး။
ဝက်သားကကြွတ်ကြွတ်လေးကြော်မှလိုက်ဖက်တာလေ..။သရက်သီးကိုလည်း ဒီထက်သေးသေးမျှင်မျှင်လေးနဲ့ မှ၊ချိုင်းမယ်ဟာတွေကပိုကောင်းသလိုဘဲ။
နောက်မှ ကိုယ့်ဖာသာကိုယ်လုပ်စားတော့မယ်..။

ကဲ....ဒီတခါတော့ နှစ်ကျော့ပြန်ရေးရတယ်။
မနေ့ ကရေးပြီးတင်လိုက်တာဘဲ..။ဘာတွေဘယ်လိုနှိပ်မိလည်းသိပါဘူး။
အနိစ္စသဘောနဲ့ ကိုယ်တော်post ကြီးကိစ္စချောသွားရောရှင်။ 
၂ခါရေးလည်း သိပ်မတူကြဘူး၊သေချာတာကတော့ အရူးလွယ်အိတ်လို အမျိုးပေါင်းသောင်းခြောက်ထောင်၊

အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~~
မီးမီး

8 comments:

  1. I am very pleased to read your post.
    It is amazing. I really like it.
    Thanks for your kind sharing.
    Want to eat all.
    Iora

    ReplyDelete
    Replies
    1. Iora,
      Thanks,still cannot write in Myanmar font!!!
      I don't know what happen?
      I am also difficult to upload photo.
      Now I got my KT photo back :P
      Hope next post will be my Shan New year event.

      Delete
  2. Nice... some time it makes me think it is better to live in Asian countries(SG, Thai). You don't get this here even though you have big China town, Korean town and so on..

    TTW

    ReplyDelete
    Replies
    1. Yes,keep thinking about to stay in Asia :))
      When I visited china town in BKK,I don't know how to say.
      Too many things,I have to look,and I forgot to take
      photo...hehe.
      I was busy with what kinds of food
      I must choose to eat.:P
      Korea town!!!Oh,only here enough...
      Because,I stay in NJ Korean community,
      you will see when you move here.
      Come quickly,then I will have a Myanmar friend here.

      Delete
  3. စားချင်းစရာတွေချည်းပဲ ဒီတခါတော်တော်စုံတယ် သရေကျသွားတယ် မမီး...

    ReplyDelete
    Replies
    1. ဟုတ်လား..
      ကျမတော့ စားစရာဘဲကြံဖန်ရှာဖတ်တတ်တယ်။
      ဒီအင်တာနက်နယ်ပယ်မှာပြောတာ...နော့်။

      Delete
  4. ma mee mee ..i like ur all posts..

    ReplyDelete
    Replies
    1. Hi there!!!
      Thank you very much...
      Warm welcome to my place and my blog :)))

      Delete