Friday, April 27, 2012

Brussel(Belgium)ကလည်ပတ်စရာနေရာလေးများ

မင်္ဂလာပါရှင်~~~

ပြီးခဲ့တဲ့၂၀၁၁ မတ်လဆန်းပိုင်းတုံးကပါ။
တိမ်ပြာပြာနေ့တနေ့ဆန်းဒေးမှာကွယ်... ဆိုသလိုပါဘဲ၊
ကျမတို့ဒီတခါအင်မတန်မှကောင်းတဲ့ ရာသီဥတုလေးနဲ့Brussel ကိုအလည်ထွက်ခဲ့ကြပါတယ်။
ယူရိုနိုင်ငံတွေကိုတခုကြိုက်တာ ဗီဇာမလိုဘဲ အားလုံးသွားနိုင်တာလေ။
ခုလည်းကျမတို့နေခဲ့တဲ့ Oostvoorne Holland ကနေမနက်စောစောထွက် 
ဘတ်စ်ကား ၁ခါ ရထား ၂ခါပြောင်းစီးရင် ရောက်တယ်လေ။ 
(ဒီတခါတော့ ဒါတ်ဒါတ်လေးတွေနဲ့မျက်စိညောင်းအောင်လုပ်တော့မှာနော်..) 
  မြို့လေးကကုန်းပေါ်ကနေစီးကြည့်ရင် လှပသပ်ရပ်နေတယ်..။

 ဘူတာရုံကြီး..။
စောလွန်းလို့tour bus(sightseeing )ကားကမရောက်သေးတော့ ဘူတာနားတဝိုက်လမ်းတလားကြတာလေ။

 ဘုရားရှိခိုးကျောင်း..။
အဝင်ဝက အနုပညာလက်ရာတွေ..။
ဘတ်စကားပေါ်ကနားကြပ်လေးနားထောင်ပြီး ရမ်းသမ်းရွှီးရရင် နာမည်ကြီးကျောက်တိုင်ပေါ့..ဟဲ
(တော်ပြီပေါ့နော်.သိပ်လည်းမသိဘူးလေ.စာရွက်ကိုအိမ်ကနေ ပရင့်ထုတ်ပြီးဘယ်သွားလည်ရမလဲဆိုတာ အစီအစဉ်လေးတော့ရှိသား။ သိပ်မိုးမချုပ်ခင် အမ်စတာဒမ်ပြန်ရောက်မှဖြစ်မယ်လေ)
ဟိုးမြင်ရတဲ့ အလုံးကြီးတွေကိုလည်းသွားခဲ့တယ်။
ဟိုးးးမှာတွေ့လား..။ကျမဆိုအကျယ်ကြီးထအော်တာ။ဒါငါတို့နိုင်ငံက...။
ငါတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..ကွ။
ယူရိုပါလီမန်အဆောက်အဦရှေ့၂ ဖက်လုံးမှာ..ခေါင်းစီးစားလုံးအကြီးကြီးနဲ့။
ရှေ့က အိန္ဒိယစုံတွဲလေးတော့ ပြုံးပြပါတယ်။
ကျန်တာတော့ ကြောင်တောင်တောင်နဲ့ကြည့်နေတာ..ဟင်း..။တော်တော်ဗိန်းတဲ့ နိုင်ငံခြားသားတွေ..။
ဗမာပြောလည်းမသိ။ဗားမားလည်း..နိုး။မြန်မာဆိုလည်း..ပြူးပြူးကြီးကြည့်ပြီးမေးတယ်။
ဗီယက်နာမ်လား..တဲ့။တချို့က နိုင်ငံသာမသိတာ...။
ဒေါ်အောင်ဆန်းစုကြည်ဆိုရင် တန်းသိတယ်။

အဆောက်အဦရုံးအတွင်းပိုင်းဖက်မှာ..။


ကလေးတွေနဲ့ကျောင်းဆရာတွေကို ယူရိုနိုင်ငံတော်တော်များများမှာတွေ့ရတတ်တယ်။
ကလေးတွေကိုအမြဲ အပြင်လေ့လာရေးအတွက်လုပ်ပေးတာ အရမ်းသဘောကျတယ်။

ဘာလင်တံတိုင်းအပိုင်းအစ တွေ..။

အဲဒီမှာကားတိုက်လို့အကြာကြီးစောင့်နေရတယ်။


ကဲ..ကားပေါ်ပြန်တက်ပြီ။ ခရီးဆက်သွားမယ်။ကျမတို့တော့ ၃၊၄ နေရာလောက်ဘဲဆင်းတာပါ။
ကျန်တာတော့ ကားပေါ်ကနေ ငေးမောကြည့်ရူ ဓါတ်ပုံရိုက်..ဒါပါဘဲ။
တခြားကားကဆိုလူတောင်သိပ်မရှိဘူးးး။


မြို့လည်ခေါင်ရောက်တော့လှမ်းရိုက်လိုက်တာဘဲ..။
ဒင်း...ရေပန်းကဝင်ရူပ်သွားတယ်..။ 😒
ယူရိုပါလီမန်ရှိတော့ တခြားဆိုင်ရာရုံးခန်းတွေလည်းအများကြီးရှိမယ်နဲ့တူတယ်။

နေ့လည်စာထွက်စားချိန်လေ..။

လာပြန်ပြီကျောက်တိုင်..။အောက်ခြေကိုရိုက်တော့ အပေါ်ကိုမမိ။
အပါ်ပါအောင်ရိုက်တော့ ကမ္ဘာကြီး တိမ်းစောင်းနေတာကို သက်သေပြနိုင်လိုက်တယ်..။ဟီး
သူတို့ဆီမှာလည်း ဝေါ်ထရိတ် စင်တာတဲ့..။

ကိုင်း...အလုံးကြီး(ကျမအခေါ်ပေါ့) သူတို့ကတော့ atomium တဲ့..။ရောက်ပြီ။
မတက်ခင် အဲဒီဆိုင်မှာ နားတယ် သောက်တယ်ပေါ့။မနက်စာမစားဘဲပြေးလာတာလေ..လည်ချင်လို့။
အပေါ်ရောက်ရင် ပတ်ချာလည်ရိုက်တာပေါ့..။
စကားမစပ် နိုင်ငံတော်တော်များများမှာ...၊
ဥမမာ..မြို့တော်လိုနေရာမှာပေါ့၊တမြို့လုံးကိုစီးမြင်နိုင်တဲ့ နေရာလေးလုပ်ထားပြီး။
Tourist တွေကိုဆွဲဆောင်၊ နားစရာနေရာလေးနဲ့၊အမှတ်တရဝယ်စရာလေးဆိုပြီး..၊ 
ခရီးသွားတွေဆီက ပိုက်ပိုက်တွေတအားချုလို့လွယ်တယ်နော်။
ကျမတို့ဘယ်ရောက်ရောက် အဲလိုအမြင့်ကြီးတွေသွားတက်လေ့ရှိတယ်။
ရန်ကုန်မှာတော့ ရွှေတိဂုံစေတီတော်ထက်မြင့်တာမဆောက်ရဘူးလို့ပြောတယ်တဲ့။
ဟုတ်မဟုတ်တော့သိပါဘူး။ကြားဘူးနားဝလေးတွေပါ။
ရန်ကုန်တူဌေးဂျီးတွေ ဆောက်ရင်ကောင်းမှာ... (ဆန္ဒလေးပါ)။
ရန်ကုန်မှာ နိုင်ငံခြားသားခရီးသွားတွေဘယ်နေရာသွားလည်ကြလဲမသိဘူး။
(ဘုရားနဲ့ဗိုလ်ချုပ်ဈေးကလွဲရင် ပြောတာ..)
သွားချင်လို့..စိတ်ဝင်စားစရာကောင်းတဲ့နေရာလေးတွေရှိရင်ပြောကြပါအုံး။
ရန်ကုန်မြစ်ထဲမှာ သင်္ဘောတော့စီးဖူးပြီးသွားပြီ။
ကဲပါလေ..လေကြောတော့ တောင်ရောက်မြောက်ရောက်နေပြီ။
ပြန်သွားအုံးမယ်...လေ။
ဘယ်လဂျီယံ ကချောကလက်ဆိုတာ ယူရိုမှာနံမည်အကြီးဆုံးတဲ့...။
ကျမက ဆွစ်ဇာလန် လို့ထင်တာ.။
နောက်ပြီး ဘယ်လဂျီယံကိုလည်း  သူတို့က ဘယ်လဂျစ်စကားပြောတယ်ဆိုပြီး..ထင်ခဲ့တာလေ။
ဘယ်လောက်တုံးလဲဆိုတာ...။နောက်မှ သူတို့က ဒတ်ချ် စကားပြော ၆၀% နဲ့ပြင်သစ် စကားပြော၄၀% နီးပါးနဲ့ဂျာမန် နဲနဲပေါင်းစပ်ထားတဲ့နိုင်ငံငယ်လေးဆိုတာ သိလာတာ။
အော်...တောသားဆိုတော့လည်းးးးဟင်းး။:P
ကဲ..အဲဒီအလုံးကြီးနဲ ့ကပ်ရပ် မီနီယူရိုမှာတော့ ကျမတို့၂ ယောက် ၃၊၄ နာရီလောက်ကြာသွားတယ်။
ခလေးတွေမပြောနဲ့ကျမတော့အရမ်းကြိုက်တယ်။
ပျော်တယ်။ယူရိုကနိုင်ငံတွေရဲ့နာမည်ကြီး ပုံစံတူလေးတွေလုပ်ထားတာ..။
ဒိန်းမတ်က အိမ်တွေတဲ့..။အဲဒီစာရေးထားတဲ့ အုတ်ခုံပေါ်က အပြာရောင်ဘုကြီးကို
ကျမအားပါးတရထုထဲ့လိုက်တာလေ..။
နိုင်ငံတော် သီချင်းတွေအကျယ်ကြီးထွက်လာတယ်။
အဲနားရောက်နေတဲ့ လူတသိုက်လန့်သွားတယ်။
နောက်ကျမကိုလာမေးတာ နင်ဘယ်လိုလုပ်သိလဲတဲ့။
ဟင်းဟင်းးးကျုပ်စပ်စုစိန်ဆိုတာ ဒင်းတို့ကမသိတာကိုးးး။
နောက်ဆိုင်ရာနိုင်ငံသုံးငွေ လူဦးရေ အလံ နာမည် ရေးထားတာတွေဖတ်။ဘုကြီးထု..ဟားးးးး။
မိုက်တယ် ပျော်စရာကြီး။နေကလည်း ပူလာတော့ ဝတ်လာတဲ့ အထူထည်တွေက
လက်ထဲမှာတပုံတခေါင်းကြီးဘယ်ရတယ်။

စိတ်ဝင်စားရင် ပုံကလစ်လုပ်ပြီးသာဖတ်ပေတော့..။
တချို့နိုင်ငံဆိုရင် ကြားတောင်မကြားဖူးဘူး။
လူဦးရေလည်းနဲနဲလေးရယ်။
 ဒါက ဘယ်ဂျီယံ..။
ကားဆိုလည်းသေးသေးလေးတွေ..။
 လူလည်းသေးသေးလေး..။လုပ်ထားတတ်လိုက်ကြတာ။
 အင်္ဂလန်...။

 ပြင်သစ်..။

ပြင်သစ်က ကျောက်သားဖြူဘုရားရှိခိုးကျောင်း ပုံစံငယ်နားမှာရုပ်ရှင်ရိုက်နေတာ။
ပေးမတက်ဘူး။ သူတို့ကိုဒါတ်ရိုက်မှာစိုးလို့လှည့်ပတ်ပြီးကာထားသေးတယ်။
အီတလီကမျော်စင်ကြီး စောင်းနေလို့မယ်မီးပြန်တည့်ဖို့ကြိုးစားကြည့်တာပါ။
အထဲပေးမဝင်ဘူးလေ..။
ဝေးဝေးကဘဲ စိုးရိမ်ပေးလိုက်ပါတယ်။



လေယာဉ်ပျံသေးသေးလေးတွေ..ကျမဘုနှိပ်ရင် လေယာဉ်တွေထွက်လာတယ်..ဟီး။


  ဘာလင်က တံတိုင်းအပိုင်းအစ..။
ဒါဘယ်နိုင်ငံပုံစံလဲမသိပါတော့ဘူး..။
 ဒီနိုင်ငံက သူတို့အသံအတိုင်းဖတ်ရင် "အူစ်တာရိုက် "(ဂျာမာန်ဘာသာ) လို့ဘဲကြားမိပါတယ်။
English လိုတော့ Austria လို့ရေးပါတယ်။ကျမတို့ငယ်ငယ်က  ပထမကမ္ဘာစစ်ကြီး၊
စတင်ပေါ်ပေါက်လာပုံ ဆိုတာ  သမိုင်းမှာသင်ဖူးခဲ့တဲ့လေ။ Austria မင်းသားကြီး ဖာဒီနန် လုပ်ကြံခံရပြီး၊
စတင်ဖြစ်ပွားလာပါသည် ဆိုပြီးအလွှတ်ကျက်မှတ်ခဲ့တာ ခုထိမှတ်မိတယ်။
(ဒါပေမဲ့ အဲဒီနိုင်ငံစကားလုံးပေါင်းကို ခုထိမှန်အောင်ပေါင်းတတ်ဘူး..:P )
 အာကာက လွန်းပျံလား..ဒုံးပျံလား..။
ဒီနိုင်ငံဆိုလုံးဝမသိဘူး..။
 အထွက်မှာခလေးတသိုက်နဲ့တွေ့တယ်..။
 ကားပေါ်ပြန်တက်တယ်...ဟိုးမြင်ရတာက တရုတ်ပုံစံအိမ်လေး..၊
အဲဒါလည်းလည်စရာတခုထဲမှာပါတယ်။အချိန်မရှိလို့မဝင်ခဲ့တော့ဘူး။
ဘုရင့်နန်းတော်..။
 ဘုရ်တက်တဲ့ဘုရားရှိခိုးကျောင်းတဲ့..။

မြို့ထဲပြန်ရောက်ေတော့စိတ်က ၂ခွ ဗျ။ ဆင်းလည်းဆင်းချင်တယ်။
ဟို ကောင်လေးကော့ပြီးပန်းတာလေ..ဟီး။
ကြားဖူးတယ်ဟုတ်လား..။Manneken Pis လို့ခေါ်တယ်။
အဲဒီကိုသွားမယ်ဆိုပြီး..။

မြို့လည်ခေါင်မှာမဆင်းတော့ဘူး။

လမ်းကြားထဲမှာ ကျောက်ရုပ်လူ..ပိုက်ပိုက်တောင်းတာပေါ့။
အမြဲတွေ့ရတယ်။အဲလိုမျိုးတွေ..မလှုပ်မရှပ်ဘဲနေနိုင်ကြတယ်။

Manneken Pis သေးသေးလေးဘဲ..ဟီး။
ရာသီအလိုက်အင်္ီတွေဆင်ပေးတတ်တယ်တဲ့။
ဒါနဲ့ပတ်သက်တာလည်း ပုံပြင်အမျိုးမျိုးပါဘဲ..။
လာပြီလေ...ဝေဖာချောကလက်။
ဝေဖာက တခု ၁ယူရို၊ အပေါ်က ကြိုက်တာယူဈေးအမျိုးမျိုးဘဲ..။
ကျမယူလိုက်တာ စတော်ဘယ်ရီနဲ့၅ ယူရိုကျော်ကျသွားတယ်..။
အီးးးးကောင်းလည်းကောင်းဘူး..။
 နောက်တနေရာဝင်သေးတယ်။
နံမည်ကြီး Grand Place ။



Brussels Town Hall

အဲဒီအလယ်ကွက်လပ် နေရာမှာ ၂ နှစ်တခါ သြဂုတ်လ ဆိုရင် ပန်းကော်ဇော်ကြီး လုပ်ထားတယ်။

ကျမရိုက်တဲ့ပုံမဟုတ်ပါဘူး...အဟဲ။လှလို့ပြတာ...

အထွက်ဖက်မှာ ဒီကြေးရုပ်ကိုလူတိုင်းပွတ်ပွတ်သွားတော့ကျမလည်းလိုက်ပွတ်တယ်။
ဘာမှန်းကိုမသိပါဘူး..(ဒီလိုကြောင်တတ်ပါတယ်လေ)။
ကိုင်းပြေးရတော့မယ်..။
(ဆေးလိပ်လည်းတိုနေလည်းညိုပြီ ငါ့အိမ်ပြန်ပို့ကြလေ... ဆိုသလိုပေါ့)။
 ကိုယ်တို့စီးခဲ့တဲ့ရထားဟုတ်ဘူး..။
နေပျိုချိန်မှာထွက်.. နေညိုချိန်..အိမ်ပြန်ကြတာပေါ့...။
ခင်မင်တတ်တဲ့
မီးမီး