Friday, January 20, 2012

သူလည်းကျိုင်းတုံမုန့် တီကြိုက်တယ်တဲ့

မင်္ဂလာပါရှင်~~~

ဒီတခါတော့၊ချစ်ချွေးမလေး ကပို့ စ်အသစ်မတင်ရင်၊
ဘလော့ကိုဘန်း ပစ်မယ်တဲ့၊
သူ့ ရာဇာသံကိုကြောက်တာနဲ့ ..။
စားတာလည်းပါအောင်၊ဖြစ်ညစ်ပြီးရေးလိုက်ပါတယ်။
ကျမငယ်ငယ်တုံးက ကြားဖူးခဲ့တာတွေပါ။
ကျမမွှေးရပ်မြေရဲ့ ရိုးရာမနက်စာ မုန့် တီ(ခေါက်ဆိန့် )ကိုစွဲလန်းနှစ်သက်သူတယောက်၊
ကျမတို့ လမ်းထိပ်က မြေစိုက်တဲနဲ့ ပါလာ(မြန်မာလိုဆို ဒေါ်နန်းလာပေါ့)ခေါက်ဆိန့် ဆိုင်ကို၊
သူများတွေလိုမသွားနိုင်၊ဘယ်အချိန်အခါက၊ဘယ်သူကများအတွန့် 
ရှည်တော်မူပြီးဆက်သမိလို့ လဲတော့၊မသိပါဘူး။စွဲလန်းနှစ်သက်တော်မူပါတယ်။
မြို့ ရောက်ရင် ပါလာ(ဒေါ်နန်းလာ) တယောက် ရှေ့ မောက်တော်အရောက်၊
သွားချက်ပြုတ်ပေးရတယ်တဲ့ ။ဝယ်ရမဲ့စရင်းတွေကို ဘိုဂီး ဘိုမူး တွေကဈေးမှာ
ကိုယ်တိုင်သွားဝယ်ပေးရတယ်တဲ့။ ချက်ပြုတ်ပြီးရင်လည်း ဘိုမူးတွေက
အရင်မြည်းစမ်းကြည့်ရတယ်ဆိုဘဲ။

သူ့ နေပူတော်(အဲဒီအချိန်ခါကရွှေတို့ ရဲ့ မြို့ တော်)ပြန်ရောက်သွားရင်လည်း ၊စားချင်တဲ့စိတ်
ချဉ်ချင်းတ တယ်ဆိုလား။အဲဒါဆို ဒေါ်နန်းလာ တယောက် စရင်းလေးရေးပေး။
ရွှေကိုယ်တော်တွေရှေ့ (သူ့ အပြောသေနတ်ကြီး ကိုင်ထားပြီးစောင့်တာတဲ့)။
ချက်ပေးရတယ်တဲ့။ပြီး အိုးလိုက်ဝေဟင်ခရီး လိန်ပျံကြီးနဲ့ လူဂီးမင်းဆီကိုပို့ ပေးရတယ်တဲ့။
တခါခါ တလကို ၂ခေါက်လောက်တောင် အားပေးတော်မူတယ်ဆိုဘဲ။
ကဲ...သူဘယ်သူလဲ...။ ဟွန့် ....မပြောလည်းသိနေကြမှာပါ။
မဆာလာအမူန့် ရဲ့ သခင်..။အဲ...မွှားလို့ ...။
သွားလေသူ မဆလ ဥသျှောင် ဘိုရူမောင်...။ ဟီးးးးး။  

ရေးရတာ..မျက်ခုံးလူပ်လူပ်နဲ့ တော့.......။
မီးမီး
ပုံတွေ ကိုအင်တာနက်ပေါ်ကရှာဖွေကူးယူတင်ဆက်ထားပါတယ်..။

15 comments:

  1. လူလည်းကျပီ တို့မေ ကတော့
    ပုံပြင်တောင် ပြောပြလိုက်သေး
    ဘလော့လာတိုင်း သရေကျအောင်
    ကျိုင်းတုံးမုန့်တီကြီး
    ခေါင်းပေါ်တင်ထားတာတော့
    ရက်စက်လွန်းတာပေါ့

    ထောက်ခံပါတယ် ထောက်ခံပါတယ်
    လို့လည်း အော်ခိုင်းချင်သေးတယ်
    ကျူပ် ဘာမှ မပြောဖူးနော်
    ဥပမာ ပြောပြတာ
    :D :D :D

    ReplyDelete
  2. မဆလ ခေတ်တုန်းက နေပူတော် ရှိသေးဘူးလေ

    ReplyDelete
  3. ကျုတီ
    ရွှေသမီးကညည်းတော့၊
    မေမီးခမျာမနေသာပါ။
    မသေချာတာကို၊လေမအာချင်တာ၊
    မယုံမရှိ၊မှတ်လေဧ။်....

    ကိုကိုမောင်မောင်မမညီမAnonymous
    နေပူတော်ဟူကား၊
    မြိ့ တော်ဟုသတ်မှတ်ခေါ်ယူရေးသားပါသည်။
    (ပြင်ဆင်ဖြည့်စွက်လိုက်ပါတယ်
    ..ကျေးဇူးတင်တယ်နော့်)

    ReplyDelete
  4. သွားရေကျသွားတယ်း)) မုန့်တီနဲ့ဝေးနေတာ ကြာပြီးဗျး))

    ခင်မင်စွာဖြင့်
    ဗညားရှိန်

    ReplyDelete
  5. သများမပါဘူးနော် ကြောက်ဒယ်း)


    ဒါကြောင့်ပဲသွေးဘယ်ကရပါလိမ့်လို့ ထင်နေတာကိုးးးး
    ချစ်တဲ့

    မဒိုးကန်

    ReplyDelete
  6. ဝေဟင်ခရီးမှာ လေယဉ်စီးပြီးမှ စားရတဲ့မုန့်တီဆိုတော့ တယ်လဲအဆင့်မြင့်သကိုး.. အရသာလဲ ပိုရှိမယ်ထင်ပါ့..။ မီးမီးရေ.. ကျိုင်းတုံပြန်ရောက်ရင် တစ်ပွဲလောက် သယ်ခဲ့ပေးပါဦး..။

    ချမ်းမြေ့ပါစေကြောင်း
    ချယ်ရီမြေ

    ReplyDelete
  7. ဗညားရေ..
    လာလည်ရင်ချက်ကျွေးမယ်လေ။

    မဒမ်လေး...
    ရှာကြံဖန်ပြီးတင်၇တာ။
    အဲဒါကလာအိုက မုန့် တီ။
    ကျမတို့ ဖက်ကနဲ့ အတူတူဘဲ။
    အဟဲ..အစားအသောက်ကလူမျိုးဘာသာ၊
    အရွယ်အစားအဆင့်အတန်း၊
    မရွှေးနှစ်သက်ကြတာချည်းပါနော်။

    ဘုန်းဘုန်းချယ်ရီမြေ..
    တပည့်တော်ရန်ကုန်ပြန်လာလည်ရင် ချက်ပြီးကပ်မှာပေါ့။
    လိပ်စာသာပေးထားပါ။
    လာဖူးရတာပေါ့။

    ReplyDelete
  8. သူက တော်တော် အစားပုတ်ပုံပဲနော်.. သူကြိုက်တဲ.ဆိုင် သူစားတဲ.ဆိုင်နဲ. ကြားဖူးတာများပြီ ဘယ်နေရာဘာကောင်းလဲ ဆိုတာကျ သိပါ. ဘယ်နေရာဘာလုပ်ပေးရမလဲ ဆိုတာသာ ... (သမိုင်းကပြောနေပါသည်ပေါ.နော်)

    ReplyDelete
  9. ကျိုင်းတုံမုန့် တီ ကျနော်လည်း ကြိုက်တယ်ဗျ။ သိပ်တော့ များများ မစားဖူးသေးဘူး။ မြို့မဈေးထဲက (၂ ဆိုင်လား ရှိတဲ့) အသားလုံး ရှမ်းခေါက်ဆွဲကိုပဲ စွဲနေအောင် ကြိုက်လွန်းလို့ ဗျာ။

    လာလည်မယ်ဆို ကြိုပြော.... ပုန်းနေရအောင် ဟဲဟဲ။

    နောက်ထှာ

    ReplyDelete
  10. အနောမတ်ရေ...
    .............
    .............
    ကျမပြောလိုက်တာအများကြီးဘဲ...။
    ကြားလိုက်လား..။

    အလင်းစက်များ..
    ကျုပ်တို့ မြို့ ကိုလည်းရောက်ဖူးတယ်ပေါ့။
    ဈေးထဲရောက်ရင်ဘာအရင်စားရမှာလဲဆိုပြီး၊
    ခေါင်းသိပ်စားတာဘဲ။
    အသားရုံနဘေးမှာရောင်းတဲ့(အလယ်တန်းလောက်မှာ)
    (ခေါက်ဆိန့် ကျန်)၀က်အူကျွတ်ကြော်နဲ့ ၊
    စားလို့ ကောင်း...။
    မတ်လပထမပတ်ရောက်မယ်ပုန်းနေနော်..။

    ReplyDelete
  11. မုန့်တီဘဲ စားမနေနဲ့ဦး။ အားရင် လာခဲ့ဦး။ မီးမီးလဲ လင့်ခ်ထဲမှာ ပါနေတယ်။း)

    ReplyDelete
  12. အသင်းခေါင်းဆောင်ကြီး...
    များ..အလုပ်ရူပ်နေလို့ ပါ။
    လာမှာပေါ့...။
    :))))
    အိမ်ပြောင်းတာလာကူပေးလေ...။

    ReplyDelete
  13. သူကျိုင်းတုန် တစ်ခါချက်တာကလည်း တစ်ပတ်တောင် ကြာတယ်..ဘယ်လို ချက်တာပါလိမ့် :D

    ReplyDelete
  14. ဟဟ .. အဲလိုလည်း ရှိခဲ့သေးတယ်လားနော်။
    ကျိုင်းတုံကိ တို့ လည်း မကြာခဏရောက်တယ် လာရင် ကျွေးမှာလား မုန့်တီ :D

    ReplyDelete
  15. ကိုရင်ရေ့ ...
    အိမ်မက်ထဲမှာစာတွေရေးတာမှအများကြီးဘဲ..။
    ဖတ်ပြီးပြီလား...။

    တာချီလိတ်သားကြီးရေ..
    ရောက်ရင်ဝင်လာလေ..။
    ကျွေးမယ်..။

    ReplyDelete