Monday, January 16, 2012

အလှူပုံရိပ်လွှာနဲ့ ညစာများ

မင်္ဂလာပါရှင်~~~
ဒီတခါတော့ မတူတဲ့ အကြောင်းအရာ၂ ခုတွဲပြီးပြောပြချင်တာပါ။

အလှူပုံရိပ်လွှာ....
ရန်ကုန်ကစက်ဆန်းပေါက်ကွဲမူ့ ကြောင့်ဆုံးရူံးသွားကြတဲ့သူ၊ဒုက္ခရောက်တဲ့သူတွေအတွက်။
ကျမရဲ့ လေလိုင်းပေါ်ကခင်မင်သိကျွမ်းတဲ့မိတ်ဆွေလေးတွေကစုပေါင်း၊အလှူခံကြပါတယ်။
အလှူခံပြီးတော့၊အလှူခံရလာတဲ့ငွေစရင်းပြုစု။
ပြီးပိုက်ဆံတွေလွဲပြီးတော့၊ဟိုကချစ်စရာကောင်းလှတဲ့၊
မောင်ငယ်လေးတွေကအလှူဒါနသွားပြုပေးကြတယ်။
ပြီးတော့မှတ်တမ်းတင်ဓါတ်ပုံဝေေ၀ဆာဆာတွေနဲ့ ပြန်ပို့ ပေးတယ်။
ချစ်စရာကောင်း၊လေးစားစရာကောင်းတဲ့ ကျမတို့ ရဲ့ ဦးဦးကိုကိုမောင်မောင်ညီငယ်၊
ဒေါ်ကြီးဒေါ်လေးညီမငယ်နှင့်တကွ ဦးဇင်းဘုန်းဘုန်းတွေလည်းတို့ အပါအ၀င်၊
ပြုထားတဲ့ အလှူမှတ်တမ်းတွေ၊အသံဖိုင်တွေပါ၊ပထမအပိုင်းကို ဒီနေရာက နေလေ့လာဖတ်ရူနိုင်ပါတယ်လို့ ၊
ဒုတိယအပိုင်းက ဒီမှာပါ
ဦးစီးဦးဆောင်လုပ်ပေးတဲ့ မောင်ငယ်လေးတွေက၊
နောက်အခါတွေမှာရော၊ကျမတို့ ရွှေပြည်ကြီးကတခြားလိုအပ်တဲ့နေရာတွေမှာကော၊
အမြဲတမ်းသွားကူညီနိုင်အောင်လို့ “မြန်မာမုဒိတာလူငယ်များအဖွဲ့” (Myanmar  Mudita Youth Group – MMYG )။ ဆိုပြီးအဖွဲ့ လေးဖွဲ့ စည်းထားပါတယ်။


ဟိုအောက်ဆုံးကခေါင်းလောင်းလေးတီးလိုက်ရင်တော့မြင်ကြရမှာပါလေ။
           
ကျမကတော့ဒီတခါဝင်ကြော်ငြာပေးတာအနောက်ကျဆုံးပါဘဲ။
နဲနဲခရီးကြောရှည်နေလို့ ပါ။
အမျိုးသားခရီးထွက်တာကိုလိုက်သွားတာပါ။
သူ့ အလုပ်ရုံနဘေးနားမှာမြစ်ငယ်လေးရှိတယ်။
မီးစက်ဟောင်းရှိတယ်။ငှက်လေးတွေကိုချစ်လို့ သွားကြည့်တာ။

နောက်ပြီးဆိုင်ဆိုင်၊မဆိုင်ဆိုင် ဒီစာကိုလည်းအတင်းညစာနဲ့ တွဲပြီးရေးလိုက်ပါတယ်။
(ဟဲ...စားရေးသောက်ရေးကလည်းအရေးကြီးတယ်နော့်)။

ညစာများ ...
အလုပ်ကလည်းပါးနေတော့။
ထုံးစံက၊ဘဲဘဲကြီးနောက်ကိုလိုက်သွားတယ်လေ။
ထုံးစံက၊နယူးဂျာစီပေါ့။
ထုံးစံက၊ကုလားတန်းထဲက ဟော်တယ် မှာပေါ့။
ထုံးစံအတိုင်း ၄ညစလုံး ကိုအားချားဟဲဆိုင်တွေမှာဘဲစားတယ်လေ။
ထုံးစံပေါ့ ဖုံးလေးနဲ့ ရိုက်တော့ပုံကလည်းမကောင်းပါဘူး။
ထုံးစံအတိုင်း၊ နဲနဲရှက်တာလဲပါတယ်လေ။လူများတွေကြားထဲမှာကြီးရယ်..။
ထုံးစံက၊ဘိုင်အိုဖိုကယ်ဆိုတဲ့မျက်မှန်နဲ့ မယှဉ်ပါးသေးဘူးလေ။
ထုံးစံအတိုင်း၊ဘဲကြီးကမနက်စာကို ၄ရက်လုံးတမျိုးတည်းဘဲမှာပေးခဲ့တယ်လေ။
မိုးလင်းရင်စားဖို့ စဉ်းစားကြမယ်လေ။

ဒါလေးကိုဘဲ ၁၁ ကျပ်နဲ့ ၀၇ပြားပးရတယ်။ဈေးကြီးတာ..။
နောက်နေ့ ကျတော့ခါကြာမုန့် နဲ့ ရေနွေးကြမ်း၊ကော်ကော်နဲ့ 

ရောက်တဲ့ညက၊သူတို့ ဒန်ပေါက်ကအမြဲကြက်ဥပြုတ်ပါတယ်။
ပဲဟင်းနဲ့ ကြက်သားဟင်း၊အသေစပ်တယ်။

ဒန်အိုးပေါက်တွေဘဲမှာတတ်နေတယ်လေ။
သတ်သတ်လွှတ်ဘူဖေး။
ပလာတာလေးမွှေးနေတာဘဲ။
ဟင်းတွေကလည်းအတူတူလို့ ဘဲထင်ရတယ်
ညနေသူအလုပ်ဆင်းချိန်ကိုဒီမှာငုတ်တုတ်လေးထိုင်စောင့်နေရတယ်။ညစာသွားစားဖို့ ။
ပိုင်ရှင်ကြီးများရဲ့ ပုံ(အဖေနှင့်သားပေါ့)
နောက်ဆုံးပုံကျတော့...။
အထက်ဖော်ပြပါများနဲ့ လားလားမှမပတ်သက်သောအရာပါ။
မနေ့ ကုလားဆိုင်မှာချဉ်ပေါင်တွေ တလှေကြီးရလာခဲ့တယ်။
ဒီတခါကြွားပြီနော့်။
ချဉ်ပေါင်ကြော်မယ်မျှစ်နဲ့ ငရုတ်သီးများများတဲ့သူက။
ပုဇွန်မူန့် နဲ့ ဟင်းရည်ကြဲကြဲလေးတခါချက်ပြီးသောက်မယ်။
ငါးနဲ့ ချက်မယ်။
အားပါးပါးးးးး။
အားလုံးကိုကြုံရင်လည်လည်လာဖို့ ဖိတ်ခေါ်တယ်နော်။
ထမင်းစားချိန်ကြွလာခဲ့ပါနော်...။

ပျော်ပျော်ပါးပါးပေါ့နော့်။
မီးမီး

12 comments:

  1. ဟယ် ဖိတ်တယ်တဲ့ ကျမလည်း ထမင်းကျွေးမဲ့ အိမ်ရှာနေတာ မမီးမီးရေး) စကားမစပ် တနင်္ဂနွေကတောင် ဂျာစီကို ရောက်သေးတယ်း)

    ReplyDelete
  2. လာစားသွားတယ်

    ReplyDelete
  3. မမမီးငယ်က ပျားရည်လ သွားနေတာကိုးးးး

    ချဉ်ပေါင်တဲ့ ဟိဟိ အနံတောင်မခံချင်တော့ဝူးး
    ရွှေချဉ်ပေါင်တုန်းခါမှ မောင်ဘုန်းပြန်ခဲ့မယ်

    ချစ်တဲ့

    ဒိုးကန်

    ReplyDelete
  4. နေရာဦးထားခဲ့လယ်နော်
    တို့ဖေပါပါးနဲ့ တို့မေမားမား ဘေးနားက
    ထိုင်ခုံပဲ :D :D
    ပိုစ်တခုလို အေးဆေး အေးဆေး ဖတ်လာတာ
    နောက်ဆုံးကျမှ ပိဿလေးနဲ့ထုထည့်လိုက်သလိုပဲ
    ဒီမှာတော့ ကုလားချဉ်ပေါင်မပြောနဲ့
    ကုလား ပင်စိမ်းရွက်တောင် အရှိဝူး
    ချဉ်ပေါင်းဟင်းဆို အသေကြိုက်
    ငရုတ်သီးထောင်နဲ့ဆို ၃ ပန်းကန်
    :D :D

    ReplyDelete
  5. ဒန်ပေါက်ကော ချဉ်ပေါင်ကောစားချင်လာပြီနော်။
    အိုင်အိုရာ

    ReplyDelete
  6. ဘေဘီရေ..
    ဘယ်နားလေးမှာနေလို့ လဲ။
    နီးရင်လာပါ။
    ဒါပေမဲ့ သက်သတ်လွှတ်တွေများတယ်နော်။
    ကျမအိမ်ကနေ နယူးယောက်မြို့ ထဲကို၊
    ရထားစီးရင် ၄၅ မိနစ်ကြာတယ်။
    ဂျာစီကိုတော့တလ ၂ ခေါက် ၃ခေါက်လောက်၊
    ရောက်တယ်။

    san htun..
    ဘယ်နေရာကလဲလို့ ၊
    ကျမတနေ့ ကလိုက်ရှာနေသေးတယ်။
    ကားမောင်းကျွမ်းပြီလား..။

    ဘုန်းမောင့်မဒမ်လေးရေ..
    ဟာ..ချဉ်ပေါင်ပင်တွေဒီရောက်မှတွေ့ တာ။
    ဟိုးအရင်တုံးကမမြင်ရဘူး။
    အရွှက်ကိုစတွေ့ တဲ့နေ့ ကစဉ်းစားနေရင်း။
    သားရေတောင်ကျပါတယ်ဆို...ဟီး။
    တပတ်ဆိုတုန်းပါပြီ။
    ပြန်လာခဲ့နော်...:)

    ချွေးမလေး..
    လာရင်တော့ ကင်ချီတွေလုပ်ကျွေးတာပေါ့။
    ကုလားတွေတွေ့ ရင်မေးကြည့်လေ။
    သူတို့ ကသိမှာ..။
    သူတို့ လည်းစားတယ်တဲ့။

    အိုင်အိုရာ..
    မ..ကြိုက်သလောက်လာစားလေ..။

    ReplyDelete
  7. ကြည့်ကြည့်
    တယောက်ထဲ ကျိတ်နေတာရှိမှာ
    ချဉ်ပေါင်ဟင်းချက်နေသည် ညော်မည် အဟိ ဆိုပြီး
    တူ တီယောက်ထဲ စားနေလယ် အဟီးးးး အဟီးးးး
    တို့မေ ဘလော့မှာ စီဘောက်လဲ ဘာလေး ထားဂျာ
    ကျင်းရင် ဘာညာ ဘာညာ လာအော် ဂျင်တယ် ဂျ

    ကုလားကိုတော့ ချဉ်ပေါင်ရှိလား
    အမေးရဲပါဖူး ဂျာ
    ကုလားက ကျူပ်ကို မိန်းမလိုချင်လို့ ရှာပေးလို့ ကျောထားတာဂျ
    တော်ကြာ ကျူပ် ကိုယူမယ် တသက်လုံး ချဉ်ပေါင်းဟင်းကျွေးမဲ ဆို ဘိနဲ့ယုတ်မယဲ တို့မေရဲ့

    ReplyDelete
  8. ဖတ်ပြီးရီလိုက်ရတာ..ကျုတီ။
    ရွှေသမီးလေး...။
    စိတ်ပြောင်းပြီး၊အချားဟဲချစ်ချစ်တော့။
    လုပ်လိုက်နဲ့နော်။
    အော်..ကော်မရှင်ရတယ်ဆိုလား။
    ဒါဆို.သူတို့ နယ်စပ်က အချားကိုရှာပေးလိုက်ပေါ့။
    အဟီးးးးး။
    ပုံ
    ခေါင်းပုံဖြတ်ခြင်းလုပ်ငန်းများလေ့လာနေသူ
    ;P

    ReplyDelete
  9. ဒီမှာတော့ချဉ်ပေါင်တွေ ပေါလိုက်တာဗျာ နီးရင်ပို့ပေးချင်ပါတယ်
    တစ်ကယ်ပြောတာပါ

    ReplyDelete
  10. တကယ်လား....။
    ကျမ ၂၀ နီးပါးပေးရတယ်။
    ဆိုင်မှာကျန်ခဲ့တဲ့၂စည်းက၊ အရမ်းနွမ်းဖတ်နေလို့ မယူခဲ့တာ။
    ၈ လအတွင်းမှာ ၃ ခါဘဲတွေ့ ရသေးတယ်။
    :(((

    ReplyDelete
  11. လာစားသွားတယ်.. ပလာတာလေးကောင်း
    တယ်ဗျာ.. ။ ဒံပေါက်တော့..တက်မှာစိုးလို့ သိပ်မစားရဲဘူး..။

    ReplyDelete
  12. မေမြို့ မိုး..
    သူတို့ ဒန်ပေါက်ကလုံးဝမအီဘူး။
    ခြောက်ခြောက်လေး တက်ဘူး။
    အနှစ်က သတ်သတ်ပေးတာ။
    စားလို့ ကောင်းတယ်ဗျို့ ..။

    ReplyDelete