Wednesday, January 11, 2012

ဒီကရောင်းသူဝယ်သူစားသုံးသူအပေါင်း..

မင်္ဂလာပါရှင်~~~
ဂျာမဏီမှာခင်မင်ခဲ့ရတဲ့ ညီမလေးစုကပြောတယ်။
ဈေးဝယ်တဲ့အကြောင်းတွေရေးပါအုံးတဲ့။
ကျမဈေးဝယ်တာကတော့ဟင်းသီးဟင်းရွှက်တွေ၊
စားဖို့ သောက်ဖို့ ဘဲရှိတာပါလေ။:P
ဒါပေမဲ့ဒီမှာအလုပ်လုပ်တော့ ဈေးရောင်းဆိုပါတော့လေ။
ဈေးဝယ်ဈေးရောင်းတစေ့တစောင်းအကြောင်းလေးတွေပြောပြလိုက်မယ်နော်။
ရှော့ပင်းထွက်တယ်၊ဆိုတာမိန်းခလေးတွေရဲ့ လက်သုံးစကားပါဘဲ။
ဟိုနားထွက်ရ ဒီနားသွားရနဲ့ ပြီးကိုမပြီးနိုင်တဲ့ ဈေးဝယ်ခြင်းပါဘဲ။
အသုံးဝင်တာလည်းဝယ်။
အသုံးမ၀င်ပေမဲ့တနေ့ သုံးမယ်လေဆိုပြီးဝယ်။
သူများတွေဝိုင်းဝယ်နေလို့ သွားဝယ်။
ဈေးချနေတယ်ဆိုပြီးဝယ်။
ကြိုက်လို့ ဝယ်၊လှလို့ ဝယ်။
ဘယ်လိုဘဲဝယ်ဝယ်ကျမတို့ ဆီမှာတော့ပြန်လှဲခြင်းသီးခံပါဆိုတဲ့၊
စကားအောက်မှာဘဲပြားပြားဝပ်လေးနဲ့ ဝယ်ကြတာပါ။
ဝယ်ပြီးရင်ကြိုက်လည်းသုံး၊မကြိုက်လည်းဆုံးပေါ့။

ဒီအနောက်နိုင်ငံ(အထူးသဖြင့်အမေရိကားတွေပေါ့)၊၀ယ်ပြီးပြန်လာလှဲ၊ပြန်လာပေးတာ။
တနိုင်ငံလုံးအတိုင်းအတာနဲ့ ၄၀%ရှိတယ်တဲ့..။
(ခရစ်စမတ်ဈေးဝယ်ကာလပြီးတော့ ၂၆ ရက်နေ့ ဆိုရင်ပစ္စည်းပြန်လာလှဲကြတယ်။
အဲဒီအချိန်သတင်းကြောငြာတာကြားမိလို့ ပါ)။
ရောင်းတဲ့သူတွေကလည်းကြော်ငြာရင်ပြန်ပေးတဲ့အခါဘာမှမခက်ဘူး။
ပြေစာမပါလည်းရတယ်။သူတို့ အဖွဲ့ ဝင်ကဒ်လေးသာပြပါ..။
ဘာညာဘာညာပေါ့။
သူတို့ မန်ဘာများအောင်တိုးအောင်ညာတာတွေပေါ့...ဟီး။

ကြားရတာတွေက ပွဲတွေသွားချင်ရင် အ၀တ်တွေလာဝယ်။
ဝတ်ပြီးရင်ပြန်လာပေးနဲ့ တော်တော်ဟုတ်ကြတယ်တဲ့။
ဒီအမေရိက ....။
ဈေးရောင်းတဲ့နေရာ တိုင်း(ဟင်းသီးဟင်းရွှက်ရော၊သားငါးရောဘဲ)။
ကက်စတမ်မာဆားဗစ် ဆိုတာကောင်တာတွေသပ်သပ်ရှိကြတာများတယ်။
ပြန်လာပေးတဲ့ဟာတွေလက်ခံဖို့ လေ။

ကျမတို့ အလုပ်မှာတနေ့ ကို ၂ခါ၊ပြန်လာပေးတဲ့ပစ္စည်းတွေကိုသက်ဆိုင်ရာဌာနကသွားယူရတယ်။
ဌာနတခုအတွက်ဆိုအလုပ်မှာပစ္စည်းဘယ်တဲ့လက်တွန်းလှဲနဲ့ အပြည့်ဘဲ။
ဗူးတွေပေါက်ပြဲ၊ပစ္စည်းတွေရွဲကွဲနဲ့ ပြန်ရောက်လာတတ်ကြတယ်။
တချို့ တွေကိုမိခင်ဌာနပြန်ပို့ ရပါတယ်။
အရမ်းကိုအလေအလွှင့်များတယ်။
ဒါတွေကာမိအောင်ဈေးတွေတင်ထားတာပေါ့။
အေးလေ...ဒါကြောင့်ဒင်းတို့ ချိုင်းနာမိတ်နဲ့ ဘဲသက်ဆိုးရှည်တာပေါ့နော့်..။
အဟဲ...အတင်းကချလိုက်သေးတယ်။

ကျမအမြင်အရဆိုရင် အမေရိကဈေးကွက်တခုလုံး မိတ်အင်ချိုင်းနားဘဲရှိပါတယ်။
(တကယ့် နံမည်ကြီးတံဆိပ်တွေကျတော့တမျိုးပေါ့)
ဒီတော့ ဥရောပနိုင်ငံတွေထက် ဒီကပစ္စည်းတွေက အရည်အသွေးမှာကွာတယ်။
ဈေးတော့ပိုချိုတာပေါ့။
ဥရောပ ကပိုဈေးကြီးတယ်၊ပိုကောင်းတယ်။
ဂျာမဏီမှာတုံးက မိတ်အင်ချိုင်းနားဆိုတာ တူရကီဆိုင်ကရောင်းတဲ့အပေါစားတွေမှာဘဲတွေ့ ရတယ်။
ပဲရစ်ဆင်ခြေဖုံးမှာ တရုတ်တွေဖွင့်ထားတဲ့ပိုက်ဆံအိတ်ဆိုင် အင်္ကျီဆိုင်တွေအများကြီးဘဲလေ။
ဒါပေမဲ့တကယ့်ဆိုင်ကြီးမှာတော့ သိပ်မတွေ့ မိသလိုပါဘဲ။
လမ်းဘေးမှာရောင်းတဲ့ပုဝါလေးတွေအားလုံးကတော့ ချိုင်းနားပါဘဲ။
ကဲ..ညီမလေးစုရေ..။
ဈေးဝယ်ရင် ဂျာမဏီ KaDaWe နဲ့  လန်ဒန်က Harrods တို့ ကတော့အကောင်းဆုံးပါဘဲ။
(ဟီး....ပိုက်ပိုက်ပေါရင်ပြောတာ)
ကိုယ်တော့ဒီက clearance ဆိုတာတွေသွားသွားဖမ်းပါတယ်။
တလောက Reebok running shoe တရံ ၈၉ ဒေါ်လာကို ရ ဒေါ်လာနဲ့ ရခဲ့တယ်။
ဈေးချနေတာရယ်၊
အလုပ်သမားတွေအတွက်ရှော့ဈေး၁၅ %၊
နောက်ထပ်ခရစ်စမတ်ကာလ ၂၀% ရှော့ပေးတာနဲ့ ။
ဒိန်းဒပ်ဒပ်...ဒေါ်မီး Reebok ကြီးနဲ့ ပြေးမလို့ ပြင်နေပါတယ်။
:P

နောက်ထပ်ကြုံရင်အာလူးထပ်ဖုတ်အုံးမယ်လေ။
ပျော်ပျော်ပါးပါးပေါ့။
မီးမီး
ဝန်ခံချက်.....................
ပုံလေးတွေကိုအင်တာနက်ကနေခပ်တည်တည်ဘဲယူသုံးပါတယ်:))
တီထွင်သူအပေါင်းကျေးဇူးပါကြောင်း....။

12 comments:

  1. မေမီး ချစ်တမီးယေးအတွက် ရိစ်ဘွတ် တယံနော် အနီအနက်ကျားလေးနော် ဒါပဲ ဒါပဲ အပေးဝူးဆို အချစ်ဝူးလို့ မှတ်လိုက်မယ် :D :D

    ReplyDelete
  2. တို.ကတော.ဘယ်မှာဘယ်ဝယ်ဝယ် clearanceတန်း
    ကိုအ၇င်ဆုံးမွေတာပဲ။အသီးအ၇ွက်ဝယ်၇င်တောင်
    clearanceတန်းကိုအ၇င်သွားတာ။၇ှာနိင်၇င်တန်တာ
    တွေ၇တယ်လေ။

    ReplyDelete
  3. ကျုတီမေ့သမီးလေးကို..
    ၉၀%ဈေးချရင်အများကြီးဝယ်ပေးမှာပေါ့။
    လာခဲ့နော်..တိလားစောင့်နေတယ်...:p

    Jewel..
    ဟုတ်တယ်နော်..ဟီး။
    အမြဲတမ်းဘဲသွားမွှေပါတယ်။
    စားစရာတွေလည်းဈေးချထားရင်မိုက်တယ်။
    ပေါတာများတခါခါအလကားရတဲ့အတိုင်းပါ့။

    ReplyDelete
  4. China made ကို တရုပ်မှာသွားဝယ်ရင်တောင်ဒီမှာလောက်တွေ့ ရမယ်မထင်ဘူး။း)
    အိုင်အိုရာ

    ReplyDelete
  5. အင်း ...မိတ်အင်ချိုင်းနား... တရုတ်စက် တစ်ရက်စုတ်တဲ့...ဒါပေမယ့်လည်းသုံးနေကြတာပဲ..။ ရှော့ပင်ထွက်တာဝါသနာပါလို့ ဗဟုသုတအနေနဲ့လာဖတ်သွားတယ် မီးရေ...။

    ReplyDelete
  6. အိုင်အိုရာ..
    ဟုတ်တယ်နော်။
    ပစ္စည်းမျိုးစုံဘဲ စီလုတ်နဲ့ ကင်းတာခပ်ရှားရှားရယ်။

    မိုးရေ..
    တရက်ထဲနဲ့ စုတ်တာပေါ့။အဟဲ..။
    အစားအသောက်တော့လုံးဝမ၀ယ်ရဲဘူး။
    ဒီမှာနောက်တခုကြုံရတာရှိသေးတယ်။

    ReplyDelete
  7. မီးမီးငယ်ရေရှောပင်အကြောင်းစိတ်ဝင်စားလိုလာဖတ်သွားတယ်နော်...

    မေတ္တာဖြင့်..
    ရွှေဝန်းရတနာ...

    ReplyDelete
  8. ဟုတ်ပါ့ မမီးငယ်ရေ..အားလုံး MADE IN CHINA..ပြန်လဲရင်ရတယ် ဘောက်ချာကို သိမ်းထားလို့  စီနီယာက သင်လေရဲ့ 

    ReplyDelete
  9. ဈေးဝယ်မထွက်တာတောင်ကြာခဲ့ပြီ။

    ReplyDelete
  10. စန်းထွန်းလေးရေ..
    ဘယ်နှခါလောက်ပြန်လှဲဖူးလဲ...:)))။

    ရှင်လေးရေ..။
    ဈေးဝယ်ရတာကလည်းစိတ်ညစ်တယ်။
    ကိုယ့်ဆိုက်ရှာရခက်လို့ လေ။

    ReplyDelete
  11. ဘုန်းဘုန်းဘုရား.
    ကျမ်းဂန်သာလို့ မာပါစေ..။

    ReplyDelete
  12. ဒေါ်မီး..အိမ်မှာအင်တာနက်မရှိလို့ ခုမှဖတ်ရတယ်..ခုမှပဲမန့်နိုင်တော့တယ်...ဒီပို့စ်လေးအတွက်ကျေးဇူးပါ။ ဒီမှာလဲ အမေရီကန်ဘရန်းတွေဆို တရုပ်မိတ်တွေပဲလေ..ဒါပေမဲ့ဇျေးကတော့ကြီးနေတာပေါ့လေ...အဲ့ဒီမှာဝယ်ရင်ပိုသက်သာတယ်...ဥပမာဆို Desigual တံဆိပ်တီရှပ်က ဒီမှာ ၉၉.၉၉ ယူရို၊ အဲ့ဒီမှာ ၃၅ဒေါ်လာပဲရှိတယ်..သူတို့ဆိုင်ကအွန်လိုင်းမှာရောင်းတာချင်းအတူတူပဲကို...ဟွန့်...ပိုရေးပေးပါအုံးနော်..ဖတ်ရတာမ၀လို့...စု

    ReplyDelete