Saturday, January 7, 2012
ဗီယက်နမ်ဂဏန်းကော်ပြန့် စိမ်း
မင်္ဂလာပါရှင်~~~
ဂဏန်းတဗူးဝယ်ထားတာတွက်ခြေကိုက်တယ်ဗျား..။
ဂဏန်းထမင်းကြော်၊ဂဏန်းနဲ့ ဗုံလုံသီးအစာသွပ်ချက်၊
ဒါလည်းမကုန်နိုင်သေးဘူး။
ကော်ပြန့် လိပ်လုပ်ဖို့ စိတ်ကူးမိတာနဲ့ ။
တနေ့ ကတဲကသူများတွေကော်ပြန့် လုပ်ထားတာလိုက်ကြည့်ပြီး။
ကျမစမ်းသပ်လုပ်ကြည့်တာမဆိုးဘူး။
ကျမကဒီတံဆိပ်နဲ့ ကော်ပြန့် အဖတ်ကိုသုံးပါတယ်။
မုန်လာဥနီ၊ကြက်သွန်မိတ်၊တရုတ်နံနံပင်အရိုး၊ကြက်သွန်ဖြူနီနဲ့ ပဲငံပြာရည်၊ခရုဆီ၊ဆား၊ငရုတ်ကောင်းမှူန့် ၊
မို၊ဒါလေးတွေနဲ့ ဆီနဲနဲရောသမကြော်ပေါ့။
(အစမ်းလုပ်တာဖြစ်တဲ့အတွက်နဲနဲဘဲလုပ်တယ်လေ)
ပြီးကော်ပြန့် ဖတ်ကိုရေ(ဘုံဘိုင်ထဲကရေလည်းရပါတယ်၊
အပူဆုံးဖက်ကိုလှည့်ဖွင့်လိုက်ရင်တော်တော်ပူတာရတာ)ထဲခဏဘဲစိမ်တယ်။
ကြာရင်ပြဲကွဲသွားတတ်တယ်။ဇလုံကြီးကြီးလည်းရှိဘူးလေ။
ဒီဒယ်အိုးလေးဘဲပြန်သုံးတာပေါ့။
ရေထဲအားလုံးမနှစ်လိုက်ရင်ပြန်ကော့တက်လာတတ်တယ်။
ပြီးအ၀တ်သန့် သန့် ပေါ်တင်ပြီး၊အပေါ်ကအ၀တ်နဲ့ ရေကိုဖိသုတ်လိုက်တယ်။
ရေမကျန်အောင်လို့ ပါ။
ပုဂံပြားပေါ်တင်အစာလေးထဲ့။
လိပ်လေသတည်းပေါ့။
ဗီယက်နမ်ကကော်ပြန့် ဖတ်ကိုသုံးတော့ ဗီယက်နမ်ကော်ပြန့် ပေါ့နော်...အဟဲ။
(ဒေါ်မီးနည်းဒေါ်မီးဟန်ပြန်ပြုထားတာလေ)။
ဆီကြော်သိပ်မစားတတ်တာနဲ့ ပါ။
ဆလပ်ရွှက်၊ကြက်သွန်မိတ်နဲ့ တွဲစား...။
ကောင်းပါ့ဗျားးးးး
ပျော်ပျော်ပါးပါးပေါ့နော့်...။
မီးမီး
13 comments:
  1. အနော့်မှာလည်း ဗီယက်နမ်မလေး မိုင်းပေးထားတဲ့ အဲဒီကော်ပြန့် ရှိတယ်..ဘယ်လိုလုပ်စားရမှန်း မသိလို့ ..အတော်ပဲ..
    ReplyDelete
  2. မမမီးငယ်ရေ ရှလွတ်း)
    ချစ်တဲ့
ိဒိုးကန်
    ReplyDelete
  3. ကိုယ်လည်းကြိုက်လို့ လုပ်စားဖြစ်တယ်။ ဒါပေမဲ့ခဏခဏတော့မလုပ်ဖြစ်ပါဘူး။
    ဗီယက်နမ်ဆိုင်သွားစားပြီးလုပ်ချင်စိတ်ပေါက်လို့  လုပ်ကြည့်တာလေ။ ပထမရေနွေးအိုးတည်ပြီးလုပ်တာပျော့သွားရော။ နောက်မှအွန်လိုင်းမှာကြည့်၊ သူငယ်ချင်းကလည်းရိုးရိုးရေနဲ့ လုပ်ပြတော့မှ အိုကေသွားတာ။ အဟဲ။
    အိုင်အိုရာ
    ReplyDelete
  4. စားချင်လိုက်တာ လုပ်ရတာလဲဝါသနာပါတယ်
    ခက်တာကမလုပ်တတ်တာပဲနီးရင်တော့ပြေးပြီးတောင်
    လာသင်လိုက်မယ်----
    ReplyDelete
  5. ကြော်တာနဲ့ အဲဒီ အစိမ်းဆိုရင် အစိမ်းကိုပိုကြိုက်တယ်
    ဂျက်ပြောသလိုပါပဲ မလုပ်တတ်ဘူး စားချင်တယ်
    ပုံတွေကြည့်ရတာစားချင်စရာတွေပဲ
    ReplyDelete
  6. လာဝါးသွားပါတယ်။
    ReplyDelete
  7. ကော်ပြန့်စိမ်းရော ကော်ပြန့်ကြော်ရော နှစ်မျိုးစလုံး ကြိုက်တယ်။ မမီးငယ်ရဲ့ ကော်ပြန့်စိမ်းလေးက စားချင်စရာလေး။
    ReplyDelete
  8. သြော်... စားလိုက် သွားလိုက် ဟန်ကို ကျနေတာပဲ.. ဒေါ်မီးတို့ကတော့ ဇီမ်ကိုကျလို့
    ReplyDelete
  9. မီးမီးငယ်ရေ..ကော်ပြန့်စိမ်းလာစာသွားပါတယ်..ကျန်းမာပါစေ...
    မေတ္တာဖြင့်..
    ရွှေဝန်းရတနာ....
    ReplyDelete
  10. လွင်ပြင်လှိုင်းငယ်..
    စားလေသတည်း...;)
    san htun
    အင်မတန်မှလုပ်ရလွယ်ပါတယ်။
    ဒိုးလေး
    ရော့..လက်သုတ်ပါဝါလေး။သုတ်လိုက်အုံးလေ:D
    အိုင်အိုရာ..
    ဗီယက်နမ်ပုံစံပင်စိမ်းရွှက်တွေနဲ့ ကောလုပ်သေးလား။
    စပယ်လေးဂျက်..
    အီကိုယ်လည်းလက်သင်လေးပါဟယ်..။
    ဟီးးးတိုးတိုးပြောရအောင်။
    ဘိုဖြူ..
    အစိမ်းကပိုပြီးကျမ်းမာရေးနဲ့ ညီညွှတ်တယ်နော့်။
    ဒေါ်ကြီးရှင်လေး..
    နှင်းဆီ..
    ၂မျိုးလုံးကြိုက်ပါတယ်။ကြော်ရမှာပျင်းလို့ ..:P
    ကိုရင်..
    ဇိမ်ယူတတ်ရင်ဇိမ်ရှိတယ်လေ..။
    ဘုန်းဘုန်းရွှေဝန်းရတနာ..။
    ပို့ သတဲ့မေတ္တာကြောင့်ကျမ်းမာပါတယ်..။
    ReplyDelete
  11. မီးမီးရေ.. ဗုဒ္ဓဂယာခရီးလွန်နေလို့ အလည်ရောက်တစ်ခေါက် နောက်ကျစွာနဲ့ ရောက်လာကြောင်းပါ...
    ချမ်းမြေ့ပါစေဟု
    ချယ်ရိမြေ
    ReplyDelete
  12. အဲဒီကော်ပြန့်ရွက်တွေ အိမ်မှာရှိနေသေးတယ်...လုပ်စားရသေးဘူး ဗီယက်နမ်ကပြန်လာတဲ့ မောင်လေးပေးသွားတာ။။
    ReplyDelete