Monday, October 17, 2011

vegetable pancake(ကိုးရီးယားစတိုင်)


မင်္ဂလာပါရှင်~~~
မနေ့ ညကညစာကို ကိုးရီးယားမှာနေပြီးဟင်းချက်ကောင်းတဲ့ ညီမလေး ဆီကနည်းယူပြီး၊
လုပ်စားကြည့်ပါတယ်။
သူကတော့ အချပ်သေးသေးလေးတွေလုပ်တယ်။
သူများတွေလည်းဒီလိုဘဲလုပ်ကြလားမသိပါဘူး။
ကျမက စိတ်မရှည်တာနဲ့ ဒုတိယအချပ်ကို အားလုံးလောင်းထဲ့ကြော်လိုက်တယ်။
မှတ်ကရော...၊ဟင်းချက်တာလည်းသိပ်စိတ်မရှည်ချင်ဘူး။
ကံကောင်းထောက်မစွာနဲ့ စားကောင်းသွားပါတယ်။
ကြိုက်တဲ့ဟင်းသီးဟင်းရွက်ထဲ့ဆိုလို့  ရှိတာတွေနဲ့ ဘဲလုပ်လိုက်ပါတယ်။
ကြက်ဥတလုံးခေါက်ထဲ့လိုက်ပါသေးတယ်။
ဒီလိုဆီနဲနဲလေးနဲ့ တဲ့..။
ပထမဆုံးအချပ်။
ဒုတိယကြတော့အားလုံးလောင်းထဲ့လိုက်တယ်..ပြီးရော။
ကောင်းတယ်၊ပဲငံပြာရည်အကြည်လေးနဲ့ တို့ စားတယ်။
ကျုတီရေ..
နည်းမမှန်ရင်လည်း လက်သင်လေးကိုခွှင့်လွှတ်လိုက်နော်...။
ခင်မင်တဲ့
မီးမီး

7 comments:

  1. အိုးးးးးးးး ဂွတ်ထ ဂွတ်ထပဲ ပို့စ်ဖတ်ရင်း ပန်းကိတ်ကြော်နည်းကို ဟင်းချက်ကောင်းတဲ့ ညီမလေးဆိုလို့ ကိုယ်မှဖြစ်ပါ့မလားလို့ ဟဲဟဲ တကယ်တော်တယ် ကြိုက်လား ကျူတီ အရမ်းကြိုက်တယ် ထမင်းလွတ်စားတယ် ကြော်ရတာလဲ မြန်လို့ အကြိုက်တူရင် ပေါင်းလို့ရပီ :P :P

    ReplyDelete
  2. ကျုတီရေ..
    ကိုယ်လည်းထမင်းလွတ်စားတယ်လေ။
    ထမင်းကလွဲရင်ကျန်တာကြိုက်တယ်။
    ထမင်းကိုလည်းနဲနဲဘဲစားတာ။
    ဟင်းဘဲစားတယ်လေ။
    :)...ပေါင်းလို့ ရတယ်နော်...။

    ReplyDelete
  3. အိုခေ ပေါင်းလို့ရပီ လု မစားကြေးနော် အများကြီးပဲ ချက်စားသုတ်စားကြတာပေါ့ :P:P

    ReplyDelete
  4. ဒါလေးကို မြတ်ကြည်လည်းကြိုက်တယ်။ ဆိုင်တွေမှာကိုယ်အရှေ့ လာချရင်၊ ပြိုက်ခနဲပဲ။ ကြက်ဥ အချိုးအစား ဘယ်လိုထည့်ရလဲဟင်? ဝယ်ပြီးလုပ်စားကြည့်တာ၊ ကောင်းတဲ့အခေါက်ကကောင်း၊ မကောင်းတဲ့အခေါက်က မကောင်းဖြစ်နေလို့။

    ReplyDelete
  5. မမြတ်ကြည်လေးရေ...
    ကျမတော့ ရယ်တီမိတ်အထုပ်လေးဝယ်တော့၊
    ဆိုင်ကကိုးရီးယားမလေးတွေမေးကြည့်တာ၊
    ဒီအတိုင်းအရည်ဖျော်ဟင်းသီးဟင်းရွက်လေးရောလို့ ၊
    ပြောတာဘဲ။
    ဒါပေမဲ့ ညီမလေးကျုတီနည်းက ကြက်ဥထည့်တော့၊
    လိုက်ထည့်တာပါ။
    တချပ်စာကို တလုံးဘဲထည့်လိုက်တာဘဲလေ။
    နောက်တခါလုပ်စားကြည့်လေ။
    ကောင်းမှာပါ။
    ကျမတော့ ဒီတခါပထမဦးဆုံးအကြိမ်ပါ။
    ဟီး...ပြောရမယ်ဆိုရင်၊
    ဟင်းချက်အင်မတန်ညံပါတယ်။
    ရမ်းသမ်းကောက်ထည့်အစားထဲကပါ။
    ဒါပေမဲ့လည်း၊ချက်စားတာလေးတွေ၊
    မျှဝေပေးကြည့်တာပါ။
    လည်လည်လာတာကျေးဇူးနော်..။

    ReplyDelete
  6. ပထမဆုံး ရောက်လာတယ်... နှစ်ခုပဲ ဖတ်ရသေးတယ်... နောက်တော့ ဆက်ဖတ်မယ်... Cheers

    ReplyDelete
  7. ကိုမောင်သန့် ..
    အချိန်ရရင်တော့ ဆက်လက်အားပေးပေါ့။
    တခုတော့ ရှိတယ်နော်၊
    ရသစာပေ၊ဗဟုသုတ၊ပညာပေးလုံးဝမရှိသော။
    (ကိုယ်တိုင်ကမရေးဖွဲ့ တတ်ဘူးလေ)
    ကဘောက်တိကဘောက်ချာ၊
    စိတ်ကူးတည့်ရာ၊လက်တည့်စမ်းတာတဲ့နေရာလေး၊
    ပါနော်။
    အဝေးနေ၊အထီးကျန်တဲ့အချိန်မှာ၊
    ဒီလိုရေးပြီးအပြန်အလှန်လေးတုံပြန်မူ့ ရတာကိုဘဲ၊
    ကျေနပ်မိတာတော့အမှန်ပါဘဲလေ။

    ReplyDelete