Thursday, October 13, 2011

အသီးအရွက်နဲ့ အသုပ်မျိုးစုံ..



မင်္ဂလာပါရှင်~~
ကျမတော့ ဟင်းသီးဟင်းရွက်မပါရင်ထမင်းစားရတာ တခုခုလိုနေသလိုပါဘဲ..
အမြဲတမ်းစားပေမဲ့ သက်သတ်လွှတ်သမားလည်းမဟုတ်ပါဘူး။
ဆီ အချို အဆိမ့်တွေကိုငယ်ငယ်ကတည်းကမကြိုက်တာ..။
တခုတော့ကောင်းတယ်။
အသားအရည်နဲ့ အသက်အရွယ်(သက်တူရွယ်တူတွေနဲ့ ယှဉ်ရင်)၊
နဲနဲတော့ပိုလတ်တယ်(ဟီး..ကိုယ့်ဖာသာကိုယ်ဖော်ရတာ..အင်မတန်မှအရသာရှိတာဘဲ..)။
အရွယ်လေးပိုတင်တာပေါ့..:p 
အစာအိမ်တွေက အရမ်းကြီးအလုပ်မလုပ်ရတော့ လူကအရွယ်တင်တယ်တဲ့ ...။
ကြားဖူးတာလေးပါ..။

ကျမအသုပ်တွေက ဆီမပါဘူး။
တခါတလေ နှမ်းဆီ၊သံလွင်ဆီနဲနဲထည့်ပါတယ်။
အိမ်ကကျေးဇူးရှင်နဲ့ တော့နဲနဲရန်ဖြစ်ရတာပေါ့။
ဆီပါရင်လွှစာတောင် စားကောင်းတယ်ဆိုတဲ့ ယောက်ကျားလေ..။

ကျမအသုပ်ရဲ့အဓိကပါဝင်တာကတော့..
မြေပဲဆံထောင်း၊သံပုရာသီးနဲနဲ၊ငံပြာရည်နဲနဲ၊ကြက်သွန်ဖြူ၊ငရုတ်သီးတောင့်၊ခရမ်းချဉ်သီး၊ဆား...။
ဟင်းရွက်အစိမ်းစားကြည့်ပါ။
အင်မတန်မှအရသာရှိပါတယ်...။
ကျမ်းမာရေးနဲ့ လည်းညီညွတ်တယ်လေ...။
ဆလပ်မျိုးစုံသုပ်
ပဲသီးပြုတ်သုပ်
ခရမ်းသီးမီးဖုတ်သုပ်


ခရမ်းချဉ်သီးသုပ်
ဆလတ်ရွက်သုပ်
သခွါးသီးနဲ့ ခရမ်းချဉ်သီးသုပ်
ပဲပြားနဲ့ ခေါက်ဆွဲသုပ်(ပဲပြားဟင်းကျန်လို့ ကြံဖန်သုပ်လိုက်တာ)
ဒီလိုဟင်းကျန်လေးတွေနဲ့ စားလို့ ရအောင်လုပ်တာဆို၊ကျေးဇူးရှင်များ ဘယ်တော့မစားဘူး။
ကိုယ့်ဖာသာကိုယ်ဘဲ လွေးရတယ်..။
နန်းကြီးသုပ်
သူကနန်းကြီးသုပ်ကြိုက်လို့ ခဏခဏစားဖြစ်တယ်။
သင်္ဘောသီးထောင်း
(ဂျာမဏီမှာနေတုံးက..အဲဒီမှာသင်္ဘောသီးဈေးကြီးလို့ ဥနီလေးရောရတယ်..)
Thai အစားအစာပါ၊သူများလုပ်တာပေးတာအသေစပ်တယ်။ဆန်လှော်မူန့် နဲ့ သုပ်တာ။

ခင်မင်တဲ့
မီးမီး

10 comments:

  1. မမီးရေ..နန်းကြီးသုတ်နည်း နဲ့ ဆီမပါဘဲ ခပ်စိုစိုလေးဖြစ်အောင်သုတ်နည်းလေးပြောပြပါအုန်း..ဒီမှာအသုတ်ဆိုအရမ်းကြိုက်ပေမဲ့ ဆီမထည့်တော့ ခြောက်ခြောက်ကြီးဖြစ်နေလို့...စု

    ReplyDelete
  2. ချက်ဟင်းကို အရည်များများ ဆီပါလေရုံနဲ့ချက်ပြီး အဲဒီအရည်ဆမ်းသုပ်ပါ၊ နောက်တမျိုးက သက်သတ်လွတ် ခိုတောင်မုန့်တီလိုမျိုးလုပ်တဲ့အခါ အသုပ်နဲ့တွဲသောက်တဲ့ မှန်ရောင်ဟင်းချို ချက်ပြီး ဟင်းချိုလေးဆမ်းသုပ်၊ ကျမတော့ အဲလိုပဲလုပ်စားပါတယ်။

    Mandy

    ReplyDelete
  3. စုရေ..
    Mandy ပြောတဲ့အတိုင်းပါဘဲ။
    ဟင်းကိုရေကျန်ဆီကျန်ချက်ပြီး၊အဲဒါလေးဆမ်းပြီးသုပ်၊
    ပိုတောင်စားကောင်းသေးတယ်..။
    ဒါနဲ့ ..Mandy ရေ..ကျမခိုတောင်မုန့်တီဆိုတာ၊
    ကျမ မသိဘူး၊စားလည်းစားဖူးဘူး။
    လိုက်ရှာဖတ်ကြည့်ရအုံးမယ်။

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. မီးငယ်... ခိုတောင်မုန့်တီဆိုတာ မန္တလေးမြို့ဆီကို အနီးအနား ခိုတောင်ဆိုတဲ့အရပ်ကနေ လာရောင်းကြတဲ့ သက်သတ်လွတ်မုန့်တီသုပ်ကလေးပါ။ ဟိုးတုန်းကဆို ခေါင်းမှာရွက်ပြီး လာရောင်းကြတာ၊ ဘိုစားပဲသီးပြုတ်ကလေးတွေနဲ့ ဆီချက်ဝါ၀ါလေးနဲ့ သုပ်တာ အရမ်းစားလို့ကောင်းတာပဲ၊ ဆီတွေအများကြီးထည့်မသုပ်ရအောင် ပုစွန်ခြောက်နဲ့ ချက်တဲ့ဟင်းရည်အကြည်လေးဆမ်းပြီးသုပ် ကြတယ်လေ၊ တို့သိပ်ကြိုက်တဲ့အစာပေါ့၊ ဘုရားကြီးသွားရင် စားလို့ရတယ်

    မုန့်တီကို အသားနဲ့ဆိုရင် အမဲသားဆီကျန်ရေကျန်ချက်ပြီးသုပ်တာလည်း ကြိုက်တယ်

    Mandy

    ReplyDelete
  6. Mandy..
    ခိုတောင်မုန့်တီကြားတာနဲ့ စားတောင်စားချင်လာပြီ၊
    သက်သတ်လွှတ်ဆို အရသာသိပ်မလေးဘူးပေါ့နော်။
    စားဖူးရင်ကြိုက်မှာ..လုပ်စားရင်လည်းနဲနဲမျှပါအုံး..
    ကျေးဇူးဘဲနော်..

    ReplyDelete
  7. ကျေးဇူးအများကြီးတင်ပါတယ်...ဒီမှာလဲ အသုတ်ဆိုအရမ်းကိုကြိုက်တာ..ဆီအများကြီး၊အနှစ်တွေအများကြီးတို့ဆီချက်များများတို့ဆိုမကြိုက်လို့...ဟင်းချိုလေးနဲ့သုတ်မယ်...နန်းကြီးအတွက်ဟင်းကိုလဲရေများများဆီနဲနဲ နဲ့ချက်..အိုး..ရှလွတ်ပဲ...စု

    ReplyDelete
  8. မမီးရေ...စာတွေပြုတ်ကျကျန်ခဲ့တယ်နဲ့တူတယ်...ရေးထားတာအကုန်ပြန်မပေါ်ဘူးရယ်...စု

    ReplyDelete
  9. Ma KhinU Khine ..
    Thanks you for dropping your warm kindness here..:)

    ReplyDelete