![]() |
| Elangen,Germany |
Fall ဆိုတာ ရွက်ကြွေချိန်၊
စိမ်းလန်းဖူးပွင့်ခဲ့တဲ့ သစ်ရွက်လေးတွေ၊
အိုမင်းဝါရင့်ပြီးမြေမှာခတဲ့အချိန်၊
ကျမတို့က၊ သစ်ရွက်ရောင်စုံလေးတွေနဲ့လှပနေလိုက်တာလို့၊
ခံစားသိမြင်ပြီးတကူးတကနဲ့ဓါတ်ပုံရိုက် မှတ်တမ်းတင်ကြတယ်။
သစ်ရွက်လေးတွေရဲ့အလှတရားရှာဖွေကြတယ်။
မြေပေါ်ကြွေကျလည်း လှတယ်၊
အပင်ပေါ်မှာလည်းလှတယ်၊
![]() |
| Elangen,Germany |
![]() |
| Elangen,Germany |
![]() |
| Elangen,Germany |
လူတွေလူ့ဘဝကနေကြွေလွင့်သွားကြတဲ့အချိန်မှာတော့.....
အလှတရားတွေလည်း မရှိတော့ပါဘူး၊
ဝမ်းနဲပူဆွေးကြေကွဲလိုက်ရတာ။
မှတ်တမ်းဓါတ်ပုံဆိုတာလည်း ကြည့်တိုင်းရင်နာရတယ်။
ဒီသစ်ရွက်ကြွေချိန် ဆောင်းအချိန်တွေမှာဘဲ၊
ကျမရဲ့အရင်းနှီးဆုံးအချစ်ဆုံးတွေ ကြွေလွင့်သွားကြပါတယ်။
၂၀၀ရ ဖေဖော်ဝါရီလ မှာ အဖေ၊
၂၀၁၀ နိုဝင်ဘာလမှာ အကိုငယ်၊
၂၀၁၁ စက်တင်ဘာလ မှာအကိုကြီး၊
အသီးသီး ကွယ်လွန်သွားကြတယ်။
အဖေရဲ့ကြီးမားလှတဲ့မေတ္တာတရား၊
အကို ၂ ယောက်ရဲ့အေးချမ်းလှတဲ့ ချစ်ခြင်းမေတ္တာတရားတွေကို၊
(အဝေးရောက်နေတော့ ဓါတ်ပုံလေးနဲ့ဘဲဖြေသိမ့်ရတယ်လေ)။
ကျမရှာဖွေပြီးရင်ထဲမှာ ထာဝရသိမ်းထားလိုက်ပါတယ်။
သူတို့တွေသက်ရှိထင်ရှားရှိစဉ်တုံးကလည်း၊
ကျမအတွက် အားကိုးအားထား နွဲ့ဆိုးဆိုး လို့ရတဲ့၊
ကျမအတွက်တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပါ၊
အဖေလက်ကိုင်ပြီးစက်ဘီးစီးသင်ပေးခဲ့တာ၊
နောက်ပြန်လှည့်ကြည့်လို့လက်လွှတ်လိုက်တာသိတာနဲ့၊
ချက်ချင်းလဲကျတဲ့ သမီး...
အဖေ.. သမီးလေ၊
အဖေ မရှိပေမဲ့ဒီခရီးအထိ စီးလာနိုင်ပြီ..အဖေ~~~~
တက္ကသိုလ် ၄ နှစ်လုံးတက်တာ ကျောင်းသားရေးရာ၊
ကျောင်းလခဆိုတာ ဘယ်လိုထည့်ရမှန်းတောင်သိခဲ့ဘူး။
အားလုံးအကို၂ ယောက်ဘဲလုပ်ပေးခဲ့တာ။
၁၀ နှစ်သမီးဘ၀ ကတဲက တောင်ကြီးမှာကျောင်းတက်တော့၊
တနှစ်ကိုတခါ ကျိုင်းတုံပြန်ရတာ။
အဝတ်အိတ်ကို အမေပြင်ပေးတယ်။
လေယာဉ်ကွင်းရောက်တော့ ထိုင်ခိုင်းတဲ့နေရာမှာဘဲ ၊
ကုတ်ကုတ်လေးစောင့်နေရတယ်။
အားလုံးပြီးမှ လေယာဉ်ပေါ်တက်ဆိုတက်လိုက်တာဘဲလေ။
အစစအရာရာ လိုက်လုပ်ပေးလို့၊
ဘာတခုမှ မလုပ်တတ်၊မသိတတ်ဘူး၊
ခုထိ ပြန်ရင်လာကြိုဖို့တကူးတက သူတို့မြို့ကနေလာရတယ်။
ခုတော့ ကိုကို ညီညီ....ညီမလေး ကိုကြိုပေးမဲ့သူရှိတော့ဘူး။
အချိန်မှီ မရာက်ပေမဲ့ ညီမလေးပြန်လာပြီး၊
အမေနဲ့မမ(အမကလည်းမုဆိုးမ)ကိုစောင့်ရှောက်မယ်~~~
Fall ဆိုတာ ကြွေလွှင့်တာတဲ့နော်......
မီးမီး





















