Tuesday, April 24, 2012

ဘန်ကောက်မှ စားစရာများ...


မင်္ဂလာပါရှင်~~~
ဘန်ကောက်ရောက်ရင် စားစရာအရင်ဆုံးစဉ်းစားတာဘဲ။
မရာက်ခင်ကတဲကပါလေ..။
တကယ်တမ်းပြန်တွက်ရင် ရန်ကုန်ထက်ဈေးသက်သာပြီးပိုသန့် ရှင်းတယ်လို့ ခံစားမိပါတယ်။ 
ဟိုးးးးတနှစ်ကနေပူတော်ဆိုတာသွားရတယ်။(ရင်ပူလွန်းလို့ တင်စားပါရစေရှင်..)
လမ်းမှာနားစရာလည်း တနေရာထဲပါ။
ကားရပ်တဲ့နေရာမှာဘဲမနက်စာစားလိုက်ရတယ်။
ရှမ်းခေါက်ဆွဲ မုန့် ဟင်းခါးနဲ့ လဘ္ဘက်ရည် လူ ၄ ယောက် ခလေးကပါသေးတာ။
မုန့် ထုတ်လေးယူတယ် တသောင်းနီးပါးရှင်းရပါတယ်...။
တကယ်..မယုံမရှိနဲ့ ညံချက်ကလည်းကမ်းကုန်တယ်။

ဒီတော့ ဘန်ကောက်ရောက်ပြီဆိုရင်အရမ်းဝယ်စားမိတယ်။
ရန်ကုန်မှာတော့ ခဏခဏပန်းမမလှဧကရီဖြစ်တတ်တယ်လေ..။
ကိုယ်တိုင်ချက်မှအဆင်ပြေတာ..။
ကဲ..ငတ်ကြီးကျလာသမျှ ပြောပြအုံးမယ်လေ..။

ခုတလောကျမတို့ ၂ ယောက်က ဂျပန်ရူးနေကြတော့ ဂျပန်ဆိုင်တွေထိုင်ဖြစ်တယ်။
သူ့ ရုံးဟောင်းအဆောက်အဦ အောက်ဆုံးထပ်က ဂျပန်ဆိုင်မှာ..။
ကိုယ့်ပန်းကန်ကိုတော့ အပြောင်ရှင်းပြီးမှ ဒါတ်ဒါတ်လေးရိုက်ဖို့ သတိရပါတယ်..။
ကင်မရာက ပြင်ဆိုင်ကိုပို့ လိုက်ပြီဆိုတော့ ဖုံးကင်မရာနဲ့ ဘဲရိုက်ရတယ်..။
ဖီလင်ကြီးကမလာဘူးလေ..။(အဟဲ)

သူကငါးကင်စားတယ်။
ကျမကကြက်သားတီရီယာကီဆိုတာပေါ့။  

ဒီ S&P ဆိုတဲ့ဆိုင်လေးကိုကျမ ဟိုးအရင် မုန့် ဆိုင်ဘ၀လေးကတဲက တော်တော်ကြိုက်လို့ ၊အမြဲတမ်းစားဖြစ်တယ်။
ဈေးလည်းသိပ်မကြီးဘူး။စားလို့ ကောင်းတယ်။
ပုံပါတဲ့ဟာတွေတာမှာလိုက် အားလုံးအဆင်ပြေတယ်။

ငါးသံပုရာပေါင်း..။

 မပါမဖြစ်တဲ့ ရေနွေးကြမ်းပေါ့။

ဒီဆိုင်ကတော့ ဘန်ကောက်ဆေးရုံက ဆိုင်..။
ပုံကအတိုင်းမှာလိုက်တာဘဲ။

တူလားးးးပုဇွန်ဘေးရောက်နေတာပါ...ဟီးးး

 သူလည်းအားကျမခံ စပါကက်တီတဲ့..။

ြ့ပီး ရေနွေးကြမ်းနဲ့ banana spirit..။

စိတ်ထဲမှာမ၀လို့ ကော်ပြန့် စိမ်းထပ်မှာသေးတယ်။(အသောမသတ်နိုင်တဲ့လောဘလေ...)

ဘန်ကောက်မှာ စိတ်တိုင်းကျလည်းရှိတယ်လေ။
အိမ်နဲ့ နီးလို့ မနက်တိုင်းသွားစားဖြစ်တယ်။


သပ်သပ်ရပ်ရပ်လေး..။

ကောင်လေးက အော်ဒါထုတ်နေတယ်လေ..။
(သူ့ ကိုဒါတ်ဒါတ်ရိုက်ပါနဲ့ တဲ့..ချစ်စရာကောင်းလို့ ပါခလေးရယ်ဆိုပြီးချော့လိုက်တယ်.အဟဲ)

 သူအသုတ်နှယ်ပေးနေတာလည်းမလွတ်ပါဘူး။ရိုက်တာပါဘဲ..။

ချစ်ချစ်ကပဲထမင်းဆီဆမ်း..။အီကိုယ်တော့ နန်းကြီးသုတ်..။
၂ ယောက်ပေါင်းမှ ဘတ်၇၀ ၀န်းကျင်ဘဲကျပါတယ်။

ဒါက ကြက်သားကင်ဆိုင်တဆိုင်မှာဘဲ။
ထမင်းနဲ့ ကြက်ကင်သုတ်(အီဆန်-တောင်ပိုင်းထိုင်းစတိုင်)။
စပ်လိုက်တာမှ အဘဘယ်နားနေမှန်းတောင်သိလိုက်ဘူး။ တ ချိန်ကိုမရနိုင်တာပါ။

မြို့ လယ်ခေါင်တနေရာရောက်တော့ ဗိုက်ဆာတာနဲ့  siam paragon မှာသွားစားတာ။
ပူလွန်းလို့  အအေးအရင်သောက်တယ်။
 ကြက်သားဂျုံခေါက်ဆွဲအကြွတ်ကော်ရည် ..။(တိုက်ရိုက်ဘာသာပြန်သည်) ဟီး...။
 
သူကတော့ ကြက်သားအစပ်ဆိုလားဘဲ..။
ထုံးစံအတိုင်း မ၀သလိုဖြစ်နေတာ ဒါနဲ့ ဆော်လမွန်ငါးကင်လေးတပွဲလောက်..။

ပြီး ဘာနားနားပေါ့..။

ပုံထဲက မိုကာအေးလေးကလည်း ဆွဲဆောင်တယ်လေ..။ဒီတော့မှာတာပေါ့။
 
နောက်နေ့  လေယာဉ်ရုံးဖက်သွားတော့ ဒီအအေးဆိုင်လေးထဲဝင်ထိုင်တယ်။
သရက်သီး အိုင်စကရင်နဲ့ ကောက်ညှင်း...ဟင်းဟင်းဟင်းး။
သူကလားးးထုံးစံပေါ့ ဗာနီလာတဲ့ ။မမိုက်တာလေ..။

ဆေးရုံးသွားပြတာတောင် ကျမက အစားနဲ့ မကင်းပါဘူး။
ပဲနို့ ဒိန်ချဉ်နဲ့ ချိစ်ကိတ်။
သူက ကော်ကော်လေးဘဲသောက်ပါတယ်။
ထိုင်း မက်ဒေါနယ်မှာဆန်ပြုတ်ရတယ်တဲ့..။ 
 The Mall(Pangapi) အိမ်နဲ့ နီးလို့ ခဏခဏရောက်ဖြစ်ပါတယ်။

ဂျပန်ဆိုင်ပေါ့..။ဂရင်းတီး....အဟီး။
ချတာတွေတော့ အားလုံးတီးခဲ့တာဘဲ။ 
ကျမစားချင်တာကတော့ ဒီလိုဆိုင်တွေပါ။
အသုတ်မျိုးစုံ....မှန်ပြင်ကနေကြည့်ပြီးသရေယိုခဲ့ပါတယ်။
မြဘုရားရှေ့ က ဆိုင်တန်းကြီးထဲက(အခုအသစ်လေးနဲ့ )။
(စကားမစပ်ဗျာ..၀င်ကြေးကလည်းတနှစ်ပြီးတနှစ်တက်တယ်ဗျို့ ခု ၄၀၀တဲ့..၊
မှတ်မိသလောက်၂၅၀ ကနေစတာလားမသိဘူးနှစ်တိုင်းသွားဖြစ်တယ်..သူလည်းတရိပ်ရိပ်ဘဲ.. )
ရိပ်တယ်လေ...
သူက ပင်စိမ်းနဲ့ ကြက်သားအစပ် (ဖတ်ကဖေါင်)။
တော်ပါပြီလေ..။

 MK ဆူကီဆိုင်က အမြဲစားတဲ့ကျောက်စိမ်းခေါက်ဆွဲနဲ့ ဘဲသားကင်ကရှိသေးတယ်။
မြန်မာသံရုံးလမ်းကပ်ရပ်လမ်းထဲက ထိုင်းစားသောက်ဆိုင်ဆိုရင်ပိုတောင်ကောင်းသေးတယ်။

စရင်းချုပ်တော့ ကျမ ၃ ကီလို အလေးချိန်တက်ပါတယ်။
ခု ၅၄ ကီလိုနီးပါးဖြစ်နေလို့ နေ့ တိုင်းလေ့ကျင့်ခန်းရုံပြေးနေရပါကြောင်း၊
သတင်းကောင်းပါးအပ်ပါတယ်ရှင်...။
(လှချင်တာထက် ကျမ်းမာရေးညီညွတ်တဲ့ ကျစ်လစ်ခိုင်မာတောင့်တင်းတယ်ဆိုတာလေးလိုချင်လို့ ပါ)

စားလည်းစား..၊ကျမ်းမာရေး လေ့ကျင့်ခန်းလည်းမမေ့ကြပါနဲ့  ချစ်မိတ်ဆွေများးးး
မီးမီး

20 comments:

  1. ဗိုက်ဆာနေချိန်လာကြည့်မိတာပိုဆာသွားတယ်။။

    ReplyDelete
    Replies
    1. အစားပုံနဲ့ နှိပ်စက်မိပါ၏..
      :)))

      Delete
  2. တို့လည်းထုံးစံအတိုင်း ဗာနီလာပဲ...:P
    အားလုံးစားချင်လာပြီ...

    Mandy

    ReplyDelete
    Replies
    1. မူလလက်ဟောင်းအစွဲလေးပေါ့နော်..။
      များတို့ တော့ ခေတ်ပေါ်ဟေ့..။
      လှလှလေးမြင်ရင် ၀ါးစားချင်နေတာဘဲ။
      :D

      Delete
  3. မှာထားတာလေးတွေက အားလုံးကောင်းမယ့်ပုံလေးတွေ။ ဟုတ်တယ် မီးမီးငယ်ပြောမှ Gym ပြန်သွားဖို့ကို သတိရတယ်။ ပြီးခဲ့တဲ့ တစ်လလုံးအလုပ်ရှုပ်နေတာနဲ့ အဲဒီဖက်ကို မလှည့်နိုင်သေးတာ။ တော်သေးတယ် ၀ိတ်တော့မတက်သေးဘူး :D

    ReplyDelete
    Replies
    1. အလုပ်ပါးရင် ၀ိတ်တက်တယ်။
      ချက်ချိန်၊စားချိန် ချမ်းသာနေတယ်လေ..။
      ^-^

      Delete
  4. လေ့ကျင့်ခန်းကတော့နောက်မှ..
    ခုတော့ဗိုက်ဆာလာလို့ ဘာစားရင်ကောင်းမလဲ
    စဉ်းစားနေပြီ။း))
    အိုင်အိုရာ

    ReplyDelete
    Replies
    1. မြင်မြင်သမျှသာစားပေတော့..။
      ဟားဟားးးးး

      Delete
  5. ပိုစ် တခုလုံးဖတ်လားတာ
    ဟယ် စားချင်စရာလေး တွေ ချည့်ပဲ
    ဒီလောက်စားရင်တော့ ၀များ ၀လာ မလား မသိဖူး
    စဉ်းစားမိတာ ပြောပါတယ်
    ခုတော့ စိတ်ပူတော့ဝူးးးး
    ၃ ကီလိုပဲ တက်တာလဲ့
    ဟိဟိ

    ReplyDelete
    Replies
    1. ရွှေချွေးမလေးရေ..။
      မေမီးကပြေးလိုက်လွားလိုက်နဲ့ လေ။
      ဘီရိုမာတို့ ပြေကိုလည်း ၂ခါပြေးရသေးတယ်။
      မောလွန်းလို့ ငတ်ကြီးကျတာလားတိပါဘူးဟယ်။
      ၅၀ကီလို အောက်လောက်ဘဲရှိစေချင်တာ..။
      အဟဲ..ကြီးမှလှချင်တယ်ကြောနဲ့ နော်...

      Delete
  6. အားလုံးစားချင်စရာတွေဘဲ။mkကဘဲကင်ရဲ.အရသာကတော့ကောင်းလွန်းလို.ခုထိလွမ်းနေတုံး။

    ReplyDelete
    Replies
    1. ဟုတ်တယ်..အန်တီ.။
      ပြီး..စားနေတုံး ၀န်ထမ်းတွေ ထပြီးအားလုံးကနေကြတာကလည်း၊
      တမျိုးကြီး..ဘဲ။
      နောက်တော့ ကျမလိုက်လုပ်မလို့ ယောက်ကျားအတင်းဆွဲထားတယ်။
      ရှက်လို့ တဲ့...။
      အဟဲ..ကျမကမျက်နှာပြောင်တယ်လေ။

      Delete
  7. မမီးမီး

    ထိုင်းမှာနန်းကြီးသုတ်ရတဲ့ ဆိုင်နေရာလေးကိုသိချင်လို့ ပါ

    ReplyDelete
    Replies
    1. ABAC(Assumption University),
      Ramkemheang Road,Soi 24
      အဲဒီထဲကိုဝင်လာရင်
      ( Big C supermarket)Soi 24 လမ်းထဲဝင်လာရင်
      ကျောင်းမရောက်ခင်၊ဒုတိယ လမ်းကနေ၀င်လိုက်ပါ။
      ကပ်ရပ်လမ်းမှာ မ၀င်နဲ့ ။
      ဘယ်ဖက်အခြမ်းဖက်ကဆိုပါတော့။
      ဗမာစာနဲ့ ရေးထားပါတယ်။မြင်သာပါတယ်ကွယ်။
      ကောင်းကောင်းစားခဲ့နော်။
      ဒန်ပေါက်တွေလည်းရပါတယ်။
      :P

      Delete
  8. ငါ့ညီမကြီးလည်း သွားလိုက် လာလိုက်
    စားလိုက် သောက်လိုက်
    ရိုက်လိုက် တင်လိုက်နဲ့
    ဟန်ကို ကျနေတာပဲလား :D

    ReplyDelete
    Replies
    1. ကိုရင်သာပျော့ရေ..
      ကျုပ်တို့ တောမှာ မရနိုင်တာတွေ တွေ့ ရင်၊
      ငတ်ကြီးကျတာပေါ့။
      ငံပြာရည်နိုင်းချင်းနဲ့ ချက်ထားတာတွေလည်း။
      ကိုရင်အတွက်ရည်စူးပြီးအများကြီးစားခဲ့ပါ့။
      :))))

      Delete
  9. ဓာတ်ပုံတွေကြည့်ပြီး သွားရည်ယိုသွားတယ် မမီးရေ

    ReplyDelete
    Replies
    1. အဲဖက်ရောက်ရင်၊
      ကိုယ့်လိုသာပုံကြည့်ပြီးမှာလိုက်။
      အားလုံးအိုကေဗျားး။

      Delete
  10. မွန်မွန်ယိုကိုJune 24, 2012 3:31 PM

    မမီးမီးရေ
    ဓာတ်ပုံတွေထဲမှာ ဆယ်လမွန်ငါးကင် နဲ. သရက်သီး အိုင်စကရင် ကောက်ညှင်းကို သွားရည်အယိုဆုံးဘဲ။
    ညဘက်ကြီးလာကြည်.မိလျက်ဖြစ်နေတော. ဂလုကို အသာနှိပ် ဂျိပ်......:)

    မွန်မွန်ယိုကို

    ReplyDelete