Wednesday, March 6, 2019

Santa Monica ကမ်းခြေအလည်တခေါက်

မင်္ဂလာပါရှင်~~~

ပြေးပြေးလွှားလွှားနဲ့သာ Santa Monica ကမ်းခြေရောက်တော့ ကမန်းကန်း bus ကားပေါ်ကဆင်း ဘာ
မှန်းညာမှန်းသေချာသိတာမဟုတ်..😁 ဒီလိုပါဘဲ တခါတလေသူများယောင်လို့သာ လိုက်ယောင်တာ အမောင်ဘာမှန်းမသိဆိုသလိုပါ့...။ မြေပုံစာရွှက်တဖက် ရေဗူးတဖက်နဲ့ ခပ်တည်တည် လူကြားထဲသာ ဖွင့်ကြည့်တာဗျာ...ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိ။ ကားပေါ်ရောက်မှ SFဆန်ဖရန်ကတူမချောက
ကိုယ့်နဲ့တွေ့ဖို့လာခဲ့တာ ရောက်ပြီဆိုပါတယ်တဲ့။ ခုခေတ်ရောဂါတခုက ခရီးလေးများထွက်ရင် ဒီရောက်ပြီရှင့်
ဟိုရောက်ပြီးချင့်နဲ့ fb နတ်မင်းကြီးပသပြီး အများသူငါမြင်အောင်ပြရလေတော့ ခင်ခင်ငီးလည်း လက်စွမ်း
ပြခဲ့မိတယ်လေ..။ ဒီမှာနေတဲ့ တူတော်မောင်က စာပို့တာ..နမီးငယ် ဘယ်ရောက်နေလဲ တွေ့ချင်တယ်ဆို ပါရော...ကိုယ်လာတွေ့တဲ့တူမလေးက ဆယ်ဝမ်းများကွဲလေမလား 😎 တကဲ့အရင်းကြီးတွေ မတွေ့ရဘဲ
ပြန်လို့မဖြစ်...စိတ်ကအဲ့နားရောက်တော့ လူကဂနာမငြိမ်...မြင်ကရာလည်း တချက်ချက် ဓါတ်ဖမ်းပေး ရသေး 😝

 
 ခြေချခဲ့ပါတယ်လေ...😎
 ကမ်းခြေသောင်ပြင်ကလည်းကြီးမားကျယ်ပြန့်....ဒါတောင်လူကဆောင်းတွင်းကြောင့် သိပ်လူမရှိတာတဲ့
လူလျောက်လမ်းသစ်သားတံတားပေါ်ကနေဟိုးအဆုံးထိ..လှမ်းကြည့်လိုက်တာနဲ့...ဖယားဖယား..😮များလှချည့်လား..ရွှာဦးဘုန်းကြီးကျောင်းအလူထက်ကိုပိုပါတယ်ဆို...
 သစ်သားတံတားဆုံးကနေကမ်းဖက်မြင်ကွင်း...
ကမ်းမမြင်လမ်းမမြင်..စကားမစပ် 💭သဘောင်္လိုက်တဲ့သူတွေကိုသနားမိ..နေ့တိုင်းဒါဘဲမြင်ရ..
အရမ်းငေါင်နေကြမှာဘဲနော်....
 သူတို့လည်းရူတင်တခုလားမသိ...အကြာကြီးလုပ်နေတာမပြီးတော့...ဘူး..အဝေးကနေစပ်စုမိ
နွေရာသီဆို ပျားပမ်းခပ်တဲ့...ပုရွက်ဆိတ်အုံလိုဘဲတဲ့...
တွေ့ပြီတွေ့ပြီ..သူဘဲ...လူတွေကသူ့ရှေ့မှာ ဘေးမှာ ဆယ်ဖီတွေအပီဆွဲ..အစကဘယ်သူမှန်းမသိပါ...
နောက်မှ Vin Diesel (The Fast and the Furious series ထဲကကိုကတုံးကလေး...) သူကလေးက
သူ့နံမည်ရင်းထက် အဲ့ဇာတ်လမ်းထဲက ဇာတ်ကောင်နံမည်နဲ့လူသိများတယ်တဲ့။

သူ့နှဘေးကသူ့အမွှာညီအကိုတဲ့ အင်္ဂလိတ် ဂျာမန် စကော့တလန်စပ် အဖေကိုမမြင်ဖူးဘူးတဲ့။ အစက
သူ့ကို Latino Latin American မှတ်နေတာ။ အသားဖြူဖွေးလို့..ပြုံးပြုံးလေးနဲ့ သဘောကောင်းမဲ့ရုပ်...။
NY Longisland က Mall ထဲမှာလည်းတခါကြုံဖူး..။ ကောင်မလေးငယ်ငယ်တွေက အီး အားနဲ့အော်ဟစ်
အားပေး ကောင်လေးခပ်ငယ်ငယ်ချောချောလေး..ဘယ်သူမှန်းမသိ..ဓါတ်ပုံရိုက်ဖို့မတိုးနိုင် လူတွေတိုးကြိတ်
နေလို့လေ... 😁😂

လှေခါးနားက စာတမ်းလေးတွေကိုစိတ်ဝင်စားလို့၊ မျက်မှန်မဲကြီးတပ် မမြင်ရ ဓါတ်ပုံရိုက်ထားရင် ပြန်ကြည့်
လို့ရတယ်ထင်တာ..ပြန်ကြည့်လည်း မမြင်ရ...😆

အဆုံးထိလျောက်လာပြီးပြီလေ..ပြန်ရအောင်...
 ဒေါ်နယ်ထွန်းလို မျက်နှာဖုံးစွပ်ပြီး လာတီနိုသီချင်းဟဲနေလေသူကြီး....
တောင်ကြည့်မြောက်ကြည့်...အိမ်သာတက်ပါဘဲ....

 
ကမ်းခြေနားက အိမ်တွေလမ်းတလျှောက်မှာတွေ့မိတာ ဝင်းတွေခပ် ပြူတင်းပေါက်တွေလည်း သံတိုင်
တွေကာ အိမ်တိုင်းခြံခပ်လို့ ကြည့်ရတာ အခြေအနေသိတ်အေးချမ်းပုံမရ မူခင်းများမဲ့ပုံ...။ မီယာမီ ကမ်းခြေမှာတော့ သီချင်းတွေဖွင့် ဘီယာသောက် အားလုံးဝိုင်းကနေကြတာဘဲ..။ အဖွဲ့တွေအများကြီး
ဆူညံလို့...ဒီမှာနဲနဲတော်သေး...။ မှန်တာပြော အရှေ့ဖက်ကမ်းခြေကဘဲ ပိုကောင်းပါတယ်..အဟိ 😝

အုန်းပင်လားထန်းပင်လားဝေ့!!!!သဘောကျလို့ပါ ကိုယ်တို့ကျိုင်းတုံမှာ အုန်းပင်လည်းပေါက် ချယ်ရီ လည်းပွင့်..(ကြုံတုံးလေးကပ်ကြွားပါရစေ😌)
 အဲ့ဒီအိမ်တန်းကြီးသဘောကျလို့...မိုက်စ်...
 အပြန်ကျတော့အေးပြီ..ကားအောက်ထဲဝင်နေရ
 တကယ်ဆိုရင်ဆက်မသွားဘဲ ပြန်မလို့ပါ ကားမှားစီးလို့နောက်တကြောင်းထပ်လည်ရ ..😁
တူတော်မောင်နေတဲ့နေရာနဲ့နီးတဲ့နေရာမှာဆင်းနေခဲ့ သူကလာကြို၊ တူမတော်က အဲ့အိမ်လိုက်လာ.. အိုး လာ လား...အရမ်းသာယာတဲ့ညနေခင်းနဲ့ အရမ်းမိုက်တဲ့ညစာစားခဲ့တာပေါ့....

အောက်တိုဘာကတဲ အေးလိုက်တဲ့ အအေးက ကျလိုက်တဲ့နှင်းနဲ့ ခုမတ်လရောက်နေပြီ...ဆက်လက် ချီတက်နေတုံး....လူလည်းအတော်အီနေပြီ...ကောင်းတလှည့်မကောင်းတလှည့်...ဒီလိုဘဲလေ..တလတခါ
လာပြီးတင်ဆက်အုံးမှာပါ....😊😉😘

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

6 comments:

  1. မမီးကလည်uးpdate လေးတင်ပါ နိုဝင်ဘာကခရီး ခု မတ်လရောက်ပြီ...:)

    ReplyDelete
  2. ဟီး...
    ပြောလည်းခံရမှာဘဲ...
    ဒီတနှစ်လည်းဒီမှာအသေအေး
    လေးဖက်နာဆိုတာကြီးကလည်း
    ကိုက်ခဲသလားမပြောနဲ့
    အထူးသဖြင့်လက်ချောင်းလေးတွေ
    အဲ့လို..ပါဆို...
    စိတ်ကူးထဲရေးတာအများကြီး
    အဟဲ...ဒီတလပြီးရင်
    ရာသီဥတုကောင်းလောက်ပြီ
    အဲ့အခါမှ..မျက်စိနောက်အောင်
    ဖတ်တော့နော်..

    ReplyDelete
  3. ကျန်းမာရေး ဂရုစိုက်ပါမမီး... ဖီလင်92ထဲမှာ မမီးလည်းပါတာတွေ့လိုက်တယ် စာအုပ်ကတော့ တီတင့်ဆီကသွားမယူရသေးတော့ မဖတ်ရသေးဘူး...ဖတ်ပြီးရင် ရီဗျူးမဟုတ်ပေမယ့် ဒီစာအုပ်ဖတ်ပြီး ဘယ်လိုခံစားရတယ်ဆိုတာတွေကို ပို့စ်တင်မယ်...း) မိုးငွေ့

    ReplyDelete
  4. အိုး..ကောင်းလိုက်တာ..
    လုပ်စမ်းပါကွာ..
    ဒီကလည်းဓါတ်ပုံတွေဘဲ
    မြင်နေရသေး
    အင်းသားညီမလေး
    တယောက်နဲ့ယူထားခိုင်း
    မိုးငွေ့လည်းရေးလား..
    ကိုယ်တော့
    တအုပ်သိမ်းထားပြီး
    တအုပ်ကိုလက်ဆောင်
    (ယူပေးတဲ့ညီမလေး)
    ကိုယ့်ရဲ့ပထမဦးဆုံးပိတ်သတ်ကြီးမို့
    ကျန်တာဒီဘလော့မှာ
    မဲဖေါက်ပေးရင်
    ကောင်းမလားလို့..
    :P ;D

    ReplyDelete
  5. မဲဖောက်ရင် ညီမလေးကိုဖေါက်ပေးပါမမီး..ဟဲဟဲ...။ ဒါနဲ့ အမေနဲ့အဒေါ်တွေက ဗီယက်နမ်စစ်စစ်တွေ ရှမ်းသွေးမပါဘူး...း)

    မိုးငွေ့

    ReplyDelete
    Replies
    1. ဟီး...
      ညီမလေးလည်းဝင်ရေးတယ်မဟုတ်လား..
      ဒါဆိုရမှာပေါ့...
      လိုချင်လား...
      တွေ့ရင်ပေးမယ်လေ..
      မုန့်ကျွေးနော် :P
      ဗီယက်နမ်မှာ
      ရှမ်းတွေအများကြီးရှိတယ်လေ..
      တကယ်လို့ဗီယမ်နမ်စစ်စစ်
      ဆိုရင်လည်း..အတော်ရှမ်းရုပ်ပေါက်တာဘဲ...နော့်

      Delete