Thursday, January 31, 2019

LA လော့အင်ဂျလိစ်ခရီးစဉ်

မင်္ဂလာပါရှင်~~~

Santa Barbara စန်တာဘာပလာမြို့လေးကနေမနက်စောကြီးထ ချီတက်လာတာမိုးလင်းမှ LA လော့အင်ဂျလိစ် Union stationဘူတာရုံကိုရောက်တော့တယ်။
ဒါက လော့အင်ဂျလိစ် ဘူတာရုံအောက်ထပ်...
ကိုယ်တို့က မြို့ပတ်Tour ကားနဲ့တမြို့လုံးပတ်မယ်ပေါ့..ဒီလိုစိတ်ကူးရှိတော့ ကားသွားရာလမ်းကြောင်းကို ရှာပြီးသွားမယ်ဆိုတဲ့ မဟာပလန်ကြီးချလို့ ပြေးပြေးလွှားလွှား၊ ရထားဆိုက်လို့ ဘူတာဆင်းဆင်းခြင်း ဒါတ်ပုံလေးချိန်မယ်ရှိသေး..သူတို့က ပြာယာခပ်ပြေးလေတော့ ဒီကမရိုက်ရဘဲ အပြေးလိုက်ရတယ်..။ စိတ်လေလိုက်တာဗျာ..😕 ဘူတာရုံအပြင်ရောက်မှ မှတ်တမ်းတင်ရ..😁
(ခရီးစဉ်တခုလုံးနီးပါး ကင်မရာက နာရီအချိန်မပြောင်းမိ 😆 NY-NJ အရှေ့ဖက်ကမ်းကအချိန်နဲ့ အနောက်ဖက်ကမ်းခြေ LA-SF အချိန် ၃နာရီကွာ) ရက်စွဲပါတာက ကင်မရာနဲ့ရိုက် မပါတဲ့ပုံတွေက
ဖုံးနဲ့ဆွဲ ဖုံးတဖက် ကင်မရာတဖက် မျက်မှန်မဲကြီးနဲ့😎 မှန်တာပြော သေချာမမြင်ရပါ...😝
 ကိုယ်ကသူတို့ဘတ်စကားစီးချင်တာ...ခလေးမလေးက အတင်းဘဲ Uber မှ အူပါး...
ကဲ...ပါလေ...မြို့ပတ်ကားကြီးလမ်းကဒီဖက်မှာမရှိ...အဝေးကြီးသွားရမယ်..အချိန်မရှိဆိုတော့ အူပါးလိုက်ရတာပေါ့...။
ဒီနေရာလေးမှာ ကားဂိတ်စဆိုပါတော့ ဒါတ်ရှင်တွေထဲအမြဲမြင်ရလေ့ရှိတဲ့နေရာလေး တိုးရစ်ပေါ လူများ တဲ့နေရာပေါ့။ အဲ့အမြင့်ကနေတက်ပြီး Hollywood စာတမ်းရှိတဲ့တောင်ပေါ်လှမ်းမြင်ရ...ကားလက်မှတ် လည်းဖြတ်ပြီးပြီ အချိန်လေး ၁၅မိနစ်ဘဲကျန်...
ကိုယ်တို့ကဗိုက်ဆာပြီ..အောက်ထပ်က စတားဘတ် မုန့်ဝယ်ကော်ကော်သောက်..အပေါ်မတက်တော့ဘူး
ကမန်းတကန်းစား..ပတ်ချာလည်နဲနဲပါးပါးလေ့လာချင်သေး..သေချာတာက ခင်သက်ထွေးလေ..ရေအိမ်ရှာ
ရအုံးမယ်...😁
ကဲ...တောင်ပေါ်ကို မျော်ကြည့်ပြီးရိုက်..နောက်ကြုံမှဘဲတက်ကြတာပေါ့လေ...
 ဒီအဆောက်အဦရဲ့အောက်ဖက်ကားလမ်းမမှာ ကားလာဆိုက်မှာတဲ့
လှေခါးကနေလှည်ပြန်မျှော်ကြည့်..
ဒီလမ်းကတော့ ဟော်လီဝုဒ်စတားကြီးတွေနံမည်တွေရေးထိုးထားတဲ့လမ်းပေါ့ ရုပ်ရှင်ထဲကသရုပ်ဆောင်လို
ဝတ်ထားတာတွဲဓါတ်ပုံရိုက်လည်းရ.."ပိုက်ချံပိုက်ချံ$$$ မပေးလို့များ အမူံဖြစ်တွားမယ်မှတ်" NY မြို့လည်မှာ
အဲ့လိုဘဲရှာစားတဲ့သူအများကြီး...ကိုယ်တုံးလုံးပေါ်ဆေးအပြည့်ချယ်တာတွေလေ...👀
ကြည့်ရတာ ကပွဲရုံလားမသိ...ကားပေါ်နေရမရမှာစိုးလို့..အပြေးတက်...
အော်ကြုံလို့..ကိုမက်ကြီးတွေ့တုံးနင်းထားတာ..ဒင်းကသိပ်မြန်တာတဲ့..ဘယ်တော့မှမသေဘူး...ပြေးလွှား
တော်လိုက်ပုံက...အော်...ဒါတ်ရှင်ထဲမှာလေ...😂
နေရာတကာတွေ့ရာရိုက်ပေမဲ့ ကိုယ့်ကိုကျားကျားက မရိုက်ပေး တူမလေးကလည်း ငေးမောနေတော့ ကိုယ့် အားကိုယ်ကိုး..ဆယ်ဖီတဲ့..သူများတွေရိုက်တာများ လှတပတထွက် ကိုယ်များဆယ်ဖီဆိုရင် နဖူးဘဲပါတတ်
😄 ဒီတခါတော့ နဲနဲအိုကေ..နောက်ကလူတွေလည်းပါ..အဟားဟား..မှတ်တမ်းတင်လိုက်ပြီ...
.ကားစထွက်တော့ ဘေးကတရုတ်ဘုံကျောင်းလားမသိ...လက်ပြနူတ်ဆက်ရတာအမော..မိုးကောင်းကင် ခေါင်မိုးတခုထဲကလူသားအချင်းချင်းဘဲလေဟယ်...သူတို့က ရက်အင်ဒီးယန်းလိုဝတ်ပြီးဗုံတီးနေတာ..
ကားကြီး ဘီးလိမ့်တာသိပ်မကြာဘူး..ကွေ့တော့ အဲ့လမ်းမတန်းကို ပြန်ကြည့်မိ..
နားကျပ်တပ်ထားတော့ သူရှင်းပြတာတွေနားထောင် ဘယ်ဖက်က ဘာဖက်က ဘာညာကွိကွပေါ့လေ..ပြော
နေတုံးကတော့ သိပေမဲ့ ခုတလ ၂လကြာတော့ အဖွားငယ်လေးငီးငီး မမှတ်မိတော့..ဟီး😉 လမ်းမဘေးက
မြက်ခင်းမှာ ပန်းပုပုံစံချထားတာ သူ့အဓိပ္ပါယ်သူရှိပါလိမ့်မယ်..အဲ..ကွန်ကရစ်လား သံနဲ့လား..မေ့နေလို့ဆို
နားကျပ်ထဲကပုဂ္ဂိုလ်ကရှင်းပြရှာတာ ဘယ်အဆောက်အဦက ဘယ်သရုပ်ဆောင်အမြဲလာ ဘယ်သူ လုပ်ခဲ့တာ ဘယ်လိုဘာညာ..အရမ်းကောင်းပါတယ်..သွားလည်ကြပါလေ..မြို့ပတ်ကားကြီးစီးရတာ
အရသာရှိတော့ တမြို့လုံးမြင်ရတယ်..နားထဲလာပြောပေးတယ်..ရှင်းပြတယ်..ကဲ..ဘာလိုသေးလည်း
အပေါ်စီးကနေမြင်ရတယ်...
သူပြောပြတဲ့သရုပ်ဆောင်နံမည်တွေ မမှတ်မိ..တကယ်ဆို မသိတာများပါတယ်လေ😁😂 ကြားမိတာ တခုက ဟောလိဝုဒ်ဖက်သွားကြမယ်ဆိုလားဘဲ...
ဒီလမ်းကနံမည်ကြီး မင်းသားမင်းသမီးတွေနေကြတဲ့နေရာတဲ့...Beverly Hills တောင်ပေါ်ကအိမ်တွေက ကိုယ်တို့ လေယာဉ်ပေါ်ကနေမြင်ခဲ့ရတဲ့ အိမ်တွေနေမှာ..အရမ်းလှတယ်...အပေါ်ကနေကြည့်တော့ ရေကူးကန်တွေနဲ့
တန်ဖိုးကြီးအိမ်တွေပေါ့လေ...
သူရှင်းပြတာနားမထောင်အား..သူများအိမ်ငမ်းနေလို့..ကလပ်တခုလားမသိ..လွှတ်သွား မကြားမိ
ပြင်ဆင်ထားပုံကအမိုက်စား
ဓါတ်ဆီဆိုင်ကလည်း..ကိုယ်တို့အရှေ့ဖက်ကမ်းမှာဆို နှင်းကျချိန် လေးပြီးချက်ချင်းကျိုးကျမဲ့ခေါင်မိုးပေါ့..
အုံးပင် ထန်းပင်တန်းလေးတွေနဲ့ အဆောက်အဦမြင်ရတာ သဘောကျ..မက်စီကန်ပုံစံ Beverly Hills City Hall
Santa Monica ကမ်းခြေ ရောက်မှဆင်းမယ်ဆိုပြီး..မထတန်းထိုင်လိုက်သွားကြတာ....ဘယ်နားရပ်ရပ်
မဆင်းရေးချာမဆင်းဘဲ...😁
ဒီဖက်ကအိမ်တွေလှလို့  ကားလမ်းလည်းလှ....သူဋ္ဌေးတွေနေတဲ့နေရာဖက်မှာမို့...ပါလေနောက်ပိုင်း ကမ်းခြေကအပြန် သွားတဲ့နေရာ..အိမ်လေးသေးသေးနဲ့ ခြံခတ်ဝင်းခတ်အထပ်ထပ်...လုံခြုံရေးအခြေအနေ မကောင်းပုံ..ဟီးဟီး
ဘုရားရှိခိုးကျောင်းလည်း မက်စီကန်အငွေ့အသက် Good Shepherd Catholic Church Santa Monica Blvd Beverly Hills CA
ဒီကားလမ်းSanta Monica Blvd ညာဖက်တလျောက်က အိမ်တွေမှာအနုပညာရှင်တွေများတယ်တဲ့.. သူတို့ လည်းလမ်းထွက်လမ်းသလား သွားလာတတ်တယ်ဆိုလို့..ဒီကိုကိုကြီး ဦးဦးကြီးလည်း မင်းသားများဖြစ်လေ 
မလားလို့...မှတ်တမ်းဆွဲထားရသေး😎
အဲ့ဒီSanta Monica Blvdလမ်းမတလျောက် ညာဖက်မှာ Park တွေရှိတယ်..သေသေချာချာလုပ်ထားတာ
Beverly hills garden park အကြီးကသပ်သပ်..လမ်းမပေါ်ကခပ်သေးသေးလေးတွေ အရမ်းလှဘဲ..ငေး
ကြည့်နေတာ ဒါတ်တွေ ဗီဒီအိုတွေ ဘာတွေမရိုက်နိုင်အား..
ကမ္ဘာကျော်ဆိုင်းဘုတ်တခုတဲ့....😎

ရုပ်ရှင်လုပ်ငန်းကြီးကဝင်ငွေကောင်းတော့ ဘဏ်ကြီးတွေလုပ်ငန်းကြီးတွေလည်းအများကြီးပေါ့...
ဘာကြီးလဲ!!ဟိုအဆိုတော်ကြီး ရေချိုးကန်မှာသေတာ သူနေခဲ့တဲ့ဟော်တယ်လည်း ပြတယ် ဘယ်တခုကြောင်း !!! ရူပ်ကုန်ပြီ... လေ။ ဒီမှာတော့ နံမည်ကြီးရုပ်ရှင်ရိုက်တာမှိတ်မိလား..ဇာတ်ကားထဲက မင်းသားက "မက်ကိန်း"(ဇာတ်လမ်းထဲကနံမည်)ဆိုတာပေါ့..ခရစ်စမတ်ရာသီဆို အဲ့ကားအမြဲပြန်ပြတတ်...
ဒီ FOX စတီဒီယိုခြံကြီး စကနေဆုံး Video ရိုက်ထားမိတယ်..မနဲမနော် အကျယ်ကြီးဘဲ..ဒီလိုရုပ်ရှင်ခြံကို
လည်ချင်တာ နောက်တခါပြန်လာဖို့တော့ စာရင်းတို့ထားတာဘဲလေ...
တိုက်ခန်းတွေလည်း ပြင်ဆင်ပုံစံ အမိုက်စားဘဲ..ကာလာမျိုးစုံ..
ကမ်းခြေရောက်ခါနီးပေါ့...
ကိုင်း...Santa Monica   ကမ်းခြေဆိုတာ..Baywatch ဇာတ်လမ်းတွဲရိုက်တဲ့နေရာပေါ့.. ကိုယ်တို့ငယ်ငယ် ကအရမ်းကြည့်ပြီး ကြိုက်ခဲ့တာပေါ့...

နောက်တခါမှ အဲ့ဒီကမ်းခြေမှာ တကဲ့ဟောလီဝုဒ်စတားကြီးတယောက်နဲ့ မမျှော်လင့်ဘဲတွေ့ခဲ့တာ အာလူး
လာပေးရမှာပေါ့နော့်....

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

2 comments:

  1. သွားမယ် သွားမယ်နဲ့တခါမှမရောက်သေးတော့ ဒီကပုံတွေတ၀ကြီးကြည့်ခဲ့ပါပြီ

    ReplyDelete
    Replies
    1. ကြုံတဲ့အခါဖြစ်အောင်သွားပါ
      ကျမတော့အလည်ဘဲသွားတော့
      တကယ်နေမယ်ဆိုရင်
      မနေချင်ဘူး..ဟီး...
      ပျော်စရာတော့ကောင်းသား....
      အလည်လာတာကျေးကျေး..စပယ်ရေ့...

      Delete