မင်္ဂလာပါရှင်~~~
|
ပင်လယ်ကနေ နေစထွက်တာပထမဦးဆုံးမြင်ဖူးခြင်းပါလေ.. ပစိဖိတ်သမုဒ္ဒရာကြီးနဲ့နေလုံးကြီးပေါ့... |
Santa Barbara စန်တာဘာပလာ ကနေ လော့စ်အင်ဂျလိစ် LA ကို ကားနဲ့မောင်းသွားရင်လည်း၂နာရီနီးပါး၊ ရထားလည်း ထိုနည်းလည်းကောင်း 😀၊ ကိုယ်တို့လေယာဉ်နဲ့လာတာက နာရီဝက်သာသာရယ်...။ ဒီလိုခရီးတိုကိုလေး ငယ်ငယ်တုံးက တာချီလိတ်-ကျိုင်းတုံတခါ လေယာဉ်နဲ့ပြန်လာဖူးတယ်။ နာရီဝက်
လောက်ပါဘဲ..။ ကားကလည်းဌားထားပြီးဆိုတော့ သူကကားမောင်းမလို့တဲ့၊ ဘာရမလဲ မနဲ ဘီဒိုအာဏာ ပါဝါသုံးပြီးပယ်ချရတယ်။ သူကမောင်းပေမဲ့ဘေးက ဂူဂဲမမတချိန်လုံးမလုပ်ပေးနိုင်၊ ဘေးဘီငေးမောခံစား
ကြည့်ရူရအုံးမယ်လေဗျာ..။ ကဲ..ဘတ်စ် ရထားရွှေးဆိုတော့ ဒီကရထားရွှေးတာပေါ့..။ သက်တောင့်သက် သာနဲ့ခရီးသွားခြင်းအရသာခံစားတတ်ဖို့ ရွှေးချယ်တတ်ရတယ်ကွဲ့..။
|
ဟိုး...မှာနေစထွက်ပြီ....မောတာတွေပန်းတာတွေခနရပ်လို့ မြင်သမျှငေးမောဘဲ.. |
ကိုယ်ကဂူဂဲထားပြီးသားသူက မယုံလူတကာမေး၊ ထိုင်းဆိုင်ကနေအပြန် ဘူတာရုံသွားကြည့်၊ ကားမထား ရမှာစိတ်ပူ၊ ကိုယ်ကရပါတယ်ဆို တာမယုံ၊ ညကတဲက ရထားလက်မှတ်အွန်လိုင်းကနေဝယ်ထား၊ မနက် သွားခါနီး အောက်က ကောင်တာကိုကိုနားသွားမေး၊ ဟိုက မရဘူးထင်တယ်ပြော၊ အားချင်း ကားဌားပြီး
ဘူတာဆင်းဖို့လုပ်၊ ခလေးမလေးရှိတဲ့တက္ကသိုလ်ဖက်သွားကြို၊ တစ်ပေး 👀 ဟိုရောက်တော့ ကားထား လို့ရတာရှိ၊ ဟွန့်..ဘာရမလဲ ပြောနေကျစကားနဲ့ ဖိပေးရတယ်..တွေ့လား မိန်းမစကားနားထောင် အိုတောင်
မဆင်းရဲ...😆😂 စကားပြန်မလာနိုင်သေး...အလုပ်များချင်ယောင်ဆောင်နေ 😜
|
ကိုယ်ကမရိုက်ထားမိသူများပုံဂူဂဲပြီးမလာတာ😎 |
စောစောစီးစီး..ထိပ်ဆုံးရောက်တာဘဲ..ရထားကဒီကနေစထွက်တာဗျ..၊ ဒီဘူတာလေးကသေးသေးလေးပါ။
ဒီမြို့လေးက college university 4 ခုတောင်ရှိတော့ ကောလိပ်တက္ကသိုလ်ကျောင်းသူကျောင်းသားများ တယ်။ ဘူတာရုံမှာ သူတို့ပိတ်ရက်ဆိုတော့ အများကြီးပါဘဲ အိတ်ကြီးငယ်အသွယ်သွယ်နဲ့ပေါ့ဗျာ..။ ဒီမြို့လေးကအပမ်းဖြေဖို့အရမ်းကောင်းနံမည်ကြီးပေါ့..
|
ပင်လယ်ကမ်းစပ်နားနီးချိန် ကားနဲ့စခန်းချနားနေစခန်းတွေအများကြီးစတွေ့တော့တာဘဲ |
ရထားမှန်ဆိုတာကသိတဲ့အတိုင်း သိပ်မကြည်ပါဘူး..မြင်မိသလောက် ခံစားကြတာပေါ့နော့်
ရထားသွားချိန်တဖက်ကလည်းကြည့် ဗီဒီယိုကလည်းမလွတ်စေရ ဓါတ်ပုံလည်းတချက်ချက်နှိပ်ရ နဲတဲ့ စကေးလားနော်...😉😊
ကားလမ်းမတလျောက်ဒီလိုကားတန်းကြီးကမျက်စိတဆုံး....
ကားတန်းကြားထဲမှာ လူတွေသုံးဖို့ရွှေ့ပြောင်းအိမ်သာ အမိုက်ပုံးကြီးတွေလည်းချထားပေး...
ကားလမ်းကပ်ရပ် မြေကွက်လပ်ကြားထဲမှာအိမ်သေးသေးလေးတွေနဲ့ သူတို့နောက်မှာ ပင်လယ်ဘဲ...
ရထားရဲ့ တဖက်ခြမ်းကတော့ Santa Ynez Mountains ပေါ့ဗျာ...
စိုက်ခင်းတွေလည်း မျက်စိတဆုံး...
မြင်းစောင်းတွေလည်းတွေ့ရတာဘဲ...
ကားသင်္ချိုင်းကတော့ ကြီးမှကြီးဘဲ....
ကဲ...ကားဝယ်ချင်ရင်ပြော shine ပြီး ပို့ပေးမယ်..😬😁
နဲတဲ့ကားကွင်းကြီးလား..တစီးမှ အကောင်းမတွေ့ 😂😝😅 ဒါတွေကစနေနေ့သွားတုံးက တနင်္ဂနွေမှာ
SB မှာဘဲလည်ပြီး တနင်္လာနေ့မှာ နောက်တခေါက်ရထားစီးပြီး LA ပြန်ကြတယ်..။
အော်...ဆန့်ကျင်ဖက်ဆိုတာအမြဲဒွန်တွဲနေတယ်တဲ့..သိလား..သဘာဝကပေးတဲ့အလှတရားလည်းရှိသလို လူတွေဖန်တီးထားတဲ့ မလှတရားလည်းရှိပေါ့တော်... ရထားလမ်းနဲ့အမိုက်ဆိုတာက တွဲကိုတွဲနေမှ ရတယ်ဆိုလား...😁
အောက်ပိုင်းမပါဘဲ...ကြည့်ရင်လှတာ..
အောက်မှာက..ဒီလို..ဗီဒီယိုတွေက ဖိုင်ဆိုက်ကြီးလို့တဲ့..တင်လို့မရဘူး...
ရထားသံလမ်းဘေးက သူတို့မြို့လေး..စပိန်အငွေ့အသက်အများကြီးပါ...
ကဲ...အားလူးပေးကောင်း...ဟင်းအိုးတူးတော့မယ်ဗျို့...မင်္ဂလာရှိတဲ့နှစ်..ဖြစ်ကြပါစေနော့်...
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage
0 comments:
Post a Comment