![]() |
တန်းစီအပေါ်ရောက်ပြီးရေခဲမလျောဘူးရှင့် ပဲပေးပြီး ပြန်ဆင်းလာပါတယ်ရှင့်😁😂 |
The Quebec Winter Carnival (French: Carnaval de Québec) ဆိုတာ ဟိုးနှစ်ပေါင်း 1894 ကတဲက
စပြီးကျင်းပကြတယ်တဲ့..။ ၂ဝဝ၆ ခုနှစ်မှာ လူတသန်းကျော်လာလို့ ကမ္ဘာ့အစည်ကားဆုံးဆောင်းရာသီပွဲ
တော်ဆိုပြီးနံမည်ကြီးတော့ ဒီကလည်းချီတက်ကြတာပေါ့လို့..။

စားပြီးတော့ ပွဲခင်းရှိရာလမ်းထိပ်အထိ လမ်းလျောက်ကြရမှာ..။ တိုက်ပွဲဝင်သလိုပါဘဲ ဆောင်းရာသီ တခါ ထွက်ဆိုတာ သေချာအောင် အထပ်ထပ်ဝတ်သိုးမွှေးအထဲခံ အင်္ကျ ီဘောင်းဘီ ခြေအိတ်ပြီးမှ အပြင်ကထပ်
အိုး..လာလား...ပြင်သစ်လို..တရတာပေါ့..ဝက်ဝံကြီးလမ်းလျောက်နေရသလို..




ဒီလိုလှည်းတွေ့လို့ စီးချင်တာနဲ့ အပြန်ကားစီပြန်လာဖို့ စီးကြသေးတယ်..လေကတိုက်ချမ်းကချမ်း..အောင်
မငေးဗျာ..အတတ်ဆန်းချင်အုံးဟဲ့...


ပွဲအဝင်ထိပ်က ကိုကိုကြီး သူ့ကိုဓါတ်ပုံရီုက်ရင် ပိုက်ဆံထည့်ရတာ ဒီက ခပ်တည်တည်နဲ့ ခပ်စောင်းစောင်း
ကနေရိုက်တော့ သူလည်း စောင်းပြီးကြည့်..ဟီး..ကပ်စီးနဲအိုးမယ်ငီးနဲ့တွေ့တာ...သူ့ခွေးအရမ်းလှဘဲ











ဖယားဖယား...ရေခဲခွက်ကနူတ်ခမ်းကိုကပ် ထုကထူတော့ စုပ်သောက် အရက်ပါတော့ ရှရှလေးပေါ့.....
ဘာတဲ့..အိုင်းရစ်ကော်ဖီတဲ့ဗျား..ချစ်မိတ်ဆွေက ပုံပြန်ရှယ်ပေးလိုက်တာ ကိုယ့်ဖာသာကိုယ်ကြည့်ပြီး ခေါင်း
မူးချင်..ခင်ခင်က အေးစက် ကြမ်းတမ်းနေသလိုဘဲ..😲

ရေခဲကိုလည်း ထုဆစ်ထားကြပါသေးတယ်..။

အိုလံပစ်နေရာ ပုံစံငယ်
အထဲဖက်မှာ ခန်းမကြီးတွေက အစည်းအဝေးတို့ CONCERT တို့ ပြပွဲတို့ အသုံးပြုလေ့ရှိတယ်တဲ့
ရေကူးကန်အကြီးကြီးဘဲ...ကူးနေကြတယ်..
ဒါကပြပွဲတခုအတွက်ပြင်ဆင်နေတာတဲ့..
နောက်ဖန်လုံတိရစ္ဆာန်ဥယျဉ်သွားကြတယ်
သိပ်မလုံပါဘူး...အသေချမ်း...
ဘာဌက်လဲမသိ..မြင်ရာရိုက်ဘဲ...
ရေကနွေးနွေးလေး...
အဝင်ဝမှာ ဘယ်လိုအဓိပ္ပါယ်နဲ့ပုံလည်းမသိ..ပုံဖော်မတတ်ဘူး..


နောက်တနေရာကတော့ ၁၉၇၆ ခုနှစ်က အိုလံပစ်ပွဲတော် ကျင်းပခဲ့တဲ့နေရာဟောင်းပါ လက်ရှိလည်းအသုံး
ပြုနေပါသေးတယ်

ဓါတ်ပုံရိုက်ဖို့အတွက် လူကခေါ်လိုက်ရတာ ပဲကများချင်နေတဲ့သူတွေနဲ့အိတ်အပြာလွယ်ထားတာက ဂိုက်မမ

ဒါက အိုလံပစ်မှာရှင်းပြတဲ့ဂိုက် သူပြတဲ့ အားကစားသမားကိုသိလားတဲ့ အလယ်ကတယောက်..သိကြတဲ့ သူများပါလိမ့်မယ် ခုတော့ လုံးရာကပြားသွားတဲ့ လိင်ပြောင်းထားတဲ့ ဦးလေးအန်တီကြီး..အန်တီဦးလေးကြီး
ကြိုက်တာခေါ်..သူတို့မိသားစုက နံမည်အရမ်းကြီး..သူ့သမီးတွေ မိန်းမဖက်ကသမီးရော သူ့သမီးရော နံမည်ကြီးအမည်းတွေနဲ့ဘဲ ရီးစားဖြစ် ဗိုက်ကြီးကြတာ...လေ kardashian မျိုးရိုးတွေ



ဂိုက်ကိုကိုလေးက မေးရှာပါတယ် ဘယ်သူပြင်သစ်တတ်လဲတဲ့..ဒီကလည်း ခင်ရှည်ရှည်..၅ခွန်းလောက်
သိတာကိုဘဝင်ရူးနေလေတော့ ဘွန်ရူးတွေ ဘာတွေ ကော်မောင်ဒါလေဝူးတွေနဲ့ဝင်ရွှီးတာ..ဘာရမလဲ..
ဟောင်ကောင်-အမေရိကန်များ..အံသြသွားပါတယ်..သူတို့သိတာ မြန့်တန့်ကလာတာလေ..လူကို စောင်း
စောင်းနဲ့ကြည့်နေတာ...ဟွန့်...ဘီရုမာအကြောင်းမသိလို့..ပုရွတ်ဆိတ်ကို ဂေါ်ဇီလာဖြစ်အောင် ပြောလိုက်ရ
မကောင်းဘူး...😆😅😜😂😁



အိမ်ဆောက်တာတွေနဲ့ပတ်သက်မလားမသိ အိမ်သေးသေးလေးတွေ ဆောက်ထားတာတွေ့ရတယ်..






အကောင်းဆုံးက ကနေဒါဖက်မှာရှိတဲ့အခွန်လွတ် ဂျုတီဖရီးဆိုင်ပေါ့ သူငဲ့ပေးတဲ့ဝိုင်က ရေခဲစပစ်ဝိုင်တဲ့ သောက်လို့ကောင်း..၄ဗူးတဖါ ဝယ်ပြီး အိမ်ရောက်တော့ ကျားကျားကိုတိုက် သူသိပ်မသောက်တော့ ဒီက
ဘဲအားနာပါးနာသောက်...ပေါ့ရှင်...
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage
ရေခဲခွက်ကလေးနဲ့ ကော်ဖီ သောက်ဖူးချင်လိုက်တာ
ReplyDeleteနူတ်ခမ်းနဲ့ခွက်ကပ်နေလို့
Deleteမနဲခွါရ..ဟားဟား
ခွက်ထုကထူတော့
စုပ်ရခက်
မော့ရခက်...
အမြင်ဆန်းပေမဲ့
သောက်ရခက်တဲ့
အိုင်းရစ်ကော်ဖီတခွက်ပေါ့