မင်္ဂလာပါရှင်~~~

ကျိုင်းရိုင်းမှာလည်ပတ်စရာ ဆန့်ကျင်ဖက်၂ခုရှိပါတယ်။ တခုကဘုရားဖြူ တခုက မဟူရာစံအိမ်။သူကတော့
ပြတိုက်သဘောပေါ့လေ။ မကြိုက်သူများသလို ကြိုက်သူလည်းရှိကြတာပေါ့..။ ကိုယ်တို့ကတော့ လိုက်ပို့သူ
ခေါ်သွားလို့ရောက်သွားရတာပါ။ ကိုယ့်သဘောနဲ့ကိုယ်ဆိုရင် သွားဖြစ်မဲ့နေရာတခုမဟုတ်ပါလေ။
![]() |
အပြင်ကနေကြည့်ရင် ထိုင်းမြောက်ပိုင်းရိုးရာအိမ်တခုလိုပါဘဲ... |
ဘုရားဖြူနဲ့ဆန့်ကျင်ဖက်ဆိုတော့ နိဗ္ဗာန်နဲ့ဆန့်ကျင်ဖက် ငရဲခန်းလိုပါဘဲ။ တိရစ္ဆာန် အရိုးအရေခွံတွေနဲ့ သူတို့
အပြောက အနုပညာဆန်ဆန် ဖန်တီးထားတယ်ဆိုပါတော့လေ..။ တခြားမျက်စိနဲ့မကြည့်ဘဲ အနုပညာအ
နေနဲ့ခံစားကြည့်ရအောင်..။

ရောက်သွားတဲ့အချိန်က ညနေစောင်းပိတ်ခါနီး လူသိပ်မရှိတော့ဘူး။ တချို့အခန်းတွေလည်းပိတ်ထားကြ တယ်။ ထိုင်းအနုပညာသမားကြီးက သူ့ရဲ့စုဆောင်းထားတာတွေ တိရစ္ဆာန် အရိုး အရည်ခွံတွေကို ဝင်ကြေး
ကောက်ပြတိုက်လိုပြပြီးအဆင်ပြေတာမြင်တော့ မြန်မာပြည်အလယ်ပိုင်းဒေသက မထင်မရှား ရွာသေးသေး
လေးတွေရဲ့ ဘုန်းကြီးကျောင်းတွေမှာ နှစ်ပေါင်းရာချီရှိတဲ့ ဘုရားစာပေပုရပိုဒ်နဲ့ တခြားရှေးဟောင်းပစ္စည်းတပုံ
တခေါင်းတွေကို သူခိုး ဓါးပြရန်ကြောက်လို့ ဖုံးဖိသိုဝှက်နေကြရတဲ့ ထေရဝါဒဗုဒ္ဓဘာသာဝင် ကိုယ်တို့နိုင်ငံက လူတွေအားလုံးကို အထူးဘဲသတိရပါကြောင်း...😊 (တခါခါလည်း အမှန်စကားပာချင်မိပါ၏)

ရေနံချေးဝနေတဲ့သစ်သားအိမ်ဆိုတာ မမြင်ဖူးတဲ့ အနောက်နိုင်ငံသားတွေအဖို့ အမြင်ဆန်းပေမဲ့ ကိုယ်တို့
တောသားကတော့ ရိုးနေပေါ့နော်... ကိုယ်တို့နယ်မှာ အဲ့လိုအိမ်တွေများတာကိုး...ခြေတံရှည်အိမ် ခေါင်မိုး
ချွန်ချွန်တွေ ထောင့်ချိုးမှာ ပန်းထွင်းထားတဲ့ သစ်သားလှလှလေးတွေ ဒါတွေဟာ ရှမ်းတွေရဲ့ အနုပညာတခု
ပေါ့..ရှမ်းဆိုတာ..အားလုံးပါပါတယ်။





ပစ္စည်းထားပုံကလည်း သူ့အဓိပ္ပါယ်နဲ့သူရှိတယ်တဲ့..။ အသေးစိတ်တော့ ကိုယ်လည်း မလေ့လာခဲ့လို့ ဒီမှာ
အာလူးမပေးနိုင်ပါဘူးလေ..။




၁၂လက်မတပေ ၅ပေမယ်ငီးနဲ့တွဲလိုက်ရင်တော့..သိသာပါလိမ့်မယ်..😜😅 ကိုရှရုားကိုပြောတာငါ့ကိုတံခါး
တချပ်လုံးပေါ်အောင်ခပ်လှမ်းလှမ်းကနေရိုက်ပေးပါလို့...၅ခါရိုက်လည်း ဒီလိုဘဲရတာ..နဲ့လက်လျော့လိုက် ရတယ်..။




အလယ်ကတံခါးကို အပြင်ကနေကြည့်ရင်..မြင်ရတာ...အဲ့ဒီအခန်းထဲမှာ ပစ္စည်းပေါင်းသုံးသောင်းရှစ်
ထောင်ရှိပြီး ဘာကဘာမှန်းမသိအောင်ခင်းကျင်းထားပါတယ်..အဟဲ..ထူးဆန်းလေစွ..ပြန်ကြည့်မှ တပုံမှ
မရိုက်ခဲ့ပါလားဟယ်..

အဲ့...သစ်သားစားပွဲကြီးက မိုက်တယ်..။ ကြီးမားလှပေတယ်။ ကွဲရာ ဆက်တဲ့အပိုင်းကို YouTube မှာကြည့်
ဖူးတာ လုပ်ပုံအရမ်းကောင်းတာဘဲ..ဆက်ရာလေးပေါ်တဲ့အတိုင်း အကွဲအတိုင်းမြင်ရအောင် ဆက်ပြီးစားပွဲ
လုပ်ပြထားတာ..အရမ်းကြိုက်ဘဲ...ဒီစားပွဲကိုရည်ညွှန်းတာမဟုတ်၊ ဘိုတွေလုပ်တဲ့ ဘိုကြိုက်စားပွဲ😝😜





















ထိုင်းတွေက ဘာဖြစ်လို့ အဲ့လို ပုံတွေအရမ်းကြိုက်ကြလဲမသိပါဘူး..ဆောင်ထားရင် မျက်နှာပွင့်တယ်ဆိုပြီး
အလယ်ပိုင်းဒေသပစ္စည်းပါပုံတွေ သော့ချိတ် ဘီယာဖေါက်တံ လုပ်ပြီးရောင်းကြတာမှ ဝက်ဝက်ကွဲဗျ...



တရုတ်ပြည်မှာရော ထိုင်းမှာရော..ဒီလို သစ်မြစ်နဲ့ထွင်းထားတဲ့ စားပွဲ ကုလားထိုင်ဆိုရင် ဈေးအရမ်းကြီး တာဘဲ..ကိုယ်တို့ဆီမှာ လမ်းချဲ့ရင် တူးပစ်လိုက်တာဘဲ..ပြီးလမ်းဘေးပုံထား..ကြိုက်တဲ့သူလာယူ..ယူမဲ့သူ
တောင်မရှိ..ဟားဟား...အရင်တုံးကလေ..ခုတော့ စာတတ်ကုန်ပြီ...နော့






အထဲကလမ်းတွေကိုပြန်ငဲ့စောင်းကြည့်လိုက်အုံးမှ....သာယာပါတယ်..လူတိုင်းကိုယ်လာခဲ့တဲ့လမ်းလည်း
တချက်ပြန်ငဲ့ကြည့်တတ်ရင်ကောင်းမှာနော်..အော်..ဘယ်လိုအခြေအနေမျိုးလည်းဆိုတာတွေ့ရတာပေါ့ကွယ်

တဝိုင်းလုံးမှာ အလှဆုံးလေးက ဒီပုံလေးဘဲ ဖြစ်ပါလိမ့်မယ်လေ....
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage
0 comments:
Post a Comment