Friday, December 29, 2017

ကျိုင်းတုံကရှမ်းထွက်ကုန်များ...

မင်္ဂလာပါရှင်~~~
ကျိုင်းတုံမှာထွက်ကုန်တွေမှ အများကြီးရယ်...အဲ့လို မုန့်ကြွပ်ခေါ်မလား ကြွေမုန့်လို့ဆိုလား၊ မီးကင်စား ရတာပါ။ ကိုယ်ကလည်း (ရှမ်းလိုဘဲခေါ်တတ်တာ) ဈေးထဲမှာရောင်းတာ။ နောက်ပြီး မုန့်တီဖတ်အခြောက်
တွေ၊(နဲနဲပွတယ် ဘယ်ရခက်တယ်) အများကြီးပြည်မက  လူတွေလည်း အရမ်းကြိုက်ကြတာ။ ဒါပေမဲ့
ခရီးဝေးဘယ်သွားဖို့ခက်တယ်..လေ။ ဒီပုံထဲကပြထားတဲ့အတိုင်း၊ ဆိုရင်ကမ္ဘာပေါ်ဘယ်နေရာအထိ၊
ဘယ်သွားလို့ရတယ်။ ဒါဆိုရင်သွားရောင်းလို့ရတယ်။ ဒါဆိုရင်အလုပ်ဖြစ်ပြီ...။
ပုံကဗီယက်နာမ်က၊အမေရိကကို၊တင်သွင်းတဲ့မုန့်ကြွပ်ပါ။တဗူးကို၄-၅ ချပ်လောက်ပါပြီး ၁.၉၉ ဒေါ်လာပေး ရပါတယ်။ဒီကဝင်ငွေနဲ့ဆိုရင်၊အရမ်းကြီးကိုဈေးသက်သာပြီး၊ကျမအတွက်ဆိုရင်သူတို့ရဲ့ဆီရွှန်းဝေဆာနေတဲ့
ဗီဇာနဲ့လုံးဝမလဲနိုင်အောင်တန်ဖိုးကြီးမားလှပါတယ်။တယုတယလေးကင်စား၊ရေနွေးကြမ်းလေးနဲ့မြည်းရတာ၊
ခလေးဘဝဆောင်းတွင်းကာလညချမ်းကိုအခိုက်အတန့်ပြန်ရောက်သွားသလိုပါဘဲ။
ခေါက်ဆိန့်လုပ်စားလို့လည်းရ မုန့်တီသုပ်လည်းရ မြီးရှည်လည်းရ နန်းကြီးလိုလုပ်လည်းရတာ..လူတိုင်း
ကြိုက်ကြတာပေါ့။
သူလည်း တရုတ်နဲ့ဗီယက်နာမ်ကလွဲပြီး တခြားရှာဝယ်စရာမရှိ..။

ရှမ်းအမျီုးအနွယ်ကမ္ဘာပေါ်မှာ၊သန်းရာကျော်ရှိတယ်ဆိုတာ၊ သိကြမဲ့သူနဲပါလိမ့်မယ်။ ၇-၈ နိုင်ငံမှာပြန့်နေတဲ့ရှမ်းတွေရဲ့၊အစားအစာလည်း၊ကမ္ဘာမှာနံမည်ကွဲနဲ့၊ထင်ရှားနေပါတယ်။ ကျိုင်းတုံထွက်ကုန်ကိုကျမ်းမာရေး အတွက်သန့်ရှင်းလှပစွာထုပ်ပိုးပြီးသွားရောင်းကြစမ်းပါလေ..။ ပြည်မတင်မက၊အိမ်နီးချင်း ထိုင်း တရုတ် လာအိုသွားစမ်းပါ သွားပါ။ ယှဉ်ရောင်းနိုင်အောင်ကြိုးစားကြပါ။ အကောင်းဆုံးကိုရွှေးချယ်ပြီး၊ အကောင်းဆုံး
ထုတ်လုပ် ကြပါ။ထိပ်ဆုံးရောက်တာပေါ့..။( fb မှာ စွန့်ဦးရှင်လူငယ်များတို့ စီးပွားရေးနဲ့ပတ်သက်တာ
တွေဘာတွေရှိလည်းဝင်စပ်စုကြည့်တာ လက်ထဲမှာ သိန်း ဘယ်လောက်ရှိလို့ ဘာလုပ်ရမလဲဗျ/ရှင့် တို့
နေ့တိုင်းတွေ့မိတာ..အမြင့်ကြီးသွားစဉ်းစားနေကြတာကိုး လက်လမ်းမှီရာဘဲ စဉ်းစားရင် လုပ်စရာတွေမှ
အပြည့်..နော့်)
ကိုယ့်ရဲ့တခါခါကိုယ်ယောင်ဖျောက်ပြီးဝင်ရေးတတ်တဲ့ ဒီနေရာတခု မှာရေးရင်း ဒီမှာလည်းတင်ရင်ကောင်း
မယ်ထင်လို့ ....
( မင်းတို့နယ်မှာ ဘိန်းနဲ့မူးယစ်ဆေးပြားကလွဲလို့ ဘာတွေများရှိလဲလို့မေးလာသူအပေါင်းကိုရည်ညွှန်းပါ၏)
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

2 comments:

  1. ကိုယ့်ကွန်မန့် တွေ ဖုန်းနဲ့ ပေးမရဘူး
    ပေးတိုင်းမပေါ်ဘူး
    အမှိုက်ထဲရောက်သွားလားမသိ
    ဒီပို့ စ်ဖတ်ပြီး တရုပ်ဆိုင်က ပဆုံးပုံထဲက ညာဖက်အစွန်က အထုပ်ဝယ်လာပြီး ဘယ်လိုကင်ရမှန်းမသိလို့ ဒီနေ့ ကြော်စားလိုက်တယ် ကောင်းသားဘဲ
    ကိုယ်လုံးဝမစားဖူးဘူး
    နေကောင်းရဲ့ လား
    အိုင်အိုရာ

    ReplyDelete
    Replies
    1. မအိုင်အိုရာရေ..
      ကျမအတော်သက်သာလာတယ်
      လူကဘာတွေရူပ်နေမှန်းမသိ...
      ကျမလည်းအိမ်ထဲမှာ
      ကင်လို့ရတဲ့
      စက်သေးသေးလေးတခု
      ဝယ်ပြီးကင်စားမလို့
      အဲ့ဒီတရုတ်ဆိုင်က
      မုန့်တွေ....
      မီးသွေးနဲ့ကင်ရင်တော့
      ပိုကောင်းမှာပေါ့
      မအိုင်အိုရာပေးတဲ့
      ကော်မန့်တွေက
      များသောအားဖြင့်
      spam ထဲရောက်သွားတယ်
      ဘာဖြစ်လဲမသိ..
း)))

      Delete