မင်္ဂလာပါရှင်~~~
နှစ်သစ်ကစလာတာလည်းအတော်ကြာ..ဒီအချိန်မှထပြီးနှစ်သစ်မင်္ဂလာဆုတောင်းရအောင်လည်း မဖြစ်ချေ
ခရီးသွားတွေလည်း မှတ်ညဏ်ကအိပ်ပျော်နေတာ မနဲပြန်လူပ်နိုးရအုံးမယ်။ ဒီတော့ အေးရာအေးကြောင်း
စားသောက်ဖက်လှည့်အုံးမှ....
၂ဝ၁၇ ပြန်တုံးက ၄လတိတိဝါးခဲ့တာတွေတင်အုံးမှ တောစာတွေပေါ့ရှင်...တချို့လည်းကိုယ်တိုင်ချက် တခါခါ
လည်းသူများလာပေးတာ ဆိုင်ကနေဝယ်လာတာ..ဒီလိုနဲ့..စားခဲ့သောက်ခဲ့တာပါ...
ဒီဆန်ကိုတော့ မနောဟရီဆိုတဲ့ဗမာဆန်သုံးတတ်တယ်။ ခပ်မာမာလေးချက်ပြီး ရေအေးနဲ့ အထပ်ထပ်ဆေး ပြီး လတ်လတ်ဆပ်ဆပ်ကြိတ်ထားတဲ့ ကြံရည်နဲ့ စားတာမြေအိုးထဲထည့်ထားတော့ မြေအိုးနံ့လေးအေးအေး
မွေးမွေးလေး တကယ်ကြိုက်တာ...
ကျိုင်းတုံ စပါကက်တီကြော်...ဟားဟား..ခေါက်ဆိန့်ကို ဆနွမ်းများများနဲ့ကြော် ပဲပုပ်ချဉ်ရည်လောင်း ဆလပ် ရွက်များများနဲ့ မြေပဲဆံနဲ့ ငရုပ်သီးနဲနဲဖြူး ..အိုးလာလား..အီတလီမင်းသားတွေ ထိုင်ငိုသွားစေရမယ်😁
တူမလေးက မီးနေသည် ကြားထဲမှာနေမကောင်း..သူမစားလို့ အတင်းဖြစ်ညစ်ကျွေးရတာ ည၉နာရီကျော်မှ ဆာလို့တဲ့..အိမ်ရှေ့ က 21 cafe ဆိုင်ကနေမှာတာ ကြက်ဥခေါက်ဆွဲကြော်လို့ မှာလိုက်တာ အဲ့လို ကြက်ဥ ကသပ်သပ် ခေါက်ဆွဲကလည်းကြက်ဥပါ..အဟီး..စားရတာ မဆိုးပါဘူး..
တချီု့ဟာတွေ ဘာဟင်းမှန်းတောင် မယ်ငီးမသိ...ချိုင့်ရောက်လာရင် ခူးခပ်ပြီး အိမ်ပေါ်တင်ပေးလိုက်တာ...တကဲ့ရှမ်းဟင်းတွေပါ..ဖတ်ဟိ့ ဖတ်ဆန်..အမေကြိုက်လို့ခဏခဏလာပို့တယ်။
ကျိုင်းတုံမှာတော့ လော့ထင်းလူ ထမင်းဆိုင်ကနံမည်ကြီး...
အရင်က ကိုယ်တို့အိမ်မျက်စောင်းထိုးမှာခေါက်ဆွဲဆိုင်လည်းဖွင့်သေးတယ်။
ခုတော့ တရုတ်ထမင်းဟင်းဆိုင်ပေါ့ သူငယ်ချင်းလာလို့
အဲ့မှာ သွားစားတာ သူများတွေ လာမှာတဲ့
ထမင်းကြော်နဲ့ ခေါက်ဆွဲကြော်..တဲ့...
အရင်က ကိုယ်တို့အိမ်မျက်စောင်းထိုးမှာခေါက်ဆွဲဆိုင်လည်းဖွင့်သေးတယ်။
ခုတော့ တရုတ်ထမင်းဟင်းဆိုင်ပေါ့ သူငယ်ချင်းလာလို့
အဲ့မှာ သွားစားတာ သူများတွေ လာမှာတဲ့
ထမင်းကြော်နဲ့ ခေါက်ဆွဲကြော်..တဲ့...
ဝက်သားပေါင်း..ဌက်ပျော်ဖက်နဲ့ဝက်သားတောက်တောက်စင်း ကြက်သွန်မိတ် ကြက်ဥထဲ့ပေါင်း.. စားလို့ကောင်းပေါ့...
ဒါကမုန့်ကြွပ်ခေါ်မလား..ဒီကကျိုင်းတုံသူဇာများအဆန်းထွင် ပဲပုပ်ချဉ်ထဲ့ ငရုပ်သီးထဲ့ စားကြသတဲ့....စားပြီး အဘားအဘား အော်ပေါ့...ခေါက်ခပ်.
ဒီဟင်းက တခါကလည်းရေးဖူးပါတယ်..ကိုင်ခုံမ်..ဆိုတာ..အသီးအနှံ၉မျီုးထဲ့ချက်တဲ့ ဟင်းရည်..ငရုပ်သီးပင် အကိုင်းသေးသေးပါထဲ့ရတယ်..
အီဖေကိုယ်ဝက်ခေါက်ကြော်တာ..ဆီမပူခင် ထဲ့ရတယ်... တကယ်စိတ်ရှည်မှ စားကောင်းတာ ကြွပ်တာ ရတယ်။
စွယ်တော်ရွက်ကြော်..မိုင်လက်ရာပေါ့...ပဲပုပ်မုန့်နဲနဲခပ်ရတယ်..
အကောင်းဆုံးကဂလိုထိုဖူးနွေးပေါ့....အသားမပါဘူး...
ကိုင်း...နှစ်သစ်မှာ အစားအသောက်နဲ့စလို့...အစားအသောက်များများရေးရအောင်လမ်းစရှာတာ..😆😁
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage
ဗိုက်ဆာထှာ... .ခေါက်ဆွေ့၊ စပါကက်တီကြော်၊ ၀က်သချဉ်၊ ခေါက်ဆိန့်ကျန်၊ ကိုင်ခုံမ်၊ ဖတ်ခီလိတ်၊ ခေါက်ဖိန်း၊ ခေါက်ဖိန်းထိုလိန်၊ ၀က်သားချဉ်ကင်... အာ့တွေကို နာမည်ခုမှ ကြားဖူးတာ.. တစ်ခါမှ မစားဖူးဘူး... ပုံတွေကြည့်ပြီး သွားရည်ကျသွားတယ် ခင်ဗျ...
ReplyDeleteအဟီး..
Deleteတချို့နံမည်တွေက
ဘယ်လိုဘာသာပြန်
ရမှန်းတောင်မသိပါဘူးဗျာ...
သာရေအစားအစာတွေတော့
ဟင်းသီးဟင်းရွက်ကများများပါ..
နောက်ထပ်အများကြီးရှိသေး...
မြန်မာပြည်သားတွေ
မျက်စိလည်သွားနိုင်တယ်..
အရသာကလွတ်ကောင်း
ပြန်ရင်အလည်သွားလေ
အခုပြည်မကအများကြီးလာလည်ကြတယ်