Monday, October 16, 2017

White Temple วัดร่องขุ่น ဘုရားဖြူ

မင်္ဂလာပါရှင်~~~

วัดร่องขุ่นWat Rong Khun, the White Temple
ကျိုင်းဆိုင်ကနေကျိုင်းရိုင်းကိုညနေစောင်းမှရောက်တာ ညဈေးဝင်လည်ပြီးမှ ဟော်တယ်ဝင်အိပ် မနက်စော
စောထ လည်လည်ထွက်ကြပါတယ်။ ကျိုင်းရိုင်းမှာလည်စရာများပါတယ်။ ကိုယ့်အကြိုက်ရွှေးချယ်ပြီးသွားနိုင်
ပါတယ်။ ကိုယ်တော့ ဒီတခါသူများနောက်လိုက်ပါ။ ကိုယ့်ဖာသာကိုယ်ဆိုရင် တခြားနေရာသွား လည်ချင် တာရှိပါသေးတယ်။ အောက်က စာရင်းဖတ်ကြည့်ရင် သူတို့ဆီမှာ လည်စရာပတ်စရာ စနစ်တကျလုပ်ထား ပြီးလည်ပတ်ချင်စရာကြီးပါဘဲဆိုတာ...အာမခံပါတယ်။ ကိုယ့်စိတ်ရွေးသွားကြပါလေ။
Nature & Wildlife Tours, Bike Tours,Hiking & Camping Tours
4WD, ATV & Off-Road Tour, Gear Rentals, Boat Tours, Climbing Tours
Golf Course,  Scenic Drive, Water skiing & Jet skiing, Zip line & Aerial Adventure Parks


ကိုယ်တို့တော့ ဟိုနဲနဲဒီနဲနဲနဲ့ နံမည်ကြီး วัดร่องขุ่นWat Rong Khun, the White Temple နဲ့တနေ့တာကို
အစပြုလိုက်ပါတယ်။ မနက်စာမစားသေးဘဲနဲ့အရင်လည်တာ..။ ဟော်တယ်ကလည်းရှယ်ပါဘဲ။ မနက်စာ
မရှိပါ။ရေချိုးရင်းတန်းလန်း ပိုးဟပ်ကခြေထောက်ပေါ်တက်လာတယ်။ ဟော်တယ်တခုလုံး လူ ၄ယောက်
ဘဲတည်းခိုသူရှိတာတဲ့...။ အားလုံးကမကြုံဖူးတဲ့ အတွေ့အကြုံအသစ်တွေပါ။ တော်ရုံနဲ့လိုက်ရှာရင်တောင် မရနိုင်ပါဘူးလေ..။ကံကောင်းလွန်းလို့သာမှတ်ယူပါတယ်ရှင်😂..

 မနက်၈နာရီမထိုးသေးဘူး..တိုးရစ်ခရီးသွားများပြည့်နေတာဘဲ..။
ထိန်းအကွပ်မရှိသောလူသားအလိုဆန္ဒတဲ့
ဒီနေရာက ပကတိမျက်စိနဲ့ကြည့်ရင်ပိုလှတယ်။ ဓါတ်ပုံရိုက်တဲ့ အချိန်မိုးကလည်းအုံ့နေတော့ မလှဘူး.. ညစ်ပတ်နေတဲ့အရောင်လိုဖြစ်နေတာ...။ သူတို့ကအဖြူရောင်အဓိကထားပြီးလုပ်ထားတော့ မိုးအုံရင်
သွားရောဘဲ...။

သူတို့ပြောတာကတော့ အရင်တုံးက ဒီဘုရားက အရမ်းယိုယွင်းပျက်စီးလာပြီးပြုပြင်ဖို့လိုအပ်လာတယ်တဲ့။
ဒါပေမဲ့ လုံလောက်တဲ့ငွေကြေးမရှိတော့၊ ခက်ခဲနေတဲ့အချိန် ဒီမြို့သားဖြစ်တဲ့ Chalermchai Kositpipat
ဆိုသူ အနုပညာသမားကြီးက သူ့ပိုက်ဆံ ဘတ်သန်း ၄ဝ အကုန်ခံပြုပြင်မွမ်းမံခဲ့တယ်။
"the cycle of rebirth" တစ်ဖန်ပြန်လည်မွေးဖွားခြင်း၏သံသရာတံတား
၁၉၉၇ ခုနှစ်မှာ လူတွေကိုအလည်လာခွင့်ဖွင့်ပေးပြီး တဖက်ကလည်း ဆောက်လုပ်နေဆဲပါ။ ထိုင်းဆိုရင်
အလကားဝင်ကြေးမရှိ အလူခံထဲ့ရင် ရတယ်။ ဘတ် တသောင်းထက်မပိုရဘူးတဲ့။ နိုင်ငံခြားသားဆိုရင် ဘတ် ၅ဝ ကောက်ခံပါတယ်။
၂ဝ၇ဝ အထိဆောက်လုပ်သွားမှာတဲ့..။ အနုပညာသမားဆိုတော့ သူ့စိတ်ကြိုက်သူလုပ်ပါတယ်။ သူအလူ
ငွေလက်မခံတာကလည်း ပိုက်ဆံဖိပြီးသူ့အပေါ်လာပြီးသြဇာလွမ်းမိုးမှာကိုစိုးရိမ်လို့တဲ့...။
 ဒီဘုရားဆောက်ရင် သူကကောင်းရာသုဂတိ နတ်ဘုံနတ်ပြည်ရောက်မယ်လို့ယုံကြည်တယ်တဲ့...
ကျမတို့ကသေသေချာချာ မကြည့်ခဲ့လို့ပါ..။ စုစုပေါင်း အဆောက်အဦ ၉ခုဆောက်လုပ်ထားပါတယ်။

သူဆောက်ထားတာတွေအားလုံးက အဓိပ္ပါယ်ရှိကြတယ်။အများပြည်သူတွေကို ပြောပြချင်တာတွေ တခု ပြီးတခု ဆက်ကြည့်သွားရင် နားလည်နိုင်တယ်။ တကယ်လို့ရောက်ခဲ့ရင် သူတို့ဆီက စာအုပ်ဖြစ်ဖြစ်ယူ
ဖတ်ပြီးသွားလည်ရင် ပိုကောင်းပါလိမ့်မယ်။

ဟိန္ဒူအငွေ့အသက်နဲ့ထိုင်းလက်ရာ အနုပညာလက်ရာမြောက်လှတဲ့ ဘုရားကျောင်းပါ...။ လေ့လာစရာ ကောင်းလှတဲ့နေရာလေးတခုပါ။

ဒီရွှေနန်းပြသာဒ်ကြီးကိုတော့ ဘုရားကျောင်းဆောင်တွေဘာတွေမမှတ်လေနဲ့ အမှားကြီးမှားမယ်ရှင့်။ ရေ အိမ်အဆောက်အဦ(rest room)ပါ။ အပေါ်ထပ်ကိုတော့ သေသေချာချာမကြည့်ခဲ့ရဘူး။ ရုံးခန်းတွေ ဘာ 
တွေများဖြစ်လေမလားဘဲ။
 
ကမ္ဘာ့အနှံ့သွားရင် ရေအိမ်ကမဝင်မဖြစ် ပထမဦးဆုံးရှာရတဲ့နေရာ..။ မြင်ဖူးသမျှထဲမှာတော့ အခန့်အညား ဆုံးနဲ့ သန့်ရှင်းလှပဆုံးပါဘဲ...။ အသေးစိတ်ကို လုပ်ထားတာ..အံမခန်းပါဘဲ...။

နေရာတခုမှာ ရေအိမ်ရဲ့သန့်ရှင်းမူ့က အများကြီးအရေးပါတာဘဲ...။ ဒီတခါခရီးမှာ စိတ်ပျက်မိတာက
ရွှေတိဂုံ ဘုရားစောင်းတန်းကအိမ်သာပါ...။ ခင်ခင်သက်ထွေးအတွက် ရေအိမ်ပြသာနာကမသေးလှ ဘူးလေ 😋ဖိနပ်လည်းစီးခွင့်မရှိ ရေတွေလည်းစိုစိ၊ ကိုယ့်ထမိန်ကိုလည်း လက်တဖက်ကမပြီး ရှမ်းသိုင်း ကွက်နင်း လက်ကပစ္စည်းတပုံတပင်နဲ့ ပိုက်ဆံချက်ချင်းမထုတ်ပေးနိုင်လို့၊ ပွစိပြောခြင်းလည်းခံရသေး..။
နောက်တခါထပ်သွားတော့ ဓါတ်လှေခါးနားမှာ ရှိတာ..တွေ့တယ်..။ တွေ့ဆို အနံ့ကအရင် လာပြောပြ လို့လေ...😂😅😆
ဘုရားဘေးက အဆောက်အဦတန်းလျားထဲမှာ စားသောက်ဆိုင်တွေ တခြားအမှတ်တရပစ္စည်း ဝယ်စရာ လေးတွေရှိတယ်..။ အလယ်လမ်းမှာချထားတဲ့ သစ်မြစ်ထိုင်ခုံတွေမြင်ပြီး မြန်မာပြည်မှာ လမ်းဖောက်တော့ သစ်ပင်အိုကြီးတွေ ခုတ်လှဲအမြစ်တူးပြီးလမ်းဘေးပုံထားတာ..တရုတ်တွေအားလုံးသိမ်းကျုံးဝယ်သွားတယ်
လို့ကြားဖူးတယ်..။ တရုတ်ပြည်မှာ ဒီလိုထိုင်ခုံသာမက ဒီထက်လှပခန့်ညားတဲ့ အနုပညာမြောက်ပစ္စည်း တခုခု ဖြစ်နေလောက်ပါပြီ။ တရုတ် မရောက်ဖူးသေးဘူး။ သွားလည်ရင် မေးမြန်းကြည့်အုံးမှ..။

အော်အရေးကြီးတာတခုက ဒီလို ကျိုင်းရိုင်း ကျိုင်းမယ်တို့ရောက်ရင် ထိုင်းကွေ့သိုဆိုတာ ရှာမစားလေနဲ့..။
သူ့ထက်အရသာအများကြီးရှိတာ..ပြောပြမယ်..။ မယ်ငီးတို့ ကျိုင်းတုံမုန့်တီနဲ့တူတဲ့ ခနုံမ်ကျင်းနမ့်နိယို
Kanom jeen nam ngiaw(ขนมจีน) နဲ့ ကိုယ်တို့အုန်းနို့ခေါက်ဆွဲနဲ့ဆင်ဆင်တူ(ဒီအကြောင်း တခါက 

ရေးဖူးပါတယ်) ဒီ၂မျိုးရအောင်ရှာပြီးသာစားပါလေ..လာရကြိုးနပ်စေတယ်နော့် မပြောမရှိနဲ့.. 😜
ကိုယ်တော့ အုန်းနို့ခေါက်ဆွဲနဲ့ဘဲမနက်စာ အားပါးတရကြိတ်လိုက်တယ်...သူတို့က များသောအားဖြင့် ကြက်သားဆိုရင် ပေါင်သား အလိုက်ထဲ့ချက်တယ်။ မုန်ညှင်းချဉ်နဲ့စားတာ...ဂွတ်ထဂွတ်ထကောင်းလေစွ
ပါရှင့်...။


ဒီကနေပြီးတော့ Chiang Rai Singha Park ကိုဒိုးကြပါတယ်။ တကဲ့ကိုသွားလည်သင့်တဲ့နေရာလေးတ
ခုပါ။ မြန်မာပြည်သားများ သွားလည်ကြပါ။ အဲ့ဒီ ဝိုင်းထဲက ခြံအလုပ်သမားတွေ ကိုယ်တို့ဆီကတောင်ပေါ်
တိုင်းရင်းသားရော တခြားဗမာ ရခိုင် မွန် လူမျိုးမြေပြန့်ဒေသ အင်း...ပြောရရင်ဖြင့် မြန်မာပြည်သားများ ရာချီထောင်ချီရှိတာမြင်တွေ့ခဲ့ရတော့ မအံ့သြမိတော့ပါဘူး..စိတ်ထဲမှာတော့ မကောင်းတာအမှန်ပါဘဲ...။
ဧကပေါင်း ၃ဝဝဝ ကျော် ကုန်းမြင့်တောင်စဉ်တောင်တန်းတခုလုံး..တကဲ့သဘာဝ အလှအပတွေစိတ်ဝင်
စားစာရာတွေကိုတော့ နောက်တခါမှ ပေါ့နော်...။

အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

8 comments:

  1. အဖိုးဆုံးတုန်းက တာချီလိတ်မှာနေတုန်း ငလျင်လှုပ်တာ ဘုရားဖြူပါတယ်ပြောတယ်..။ အခု မမီးရောက်တဲ့ ကျောင်းထင်တာပဲ..။ လက်ရာမြောက်လိုက်တာ..အရမ်းလဲသပ္ပါယ်တယ်..။ နောက်တစ်ခါ တာချီလိတ်ပြန်ရင် အဲထိသွားလည်ဦးမယ်...။ အုန်းနို့ခေါက်ဆွဲကိုတော့ သရေကျသွားတယ်လို့စ်....။

    မိုးငွေ့

    ReplyDelete
    Replies
    1. ဟုတ်တယ်ငလျင်ဒဏ်ခံရတာ
      အကြီးအကျယ်ဘဲ
      ပြန်ပြင်ထားရတယ်ပြောတယ်
      သွားလည်ပါအဲ့အထဲမှာ
      သူတို့ပန်းချီုပြခန်းတခုရှိသေးတယ်
      ခေတ်သစ်ပန်းချီနဲ့ဘုရားပုံတော်တော်
      ဆွဲထားတာစိတ်ဝင်စားစရာကောင်း
      သူတို့လန်းနား(တောသီချင်း)ခွေတောင်
      တချပ်ဝယ်လာသေးတယ်။
      အုန်းနို့ခေါက်ဆွဲဆိုင်က
      ကိုယ်လည်းကြိုက်စ်ကြိုစ်း)))

      Delete
  2. သွားချင်လိုက်တာ။ ထိုင်းမရောက်ဘူးသေးဖူး

    ReplyDelete
    Replies
    1. ရောက်ဖူးအောင်သာ
      သွားလိုက်ပါ...
      ပျော်စရာကောင်းပါတယ်
      ဈေးလည်းမကြီးဘူး
      မြန်မာပြည်သွားရင်သာ
      ပိုက်ဆံဂုံနီအိတ်လိုက်ဘယ်း))))

      Delete
  3. မီးမီးရေ
    စာကြွေးတွေအကုန်စုဖတ်သွားတယ်
    ကိုယ်ဒီလောက်လွတ်နေခဲ့တာအံ့သြမိတယ်
    ခုတလော စန်းထွန်းနဲ့ မီးမီးကိုအရမ်းသတိရနေတာ ဘာကြောင့်မှန်းကိုမသိဘူး
    ဒီနေ့ အလုပ်မသွားဖြစ်ဘူး ဗိုက်အောင့်လို့ ခွင့်ယူလိုက်ရတယ်
    ဒါမှပဲ ဖတ်ဖြစ်သွားတယ်
    တနေ့ တနေ့ ဘာမအားမှန်းလည်းမသိတော့ဘူး
    အလုပ်နဲ့ အိမ် ပိတ်ရက်ဆို တပါတ်စာချက် လျှော်
    တခါတလေအပြင်သွား
    ဒီလိုနဲ့ ဘဲအသက်ကြီးလာနေပြီကွယ်
    အိုင်အိုရာ

    ReplyDelete
    Replies
    1. မရေ...
      ဒီလိုပါဘဲ...
      ကျမတို့လည်းတနေ့တနေ့
      ဘယ်လိုကုန်သွားမှန်းမသိ..
      စန်းထွန်းနဲ့ကခဏခဏတွေ့ဖြစ်တယ်
      ရောဂါတူဖြစ်သွားပြီလေ...
      Lupusး))))
      လာမဲ့တနင်္ဂနွေဘုန်းကြီးကျောင်းအတူတူ
      သွားသင်္ကန်းကပ်ဖို့ချိန်းထားကြသေးတယ်
      ကျမလည်းကြိုးစားပြီးရေးရတာပါ
      သူများတွေလာကြည့်ပြီး
      ဖတ်စရာအသစ်မရှိ
      အားနာ..ကိုယ်ကစထားခဲ့ပြီလေ..
      ဆက်ရတော့တာပေါ့...
      ခင်မင်တဲ့မီးမီး

      Delete
    2. Lupus????
      Oh no!!
      Take care .
      Iora

      Delete
    3. Now, under medical treatment,
      hope and wish better,
      feel all the joints of body very very pain..
      :(((((

      Delete