ပါလာတူးချိန်လို့ ထိုင်းနိုင်ငံဈေးထဲမှာ ပေါင်းခြင်းတောင်းထဲမှာ ၃ကောင် ကြီးရင် ၂ကောင်ထဲ့ပြီးရောင်းတာ
မြင်ဖူးကြမှာပေါ့။ တခြင်းကို ဘတ် ၂ဝ လောက်ဘဲပေးရတာပါ..။ အကောင်ကြီးမှဈေးကြီးတာ။ အဲ့ဒီငါးက တော့ ထိုင်းတွေရဲ့အဓိကထားစားရတဲ့ အသားငါးပါဘဲ။

ထိုင်းလို ปลาทู Mackerel or Short mackerel ဗမာလိုငါးသေတ္တာငါး..ဘယ်လိုခေါ်ခေါ်လေ သိပ်ဈေးမကြီး
ဘဲအရသာအဟာရပြည့်ဝပေးနိုင်တဲ့ငါးလို့သာမှတ်ယူလိုက်ပါရှင်။ ဒီတခါ မယ်ငီး ကိုယ်တို့ဘီရုမာပုံစံ ရိုးရိုး ငါးသေတ္တာငါးကိုကြော်တာမဟုတ်ဘဲ ထိုင်းလို ပေါင်းပြီး ကြော်စားနည်းလေးမျှဝေရအုံးမယ်။

ဒီကအားချဲဟဲဆိုင်ရောက်ရင် ရေခဲရိုက် အာရှဖက်က ငါးတွေသွားချောင်းရတယ်။ ဘာစားရင်ကောင်းမလဲ
ဆိုတော့ ပါလာတူးငါးတွေ့တာနဲ့ တထုတ်ဆွဲခဲ့တယ်လေ..။ အရင်ဆုံး ရေခဲသေတ္တာအောက်ဖက်ကို ၃ကောင်ပြောင်းထားမယ်။ ပလာတူးချိန်လုပ်ဖို့ ငါးငံပြာရည်နဲ့ ဆားနဲနဲ ရေ ဒါဘဲလိုတာပါ...။ ငါးငံပြာ ရည်အများကြီးသုံးရမယ်ဆိုတော့ နဲနဲဈေးပေါတဲ့ငံပြည်ရည်ရှာဝယ်လာရသေးဗျား...😂

နောက်နေ့မနက်ဆေးကြောသန့်စင်ပါ ။ ပါးဟက်နားကနေဘဲ အထဲကကလီစာအူတွေဆွဲထုတ်နော်..ဗိုက်
မဖေါက်ပါနဲ့..။



ကိုင်း..ရေတခွက် ငံပြာရည်တခွက် ဆားနဲနဲထဲ့ ပြီး ဟိုလှန်ဒီလှန်ပေါ့... ၃နာရီဆက်တင်ချိန်ပြီး ငပိတခွက်
ထောင်းထားလိုက်ပါရှင်..ချဉ်ချဉ်စပ်စပ်လေးနော် ။ အော်..ငရုပ်သီး ပုဇွန်ခြောက် ငပိ သံပုရာသီး ဒါလောက်
ပါရင်လုံလောက်ပြီ အရသာပျက်အောင် အချိုမူန့် ဟင်းခပ်မူန့်ဆိုတာ သွားမထဲ့လေနဲ့..။


ပြီး၁၅မိနစ်ပေါင်းပါ....ပြီးမှ ခြောက်အောင်ကျမထားလိုက်တယ်..။နို့မို့ကြော်ရင် ဆီပေါက်မှာနော်... ဆားတွေ
ဘာတွေထပ်ထဲ့စရာမလိုတော့ပါဘူး။ လုံးဝမညှီတဲ့ ငါးကြော်နူးနူးညံ့ညံ့လေးတပွဲပေါ့...။
ကဲ..စားခါနီး ဆီပူပူမှာထိုးကြော်လိုက်ပါ။ ငပိထောင်းလေးလည်းသံပုရာသီးညစ်အုံး ငါးကြော်မွှေးမွှေးလေး
တို့စရာရုံးပတီသီး ပဲသီး မုန်လာထုတ်ပြုတ် အဆင်သင့်ဖြစ်ပါစေ..ကွယ်..အော်..ကုလားလေးကောင်းမူ့က ဒန့်ဒလွန်ရွက်တောင်ရလာတယ်..နုဖတ်နေတာဘဲ ပုဇွန်ခြောက် လက်သည်းခွံလောက် ၅ကောင်ကို ကြက်သွန်ဖြူ၂တက် ဓါးပြားရိုက် ကြက်သွန်နီလေး တခြမ်းလောက်ပါးပါးလှီး ဗွက်ဗွက်ထနေတဲ့ဟင်းရည်
ထဲပစ်ထဲ့၊ ဆူလာရင် ငရုတ်ကောင်းလေး ငံပြာရည်(ဒီတခါတော့ အကောင်းစားလေးပေါ့..ဟီး) ၂ပေါက်
လောက်ထဲ့ဆားမြည်းပေါ့ရင် နဲနဲထဲ့၊ အသားမူန့် ဟင်းခပ်မူန့် အချိုမူန့် အားလုံးမေ့ထားလိုက်ပါ။(ကျမဆို
လုံးဝမစားတာ မစားကြပါနဲ့ရောဂါများလွန်းလို့တဲ့...ကြားထဲကနေ ဆြာမကီးကဝင်လုပ်လိုက်ရသေး😆)
ဒီနေရာမှာဝင်ကြည့်ပါ သူတို့ပါလာတူးငါးနဲ့ချက်ထားတဲ့ မျိုးစုံလင်လှတဲ့ ထိုင်းစတိုင် ငါးဟင်းတွေပါ..။
ကြုံတုံး ငီးငီးအဓိကသုံးတဲ့ ပဲငံပြာရည်ပုံနဲ့ ငါးငံပြာရည်ပုံ ပြအုံးမယ်..။ ငံပြာရည်တွေမှာလည်း အချိုမူန့်
တွေထဲ့တတ်တယ်။ ဝယ်ရင် သေချာရွှေးဝယ်ပါ။ ကိုယ်တော့ ရွှေးရင် မေးရင်း..ဒီ၂ခုကိုအရမ်းကြိုက် သွားတာ။

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေ~~~
#meemeenage
မမမီးရေ ကြုံတုန်း တခုမေးချင်ပါတယ် ထိုင်းက ငါးဆိုလို့ရှိရင် ငါးခေါင်းအဲ့လိုစောင်းစောင်းလေးတွေ အမြဲတွေ့ပါတယ်..အဲဒါ ငံပြာရည်နဲ့ စိမ်လိုက်လို့ စောင်းသွားတာလား တမင်စောင်းအောင် လုပ်တာလားဟင်..
ReplyDeleteရှာရှာကြံကြံ သိချင်သူ
TZ
ပြောဖို့မေ့သွားတယ်း)))
Deleteပေါင်းအိုးထဲ့ခါနီးငါးခေါင်းကျိုးအောင်ချိုးပေးရတယ်ကွယ်...
စောင်းစောင်းလေးပေါ့..
တကယ့်ကိုလတ်ဆတ်ရင်
ကြော်ပြီးအသားမကြေသွားဘူး..
ဟုတ်ကဲ့ ကျေးဇူးပါ မမမီး ပဟေဠိ ဖြစ်နေတာ ခုမှ ရှင်းသွားတော့တယ်
DeleteTZ
You are welcome my dear...
Delete:D
ပြီးခဲ့တဲ့အခေါက် ဘန်ကောက်ရောက်တော့ ပလာတူးငါးတစ်ကပ်ဝယ်ခဲ့သေးတယ် ခေါင်းကောက်နေတာရွေးယူတဲ့ ပိုကောင်းတယ်တဲ့..။ ခေါက်ဆင့်ပါထူးလုပ်စားရတာကြိုက်တယ်..။ ဒီတိုင်း ငပိထောင်းနဲ့ ထမင်းနဲ့နယ်စားလည်းကောင်း အရမ်းအရမ်းကြိုက်...။
ReplyDeleteမိုးငွေ့
ညစာကိုပေါ့ပေါ့လေးစားချင်ရင်
Deleteခေါက်ဆိန့်ပလာတူး
စားပေး..တဲ့
ခေါက်ဆိန့်က
အချဉ်ဖေါက်ထားတော့
ကယ်လိုရီနည်းတယ်ဆိုလား..ဘဲ
ထိုင်းမမတွေစားကြတယ်.တဲ့
မိုးငွေ့ညီမလေးရေ..