Tuesday, June 6, 2017

ဂုံရှမ်းဟင်းများနဲ့မိတ်ဆက်ပေးမယ်

မင်္ဂလာပါရှင်~~~
အစားအသောက်ဆိုတာလူတိုင်းနဲ့တဲ့ပါတယ်..နော့်👌
ရှမ်းဟင်းတွေဆိုရင် လူတိုင်းနားလည်ကြတာက ဆီသိပ်မပါတာရယ် အသီးအရွက်ကိုအများဆုံးသုံးထားတဲ့အတွက် ကျမ်းမာရေးရူတောင့်ကနေကြည့်လည်းကောင်း စားလို့လည်းကောင်း..ဒီတော့ မြန်မာပြည်မှာနံမည်ကြီး လူကြိုက်များလှပါတယ်။ ရှမ်းဆိုတာအမျိုးမျိုးကွဲပြားတဲ့ လူမျိုးတွေရှိသေးလို့ ပြည်မကသိပ်မသိကြတဲ့ အရှေ့ရှမ်းက ဂုံရှမ်းလူမျိုးတွေရဲ့ဟင်း နဲ့မိတ်ဆက်ပေးပါရစေ။ ရန်ကုန်မှာမရနိုင်တဲ့ မန္တလေးမှာလည်း မရောင်းတဲ့ဟင်းတွေဆိုပါတော့..ရှင်..။
ဖတ်ဆန်
ဒီဟင်းရွှက်ကိုတော့ရှမ်းလိုခေါ်ဘဲတတ်တယ်။ ဟင်းချိုရည်ချက်စားတာပါ။ ကြက်သွန်နီ ကြက်သွန်ဖြူ ဓါးပြားရိုက်ပြီး ရိုးရိုးလေးဘဲချက်တာပါ ထုံးစံပဲပုပ်မူန့်လေးခပ်လို့ပေါ့။ အဲဒီဟင်းရည် သောက်ပြီးရင် ပါးစပ်ထဲမှာအချိုစွဲကျန်နေတာဘဲ။ ရေသောက်ရင်လည်း ချိုနေတာဘဲ။ ဟင်းခပ်မူန့် အချိုမူန့်ဆိုတာ ဒီလိုဟင်းရွက်နဲ့
တွေ့ရင် ထိုင်ငိုသွားစေရမယ်။ လူကြီးတွေကြိုက်ကြတယ်။ တချို့ကလည်း ဝက်ရိုး ကြက်ရိုးတွေနဲ့ချက်ပါ တယ်။ ကိုယ်တို့တော့ဘာမှမထဲ့ သားသတ်လွှတ်ပါဘဲ..။
အမေအရမ်းကြိုက်တော့ အမေ့ညီမ အဒေါ်အိမ်က ခဏခဏလာပို့တတ်ပါတယ်။ ဒါကသူတို့လာပို့ထားတုံးကရိုက်ထားတဲ့ပုံ..။ ဝက်နံရိုးနဲ့ချက်ထားတာ..။
ဖတ်မူန်ခို(သရက်ရွှက်နုပေါင်းပြီးကြော်)

 
ဒီဟင်းကတော့ များသောအားဖြင့် ပေါင်းပြီးသားအရွှက်အတိုင်းဝယ်ကြတာများပါတယ်။ ပြီးမှ ကြော်စား သုပ်စားကြိုက်ရာလုပ်စားကြတာပါ။ ကိုယ်တို့တော့ ချက်ပြီးသားလေးတွေဝယ်တာဘဲ..။ အဲ့တာက သုပ်ထားတာလေးပါ။ အစာပလာအများကြီးမပါဘဲ ဆားလေး ငရုပ်သီးမုန့်လေးနဲ့ ကြက်သွန်နီလေးဆီ သပ်ပြီး သုပ်တာဘဲ..။ အရသာကတော့ လွှတ်ကောင်းပေါ့...။ ကောက်ညှင်းပေါင်းနဲ့တို့ တို့စား...။
ဍရင်ကောက်နဲ့ငါးခူပေါင်း...
ဒီဍရင်ကောက်ကတော့ ကျမတို့တကယ်စားလေ့ရှိတယ်။ တချို့ကလည်း ချွဲလို့မကြိုက်ကြဘူး။ ကိုယ်တို့တော့ အမျိုးမျိုးချက်စားတတ်တယ်။ ဒီဟင်းက တကဲ့တောဂုံရှမ်းဟင်းပါ..။ ငါးခူနဲ့ တခြားဟင်းရွှက်(အမွှေးအကြိုင်ဆိုပါတော့) နယ်ဖတ်ပြီး ဌက်ပျောဖက်နဲ့ထုပ်ပြီး ပေါင်းတာပါ။ ဆီမထဲ့လည်းရတယ်။ ငါးခူကဆီ
ထွက်တယ်။ အရမ်းမွှေးအရမ်းစားကောင်းတာပါ။ ငရုပ်သီးအတောင်းများများထဲ့ရင် ခပ်စပ်စပ်လေးပေါ့..။
ဍရင်ကောက်ပြုတ်သုပ်
ဒါကျတော့ ဍရင်ကောက်အရွက်ကိုပြုတ်ပြီး ပြန်သုပ်ထားတာ..ထုံးစံက ပဲပုပ်မူန့်ပေါ့..။ဆီမပါပါဘူး။သံပုရာသီးလေးညစ်လို့ ကုလားအော်သီးလေးညက်ညက်လှီးထဲ့ပါလေ..။ မြေပဲဆံလှော်ထောင်းလေးနဲနဲလေးဖြူး ကြက်သွန်ဖြူနီလေး နဲ့ ခရမ်းချဉ်သီး မမေ့နဲ့နော်..အဲ့အရည်ကိုလည်း ကောက်ညှင်းပေါင်း နဲ့တို့ကာ စားပေါ့..ရှလွှတ် ကောင်းလင့်တည်း... 😂😜

ကိုင်း...တနေ့နဲနဲပေါ့နော့်....မိတ်ဆွေများ သုံးနေကြ အသားမူန့် ဟင်းခပ်မူန့် အချိုမူန့် အသာထားလို့ဒီလို အရွှက်လေးတွေနဲ့စမ်းသပ်ချက်စားကြည့်ကြပါလား..စားကောင်းပြီး ကျမ်းမာရေးနဲ့ညီညွှတ်တာအမှန်နော့်..စကားမစပ်ဗျာ...တလောက ဗီဒီယိုကလစ်တခုကြည့်မိတယ်။ တကဲ့ စားဖိုမူးကြီး...တီဗီအစီအစဉ်ကနေလာတာဗျား.. ကြက်ဆီထမင်းချက်ပြတာတွေ့မိတယ်..ဖယားဖယား..ရှိသမျှဘုရားတ
မိပါတယ်..။သူပြတာ ကြက်သားမူန့်တွေ ခနော်တုံးတွေ ဟင်းထဲလည်းထဲ့ ထမင်းထဲလည်းထဲ့ အချဉ်ထဲလည်းထဲ့..😨😱 ဘုရားစူး ကြက်ဆီထမင်း... အော်...ကိုယ့်ကိုယ်ကို မချက်တတ်ဘူးလို့ ထင်နေတာအဲ့လိုတွေ့တော့ အယ်...အီဖေကိုယ် မယ်ငီး လွှတ်ချက်တတ်ပါလား...။ စားဖိုမူးကြီးဘွဲ့ခံယူမှတော့သဘာဝအတိုင်းအရသာရှိအောင်ချက်ပြပါလားကွယ်...။ တတိုင်းပြည်လုံးကို ချက်ပြနေရင် ကိုယ်က ကျမ်းမာရေးနဲ့ညီညွှတ်တဲ့ အစားအသောက်နဲ့မိတ်ဆက်ပေးရမှာပေါ့နော်..။ စပွန်ဆာပေးလို့ချက်ပြရတယ်ဆိုရင် လည်းမယ်ငီး..ပြောတော့ပါဘူး..ဟီး😷🙊

တခါခါ ကြားမိတဲ့ စကားတခွန်း "တတ်လို့လုပ်တာ မဟုတ် ငတ်လို့လုပ်တာဟ" ဆိုတဲ့ လူကြီးတွေပြော ဖူးတာ မှန်တယ်လို့ပြောရင် အဲ့စာဖိုမူးကြီးမယ်ငီးကို ဖနောင့်နဲ့လာပေါက်လေမလားဘဲ😆😋😁😂

အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

8 comments:

  1. ဟင်းရွက်လေးတွေက လတ်ဆတ်နေတာပဲ စားချင်စရာနော်.. အဲလိုလတ်လတ်ဆတ်ဆတ်စားခွင့်ရနေတာ ကံကောင်းခြင်းတပါးပဲ မမီးရေ..စကားမစပ် ဘလော့တွေ သိပ်ခေတ်မစားပေမယ့် ညီမတော့ အမြဲဖတ်နေသေးတယ်.. မမီးခရီးသွားတုန်း ပြန်လာပြီလားလို့ လာလာကြည့်မိသေးတယ်..
    Thinzar

    ReplyDelete
    Replies
    1. Thinzar ညီမလေးကိုမှတ်မိနေတယ်..
      ညီမလေးကောအစားအစာပို့စ်တွေမတင်တော့ဘူးလား
      တကယ်တော့ကိုယ်လည်း
      အတွေ့အကြုံတွေရေးရင်းပြောရင်းနဲ့
      ရေးချင်မိနေတာလေ..း))))

      Delete
  2. မမီးရဲ့ ရှမ်းစာလို့ခေါင်းစဉ်တွေ့တာနဲ့ အပြေးလာတာ..... ဟင်းတွေနည်းနည်းပဲတွေ့ရလို့ မတင်းတိမ်နိုင် နောက်ပို့မြန်မြန်တင်စေချင်..း)

    မိုးငွေ့

    ReplyDelete
    Replies
    1. အဟဲ..
      အစားအစာတွေကရေးချင်ပါတယ်
      ကိုယ့်ဟင်းတွေကခြောက်ကပ်ကပ်ဖြစ်နေတော့
      သိပ်မတင်ဖြစ်တာပါ..
      လာအုံးမယ်လေ...
      မကြာမှီပေါ့..း)))

      Delete
  3. ဂုံရှမ်းဟင်းကို NJ မှာ စားချင်ရင် ဘယ်လိုလုပ်ရမလဲ။ ဟီးဟီး

    ReplyDelete
    Replies
    1. အဲ့အရွှက်တွေကဒီမှာမရှိဘူးလေ..
      ရန်ကုန်မှာတောင်ဍရင်ကောက်ဘဲရနိုင်တာ...
      ခုတော့အမြင်လေးနဲ့စားလိုက်ပါအုံးလေ.. :P

      Delete
  4. စားဖူးတယ်ညောင်ရွှေမှာနေတုန်းက..သတိရမိပြီ

    ReplyDelete
    Replies
    1. စားဖူးလား...ကြိုက်လား..
      များသောအားဖြင့်
      အသားငါးအခြေခံတဲ့အစားအစာထဲမပါတော့
      လူတွေသိပ်မကြိုက်ကြဘူးတဲ့..း)))

      Delete