Saturday, January 14, 2017

အထက်တန်းကျောင်းဘော်ဒါဆောင်သူဘဝ..

မင်္ဂလာပါရှင်~~~
ခုတလော ကျောင်းပေါင်းစုံ တက္ကသိုလ်ပေါင်းစုံ မေဂျာပေါင်းစုံတွေ ဆရာကန်တော့ပွဲ တွေ့ဆုံပွဲတွေ
ဆက်တိုက်ပါဘဲတွေ့နေရတယ်။ အရင်ကသတိမထားမိတာလားတော့မသိဘူး။ နောက်ပိုင်းတော့
နေရာအနှံဘဲ၊
ကိုယ်တော့ ဘယ်ပွဲမှမမှီ ဘယ်ပွဲမှမတက်ဖူးတော့ အတွေ့အကြုံမရှိပါဘူး။ သူများ
ဓါတ်ပုံတွေကြည့်ပြီး
အရမ်းကြီးစိတ်လွတ်ကိုယ်လွတ်ပျော်ရွှင်ရမဲ့ပုံပါဘဲ..။

ကျိုင်းတုံက အလက ၃ ကျောင်းတောင် ဆရာကန်တော့ပွဲလုပ်ကြတယ်တဲ့။ ကြည့်လိုက်တော့ လူငယ်တွေ များတယ်။ သူတို့ဆရာမတွေဆိုတာ ကိုယ့်ရွယ်တူလောက်ဘဲ..ဖယားရေ..ငါကြီးက တော်တော်အသက် ကြီးသွားပြီဘဲ..။ တောင်ကြီး အထက ၁ ကတော့နံမည်ကြီးကျောင်း။ အမြဲတမ်းလုပ်လေ့ရှိတယ်။ ဒီနောက်ပိုင်းမှ
တောင်ကြီးကသူငယ်ချင်းတွေနဲ့ပြန်တွေ့ရတော့ သူတို့ကနေတဆင့် ဓါတ်ပုံတွေမြင်ရတယ်။ မှတ်မိ
တာရှိ
မမှတ်မိတာလည်းရှိပေါ့..။ ၄ နှစ်ထဲနေခဲ့ဖူးတာလေ..။ ၁ဝတန်းရောက်တော့ မှန်တာပြောရင် အမ
နဲ့အကို ၂ယောက်က ၁ဝတန်းအောင်သွားပြီ..။ အဖေတို့မွေးစားထားတဲ့ လားဟူမလေး( အားလော်မွေး)
က ကိုယ်တို့မောင်နှမ ၄ယောက်ကို ချက်ကျွေး အဖွားကကြည့်ရူတာလေ..။ သူကယောက်ကျားနောက် လိုက်ပြေးတာ..။ အဖွားကလည်း အသက်ကြီးပြီ မယ်ငီး ၁ဝကျောင်းသူကြီးကို ချက်မကျွေးနိုင် မကြည့်နိုင်၊
ဒီတော့ တောင်ကြီးကျာင်းကို နူတ်ဆက်ပြီးရန်ကုန်က ကျောင်းအိပ်ကျောင်းစားရှိတဲ့ လသာ(၂) ကိုပြောင်း
ရတာပါ။ အဲ့အချိန်မရမ်းခြံမှာလည်း ကျောင်းအိပ်ကျောင်းစားကျောင်းရှိတယ်။ ကိုယ်တို့လသာ၂ က စိန်ဂျွန်း
ကျောင်းဆိုပြီးနံမည်ပိုကြီးတာလေ..။

၁ဝတန်းတနှစ်ထဲနေခဲ့ရပေလို့ဘဲ..။ ရောက်ကတဲက ကျောင်းဆင်းလွတ်ချိန်ဆို ပြူတင်းပေါက်ကနေသူများ
တွေကျောင်းပြန်တာကိုကြည့်ပြီး မျက်ရည်စက်လက်ဝမ်းနဲပက်လက် လုပ်နေရတာက ၂လလောက်နီးပါး။
ကျောင်းဝင်ဖို့လည်းခက်ခဲတယ်။ အဖေကလိုက်ပို့ရတာ။ ကိုယ်တို့က လမ်း၅ဝထိပ်က ရှေ့နေဦးမျိုးမြင့်အိမ်
(သူ့မြေးမလေးကတော့ကလေးဇာတ်ဆောင်နဲ့အကယ်ဒမီရတယ်တဲ့)မှာတည်းတာ။ အဖေကတော့ ၅၁ လမ်း
ထဲက ကျားပျံဆေးလိပ်ခုံမှာတည်းတာဘဲ။ ညီမဝမ်းကွဲတွေလည်းပါတယ်လေ။ လိုက်ပို့တဲ့ အဒေါ်
တွေနဲ့ဆိုအုပ်စုကတောင့်တယ်လေ။ ကျိုင်းတုံကလာတာအားလုံးလက်ခံပြီး မယ်ငီးက တောင်ကြီးကျောင်း
ဖြစ်နေလို့တဲ့....လက်မခံနိုင်သလိုလိုပြောတာခံရပါသေးတယ်။  အဲဒီအချိန်ကျောင်းအုပ်ကဒေါ်မြူရယ်ထွန်း
ကျော်ပါ။ လက်မခံသလိုလို ဘာလိုလိုနဲ့၊ နောက်တော့ ရံပုံငွေတွေဘာတွေထည့်ရတယ်။ ကိုယ်ထိုင်မဲ့စားပွဲ
ကုလားထိုင်ပါ ဝယ်ရပါတယ်..။ နောက်တော့ ရသွားတာပေါ့လေ။ ကျောင်းတက်ချိန်က June ဆိုရင် ကိုယ်တို့က July လလောက်မှစတက်ရတာ..။ တလကျော်နောက်ကျတယ်..။

ကျောင်းလခလည်း ၁၁ဝ လားမသိ..၊ ဘော်ဒါဆောင်ကြေးပေါ့ စား အိပ် ဒိုဘီခအပါ..။ ဒိုဘီကို သပ်သပ်
အပ်ရင်တော့ ပိုက်ဆံပေးရတယ်။ အဝတ်လျော်တာက ကိုယ့်ဖာသာကိုယ်လျော်လှမ်းလို့လည်းရပါတယ်။
အဝတ်လှမ်းခန်းကတခန်းထဲ အထဲမှာ မိူနံ့မွှေးမွှေးလေးနဲ့ ဘယ်သူ့အင်္ကျီ ဘယ်သူ့ ထမိန်မှန်းမသိရောထွေး
နေတာပေါ့။ လူပေါင်းတရာကျော်ရဲ့အဝတ်အစား..လေ။ လှမ်းထားပြီးမေ့နေလို့ပြန်မသိမ်းမိလို့ပျောက်တာ
လည်းရှိ..။ ဒိုဘီပေးချိန်ဆိုရင် အဝတ်လှမ်းခန်းရှေ့ အဆောင်၂ဆောင်ကြားထဲ ရူပ်ယက်ခတ်နေတာပေါ့။
ကိုယ်တော့ ဒိုဘီကုလားကို စိတ်ဝင်စားတာ အထုပ်ကြီးတွေ နဲတာမဟုတ်ဘူး။ ခေါင်းပေါ်ရွက်သွားကြတာ ကို တအံ့တသြဖြစ်ရတာ..။ ထမိန်သောဘာသော အားလုံးပေါင်းဘဲ။ အဝတ်ဖြူကြီးထဲထည့် စုချည်ပြီးလွယ်
အိတ်လိုတဖက်ကလွယ် ခေါင်းပေါ်ကအထုပ်ကြီးတင်လို့..။ တောသားမယ်ငီး ပါးစပ်အဟောင်းသားနဲ့လိုက် ကြည့်ရတာ အမောပေါ့ရှင်။ ပြန်လာပေးချိန်ကျတော့ အဝတ်တွေကို ကြမ်းခင်းမှာ ဖြန့်ချထားပြီး ကိုယ့်အဝတ် ကိုယ်ပိုက်ဆံပေးရွှေးကြရတာပေါ့..။ အားလုံးဖြူစိမ်းအတူတူဆိုတော့ ဘယ်လိုလုပ်ရတယ်မှတ်လည်း..။ အဆောင် မဝင်ခင် အဝတ်တွေမှာ ကွမ်းရွက်နဲ့ နံမည်ထိုးရပါတယ်။မမြင်သာတဲ့နေရာ ထိုးတာပိုကောင်း
ပေမဲ့များသောအားဖြင့် ခလေးတွေဘဲလေ သိပ်လည်းနားမလည်တော့ ပြူးပြူးပြဲပြဲကြီးတွေ စာလုံး
အကြီးကြီး
တွေရေးလို့.. အဝေး ကနေကြည့်ရင် ဘော်ဒါသူဆိုတာကြော်ငြာစရာမလို..။

လူကလည်းဒေသပေါင်းစုံက လူမျိုးပေါင်းစုံ၊ သူ့အုပ်စုနဲ့သူနေကြတာ။ ဥပမာ ချင်း ကချင် ကရင် ခရစ်ယာန်
တွေဆို တနင်္ဂနွေမှာဘုရားကျောင်းတက်( ကျောင်းဝင်းထဲမှာပါဘဲ) သီချင်းဆိုတော့။ သူတို့ကတအုပ်စုပေါ့။
ဘိတ် ထားဝယ်ဖက်ကသူတွေ ဗမာစကားပြောရင် ရှမ်းမတွေကဘယ်နားလည်မလဲ ၃-၄ ခါပြန်မေးရတယ်
ဒီတော့ သူတို့က အုပ်စုတခု..။ ရှမ်းတောင်မှာ မြောက်ပိုင်းက တအုပ် အရှေ့က တာချီလိတ်ကျိုင်းတုံက တစု၊
ဒီလိုတွေလေ..😁 ဟားဟား..ပြန်စဉ်းစားရင် ရီချင်စရာ ခုတော့ ဘော်ဒါဆောင် gathering မှာ တယောက်နဲ့
တယောက်ချစ်လိုက်ကြတာ..ပြန်တွေ့ရတာကိုဘဲ အရမ်းဝမ်းသာနေလိုက်ကြတာ..တမိုးအောက်ထဲ အတူတူကြီးပြင်းလာကြရတာဆိုတော့ ဘယ်လိုသံယောဇဉ်ရှိကြတယ်ဆိုတာ ပြောမပြတတ်တော့ဘူး။ပျော်တယ်
လေ ။ ဘော်ဒါဆောင်မှာ ဒုကျောင်းအုပ်က အုပ်ချုပ်တယ်။ ပြီးတော့ မေထွင်က အဆောင်မူးပေါ့။ ကရင်
လူမျိုး
သူ့လက်ခုပ်သံကြားရင် မယ်ငီးတို့အားလုံးဗျာနေတာဘဲ..။ မြစန္ဒာနဲ့ မြကလျာဆိုပြီး ၂ဆောင်ရှိတာ။ ဗိုလ်ချုပ် လမ်းမပေါ်ကနေလှမ်းမြင်ရတဲ့ အပေါ်ဆုံးထပ် တတန်းလုံးက မြစန္ဒာပေါ့။ ကိုယ်တို့က မြကလျာမှာ နေခဲ့ရတာ။အဆောင်ပုံစံက Lရှိတ်လိုရှိတာ။ သူက L ထိပ်မြစန္ဒာကနေတဖျောင်းဖျောင်းနဲ့ လက်ခုပ်တီးလိုက်ရင်မြကလျာအဆောင်မှာ အတိုင်းသားကြားနေရတယ်..။

မနက်ဆိုရင် မေထွင်က ခေါင်းလောင်းကိုင်ပြီး ဂလာင်ဂလောင်နဲ့ သူ့အခန်းက(မြစန္ဒာဆောင်)ကနေထွက်ပြီး ဒီဖက်မြကလျာအထိတီးပြီးအားလုံးကိုနိုးတာပေါ့..။ စနေတနင်္ဂနွေကျတော့ အားကစားဆရာကြီးက လာပြီးဝီ
စီမူတ်ပါတယ်။ အောက်ဆင်းလေ့ကျင့်ခန်းယူရတယ်..။ ၂ခုလုံးအရမ်းမုန်းဘဲ။ အဟဲ..ဇိမ်နဲ့နှပ်နေတဲ့အချိန်
လေ..။ ခုတော့ လွှမ်းတာ...ပြန်ကြားယောင်နေပေါ့..။ တခါတလေ အားလုံးတန်းစီပြီး ရွှေတိဂုံဘုရားအထိ
သွားရတယ်။ ဘုရားအသွားလမ်းမပေါ်မှာ အမဝမ်းကွဲရဲ့အိမ်ရှိတော့ ကမန်းကန်းပြေးဝင်ပြီး မုန့်တွေသွား
တောင်းကြတယ်..အဟဲ..ညီမဝမ်းကွဲ၂ယောက်နဲ့လေ..။ အဆောင်နေကျောင်းသူ ဘဝတော့ တကယ်ငတ် ကြီးကျတာ။ မနက်အိပ်ယာကထပြီး မျက်နှာသစ်အိပ်ယာကိုပြန့်အောင်ခင်းရတယ်။ ရှေ့ကုတင် ဘေးကုတင်
နဲ့ညီအောင်ညှိရတယ်။ အိပ်ယာမွေ့ယာကလည်း အုံးဆံဖတ်မွေ့ယာအထူကြီးပါ။ ဒါပေမဲ့နှစ်ပေါင်းများစွာကြာ လာတော့ အလယ်ကခွက်ချိုင့်နေတာပေါ့။ အိပ်ယာခင်းပေါ်ကနေအိပ်ယာဖုံးထပ်ခင်းရင်အရမ်းခွက်လွန်းလို့
တချို့ကလည်း စောင်တွေ အဝတ်တွေခုထဲ့ကြရတယ်။ မေထွင်လက်ခုပ်တီးသံကြားရင် လက်ပိုက်ပြီး ကိုယ့်
ကုတင်ထိပ်ကိုယ်ရပ်နေရပါတယ်။ မေထွင်ကြီးစိတ်ကြည်နေရင်တော့ ဘာမှပြသာနာမရှိ အားလုံးအိုကေ
လို့ စိုပြေပေါ့။ တခုခုဖြစ်ရင်တော့ အိပ်ယာနဲနဲတွန့်တာ ကုတင်မညီတာ အပြစ်ကြီးပေါ့ရှင်..။ ပြန်စစ်ပြန်ညှိ
သူဆုံးမပြောဆိုနေတာ ခံပေတော့..။ သူပြောတာတွေလည်း ထပ်နေတော့ သူပါးစပ်ဟရုံရှိသေး မယ်ငီးတို့
စဆုံး အလွှတ်လိုက်ပြောနိုင်တာပေါ့..😆

ကဲ..မယ်ငီးကဘယ်တစ်ယောက်လဲကျောင်းကပွဲတခုမှာ
တယောက်ကို၁ဝကျပ်စီကောက်ပြီး
ဒန်ပေါက်အအေးစားကြရတာဓါတ်ပုံဆရာဝင်လာတာနဲ့ပျော်လွန်းလို့လေ....

မယ်ငီးလည်းခဏခဏပြစ်ဒဏ်ထိဖူးတယ်။ သနပ်ခါးကျောက်ပြင်ကို ဘီဒိုထဲမှာဘဲထားရတာ။ အပြင်ထုပ်ထားမိလို့၊ အဲ့ဟာကြီးရွက်ပြီးမတ်ရပ်နေဖူးတယ်..။ ခေါင်းရင်းမှာ ဘရာဇီယာကြီးလှမ်းထားမိတာ လူရှေ့မှာ
အပ်ချိတ်နဲ့တွယ်ပြီး မတ်တပ်ရပ်ခဲ့ဖူးတယ်။ အဲခေတ်ကာလာ ဘရာဇီယာဆိုတာ ခေတ်မစားသေးပါဘူး။
(မယ်ငီးတို့ကျိုင်းတုံဒေသကတော့ ထိုင်းနယ်စပ်နဲ့နီးစပ်တာကြောင့် အဝတ်အစားတွေက နဲနဲပိုခေတ်ဆံကြ
တယ်ဆိုပါတော့ ဒါပေမဲ့ကိုယ်က အရမ်းပူလွန်းလို့ ဝတ်တာပါ..😁 နေ့ခင်းကျောင်းတက်ရင်မဝတ်ပါဘူး။
ဒါပေမဲ့ ကျောင်းမှာတနင်္လာနေ့ဆိုရင် လက်သဲဆေးဆိုးထားမထား ဘရာဇီယာဝတ်မဝတ် လာစစ်လေ့ရှိ တယ်။ စစ်ဆေးတဲ့ဆရာမအုပ်စုဝင်လာရင် အားလုံးမတ်တပ်ရပ်လို့ ကျောကုန်းထားပေးရတယ်။ လက်ဆယ်
ချောင်းကိုလည်းရှေ့မှာဖြန့်ပြရတယ်။ လသာ၂ ကတော့ တကယ်စည်းကမ်းကြီးတာပါ။ ဟီးဟီးဟားဟား
အော်ရီရင်လည်း တီချယ်တွေက မေးတာဘဲ ဘယ်အတန်းကလဲ မိန်းကလေးဆိုတာဗိုင်းကောင်းကျောက်ဖိ
ဘာညာကွိကွဆုံးမပြောဆိုခြင်းခံရတာပါဘဲ။ စာတွေလည်းအပြိုင်အဆိုင်ကျက်ကြတယ်။ စာတော်တာများ တယ်လေ။

အဲ..အဆောင်ဖက်ကိုပြန်ခေါ်သွားမှ 😜 ကုတင်စစ်ခြင်းကိစ္စပြီးရင်တော့ အောက်ထပ်ကထမင်းစားဆောင်
သွားကြတာပေါ့။ ၂ယောက်စီ တန်းစီပြီးဝင်ရတယ်။ ထမင်းစားခန်းထဲမှာ လုံးဝစကားမပြောရပါ။ စားပွဲတ ဝိုင်းကို ၆ ယောက်လားမသိ၊ (နဲနဲကြာတော့လည်းသိပ်မမှတ်မိတော့ဘူး..ဟီး) ထိုင်ရတယ်။ ထိုင်ခုံကအထဲ
မှာ မဆွဲထုတ်ရသေးဘူး။ ကိုယ့်ထိုင်ခုံရှေ့မှာလက်ပိုက်မတ်တပ်ရပ်ပြီး အားလုံးအထဲရောက်မှ မေထွင်လက် ခုပ်သံကြားမှဆိုပါတော့ မင်္ဂလာပါဆရာမများ...ဆိုပြီးထိုင်ခုံဆွဲထုတ် ထိုင်ရပါတယ်။ ဟင်းပွဲတွေကချထား
ပေးပြီးသား။ ထမင်းလိုက်ပွဲလိုရင် လက်ညိုးထောင်ရပါတယ်။ စားပွဲထိုးတွေက ကရင်တွေ ချည့်ပါဘဲ 😀
ကျောင်းမှာ အလုပ်သမားတွေ အားလုံးကရင်တွေချည်းဘဲ။ ကရင်နှစ်ကူးနေ့ဆိုရင် မြညီလာခန်းမမှာ သူတို့
ဒုံးယိမ်းကတာ သွားကြည့်ရသေးတယ်။ ထမင်းစားခန်းနှဘေးကအခန်းထဲမှာလည်း  locker လေးတွေထား
ပေးတယ်။ ကိုယ့်ဟင်းပုလင်းတွေ ကိုယ့်ဖာသာကိုယ်သိမ်းဖို့။ မယ်ငီးတို့က ခုံဆွဲထိုင်တာနဲ့စားချင်နေတာ။
ဘာလုပ်လုပ်အရမ်းနှေးကွေးတော့ ဟင်းပုလင်းသွားယူပြီး ပြန်လာမှ ထမင်းပုဂံထဲက စပါးလုံးရွှေးချိန်နဲ့ဆို
ရင် စားချိန်မလောက်မှာစိုးလို့။ ရောက်ခါစ စပါးလုံးစေ့တွေရွှေးလိုက် ဟင်းနမ်းကြည့်လိုက်နဲ့၊ မေထွင် လက်
ခုပ်တီးချိန်ရောက်ရော..။ အဲဒီအချိန်ဆိုရင် စားတာတွေရပ်လိုက်ရတယ်။ တကယ်စားရင် အချိန်လောက်ပါ တယ်။ ခင်ခင်ချေးများပဲများလုပ်တာနဲ့..ငတ်ရောလေ..😢 ဒီတော့ထိုင်ခုံပေါ် ဟင်းဗူးတင်ထားပြီး၊ ထိုင်ခုံကို
သာသာလေးသွင်းထားလိုက်တယ်။ ထမင်းစားချိန် ခုံဆွဲဟင်းဗူးယူ၊ စမတ်ကိုကျလို့..။ တလ ၁၁ဝ နဲ့ ထမင်း
ဟင်းတွေ ဘယ်လိုလုပ်ကောင်းမလဲ..။ ငါးစိန်ဆန်ကြမ်းကြီး ဗူးသီးဟင်းရည်ဆိုရင် ကြည်လင်နေတာဘဲ။
ခုခေတ်သောက်ရေသန့်အတိုင်း..ဟီး..။ တခါခါ ပုဇွန်ကြော် တယောက်ကို ၅ကောင် 😵အံသြသွားလား
ခုခေတ်ပုဇွန်ခြောက်သာသာအကောင်ရယ်...အဟဲ..။ ပြီး ကန်ဇွန်းရွှက်ကြော်..တဲ့။ ဒီတော့ မုန့်ဈေးတန်း
ကျောင်းကင်တင်းကကိုယ်တို့အတွက်မဟာနိဗ္ဗာန်ဘုံလေးပါဘဲ..။

ခေါက်ဆွဲတပွဲမှ ၆၅ ပြားထဲ၊ အဲ့လိုထင်တာဘဲ။ ခေါက်ဆွဲကအရည်လေးနဲ့ ပုဇွန်ခြောက်ပါလေရာလေးနဲ့ ဂျုံခေါက်ဆွဲ၅မျှင်၆မျှင်လောက် ကြက်သွန်ကြော်လည်းဖြူးလို့ ကြိုက်တတ်ရင် ငရုပ်သီးထဲ့ပေါ..။ ဘာအစား
မှန်းမသိပေမဲ့ တကဲ့နတ်သုဒ္ဓါခေါက်ဆွဲ၊ ကော်ပြန့် အသုပ် မုန့်ဟင်းခါး..လုဝယ်စားရတာ..။ လူကလည်းများ
တာလေ။ မိုးတိုးမတ်တပ်နဲ့လုယက်စားခဲ့တာ..တကယ်မမေ့နိုင်ဘူး။ ပဲပြားအသာသွပ်ဆိုတာအသေကောင်း
ပေါ့။ ဓါးလှီးရေခဲချောင်းဆိုတာလည်း မပြတ်အားပေးခဲ့တာဘဲ။ တခါခါ စနေတနင်္ဂနွေနေ့လည်မှာမုန့်ဟင်း
ခါးကျွေးတတ်တယ်။ မုန့်ဖက်ထုပ်ကျွေးရင်တော့ အခန်းထဲသွားစားစရာမလို ၄ယောက်တတွဲတန်းစီအပေါ်
ထပ်အိပ်ဆောင်ကြမ်းပြင်ဆောင့်ကြောင့်လေးထိုင်လို့ ထိပ်ကဝေပေးတာ ကုန်းကုန်းကွကွနဲ့သွားယူပြီးစားခဲ့
ဖူးတယ်။ ပိတ်ရက်ဆိုရင်နေ့လည်အိပ်ရတယ်လေ။ အိပ်ယာထရင် မုန့်စားရတယ် 😋 ထမင်းမကောင်း ဟင်းမကောင်းဆိုတာလည်း မယ်ငီးတို့အားလုံးစိတ်ထဲဘာမှ မရှိပါဘူး။ မစားနိုင်လို့ အိမ်က လမ်း၅ဝ အိမ်ကို
တပတ်တခါ ပုဇွန်ကြော်လုပ်ပြီးလာပို့ပေးဖို့၊ အကူအညီတောင်းထားပေးခဲ့တယ်လေ။ သံပြားထမင်းဗူးနဲ့
အန်တီကလာပို့ပေးတယ်။ တနင်္ဂနွေလာပို့ရင် အင်္ဂါနေ့လောက်ဆိုရင် ပြောင်ပေါ့..ဟီး။ တယောက်ထဲစားတာမှ မဟုတ်တာ။ သူငယ်ချင်းတွေနဲ့မျှစားတာလေ..။ တောသားက ပုဇွန်ကြော်အသေကြိုက်၊ ခုတော့ သိပ်မစား
တော့ဘူး..မုန်းသွားပြီလေ 😊 ထမင်းစားပြီးရင် ပုဂံတော့မဆေးရဘူး။ ကိုယ့်ဇွန်းကိုယ်ဘဲဆေးရတာပါ။
ဇွန်းကိုအစားအသောက်ဘီဒို locker ထဲသွားသိမ်းရတာ။ ကိုယ်တို့တော့ စက္ကူပတ်ပြီး လွယ်အိတ်ထဲ ထည့် ထားလိုက်တယ်အေးရော..။ လွယ်အိပ်ကိုညအိပ်ချိန်နဲ့ ရေချိုးချိန် အိမ်သာတက်ချိန်ဘဲ အဝတ်ဘီဒို locker
ထဲထားတာ။ ကျန်တဲ့အချိန် ကိုယ်မှာစလွယ်သိုင်းလွယ်ထားလိုက်တာဘဲ။ အထဲမှာ ပစ္စည်းအစုံရှိပါ့..😎

စနေနေ့ဆိုရင် လွတ်လပ်တယ်။ တနင်္ဂနွေနေ့ကျတော့ ကျောင်းသူမိဘဆွေမျိုးမောင်နှမတွေလာတွေ့ခွင့်ရှိ
တယ်လေ။ ကျောင်းအပ်ကတဲက လူ ၄ယောက်ရဲ့ဓါတ်ပုံပေးထားရတယ်။ အဲ့ ၄ယောက်ကလွဲလို့ ဘယ်သူမှ
လာတွေ့ခွင့်မရှိပါဘူး။ ဓါတ်ပုံပါသူနဲ့အတူတူလာရင်တော့ရပါတယ်။ တလတခါ အပြင်ထွက်ချိန်ပေးပါတယ်။
အုပ်ထိန်းသူ ၄ယောက်ဓါတ်ပုံနဲ့တိုက်စစ်ပြီး သူတို့ခေါ်မှ ထွက်ခွင့်ရှိတာပါ။ လာတွေ့ရင်လည်း လက်မှတ်ထိုး
ဓါတ်ပုံနဲ့တိုက်စစ်ပေါ့..။ ပြီးရင် ကျောင်းသူတွေကအပေါ်မှာဘဲနေရတာ..၃ထပ်ဆိုတော့လည်း၊ လက်မှတ် ထိုးတဲ့နေရာက ကျောင်းသူစပြီးအော်လိုက်တယ်..ဥပမာ ၉တန်းက စမ်းစမ်း အိမ်ကလာနေတယ်..။ လှေခါး
ထောင့်မှာ နောက်ထပ် တာဝန်ကျ(အလှည့်ကျလုပ်ရတာလေ) ကျောင်းသူက ပြန်အော်ရတယ်၊ အဲ့အတိုင်း
ပေါ့ နောက်ထပ် ဒုတိယထပ်မှာ ကျောင်းသူကထပ်ပြီး အပေါ်ဆုံးထပ်က တာဝန်ကျသူကို ထပ်အော်ပြော ရတာ။ အပေါ်ဆုံးကလူကျတော့ အဆောင်ထိပ်မှာ ထပ်အော်လိုက်ရတာပေါ့..ဒီလိုတဆင့်ချင်းအော်ရတာ..။
ဟီးဟီး...မိုက်လေးနဲ့သုံးလိုက်ပြီးရော..လို့မပြောနဲ့။ ခေတ်အခြေအနေက ဂလိုပါဘဲလေ...အဲ့အသံတွေကို
ကြားယောင်နေတုံးဘဲလေ..။ မှတ်မိတာတခုက ကိုယ်တို့နဲ့တတန်းထဲ ၁ဝတန်း ကသူငယ်ချင်းတယောက်
တမြို့ထဲသားပါ၊။ ရှမ်းစပ်တယ်ဆိုပါတော့။ သူက ဧည့်စာရင်းမှတ်တာဝန်ကျတာကို သူအမြင်ကပ်တဲ့ သူငယ် ချင်း(မယ်ငီးပုံလည်းပါတာပေါ့..ဟီးဟီး) အားလုံးကို ဘောပင်နဲ့ နူတ်ခမ်းမွှေးဆွဲပစ်လိုက်တယ်။ မှတ်တမ်းစာ
အုပ်ထဲမှာလေ..။ စာမေးပွဲကြီးနီးချိန်ကြီးမှာ ဘော်ဒါကျောင်းထုတ်ခံရတယ်။ စာမေးပွဲတော့ဖြေခွင့်ရှိတယ်။
တကဲ့ပရုတ်ကျသူဘဲ..အခုဘယ်ရောက်နေလဲမသိ..။ သတိရတယ်သူငယ်ချင်းရယ်...။

သီတင်းကျွတ်ကျောင်းပိတ်ရက်မှာ အမကကျိုင်းတုံပြန်သွားလို့၊ တခြားအိမ်တွေမှာ လိုက်မအိပ်ချင်တာနဲ့၊ မယ်ငီးအဆောင်ကနေမထွက်ဘဲနေဖူးတယ်။ ညနေဆိုရင် လေဟာပြင်ဈေးကို သွားကြရတယ်။ ဘော် ဒါဆောင်ရဲ့ ကျမ်းမာရေးမူူးခေါ်မလားဘဲ..သူကခေါ်သွားတာ။ ကျန်ခဲ့တဲ့လူတွေလည်း များသောအားဖြင့် ချင်း ကချင် ကရင် ဒီလိုအိမ်နဲ့အရမ်းဝေးတာတွေပေါ့။ မယ်ငီးအဆောင်မှာ လူ၂ယောက် ၃ယောက်ဘဲကျန် တာကြောက်လို့၊ မြစန္ဒာမှာသွားအိပ်ရတယ်။ လူလေး ၁ဝ ယောက်လောက်ဘဲကျန်ခဲ့တာ။ အသေလွတ် လပ်တယ်။ ထမင်းစားချိန်ဆိုရင် အချိန်ကြည့်ပြီး ထမင်းစားခန်းထဲဝင်သွားရုံဘဲ။ တသက်မမေ့နိုင်တာကလေဟာပြင်ဈေးသွားတာဘဲ။ မယ်ငီးနဲ့ လင်လင်(အခုထိုင်ဝမ်လေယာဉ်မယ်) ဈေးထဲရောက်တာနဲ့ ဆီချက်စားတယ်။ ပြီး ကြေးအိုးစားတယ်။ ဖာလူဒါသောက်တယ်။ ပေါက်စီစားတယ်။ နောက်မုန့်အများကြီးဝယ်ပြန်တယ်။ ပါးစပ်ကပြန်အန်ထွက် မတတ်ကိုစားပစ်လိုက်တာ..။ အဲ့လိုငတ်ကြီးကျပါတယ်ဆို..။

ကျုရှင်လည်း ဘော်ဒါဆောင်ကျောင်းသူအတွက် အပြင်ဆရာတွေလာသင်ပေးတယ်။ တလမှ ၁ဝကျပ်ဘဲ
ပေးရတယ်။ ဆရာတွေထဲမှာ ဦးသီဟဆိုတဲ့ အင်္ဂလိပ်ကျုရှင်ဆရာကိုသတိရတယ်..။ သူမေးသမျှ အင်္ဂလိပ် grammar မယ်ငီးဖြေနိုင်တယ်လေ..။ မယ်ငီးကိုလက်ညိုးထိုးပြီးမေးတယ်။ ဘယ်ကပြောင်းလာသလဲတဲ့..။ ကိုယ့်မှာဒူးတွေ တုန်လို့ကြောက်တာလေ..။ အော်..ပြောဖို့မေ့နေတာ..မယ်ငီးခလေးဘဝ ကကြီးခခွေးသင် ကတဲက ABC သင်ခဲ့ဖူးတယ်။ ကိုယ်တို့ခေတ်က ၅တန်းမှ ABC ရတာလေ..။ ကျိုင်းတုံက အမျိုး ဦးလေး
တော်မလားဘဲ။ သူကအင်္ဂလန်မှာကျောင်းတက်ရင်း ဘိုမနဲ့အိမ်ထောင်ကျတယ်။ ပြီးတော့ ကျိုင်းတုံခေါ်လာ တာလေ။ သူ့သမီး ၂ယောက် ဘိုကပြားနဲ့ ကိုယ်နဲ့က သက်တူရွယ်တူ၊ အတူတူကစား သူ့အမေကစာသင်
ပေးတာ..။မှတ်မှတ်ယယတခုကတော့ ဘိုမက လက်တဖက်ပြတ်သွားတယ်။သူတို့ချိန်းတွေ့ပြီးလျောက် လည်တုံးအက်ဆီးဒင့်ဖြစ်တော့ ယောက်ကျားပီသစွာနဲ့ လက်ထပ်ယူလိုက်တာတဲ့...။ နဲနဲလည်းငယ်သေးတော့
မယ်ငီးလည်းသိပ်မမှတ်မိပါဘူးလေ..။ ကြားဖူးတာလေးပြန်ဝါးချတာ..😹

မယ်ငီးကုတင်ခေါင်းရင်း နဲ့ ရွှေတိဂုံဘုရားကတန်းနေတာဘဲ။ ညညရှိခိုးရင် မီးတွေလင်းလို့ အရမ်း သပ် ပယ်တာ။ ညညကုတင်တွေပူးပြီး အိပ်ကြတယ်။ သူရဲကြောက်လို့တဲ့..။ ကိုယ်တော့ သူရဲမကြောက်ပါဘူး။ အခြောက်ခံလည်းထိဖူးခဲ့တယ်။ကုတင်က ၂တန်း ရှိတယ် အလယ်မှာ ကွက်လပ်ကျယ်ကျယ်နဲ့ ဟိုးထိပ်ကျ
တော့နောက်၂တန်းထားတာ..လူတွေအများကြီးဘဲ ညညအိပ်ရင် တခြားကျောင်းသူတွေ  သွားကြိတ်သံ ကြားရင်တော့အသေကြောက်ထှာ..ဟီးဟီး တုပ်ကွေးဆိုတာလည်းမယ်ငီးကနေစဖျားလိုက်တာ လူတွေ ၁ဝကျော်လောက်ဖျားကြတယ်။ ဘုရားခန်းနေရာမှာ သပ်သပ်သွားအိပ်ကြရတယ်။ ကျောင်းပျက်ရက်အများ
ကြီးဘဲ လိမ်ဖဲလိမ်ဖဲနဲ့ ၁ဝတန်းအောင်သွားတော့ အမှတ်က အောင်မှတ်လေးနဲ့ကပ်လို့.. 😂

အော်..သတိရအောင်းမေ့လွန်းလို့...fb ပေါ်လည်းသိပ်မသွားဖြစ်ဘူး..။ တခါခါမှသွားကြည့်တာ။သူငယ်ချင်း
တွေကမေးကြတယ်...ဘယ်ပျောက်နေတာလဲ..တဲ့။ ငုတ်တုပ်ကြီးများအိပ်ပျော်နေသလားထင်ရတယ်..ဒီက
လည်း..တရက်တရက်ပြီးသွားတာ..အချိန်ကမလောက်ဘူး..။ တခါခါ fbဝင်မိရင် ကြည့်စရာများလွန်းလို့
အချိန်ကုန်သွားရော..ဒါနဲ့..တာတာတာလုပ်ပစ်လိုက်တာ...သူငယ်ချင်းတွေအားလုံးကို သတိရတာပေါ့..

ပျော်ရွှင်လွတ်လပ်တဲ့ဘဝဆိုတာ ကျောင်းသူအရွယ်မှာဘဲရှိတာအမှန်ဘဲ...။
ပကတိဖြူစင်ရိုးသားခဲ့ကြဖူးတယ်လေ...။

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်
#meemeenage

2 comments:

  1. ဘာလိုလိုနှင့် နှစ်၄၀ကျော်သွားပြီ ထင်တယ်။ :)

    ReplyDelete
    Replies
    1. ဟယ်...
      ၃၈ နှစ်ထဲပါအေ...
      ၁၉၇၉ ခုနှစ်ကလေး)))
      လူတွေလည်းပုံတွေ
      ပြောင်းသွားတာအမှန်ဘဲ
      နှစ်ပေါင်းများစွာအဆီတွေစုလို့
      ဖေါင်းကားနေကြတာပေါ့ကွယ်... :D
      အဟား...များသောအားဖြင့်
      ခလုတ်တိုက်မိလို့ဘာညာကွိကွနဲ့
      ဒီမှာစာလာဖတ်မိတဲ့သူတွေတောင်
      ၃၈ ဂဏန်းမရောက်လောက်သေးဘူး
      ခလေးတွေလူငယ်တွေများမယ်ထင်တာဘဲ...
      ဖွားဖွားမီးတော့...
      ဆက်လက်ပြီး
      ကြုံဖူးတာလေးတွေ
      အာလူးပေးသွားပါ့မယ်လေ..
း))))))

      Delete