Friday, September 16, 2016

Free Korea နေ့တဝက်ခရီး..

မင်္ဂလာပါရှင်~~~
စိတ်ကူးထဲရေးနေတာကွန်ပြူတာဖန်သားပေါ်မတင်မိတော့ မိတ်ဆွေများဘယ်လိုလုပ်သိနိုင်မလဲနော့်။
သောင်းပြောင်းထွေလာဒီကမ္ဘာလောကကြီးမှာ တရက်ရက်မနေမနားဘာတွေများရူပ်နေကြလဲတော့မသိ။
လူတိုင်းမျက်စိကိုပိုပြီးအသုံးချလာကြတာတော့အမှန်ပါဘဲရှင်။ မယ်ငီးလည်းတနေ့နေ့ ဖတ်လိုက်တာ မျက်စိ
ကိုညောင်းနေတာဘဲ။ ဘလော့ကိုပြန်ကြည့်မှ အဲ..ဖြစ်ချေဘူး..တခုခုတော့ရေးချွတ်အာလူးဖုတ်မှဆိုပြီး...
အတ်ချလောင်း ဆိုပြီး..ဒါလေးထွက်လာပါတယ်ရှင်..။

မနှစ်ကတဲက မြန်မာပြည်ကနေ အမေရိကားပြန် လေယာဉ်လက်မှတ်ကလည်း ခဏခဏပြောင်းတော့
နောက်ဆုံးအချိန်ရရာယူလိုက်ရတယ်လေ..။ Korea Incheon လေယာဉ်ကွင်းမှာ transit စောင့်
ရမဲ့အချိန်က ၁ဝ နာရီကျော်ကြာမှာတဲ့....ဘုရားဘုရား..ရွှေးချယ်စရာလမ်းမရှိသောမယ်ငီးပါ...ဖြစ်သမျှ
အကြောင်းဟာအကောင်းတွေပါဘဲလေ..ကိုင်း..ပျိုမေတယောက်ထဲကျားကျားကအလုပ်ရှိလို့စောစောပြန်
သွားပြီလေ..လေယာဉ်ကွင်းထိုင်ခုံတွေမှာ ကောင်းကောင်းအိပ်တတ်ဖို့ဘဲလိုတာ။ ရောက်ရင် အရင်ဆုံး ၎
နာရီလောက်မထထမ်းအိပ်မယ်လို့ ကျုံးဝါးသွားတာပါဘဲ။ နေလည်းမကောင်းဘူးလေ။ ထုံးစံက ရန်ကုန်
ရောက်ရင် စားပြီးဒုက္ခရောက်ခဲ့ရတာချည်းပါဘဲ။ ကျိုင်းတုံမှာတော့ ကိုယ့်အိမ်ဆိုတော့ ကိစ္စမရှိ။

ထုံးစံကလည်း ညသန်းခေါင်အချိန်ဘန်ကောက်ကထွက် ကကြီးတို့တိုင်းပြည်မနက်အစောကြီးရောက်ပြီလေ
လေယာဉ်ကွင်းလည်းအေးစက်ခြောက်ကပ်နေသေး။ မြူတွေပိတ်လို့ ချောင်ကျမဲ့နေရာရွှေးလို့ ခင်းကျင်းပြီး
အိပ်တာပေါ့..။မှိန်းကနဲအိပ်ပျော်မယ်ကြံ ကုလားသိုက်ကျားဝင်ကိုက်ဆိုတဲ့ စကားပုံသာရှိတာ တရုတ်အုံထဲ
အုန်းသီး(စကားလိမ်နဲ့သာဖတ်ပစ်လိုက်ပါတော့ဗျာ)ပစ်ထဲ့ဆိုတာမျိုးကျဘာလို့မရှိလဲ စဉ်းစားလို့ကိုမရတာ..။ "ညည်းထမိန်ညည်းရှော်..ကွိကြည့်ကွိကြည့်နော်..ရှိရှိရှရှ" အသံမျိုးစုံနဲ့ မယ်ငီးပေအိပ်နေတာကိုမရတော့ ထိုင်ကြည့်လိုက်မှ..လားလား..ပီကင်းဈေးထဲကငါးတန်းထဲရောက်နေတာကိုး..ကျကျနနခေါင်းရင်းနားလာ
ထိုင်ပြီး အုပ်စုလိုက်သေတ္တာဖွင့် ပြီးအဆုတ်ကောင်းကြောင်းအော်ဟစ်နေကြတာဗျာ... ရိုးရိုးစကားမှမပြော တတ်တာ သူတို့ကအဆုတ်အတော်ကောင်းတဲ့သူတွေ အာခေါင်ခြစ် အော်ဟစ်နေတော့တာဘဲ @_@

ခြေထောက်ဆန့်လို့မှေးမယ်ကြံ..
ဒါနဲ့ဘဲ အိပ်မယ်ဆိုတဲ့အိမ်မက်လေးအသာခေါက်လို့ ရေအိမ်တွေဖက်ထွက်လာလိုက်ရတယ်။ တောင်
ကြည့်မြောက်ကြည့် ပြူးကြည့်ကြောင်ကြည့်ပေါ့။ အိပ်ချင်မူးတူး နေမကောင်းတဲ့ခရီးသွား တယောက် အဖြစ်..လေ။


အဲ့မှာ ဆိုင်ဘုတ်တခုထောင်ထားတာတွေ့ရတယ်..အိုး..မိုက်ထှာဗျာ..."Incheon Airport Free
Transit Tour" တဲ့ ပေမှေးမျက်စိအဲ့အခါမှ ပြုးထွက်လာတော့တယ်..။ တကယ်ရှော်တဲ့မယ်ငီး အွန်လိုင်း မှာတောင်ဘွတ်ကင်တင်လို့ရတယ်ဆိုဘဲ..။ များတို့မသိလိုက်ဘူး..။ ဒီလို အခွင့်အရေး ဘယ်လက်လွှတ် လို့ဖြစ်မလဲနော့်..။ ရေးထားတဲ့နေရာကိုပတ်ရှာတာက နဲနဲကြာသွားတယ်။ တွေ့တဲ့အလုပ်သမားတွေ
မေးမိတာလေ..။ တောင်ညွှန်တဲ့သူမြောက်ဖက်ညွှန်တဲ့သူ နောက်ဆုံးအရှေ့ဖက်မှာရှိတယ်ဆိုပါတော့။
လေယာဉ်ကွင်းအဝင်ဖက်ကိုပြန်ထွက်ရတယ်ကောင်တာကအဲ့ပန်းနားတဝိုက်မှာ

လူဝင်မူ့ကြီးကြပ်ရေးမှာ အထွက်တုံးတွေဘာတွေအတွက်စာရွက်ဖောင်ဖြည့်ပြီး ပြေးတာဘဲ။ အဲ့ကလူတော့ အပြင်ရောက်ရင်ဆက်သွယ်ရမဲ့ကောင်တာပါညွှန်းပါတယ်။ ကျမလည်း အဲ့ကောင်တာနဲ့ကပ်ရပ် ကောင်တာ
ကိုရောက်တာမေးတော့ နောက်တခြားနေရာညွှန်းလိုက်တယ်..A Bay လေး..။ မန္တလေးတပြလောက်ပြေး ရတယ်။ နောက်ပြန်လာတော့ သူ့နဲ့ကပ်ရပ်..မှားပါတယ်ဟယ်..။ ဟိုကပထမဆုံးအသုတ်နဲ့မမှီတော့ဘူး။
ပါးစပ်ကပွစိပွစိရွှတ်နေတဲ့ကျမအချိန်ကိုကြည့်ပြီး အဲ့လူကြီးကကျနော် ၂ ခုစီစဉ်ပေးမယ်ဆိုပြီး လုပ်ပေးပါ တယ်။ စုစုပေါင်း 4နာရီလောက်ကြာမဲ့ tour ၂ခုစီစဉ်ပေးပါတယ်။ အချိန်ကလည်း နောက် ၄၅ မိနစ်စောင့်
ရမယ်တဲ့။ ကဲဗိုက်ပြေးဖြည့်လိုက်အုံးမယ်..။ တကိုယ်လုံးလည်းရီရတယ်..တွန့်ကြေပွယောင်းနေတာဘဲ။ ကျမကခရီးရှည်ထွက်ရင် ချည်ထည်ဘဲဝတ်လေ့ရှိတယ်။ ပေါ့ပါးတယ် သက်တောင့်သက်တာရှိတယ်လေ။ ဖိနပ်ဆိုလည်းပိတ်ဖိနပ်တွေဘဲကောက်စွပ်ခဲ့တာဘဲ။ ဖက်ရှင်ကတော့ ဓါတ်ပုံရိုက်ပြီးထွက်လာတဲ့ ကိုယ့်ပုံ ရင်သပ်ရူမော..ဒီလိုကြီးလည်းဝတ်ပြီး ကမ္ဘာပတ်ခဲ့တာဘဲလား..မယ်ငီးရယ်...တကဲ့ကို့ယိုကားယား..ဟီး


အနီးအနားကြည့်တော့ သူတို့အစားအစာဆိုင် ၃-၄ဆိုင်လောက်တွေ့တယ်။ အိုကေ..ဘဏ်ကောင်တာမှာ ကကြီးပိုက်ဆံလှဲ..အကြာကြီးစောင့်နေရတာ..ရှေ့ကဖဦးထုပ်တသိုက်ကမပြီးတော့ဘူး..။ ပြီးဆိုင်ထဲမှာ
အမဲသားစွပ်နဲ့ထမင်းစား...ထမင်းမစားပါဘူး..စွပ်ပြုတ်ဘဲသောက်ခဲ့တာ။ ရေတဗူးဝယ်ပြီး..ကောင်တာရှေ့
ပြန်ပြေးရတယ်။ ကိုယ်ရောက်နေကြောင်းလည်း သွားလေးဖြီးလို့မျက်နှာပြထားရသေးတယ်။

အနီးအနားကမြင်ရာလည်း ဓါတ်ကရိုက်ထားရသေးတယ်..ကျားကျားကိုကြွားမလို့..သူမသိဘူးလေ။ ဂလို အခွင့်အရေးတွေ ရှိတယ်ဆိုတာ..အချိန်တန်တော့ သူတို့ဦးဆောင်ရာလိုက်ခဲ့တယ်။ ကျမတို့ဂိုက်က အမျိုး သမီး.။သူတို့မှာထားတယ် ဂိုက်ကိုပိုက်ဆံတစ်မပေးရဘူးတဲ့ ဥပဒေတဲ့။ အကျင့်ပျက်မှာစိုးလို့လားမသိ။
ကောင်တာကတပ်ပေးလိုက်တဲ့ရင်ထိုးလေးတွေထိုးထားရတယ်.. အဲ့တာကိုကြည့်ပြီးကားပေါ်တက် ကိုင်း..
ကကြီးတွေရဲ့ ချည်ဖတ်တိုင်းပြည်သွားကြည့်ရအောင်..ဟီး..

 လေယာဉ်ကွင်းကရှင်းလင်းနေတာအမှန်ဘဲ..ဘန်ကောက်ထက်တောင်ရှင်းသေး..
ဟိုးရှေ့ဖက်ကတံတားရှည်ကြီးနဲ့ ဒီလေယာဉ်ကွင်း ကြားထဲက ရွှံနွံတောကြီးရယ်...အဲ့ဒီကြားထဲမှာ ဂဏန်း
တွေရှာကြတယ်တဲ့..။

 ရေမရှိခြောက်ကပ်နေတာပါ...
 မြူတွေကျနေတယ်..ဓါတ်ပုံတွေသိပ်အကောင်းကြီးမရခဲ့ပါဘူး..
 တောလမ်းအတိုင်းခေါ်လာတာ..ကျမတို့သွားမှာကတောင်ပေါ်ကရှေးဟောင်းဘုရားတဲ့...
ဂိုက်ကတော့ရှင်းပြရှာပါတယ်..ဒီကခင်ခင် ငိုက်တာလည်းရှိ မြင်ရာဓါတ်ရိုက်နေတာလည်းရှိ..စာရင်းချုပ်
တော့ဘာမှမသိ..အဟိး))))
ကျမတို့BUS ပါ။ ဂျပန်မလေးနဲ့ ကုလားမလေး တရုတ်လေး ရှမ်းမလေး..စုံလင်စွာနဲ့ဘုရားဖူးထွက်ခဲ့ပါတယ်..
 အဲ့ဒီသစ်ပင်ကနှစ်ပေါင်းရာချီနေပြီတဲ့...အုတ်ကျွပ်မိုးအပြားဟောင်းတိုင်းမှာစာတွေရေးထိုးထားတွေ့တယ်..
အိမ်ပုံစံလည်း သေချာကြည့်ရင် တောကရှမ်းအိမ် တောင်ပေါ်သားအိမ် တရုတ်နယ်စပ်က တိုင်းရင်းသားအိမ်
ဂျပန်အိမ်..ဒီလိုပုံစံမျိုးတွေနဲ့ဆပ်ဆင်ဆင်ပါဘဲ..
သူ့အပြောတော့ ဘုန်းကြီးကျောင်းတဲ့...အိမ်လေးတွေအဆောင်လေးတွေကလည်း ခပ်သေးသေးပါဘဲ
 အဲ့တာကတော့မီးဖိုချောင်ဖြစ်မယ်..ကမ်ချီအိုးတွေတန်းစီနေတာဘဲ..
ကျမအထဲဝင်ပြီး ဘုရားရှိခိုးခဲ့ပါတယ်..။ ပါကစ္စတန်မလေးကတော့ သူ့ကင်မရာအကြီးကြီးကို တကိုင်ကိုင်နဲ့
ချိန်ပြီးရိုက်သွားပါရော့လား...။

 သူတို့ကတော့ ဖုံနဲ့ခုပြီးဒူးထောက်ရှိခိုးတတ်ကြပေမဲ့ ဒီကထိခြင်း၅ပါးနဲ့ဘဲရှိခိုးတတ်တယ်လေ..။
 ဒီဘုရားရှပ်တုကတော့..သိပ်ရှေးမကျပါဘူးတဲ့...။
 တကယ်ဆိုရင် ကျမကအများကြီးမေးချင်ပါတယ်..လူကနေသိပ်မကောင်းတော့ မစပ်စုခဲ့လိုက်ရဘူးလေ
 ဘာလိုအဆောင်မျီုးဆိုတာမေးမယ်ကြံ..ဂိုက်မမကဘယ်ရောက်နေမှန်းမသိ..
 အော်..သူကလေးလည်း..ပွတ်သဘင်ဆင်နွဲနေတာကိုး...
ခေါင်းတိုင်နဲ့အဲ့လေးထောင့်ပုံစံလေးကတော့ သေသူကိုရည်စူးပြီး အဝတ်တွေမီးရို့တဲ့နေရာတဲ့...ကိုင်း...
အများကြီးထပ်သိချင်နေပါတယ်ဆို...သူတို့ကအစိုးရအဖွဲအစည်းက လူတွေလေ..ဝတ်ကျေတန်းကျေပါဘဲ
ဒီကလည်း အလိုက်သိ သိပ်မမေးတော့ပါဘူးလေ..

စကားစပ်လို့ ဘယ်သူဘယ်နေရာကလာလည်းမေးရင်း ကျမကဗုဒ္ဓဘာသာဝင်ဆိုတော့ ကမ္မောဒီးယား အန်ကောဝပ်အကြောင်းကို ဂိုက်မမလေးကစိတ်ဝင်စားစွာနဲ့မေးပါတယ်။ သူပိုက်ဆံစုထားတာနောက်နှစ် သွားဖို့အစီအစဉ်ရှိတယ်ဆိုတဲ့အကြောင်း..ပြောနေချိန် ပါကီမမဝင်ပြောတဲ့ပုံက ပိုသင်းတယ်..။သူကအခု ခရီးစဉ်မှာ အာရှ ၅နိုင်ငံသွားလည်ခဲ့တာတဲ့..။ အင်ဒိုနီးယားပိုလာပါရီ ဖူးခတ်ကစလို့ ကမ်းခြေတွေချည်းပါဘဲ။
ဒါပေမဲ့သူ အန်ကောဝပ် Siem Reapမြို့အကြောင်းမကြားဖူးပါဘူးတဲ့။ နယူးယောက်မှာ ကြီးပြီးဆန်ဖရန်စ္စကို
မှာနေတာတဲ့။ မြို့ကြီးမှာနေပြီး ပထီဝင် သမိုင်းတွေလည်းမသိ ကိုယ်မသိရင်လည်းအသာနေတာမဟုတ် ဝင်
ရှည်တော့ သူတုံးတာလူသိသွားလေရောပေါ့ရှင်..။

ကျမတို့လူ့လောကကြီးက ကျယ်ဝန်းလှပါတယ်။ အရာရာအားလုံးကိုဘယ်သူကသိနိုင်မလဲ လေ့လာရင်း
သင်ယူရင်းဒီလိုနဲ့ဘဲ ကြီးပြင်းသွားကြရတာဘဲလေနော်..။ မသိရင်မေး..မစင်လျှင်ဆေးတဲ့...မေးမှ သိပြီး.. မစင်ကြယ်သေးတဲ့ အရာတွေလည်းဆေးကြောလိုက်ကြရအောင်လေ....။

Tour အကြောင်းကို ဒီနေရာမှာရှာဖတ်နိုင်ပါတယ်..။ဆွဲဆန့်လိုက်တော့လည်းမြို့ထဲသွားတာနောက်တပိုင်း
ရေးလို့ရသွားပြီ..မနှေးအမြန်ပြေးလာပြီး ရေးပါ့မယ်ရှင်....း))))

အားလုံးဘဲရွှင်လန်းချမ်းမြေ့ပါစေရှင်~~~
မီးမီး

4 comments: