Tuesday, August 23, 2016

ငါးဒုက္ခ..

မင်္ဂလာပါရှင်~~~
 
ငါးဒုက္ခကိုရှမ်းပြည်ကအစားအစာတခုအနေနဲ့ သိကြပါလိမ့်မယ်..။ ထုံးစံအတိုင်းခင်ခင်ရှည်လေး မယ်ငီးနဲနဲလောက်ဒီအကြောင်းကို အကျယ်ချဲ့လို့ရှည်ပါရစေရှင်..။ 

ငါးဒုက္ခကို ရှမ်းအစားအစာလိုလို အင်းသားအစားအစားလိုလို ဘယ်တိုင်းရင်းသားအစားအစားမှန်းမသိရင်ခုဖတ်ပြီးသာ မှတ်ထားလိုက်ကွယ်..မယ်ငီးရဲ့အစားအစာပေါ့..အဟဲ...ရှုပ်ကုန်ပြီ....

ဒီလိုရှင့် အင်းသားငါးဒုက္ခက ငါးဖိန်းဆိုတဲ့ အင်းထဲကငါးကို ကျောကနေခွဲပြီး အဆာပလာသွပ် နှီးတွေနဲ့ အကောင်လိုက်ပြန်ပြီး ချည်ထုပ် ဆီနဲ့ကြော်တာပါ..။ အင်းသား အဆာပလာတွေလည်း ငရုတ်သီး ချင်း ကြက်သွန်ဖြူ ကြက်သွန်မိတ်နဲ့ (ကိုယ်တို့တော့ ငါးဥရှိရင်ငါးဥပါထဲ့) ဆား ဒီလောက်ပါဘဲ။ ငါးအကောင်ကြီး တဲ့အတွက် ကြော်ရင်ဆီနဲ့ရေပါနဲနဲထည့် အဖုံးလေးအုပ် ရေခန်းရင် ဆီပူပူနဲ့ကြော်စားတာရတာပါ..။

ရှမ်းငါးဒုက္ခက ငါးခူကိုကျောခွဲ ထုံးစံ ချင်း ကြက်သွန်ဖြူ  ငရုတ်သီး အစာသွပ်(ရှမ်းအစာသွပ်တာပိုရှင်းပါတယ်)ပြီး ငါးကိုထက်ခြမ်းခေါက် ပြီးနှီးနဲ့တုပ် နို့မို့ရင် ဝါးခြမ်းပြားနဲ့ ညှပ်ပြီး မီးကင်တာပါ...။ ရှမ်းတွေကထုံးစံဆီမပါဘူးလေ..ခုတော့ ဆော်နဲ့ကြည် ဆီနဲ့ကြော်..စိတ်ကူးတဲ့ရာ ငါးနဲ့ပေါ့လေ.. အရင်ကကောက်ညှင်းပေါင်းတွေနဲ့စားဖို့ဖန်တီးကြတာကိုး...

ဒါက မယ်ငီး အင်းသားရှမ်းကပြားတို့အိမ်က ရိုးရာထုံးစံလိုလုပ်စားတတ်တဲ့ ငါးဒုက္ခအကြောင်းပေါ့....ဒီတော့ငါးဒုက္ခဆိုတာ...အင်းသား ရှမ်း ၂ခုလုံးရဲ့ရိုးရာအစားအစာလို့ပြောရင်လည်းမမှားပါဘူး..နော်..
ဒီတခါတော့ အမေရိကားရောက် အင်းသား ရှမ်းကပြားရဲ့ ငါးဒုက္ခကို ချက်ပြအုံးမယ်လေ...ငါးဘဲဒုက္ခရောက်တာမဟုတ်ပါ ချက်သူကြီးလည်း အတော်ဒုက္ခရောက်တာပေါ့ရှင်... 😁ကျမက ငါးကို သံပုရာငရုတ်ကောင်းလေးနဲ့ဆားဘဲ လူးထားတာပါ..။
အဆာပလာကလည်း..ကြက်သွန်မြိတ် နံနံပင် ချင်း ကြက်သွန်ဖြူ ..ဒီလောက်ပါဘဲ..များရင် အရသာရော သွားတယ်.. ကျမက အချိုမုန့် အသားမူန့် အရသာမူန့် ဘာမှမသုံးပါဘူး..သုံးနေတဲ့ ကျမမိတ်ဆွများကိုလည်းကြုံတုံးပြောပါရစေ... ကျမ်းမာရေးရူဒေါင့်ကနေကြည့်လို့ ကြိုးစားပြီး ဖြတ်ကြဖို့အကြံပေးချင်ပါတယ်..။ ကျမငယ်ငယ်ကတဲက မကြိုက်လို့(အနံ့ကြောင့်ပါ) မစားရင်းကနေ ခုမှကျမ်းမာရေးအတွက်ကောင်းတယ်ဆိုတာသိလာရတာပါ။ တကယ်ကောင်းတာပါ..ကျမခုထိဘာအနောက်တိုင်းဆေးတခုမှမသောက်ရဘူး။ ကျမဖြစ်ရင်လည်း အလာဂျီ အနံ့နဲ့ ပတ်သက်တဲ့ရောဂါတခုဘဲ...။ သွေးတိုး ဆီးချို ဘာညာ ခေါင်းကိုက် မခံစားရ ဘူး။ ဒါကအပိုမဆလာ..အဟဲ..ဟင်းချက်ကောင်းတယ်ဆိုတာ အပိုအရသာမူန့်ထဲ့စရာမလိုဘဲ စားကောင်းနေမှ ဟင်းချက်တတ်သူမဟုတ်ပါလား..( အင်း.. အွန်လိုင်းပေါ်ချက်ပြနေတဲ့ ဆရာ ဆရာမများ ထိပ်လာထုခံရတော့မယ်နဲ့တူတယ်..😂

ကိုင်း..အီဖေကိုယ်ငါးလေးဖက်ပြန်သွားရအောင်...ငါးကဝယ်ကတည်းက တကောင်လုံးအလွှာလိုက် အရိုးထုတ်ထားပြီးသားလေး...။ ပုံစံကပိန်ရှည်ရှည် အကောင်လိုက်အရှည်ကို အဆာသွပ်ပြီး ပြန်ချည် ဖို့မလွယ်
ကဲ..ဒီတော့ခေါက်မယ်...ခေါက်တော့လည်းကိုးလို့ကန့်လန့် အဝတ်ခေါက်သလို အထပ်လေးခေါက်ပြီး ရိုးရိုးချည်ကြိုးနဲ့ထုပ်ရင်လည်း မခံမှာကြောက်တော့ Pandan leaves လို့ခေါ်တဲ့ "ဝိုင်သေး"ရှမ်းလိုခေါ်တာ ဝိုင်..ဆိုတာ အရွှက် များသောအားဖြင့် မုန့်တွေအချိုပွဲတွေလုပ်ရင်သုံးတာ..အဲ့တာနဲ့ စည်းလိုက်တယ်...

မီးပြင်းပြင်းဆီနဲနဲနဲ့ မျက်နှာပြင်အားလုံးတင်းအောင်ကြော်တယ်..ခဏလေးပါဘဲ...
ဒန့်တန်တန်...ပြီးတော့ oven ထဲ ၁ဝ မိန်စ်လောက် ထည့်လိုက်ရင်...အိုလာလား..ဘယ်ပြောကောင်းလိမ့်မလဲ သီးစုံချည်ရည်ဟင်းနဲ့...ရှလွှတ်ရှလွှတ်...စားတဲ့အချိန်..ဒါတ်ပုံတောင်မရိုက်အား..ရှင့်..ခွင့်လွှတ်တော် မူပါ....ပိတ်သတ်ကြီးများ.... 

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

10 comments:

  1. အိုလွတ်ကောင်းမဲ့ပုံပဲ။ I tried to order that dish when I was in In Lay. Unfortunately it was done.


    ReplyDelete
    Replies
    1. Yes, Inlay style dish have to be patient on fried and
      need a high skill too.
      တခါခါ လူကြီးတွေပြောဖူးတဲ့စကားတခွန်း အမှတ်ရမိတယ်။
      ဘာတဲ့...
      "ဟေ့..တို့ကတတ်လို့လုပ်စားတာဟုတ်ဖူး
      ငတ်လို့လုပ်စားတာကွ.."
      ဟီး..ဒီလိုဘဲမှတ်ယူလိုက်ပါရှင်...
း)))))

      Delete
  2. Replies
    1.း))))
      ဆေးကြက်သားပေါင်း
      စားလို့ကောင်းလား
      အမေကြီးဘာပြောလဲ..

      Delete
  3. ဒီအပတ် လုပ်စားကြည့်မယ်..

    ReplyDelete
    Replies
    1. စားလို့အလွန်ကောင်းပေါ့..
      ဘာငါးဖြစ်ဖြစ်ပါလေ...

      Delete
  4. ကိုယ်လေ အင်းလေးအခါခါရောက်တယ်။
    ငါးဒုက္ခမစားခဲ့ရတာကိုယ့်ကိုကိုယ်မကျေနပ်ဆုံး။း)
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ဟာ...စားခဲ့သင့်တာပေါ့..
      နောက်တခါထပ်သွား..နော့်
      ^_^

      Delete
    2. နယူးဂျာစီကိုအတင်းလာစားတာပိုကောင်းမယ်ထင်တယ်။း)
      ဟင် ခုမှသတိရတယ်။ နေရာသစ်ပြောင်းတယ်ဆိုလားလို့ ။ ဘယ်မှာလဲခု။
      အိုင်အိုရာ

      Delete
    3. နယူးဂျာစီထဲမှာဘဲကိုပတ်ပြီးပြောင်းနေတာ..
      နယူးယောက်လောင်းအိုင်းလန်းမှာလည်း
      ၃နေရာနဲ့တနေရာကapt အတွင်းမှာဘဲ ၂ ခါပြောင်း
      ဒီမှာလည်း ၃နေရာ နဲ့တနေရာကapt အတွင်းမှာဘဲ ၂ ခါပြောင်း
      ကိုင်း...ပြောင်းသလားမပြောနဲ့
      ပစ်သလားမပြောနဲ့..
      ဘာတခုမှအတည်တကျကိုမရှိရဘူး...
      ^_^

      Delete