Friday, September 23, 2016

လူအချင်းချင်း...

မင်္ဂလာပါရှင်~~~
ခုတလောလူတိုင်းရင်ထဲနင့်ကနဲဖြစ်ရတဲ့ရန်ကုန်ကခလေးမလေး၂ယောက်ကိစ္စနဲ့ဆက်ပြီးအကြောင်း
အရာဟောင်းပုံပြင်ဇာတ်လမ်းအဟောင်းတပုဒ် ပြန်ပြီးတင်ပါရစေ။ သူတို့ဓါတ်ပုံလေးတွေကိုမရဲတရဲကြည့်မိတယ်။ကြည့်တိုင်းလည်းမျက်ရည်ဝဲနေဆဲပါ။ပြုသူအသစ် ခံရသူဝဋ်ကျွေးအဟောင်းဆိုတဲ့ကျမတို့ဗုဒ္ဓဘာသာအဆုံးအမစကားကို ဒီနေရာမှာပြီးစလွယ်မသုံးရက်ဘူး..။
သူတို့လေးတွေကိုကြည့်ပြီး မိမိကိုယ်တိုင်ဆိုရင်ကော ကိုယ့်သွေးသားဖြစ်ခဲ့ရင်ကော!!!!! ဝဋ်ကျွေးပေါ့ဟဲ့
လို့လာပြောသူကို စိတ်ဆိုးမိမှာအမှန်ဘဲ...။
ဓါတ်ပုံကို googleယူပါတယ်
လူမဲတွေကိုကျွန်ပြုနှိပ်စက်ထားတဲ့ပုံတခုပါ

ဒီဘလော့မှာရေးခဲ့ဖူးတာလည်းကြာလှပါပြီ။ ၂၀၁၁ ကတဲကပါ။တချို့ လည်းဖတ်ဖူးခဲ့ကြမှာပါ။ မဖတ်ဖူး
သေးရင်လည်း..ဒီမှာဘဲစဆုံး ရေးထားပါတယ်။ ဒီလိုကိစ္စဆိုတာလူမျိုးတမျိုးထဲမှာတိုင်းပြည်တခုထဲ
မှာဘဲဖြစ်ပျက်နေတာမဟုတ်ပါဘူး။ ကမ္ဘာအနှံ နေရာတိုင်းမှာဖြစ်ပျက်ခဲ့တာ ဖြစ်နေတာ ဖြစ်လာအုံး
မဲ့ပြသာနာတွေပါ။ အနောက်ကမ္ဘာကလူဖြူလူမဲ ကုလားပြည်ကဇာတ်ခွဲခြားတာ..ဒါတွေဟာ...
ကျမ တို့လူသားတွေရဲ့အတ္တစိတ်ကနေပေါက်ပွားလာကြတာပါဘဲ...။တကယ်ရင်နာစရာကောင်းလှပါတယ်။

အများသူငါပြောသလိုဆိုရင်၊ တိုက်ဆိုင်မူ့ရှိရင်ခွင့်လွှတ်ပါ..လို့လုံးဝမပြောပါဘူး။တကယ့်ပတ်ဝန်းကျင်လေး
တခုမှာတကယ်ဖြစ်သွားခဲ့တာပါ။ တကယ့်အဖြစ်အပျက်ဆိုပါတော့။ ဘာရယ်လို့လည်းမဟုတ်ပါဘူး။ သာ
မာန်လူသားတယောက်အနေနဲ့ဝင်ရောက်စွက်ဖက်မိတာပါ။ ဒီထဲမှာပါဝင်တဲ့လူတွေကိုလည်း ကျမ
ပြန်မတွေ့မိတော့ပါဘူး။ တနေ့ရေစက်မကုန်ရင်တော့ ပြန်တွေ့ကြမှာပေါ့လေ...။

အချိန်က ဆောင်းတွင်းကာလတခု..။နေရာက ရန်ကုန်မြို့ပြည်လမ်းမပေါ်က တက္ကသိုလ် ကောလိပ်ကျောင်း သူတွေနေတဲ့၊အပြင်ဆောင်(ပုဂ္ဂလိကပိုင်)အဆောင်ဆိုပါတော့ဗျာ..။လွန်လေပြီးသော(မယ်မီး ပထမနှစ်
ကောလိပ်ကျောင်းသူဘဝအချိန်ကာလပေါ့)..။ အဟဲ..ခုနှစ်တွေတော့တိတိကျကျ မဆိုတော့ပါဘူး။သူများ
တွေအတွက်ဖုံးဖိပြောရတာဆိုတော့..။ကောင်းဘူးလေ။
 
အဲဒီအချိန်တုံးက အဲဒီအဆောင်လေးကနာမည်ကြီးပါဘဲ။ ကျောင်းသူတွေ၈၀ ကျော်တောင်ရှိတာ။ ခြံက လည်းအကျယ်ကြီး၊သူတို့ကနှင်းဆီစိုက်တာ၊ကျမတို့နေတဲ့အချိန်ကျမှ၊ဘာစိတ်ကူးပေါက်လည်းသိပါဘူး။
ကြက်မွေးတော်မူပါတယ်။အဲဒီတော့ ကြက်ဆောင်လို့လည်းခေါ်ကြပါတယ်..:((((

ကျမရဲ့အမကလည်းကျောင်းနဲ့နီးနီးဆိုတဲ့အဆောင်မှာရှာပြီး။ ညီမတော်..ကိုထားပါတယ်။ နောက်မှသိရ
တာက အဆောင်ပိုင်ရှင်ရဲ့သမက်ဗိုလ်မူးရှေ့တန်းထွက်တုံးက၊စစ်ဖြစ်လို့ရွှာပျက်ပြီးဒုက္ခရောက်နေတဲ့၊ရှမ်း
မိသားတစုကို ခေါ်လာတယ်၊ကယ်တင်လာတယ်ပေါ့ဗျာ..။ ဒီကလည်းရှမ်းဆိုတော့ ရှမ်းလိုမူတ်ကြတာပေါ့။
သူတို့ရောက်ကတဲက သူများနဲ့စကားတခါမှမပြောဖူးဘူးတဲ့။ အင်း..ဗမာလိုလည်းတလုံးမှမတတ်ကြတာ..။
ရောက်တာလည်း ၂ နှစ်လောက်ရှိပြီဆိုလားဘဲ..။ စုစုပေါင်း သားအမိသားအဖတသိုက် ရ ယောက် လား၊
သေသေချာချာတောင်မသိတော့ပါဘူးလေ။ ကြာလာတော့လည်းလက်ဟန်ခြေဟန်နဲ့ ဟိုပြော ဒီပြောနဲ့၊
ဗမာစကားနဲနဲပါးပါးနားလည်ပါတယ်တဲ့။ ဖြစ်ချင်တော့ ကျေးဆီးမာန်ဆမ်(ရှမ်းမြောက်ပိုင်း)ကဆိုတော့၊
ကျမလည်းပိုစိတ်ဝင်စားတာပေါ့။အဖွားက မိုင်းနောင်ဆိုတဲ့ဒေသကနေလာတာလေ။အဲဒီနားတဝိုက်ကဆို
ပါတော့။

သူတို့လည်းကြက်စာစင်း ခြံအလုပ်လုပ် တကုက်ကုပ်နဲ့၊တနေကုန်နားတယ်လို့မတွေ့ရပါဘူး။နေရတာ
လည်း မြေစိုက်တဲလေးနဲ့ပါ။(ခြံကျယ်ကြီးထဲမှာနော်)ဇာတ်လမ်းက အစားအသောက်ကနေစတာပေါ့။ကျမ
တို့ခေတ်ကထမင်းဂျိုင့်(ဒန်ဂျိုင့်)ဆွဲစားကြတာ၊၂ဝ ကျပ်ပိုပေးပြီး ၂ ယောက်စားကြတယ်လေ။မယ်ငီးတော့ ကျယ်ကြီးတော်မူတယ်လေ။၂ဝ ပိုပေးပြီး ပေါ်ဆန်းမွှေးဆန်လေးထည့်ခိုင်းတယ်။သူတို့ပေးတဲ့ဆန်ကစပါး
လုံးတွေကြွက်ချေးတွေများလို့။ဟင်းကလည်းစာရင်းစာရွက်နဲ့ရေးပြီးထမင်းဂျိုင့်မှာချိတ်ထားတယ်။မစားတဲ့
ဟင်းက....ရွှေဂေါင်းပြောင်ဆိုတဲ့ကြက်ဥဘဲဥဟင်း၊ငါးဘတ်မွှေ၊မဲမှောင်မာတောင့်နေတတ်တဲ့ ကန်စွန်းရွက်
ကြော် ....အိုးးး.. အများကြီးဘဲ...။သူများနဲ့ရောသွားမှာစိုးလို့အိမ်ကကြွေရည်သုတ်ချိုင့်လးဘယ်လာတာ။ ဒါတောင်ခဏခဏမကြိုက်တာရောပါလာလို့၊ ရှမ်းမိသားစုကိုထမင်းချိုင့်သွားပေးတယ်။ စားပြီးသောက်ပြီး
ဆေးပြီးပြန်ပေးပေါ့လေ။
ဒီလိုနေတာကို ဘယ်သကောင့်သမီးလက်ချက်လည်းသိပါဘူး။ သွားတိုင်တယ်လေ...။အဆောင်ပိုင်ရှင်ခေါ်
ပြောပါတယ်။ အကျင့်ပျက်မှာစိုးလို့ပေးပါနဲ့တဲ့။မကြိုက်ရင်ခွေးကျွေးတဲ့၊ သွန်ပစ်တဲ့။သူတို့က ကိုယ့်ဖာသာ
ကိုယ်ချက်စားရတာ။နေ့တိုင်းကန်စွန်းရွက်...။ကြက်စာကန်စွန်းပေါတယ်လေ။သုံးရတဲ့မီးဖိုကခြံထဲကသစ်တို
သစ်စတွေနဲ့ထင်းမီးဖို..။မီးခိုးတလူလူလေးနဲ့ပေါ့။ကျမ သူတို့တဲထဲ ဝင်ရင်သိပ်ကြောက်တာ..။သူများမြင်
သွားမှာစိုးလို့။သူတို့အတီးခံရတယ်တဲ့။
ကျမပေးတဲ့ထမင်းချိုင့်ကသူတို့အတွက်နတ်သုဓ္ဒာ..။အစအဆုံးပြောရင် ယုံတမ်းပုံပြင်လိုပါ့...။အိမ်ကြီးရှင်
တွေက ၅မိုင်ခွဲဖက်မှာဆိုလား၊နောက်ထပ်ခြံတခု ပိုင်သေးတယ်။ အဲဒီဖက်ကိုလည်းသွားအလုပ်လုပ်ရတယ်
လေ။တော်တော်ကို ဆိုးဝါးလှတဲ့အခြေအနေမျိုးမှာနေထိုင်ရတာပါ။
၁၆-၁ရ နှစ်ကျောင်းသူမယ်ငီးလည်း၊ သိပ်ဦးနှောက်စဉ်းစားတတ်တာမဟုတ်ပါဘူး။ ထွက်ပြေးလေဆိုပြီး
မြှောက်ပေးလိုက်တယ်။ ရ ယောက်လုံးပြည်လမ်းမပေါ်မှာ အတွဲလိုက်ပြေးကြပါတယ်၊စိကုပ်ပြီးပြန်ခေါ်လာ အတီးခံရတယ်လို့ပြောပါတယ်။၂ ခါ ၃ခါထွက်ပြေးတယ်။နောက်တော့ ကျမရွှေဉာဏ်တမိုက်လေးနဲ့စဉ်း စားမိတယ်။ အင်း...တခုခုတော့လုပ်ရမယ်...။
အကိုနဲ့အမကိုလုံး၀ မပြောရဲဘူး။ လျှာရှည်လွန်းလို့အိမ်က အီဖေကိုယ်ဆိုရင် တခုခုလုပ်ပြီးပြသာနာ ရှာတတ်လွန်းလို့ နှိပ်ကွပ်ထားတယ်ဆိုပါတော့လေ။ကျမအိမ် (ကျိုင်းတုံ)ကပ်ရပ်က အမတယောက် ဆီကိုအကူအညီတောင်းလိုက်ပါတယ်။တက္ကသိုလ်ကရှမ်းစာပနဲ့ယဉ်ကျေးမူ့အသင်းဆိုတာ ရှိတယ်။ အဲဒီကိုသွားပြောပေးပါ။ အသင်းမှာသွားပြောကြည့်ရင်တခုခုကူညီပေးမယ်လို့ ထင်ပါတယ်ပေါ့။ ဒီလိုဘဲပြောခဲ့ရပါတယ်လေ။
နောက်တပတ်လောက်မှာတော့ အဲဒီအမလေးက ပြောပြပါတယ်။ရှမ်းအသင်းက ကျမတို့အဆောင်အိမ်
ပိုင်ရှင်ဆီကိုသွားတယ်တဲ့။သူတို့ကိုသွားပြန်တောင်းတယ်တဲ့။ဟိုကလည်းအပြင်လူတွေနဲ့မတွေ့ခင် ဓါး
ကြိမ်းထားတယ်ဆိုတော့။ ကြောက်တယ်လေ။မလိုက်ဘူးလို့ငြင်းတယ်တဲ့။ သူများတွေပြန်သွားရင်ကျမ
ကိုအတင်းခေါ်ပြီးဖက်ငိုကြတယ်လေ။ကျမလေစိတ်တိုလိုက်တာ။ လိုက်မယ်လို့ ဘာဖြစ်လို့မပြောလိုက်
တာလဲဆိုပြီးသူတို့ကိုအော်မိသေးတယ်။ ကျမအားလုံးကို ခိုးကြောင်ခိုးဝှက်နဲ့လုပ်ရ တာလေ။အိမ်ပိုင်ရှင် အန်တီကြီးကလည်းကျမကိုချစ်တယ်။ မြို့ပြန်ရင်ခြင်းတောင်းနဲ့ အပြည့်စားစရာတွေထည့်ပေးရှာတယ်။
အဲဒါနဲ့အသင်းက ကျမနဲ့စကားပြောချင်တယ်ဆိုလို့..ညညဆိုရင်မိန်းခလေးဆောင်ဆိုတာ ၆နာရီဆိုပိတ်
တာနဲ့..အကြောင်းပြချက်ကောင်းအောင်လို့..ရှမ်းပြည်နယ်နေ့မှာကဖို့အကကျင့်တယ်ဆိုပြီးညနေထွက်
ရပါတယ်။တကယ်လည်း ကရတယ်။ ဒါနဲ့စကားမစပ်..စိုင်းထီးဆိုင်ကသီချင်းဆိုတာလေ။ရှမ်းဓားသိုင်းအက
နဲ့ကောက်စိုက်မျိုးကြဲအက ဆိုလား ။အဲဒီတုံးက ဆေးတက္ကသိုလ်လိပ်ခုံးမှာဖေဖော်ဝါရီလ ၇ ရက်နေ့ဆိုရင်
ရှမ်းပြည်နယ်နေ့ ကျင်းပပါတယ်။
အဲဒီနေ့မတိုင်မှီ ကျမတို့ရဲ့စွန့်စားခန်းကြီး၊ အကောင်အထည်ဖော်ပါတယ်။ သူတို့ကို ခြံထဲ ကနေခိုး ထုတ်
ပေးတာ။ခြံကလည်း ခြံစည်းရိုး၂ထပ်တောင်ကာထားတာ။ခြံထိပ်မှာ ပုလိပ်ကင်းတို့ရဲကင်းတို့ဆိုတာကရှိ
သေးတယ်။အဲဒီခေတ်ကတိုင်းပြည်ရဲ့အကြီးဆုံးသောလူကြီးမင်းနေတဲ့လမ်းထိပ်လေ။ ခြံကထောင့်ခြံ၊ ဘေး နားကလမ်းရဲ့တဖက်မှာ ၊အစိုးရပိုင်တဲ့ စခန်းတခုနဲ့ကင်းစောင့်တွေကလည်းရှိတယ်။မြေပုံတွေ
ဆွဲ၊အကွက်တွေချ၊ မမလေးကိုမောင်ခိုးမယ်ဆိုတာမျိုးပေါ့။ ကျမဖက်ကလည်းအခက်အခဲတွေရှိတယ်။ ခြံစည်းရိုးကိုဖြဲ လို့မရဘူး။ကြိုပြီးဖေါက်ထားဖို့လည်းလူကမ ပြတ်ဘူး။ အဲဒီတော့ဒီလူသား ရယောက် ခြံစည်းရိုးကျော်နိုင် ဖို့ပင့်တင်ပေးရမဲ့ပုံ။အရပ်လေး ၅ပေ ပေါင် ၁ဝဝတောင်မရှိဘူး။အဲ့လိုပေမှီဒေါက်မှီ တာလေ😂ဆရာသမားတွေကို တိုင်ပင်ရသေးတယ်။ နဲနဲလောက် စိတ်ချရမဲ့တယောက် ၂ယောက်
လောက်ဖွင့်ပြောပါရစေလို့။အကူအညီလိုလို့ပါပေါ့။ အစက တော့ပ်စီးကရက်လေ..။တကယ်တမ်း ထွက်ပြေးရမဲ့နေ့မှာနို့ညှာကောင်လေးတယောက်က၊နောက်ခြံတခုမှာညအိပ်သွားရတယ်တဲ့😨😬
ဘယ်လိုလုပ်ကြမှာလဲ။

ဒီလိုနဲ့...အားလုံးစောင့်မျှော်ကြတဲ့နေ့လည်းရောက်ရော။အဲ..မနက်စောစော လမ်းလျှောက်အပြေးကျင့်ကြ တဲ့ အချိန်ပေါ့။၄ နာရီခွဲ ပတ်ဝန်းကျင်လောက် ရွှေးထားတာ။ညီအကိုမသိတသိချိန်ဆိုလားဘဲ..။  အင်း...
ဟုတ်ဘူး။မှောင်ကိုမှောင်နေသေးတာ။အပြင်ဖက်မှာလည်းတကယ်လမ်းလျှောက်ကြတဲ့သူတွေများပါတယ်။ အင်းယားလေးဆိုတာနဲ့ကပ်ရပ်လေးကိုး..။
သူများတွေ ကာယကံရှင်တွေတော့မပြောတတ်ဘူး။ကျမတော့ တညလုံးရေသောက်လိုက် ရူးပေါက်လိုက်နဲ့
😋😆😅စိတ်တွေလူပ်ရှားလိုက်တာ။ဂဏာမငြိမ်ဘူး။ခိုးစားရင်တော့တန်းပေါ်မှာဘဲ။ အခန်းဖော် ကမေး
ယူရတယ်။ ဘာတွေဖြစ်နေလဲ မယ်ငီးပေါ့၊ ညဦးပိုင်းကတဲက ခြံစည်းရိုးတွေကို မယောင်မလည်နဲ့သွားလေ့ လာထားပြီးသား။အုတ်တုံးလေးတွေရှာကြံပြီးသွားထားရတယ်လေ။

ခါတိုင်းညနေ ၅နာရီခွဲဆိုရင်တခြားခြံမှာသွားအလုပ်လုပ်တဲ့၊ကောင်လေးပြန်လာရတယ်။ချောတောငေါ့
ပြီးဒီတခါပြန်မရာက်လာတော့။ကောင်လေးအဖေကငိုပြီလေ..။ဘာဘဲဖြစ်ဖြစ်သွားပါ။ ရှင့်သားလေးကို
ရှင်တို့ဆီအရောက်ပို့ပေးပါ့မယ်။အာမခံရတာ။ရ ယောက်လုံးမပြည့်ရင်လည်းအပြင်က လူကြီးမင်းများ၊ စိတ်ပူကြအုံးမှာ။ဖုံးလည်းမဆက်ရဲဘူး။ဖုံးကအိမ်ထဲမှာ။အိမ်ကြီးရှင်ရှေ့မှာပြောရတာ။ သူတို့ကိုဘဲသေ
သေချာချာမှာရတယ်။အပြင်ရောက်ရောက်ခြင်း အပြေးယောင်ဆောင်နေတဲ့၊သူတို့ကိုလာကြိုနေတဲ့
ကျာင်းသားတွေရှမ်းလိုဘဲပြောတယ်မပူနဲ့။အထဲကတယောက်အပြင်ရောက်ရင်ကျောင်းသား တယောက်
ကပြေး သလိုလိုနဲ့အနားရောက်လာပြီး..ခေါ်သွားမှာလေ..။

သူများခေါ်တဲ့နေရာလိုက်သွားစကားတခွန်းမှမပြောနဲ့။ကျမလည်းသူတို့နောက်လိုက်မယ်လို့ထင်နေ
တာလေ။ကျမမလိုက်ဘူးသိတော့ကြောက်နေကြတယ်။ကျမကိုယုံပါ.အခါပေါင်းထောင်သောင်းပြောရတယ်။ အိမ်ကြီးရှင်ကပြောထားတယ်တဲ့။အပြင်ကလူတွေကသူတို့ကိုရောင်းစားမယ်ဆိုဘဲ။အဲဒါကိုကြောက်
ကြတာလေ။အော်...အကြောက်တရားတွေ ..။ဟိုဟာကြောက်ရ...ဒီဟာကြောက်ရနဲ့။ရေးမဲ့သာရေး
တာပါ..မီးမီးကြောက်ကြောက်..။

အဲ..ခြံစည်းရိုးနားပြန်ရောက်အောင်သွားရအုံးမယ်လေ။သူငယ်ချင်း ၂ယောက်ကိုလက်တို့ခေါ်လာရတယ်။ ခုဘာမှမမေးနဲ့။ငါ့ကိုကူညီ။သူတို့ကိုသနားရင်ကူညီ။ဒါဗြဲ...။နောက်မှအကြောင်းစုံပြောပြမယ်ပေါ့။ တယောက်က လူရိပ်ကြည့်...။နောက်တယောက်က ကျမနဲ့လက်ချင်းယှက်။အဲဒီအပေါ်မှာ သူတို့တွေ တက်နင်းပြီးခြံကိုကျော်ခွပေါ့။ ဟိုလူတွေကို တယောက်ပြီးတယောက်အချက်ပြခေါ်။ အောင်မငီး😱😵အကြီးမလေးကအပျိုအရွယ်၊ထောင်ထောင်မောင်းမောင်း အေးကြင်တဲ့...။ဒင်းကတော့ ကျုပ်တို့လက်ကျိုးမှာသေချာတယ်ဆိုပြီး၊ သူ့တင်ပါးကြီးကိုတွန်းတင်ပေးရတယ်လေ။မြောက်ပိုင်းက ရှမ်းမလေးတွေမြင်ဘူးကြမှာပေါ့..။မယ်မီးနဲ့သူငယ်ချင်း "အီး"ထွက်မတတ်ဆိုတာပါဘဲ...။တယောက်အဆင်ပြေရင်ငှက်သံလေး(ကူးကူးဆိုလေ)။အပြင်ကအချက်ပေးရင် ကျမကနောက်တယောက်ကို ထပ်တင်ပေးပေါ့။ရှပ်ရုင်ထဲကအတိုင်းပါ့။ကျမကိုထိုင်ရှိခိုးငိုပြီးလက်ပေါ်နင်း။မယ်မီးကပင့်တင်ပြီးဖင်တွန်းလိုက်နဲ့၊အောင်မလေးးးးး😭။တေဇောပန်းဆိုတာတဗူးလုံးပြောင်အောင်လူးလိုက်ရတယ်။အားလုံးပြီးသွားတော့ မိုးလည်းစင်စင်လင်းတော့မယ်။

ကိုယ့်အခန်းကိုယ်ပြန်ပြီးသာသာလေးအိပ်ကြတာပေါ့။မနက်ကြတော့၊အဆောင်တခုလုံးပွတ်လော
ထနေပြီလေ။ရှမ်းတွေအားလုံးထွက်ပြေးကုန်ပြီ...တဲ့။ကျမမျက်နှာသွားသစ်တော့၊ကောင်လေးနဲ့တွေ့တယ်။ ပီနန်း ပီနန်း...ကယ်ပါကယ်ပါ..ပေါ့။ ငါ့တယောက်ထဲမထားပါနဲ့..။ အောင်မလေး...ရှင်...ကလေးရယ်၊ ဒီမှာမပြောနဲ့။ စီစဉ်ထားတယ်။ပူနဲ့ပေါ့။ တောင်ကြည့်မြောက်ကြည့်နဲ့ အခြေအနေကိုလေ့လာရသေး တယ်လေ။အိမ်ကြီးရှင်ကိုယ်တိုင်ကြက်စာစင်း ကြက်စာကျွေး ခြံအလုပ်တွေလုပ်နေရတယ်လေ။ အန်တီကြီးရေ..မယ်မီးကိုခွင့်လွှတ်ပါ။

နောက်သိပ်မကြာဘူး အသင်းကလူကြီးတွေလာတောင်းတော့။ သူတို့လည်းကောင်လေးကိုထည့် လိုက်တယ်လေ။ ရန်ကုန် ၉မိုင်ခွဲဖက်ကရှမ်းရွာမှာသူတို့နေထိုင်ဖို့စီစဉ်ပေးတယ်တဲ့။ကျမနဲ့တယောက် လိုက်နေမယ်..လို့ပြောပေမဲ့လည်း။ကျမကမခေါ်တော့ပါဘူး။နေ့တိုင်းကျမကိုမေတ္တာပို့ပေးနေမယ်တဲ့..။ ဘယ်လောက်ချစ်စရာကောင်းလဲ...။ကျမမြို့ကလည်းဝေး။ သူများမိသားစုနဲ့သိုက်သိုက်ဝိုင်းဝိုင်းနေတာ။ မဖျက်စီးချင်ပါဘူးလေ...။

အိမ်ကြီးရှင်တွေလည်း ကွယ်လွန်သွားကြပြီလို့ပြောပါတယ်။အိမ်ကြီးရှင်သားသမီးတွေလည်း အိမ်ထောင်
ရေးသိပ်အဆင်မပြေဘူးလို့ပြောသံကြားရတယ်။ အန်တီနဲ့အန်ကယ်ကြီးကိုတော့ ဒီကနေပြီးတောင်းပန် ပါတယ်။ကျမကိုချစ်ကြတယ်။သူများထက်အခွင့်အရေးတွေပေးတယ်။ ကျေးဇူးရှိပါတယ်။စော်ကားမော်ကား
နဲ့ကျေးစွပ်တာဟုတ်ပါဘူး။သနားလို့ကူညီမိတာပါ။

အေးကြင်တို့မိသားစုလည်းဘယ်ရောက်ကုန်ပြီလည်းမသိတော့ပါဘူး။
လူလူချင်းနှိပ်စက်ခြင်းမှကင်းဝေးကြပါစေ။ အားလုံးဘဲအကြောက်တရားမှကင်းဝေးကြပါစေ။

အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

2 comments:

  1. ဖတ်ရတာ စိတ်မကောင်းဘူး အန်တီမီး ကတော့  Hero ပဲ

    ReplyDelete
    Replies
    1. တခါတလေပြန်လို့
      ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းအိမ်တွေ
      လိုက်လည်ရင်းအဲ့မှာလည်းတွေ့ဖူးမြင်ဘူးတာပါဘဲ
      ကိုယ်ထိလက်ရောက်မနှိပ်စက်ပေမဲ့
      အော်ဟစ်ငေါက်ငန်းတာတို့
      တွေ့နေရတာဘဲ..
      စိတ်ထဲမကောင်းဘူး..
      သေချာတာက..အဲ့လိုဆိုရင်
      နောက်ထပ်သွားကိုမလည်တော့တာလေ..


      Delete