Monday, June 13, 2016

ဘန်ကောက်မှ စားစရာများ ၃

မင်္ဂလာပါရှင်~~~
မနှစ်ကဒီဇင်ဘာ ဘန်ကောက်ကနေ မန္တလေးသွားပြီးအပြန် သုဝဏ္ဏဘူမိ လေယာဉ်ကွင်းမှာ နှစ်ပေါင်း ၃ဝ
လောက်မတွေ့ရတော့တဲ့ သူငယ်ချင်းဟောင်းတယောက်နဲ့ပြန်တွေ့တယ်။ သူကအားပါးတရ မယ်ငီးကို ခေါ်
တာ။ ကိုယ်တွေက ခွေးချီသွားရင်တောင် မှတ်မိပါတယ်ဆိုတဲ့ရုပ်အင်္ဂါရှိလေတော့ လူတိုင်းကမှတ်မိတာပေါ့။
အဟီး..မယ်ငီးကသာ မျက်မှန်တဝင့်ဝင့်နဲ့မှတ်ဥာဏ်လည်း ခပ်ချာချာ ကပ်ကျော်သွားခဲ့ရင်လည်း သည်းခံပေး
ကြပါရှင်။ သူငယ်ချင်းက နောက်နေ့ သူ့နဲ့နေ့လည်စာစားဖို့ခေါ်တယ်။ သူတို့ကဆေးခန်းလာပြတာ မြို့ထဲမှာ
တည်းတာဒီတော့ သူတို့ဟိုတယ်နဲ့နီးတဲ့ central world,Nara Thai Cuisine မှာအိ(eat)ကြတာပေါ့။

ဒီNaraဆိုင်ဆိုတာထိုင်းနိုင်ငံရဲ့ထိုင်းအစားအစာမှာအကောင်းဆုံးဆုတွေအများကြီးရထားတာပေါ့။ နိုင်ငံခြား အစားအသောက် မဂ္ဂဇင်းကပေးတာပါ။ ပထမဦးဆုံးပုံက ထိုင်းကြက်ကင်ပါ။ ထိုင်းထုံးစံအရသာအချိုကဲတဲ့ ကြက်ကင်နဲ့တွဲပေးတဲ့အချဉ်ရည်လေးက ကောက်ညှင်းဆန်လှော်မူန့်နဲ့ချဉ်စပ်လေး...ဂွတ်တာပေါ့..နော့်
နောက်တော့ ပုဇွန်အစိမ်းသုပ်..သိပ်အဆန်းကြီးမဟုတ်ပါဘူးလေ..
ကျမက မိုဟင်းရည်ကိုကြိုက်တယ်။ ဒီလိုဆိုင်တွေကျတော့ နိုင်ငံခြားသားတွေအဓိကထားတဲ့အတွက်အရသာ
မပြင်းဘူးလေ။ ငါးပိသိပ်မနံ့ဘူးပေါ့..လမ်းဘေး လေးဘန်းဆိုင်တွေဆိုရင် ငါးပိရည်နံ့ဟောင်နေတာဘဲ။

တခုချင်းစီဆီတော့ မပြောတော့ပါဘူး..စာရင်းချုပ်တော့ သူ့သမီး ၂ယောက်အပါအဝင် ကျမတို့ ၄ယောက် ချ
သမျှအပြောင်ရှင်းနိုင်ခဲ့ပါတယ်။ ထမင်းက ၂လုံးဘဲမှာတာလေ..။ ထမင်းနဲနဲ ဟင်းများများ(လူကိုမဝစေဘူး အဲ့
လိုစားနော့်း))) ကြက်ဥဂဏန်းပျော့ ကိုက်လံ တုမ့်ယမ်း ကြက်သားကုန်းဘောင် ငါးဖယ်..အားပါးပါး..
တကယ်အုပ်ခဲ့ကြတာဘဲ.. ထိုင်းရောက်ခဲ့ရင် သွားမြည်းစမ်းကြည့်ကြပါ။ Nara တဲ့...

ခလေးမလေးတွေက အချိုဆိုရင် ရေခဲမူန့်တဲ့..ကဲ..နဲနဲလောက်မြည်းခဲ့ရသေးတယ်..ကျမ ၂ဝဝ၇ longisland
NY မှာနေတုံးက Cold Stone တခါဘဲစားခဲ့ဖူးတာ။ ခုဘန်ကောက်မှာလည်းရတာ မသိဘူး..။ ရေခဲမူန့်အမျိုး
အစားကိုယ်ကြိုက်တာနဲ့ topping တွေရောပြီး အေးခဲထားတဲ့ဂရင်းနိုက်ကျောက်ပြားပေါ်မှာ သံဇွန်းပြားကြီး
တွေနဲ့နှယ်ဖတ်ပေးတာပေါ့...အရသာလား..တကယ်ကောင်းပေါ့ရှင်..အနဲဆုံး၃မျိုးလောက်ရောဖို့မမေ့နဲ့ဗျို့..
 
ပြောပြန်ရင်လည်း မယ်ငီးလွန်ရာကျမယ်..တလောကလုံး အမေရိကားရူးကြတာအမှန်ဘဲ..ဒီမှာတခုခုပေါ်
တာနဲ့ တမ္ဘာလုံးလိုက်ကြတာပါဘဲ..ခုလည်းကြည့်..Flozen ကာတွန်းဇာတ်ကား ဇာတ်ကောင်တွေ နေရာ
တကာ နိုင်ငံတကာ..ဇာတ်ကားဝင်ငွေအသာထားလို့ တံဆိပ်ပါတဲ့အသုံးအဆောင်ချည်းဘဲကိုဒေါ်လာသန်း
ထောင်ချီရောင်းရတယ်တဲ့..အံရော..( ရင်ထဲကြိတ်မနာလိုတာလေ..ကိုယ်သာခလေးလေးဖြစ်ရင်လည်း အဲ့ လိုမျိုးလေးလုပ်မိမှာဘဲ... :Pး))))
American Idol, American တီဗီထဲက ပုံစံမျိုးတွေ American food chain အားလုံးနီးပါးလောက်ဘဲ လိုက်
ပြီးမလုပ်တဲ့နိုင်ငံဆိုလို့..နှာခေါင်းရှည် ကိုအရှေ့အလယ်ပိုင်းက တသိုက်ဘဲရှိလေမလား(မအားလို့လေ
လူတွေ လိုက်သတ်နေရလို့  # $ @ ! ^ % &*
ကိုင်း..ဘယ်သူတွေဘာပြောပြော..ကိုယ်တို့က သရက်သီးအိုက်စကရင်လောက်ဘဲကြိုက်တာဗျ...
ရောက်တုံးအမုန်းဆွဲ..ဘဲ..

အိမ်နားက BigC မှာလိုတာလေးထွက်ဝယ်ရင်းနဲ့တောင် လှေပေါ်ကခေါက်ဆွဲခေါ်(ကွေ့သယိုလေးယား) (ဝက်သွေး၊ အမဲသွေး အများအားဖြင့် အမဲသွေးပါ အစိမ်းတဇွန်းထဲ့ပေးတယ်။ အဲ့အပေါ်မှာ ဟင်းရည် ပူပူ
လောင်းလိုက်တော့ အပေါ်ကပုံအတိုင်းညိုညစ်ညစ်ဖြစ်သွားတာပေါ့..အရသာရှိတယ်..လေးပင်တယ်ပေါ့
လေ..)

နောက်တခါကြတော့ The Mall Bangapi က Sizzler မှာသွားအိကြတာပေါ့..သူတို့မေးတယ် set menu
ယူမလားပေါ့..။ အဲ့ဒါ ဆိုရင် ဆလတ်ဘားမှာ ကြိုက်သလောက်ယူဘဲ..စွပ် အသီးအရွက် အချိုအစုံရှိတယ်။ ဒါလောက်ဘဲစားရင်တောင် ဗိုက်ပြည့်ပေါ့..

ဘဲဘဲကြီးကတော့ ကြက်ကင်နဲ့ ငါးကြော်တဲ့...အားလုံးချောင်းကြော် mash potato မယူရင် ထမင်းမှာလည်း
ရတယ်။

ကိုယ်တွေတော့ ဆော်လမွန်..နဲနဲမှမလျှော့ဘူး...
ဒါကာမကတော့ ပုဇွန်ကင်တဲ့(ကျမမွေးစားသမီးလေး)..အော်ဒါနဲ့ အဲ့ဒီဆိုင်ကအကင်တွေဘဲရောင်းတာလေ..
ပြီးတော့ ရေခဲမုန့်..ဒီဆိုင်နံမည်တောင်မေ့နေတယ်..ဘာကိုဘယ်လိုမှာရမှန်းမသိတဲ့ဆိုင်ဆိုပါတော့...
ဒီတပွဲကတော့ အနီးစပ်ဆုံးဘာသာပြန်ရရင် နို့ရေခဲခြစ်ထဲက ရေခဲမုန့် စတော်ဘယ်ရီဆမ်း..တဲ့ ဘာမှန်းမသိပါဘဲနဲ့ အတော်စားကောင်းပေါ့ဗျာ... @_@
အထပ်သားချော်ကလက်ပေါင်မုန့်ပေါ်က ဗာနီလာရေခဲမုန့် ချော်ကလက်ဆော့ဆမ်းပြီး ဝှစ်ကရိမ်နဲ့..
ဟင်းဟင်း..အတော်ဘာသာပြန်ရခက်တဲ့ အအေးတပွဲ...အသေကောင်းပေါ့ရှင်...ရှလွတ်ရှလွတ်နဲ့ကို
လွှတ်ကောင်းပေါ့..အော်သတိရပြီ.. after you dessert cafe တဲ့ မမေ့နဲ့နော်..ရေခဲမုန့်သူရဲများ..ဟီး
ရောက်ခါစနေ့ကအိပ်ယာထနောက်ကျလို့ MacDonald မှာ(အအေးခန်းကြီးကအေးစိမ့်လို့ အဓိကပါ)
မှာထိုင်းစတိုင်ထမင်းစားခဲ့သေးတယ်..ကြက်သားသုတ်နဲ့ကြက်ဥကြော်ထမင်းတဲ့...

ကိုင်း..မိတ်ဆွေတွေအတွက်..အမြင်အာရုံနဲ့နှိပ်စက်ပြီးသွားပြီ..ဗိုက်ဆာရင် အမြန်ထိုင်းကိုသွားကြပေတော့
နောက်တပိုင်းကျန်သေးတယ်...မကြာမှီလာမည်..မျှော်... :D

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး
ဘန်ကောက် အပိုင်း(၂)
ဘန်ကောက်အပိုင်း(၁)

13 comments:

  1. (Y)...idea လေးတွေ ၇သွားပါကြောင်း :) :D

    ReplyDelete
    Replies
    1. ချက်ဖို့လား
      ဝယ်စားဖို့လား..!!!!
      ချက်ပြီးရင်လက်တို့အုံးလေ..
း)))))

      Delete
  2. miss Thai food. :-)

    ReplyDelete
  3. MacDonald မှာ ထမင်းရောင်းတယ်။ omg.. တကျောင်းတဂါထာပါပဲလား

    TTW

    ReplyDelete
    Replies
    1. MacDonald ဆန်ပြုတ်တောင်စားဖူးတယ်..
      ထိုင်ဝမ်နဲ့ဟောင်ကောင်မှာလည်း
      ဆန်ပြုတ်ရတယ်လို့သိရတာဘဲ..

      Delete
  4. ဒီလိုမျိုးများများနှိပ်စက်ပါဗျို့ ..
    အိုင်အိုရာ

    ReplyDelete
    Replies
    1. မအိုင်အိုရာ..
      မလည်းကျမတို့ကိုမနှိပ်စက်တာကြာပေါ့
      လုပ်ပါအုံးဗျို့ :)))

      Delete
  5. วาว!!!!!!! อยาก กีน จาง เล

    ReplyDelete
  6. ขอบใจนะจ่า

    ReplyDelete