Wednesday, May 11, 2016

ချက်စားဝယ်စား ၈

မင်္ဂလာပါရှင်~~~
လက်ဖက်တောကခဏလောက်ထွက်ပြီး ဟင်းချက်ပါအုံးမယ်ရှင် ဒီတခါတော့ အင်းသားဟင်း ရှမ်းဟင်း(အထူးသဖြင့် မအိုင်အိုရာအတွက်) ချက်ပြုတ်ထားတာတွေ ပြောပြရအုံးမယ်..။

အင်းသားဟင်းဆိုရင် ချင်းကြက်သွန်မြိတ်ပေါများတော့ နိုင်နိုင်သုံးကြတယ်ထင်ပါရဲ့။ ဟင်းတော်တော်များများ ချင်းတွေအရမ်းထဲ့ဘဲ။ ရန်ကုန်မှာနေတုံးက အကို့မိန်းမဖက်က တူမလေးအိမ်မှာလာနေသေးတယ်။ သူကဟင်းချက်ရင် ချင်းမထဲ့ ဆနွမ်းမထဲ့ပါ။ ဘာဖြစ်လဲဆိုတော့ ရင်ပူတယ် ဆံပင်ကျွတ်မယ်တဲ့။ ထူးဆန်းတဲ့ အတွေးအခေါ်။ ပြီးခဲ့တဲ့အပတ်က ဆေးစာတခုမှာပါတယ် ချင်းအစိမ်းလိုက် တနေ့လက်ဆစ်လောက် ဝါးပေးရင်အသက်ရှည်တယ်..ဆိုဘဲ..။ အခုကျမချက်စားလေ့ရှိတဲ့ဟင်းကလည်း အင်းသားမြေပဲချက်ပါ။
သက်သတ်လွတ်ချက်စားတာများပါတယ်။ ဒီတခါကျမက ငါးကြော်ပြီးထဲ့တာပါ။ နဲနဲလည်း ပြစ်သွားတယ်။အဖေချက်ရင် ခပ်ကျဲကျဲ ရေပြန်ဆီကျန်လေး ဂေါ်ရခါးသီးပြုတ်တို့စား အရမ်းကောင်းပေါ့ဗျား..။ ချက်နည်း လည်းမျက်စိမှိတ်ချက်ရင်တောင်ရတယ်..။ လွှယ်ကူချက်ကတော့ မပြောနဲ့  အဲ..မြေပဲဆံလှော်ကိုတော့ညှက်ညှက်ထောင်းဖို့တော့လိုပါလိမ့်မယ်။ ချင်းပါးပါးရှည်ရှည်လေး၊ ကုလားအော်သီး နံနံပင်တွေကိုနောက် ဆုံးအိုးချခါနီးမှအပေါ်ကနေအုပ်လိုက်ရုံပါဘဲ။ စစချင်းတော့ ထုံးစံအတိုင်း ကြက်သွန်ဖြူနီဆီသပ်ပေါ့။ ခရမ်း ချဉ်သီးတလုံးလောက်ထဲ့ပါ။ အလုံးကြီးရင် တဝက်လောက်ဘဲထဲ့။ ငါးကြော်ထားတာရှိရင် ဖဲ့ပြီးထဲ့ချက်ရင်တခွက်ထဲနဲ့ ပြီးတဲ့ဟင်းဆိုပါတော့။ အနှစ်ကျက်မှမြေပဲဆံထောင်း( အဆီထွက်မတတ်ထောင်းထားတာနော်ဒီမှာတော့ ဘလူလူးနဲ့ ခဏလောက်ဆိုရင်ရပြီ ကျိုုင်းတုံမှာဆိုရင် အဖေတို့ခိုင်းလို့ အသေထောင်းရတာ) ထဲ့ပြီးမီးအေးအေးလေးနဲ့တည်ထား..အော်..ပဲပုပ်မူန့်လေးနဲနဲခပ်ရှင့်..။ စွန်ထန်ဟင်းရည် ထိုဖူးခေါက်ကြော်နဲ့တို့စရာ ကော်ဖီထုပ်ပြုတ် ဂေါ်ရသီးပြုတ် ဆလတ်ရွက် ပါပါစေနော်..ဒါဆိုရင် လက်ဆေးပြီး မယ်ငီးတို့ ကုန်းလွှေးခဲ့ကြတာပေါ့။ အပေ့ါအငံဆိုရင် ကျမတို့က ဆားတမျိုးထဲသုံးတာပါဘဲ။ ကြက်သားမူန့် အရသာမူန့် အချိုမူန့်တွေ အသာခေါက်ထားလို့ ချက်စားကြည့်ပါ။ (ကျမ်းမာရေးအတွက်လျှာရှည်တာပါနော်..ဟီး)
အင်းစကူးမယ်ငီးအတွက် ငါးကလည်းမပါမပြီး။ ငါးနဲ့ ပဲငံပြာရည်ပေါင်းစားတာပြောပြရအုံးမယ်။ ထုံးစံအ တိုင်းကျမက လွှယ်ကူတဲ့နည်းတွေဘဲတတ်တာဆိုတော့..
လွှယ်ကူမြန်ဆန်တဲ့ဟင်းဘဲပြောစရာရှိပါတယ်လေ.. ^_^ ကြက်သွန်မြိတ် ၂ချောင်းလောက် ချင်း ကြက်သွန်ဖြူ  ၁ တက်ဆိုရင် အိုကေပါပြီ..။
ငါးလေးတပိုင်းကို ဆား ငရုပ်ကောင်းနဲ့နှယ်ပြီး ပေါင်းအိုးနဲ့ ၁၅ မိန်စ်လောက်ပေါင်းထား။ ပြီးဆီအိုးထဲမှာ ဆီပါလေရာထဲ့ပြီး ချင်းနဲ့ကြက်သွန်ဖြူဆီသပ်ပေါ့။ ပြီးမှ ပဲငံပြာရည် လောင်းထဲ့ သကြားအညိုရောင်နဲနဲထဲ့။ ချက် ချင်းဘဲ ကျမတော့ ငါးပေါင်းအိုးထဲ ပြန်လောင်းထဲ့လိုက်တယ်။
အပေါ်ကနေ ပါးပါးလေးလှီးထားတဲ့ ကြက်သွန်မြိတ်တွေဖြူးပြီး သံပုရာ၂ကွင်းထဲ့လိုက်တယ်။ ညှီနံ့ပျောက်အောင်ပါ..မချဉ်ဘူး..။ နောက် ၃မိနစ်လောက်ဆိုရင် ချပြီး ပူပူနွေးနွေးစားလို့ရပြီလေ..။ ပဲပြားကိုလည်း ကျမအဲ့အတိုင်းလုပ်စားလေ့ရှိတယ်..။ သက်သတ်လွှတ်သဘောမျိုးပေါ့။
နောက်တခုက ကြာရိုးပါ။ ကြာရိုးက အမျိုးမျိုးလုပ်စားလို့ရတယ်။ ဘူးသီးကြော်လိုလည်းလုပ်စားလို့ရတယ်။ဟင်းချိုရည်လည်း ချက်စားတယ်။ ဒီတခါကျမက ကြော်ချက်သဘောမျိုးလုပ်တာပါ။ကြက်သွန်မြိတ် အရင်းပိုင်းကအဖြူပိုင်းကိုတောက်တောက်စင်းပြီး ဆီနဲနဲနဲ့ကြော် ကြက်အူချောင်းရှိနေတာနဲ့ နဲနဲထဲ့လိုက်သေးတယ်။ဆား ပဲငံပြာရည်နဲနဲ ခရမ်းချဉ်သီးတောက်တော်က်စင်းနဲနဲ စီထဲ့ပြီးကြော်တာ ကောင်းမှကောင်းပေါ့ရှင်..။

နောက်ရှမ်းဟင်းကတော့ မစားခင်ကော စားပြီးကော ပုံတွေရိုက်ထားတာ ဘယ်ရောက်နေမှန်းကိုမသိဘူး..။ကျမတို့ ကျိုင်းတုံ ဂုံရှမ်းဟင်းဖြစ်ပါတယ်။" နေ့ယမ်း "လို့ခေါ်ပါတယ်။ အသားကိုကင်ပြီး ပြန်ပေါင်းတာပါ။ထုံးစံအတိုင်း ဝက်သားပေါ့။ အမေနဲ့ အဖွားတွေ စားကြတာ။ အသားချည်းဘဲ အဆီမပါဘူး။ သူတို့က ကောင်ညှင်းပေါင်းနဲ့စားကြ တာများလို့ ခပ်ခြောက်ခြောက်ပုံစံပေါ့။ ကျမက ဒီမှာ ကြက်သားနဲ့လုပ်တာပါ။ နောက်တခါမှအသေးစိတ်ပုံနဲ့တကွပြောပြပါရစေ..

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

6 comments:

  1. လာစားအံုးမွပဲ။ :)

    ReplyDelete
    Replies
    1. လာခဲ့
      ပရိသတ္အမ်ားႀကီးရွိတဲ့
      နေရာမှာလက်စွမ်းမပြရတာ
      ကြာပြီနော်...
      တပြင်ပြင်ဖြစ်နေတာသိလား..ဟီး

      Delete
  2. Interesting. But it might not be my taste.

    ReplyDelete
  3. ကျေးဇူးပါဗျို့ ..
    ကိုယ့်အတွက် မှတ်မှတ်ရရ ဆိုတော့ ပိုကျေးဇူးတင်ပါတယ်။
    ကိုယ်ကတော့ ငါးနဲ့ ပဲပုတ်နဲ့ ပိုကြိုက်မယ်။ ကိုယ်မြေပဲပြုတ်အရမ်းကြိုက်သလောက်ကျန်တာကျ မစားချင်ဘူး။ ဘာလို့ မှန်းကိုမသိဘူး။ မြေပဲကြော်ကျတော့လည်း စားချင်တဲ့အခါစားတယ်။
    ဒါပေမဲ့ရှမ်းဟင်းတွေကတော့ ကြိုက်ပြီးသားပဲ။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ရှမ်းဟင်းကြိုက်တဲ့သူကိုအပြင်မှာတကယ်ဘဲချက်ကျွေးချင်ထှာနော်...း))))

      Delete