
မန္တလေးတံတားဦးလေဆိပ်ရောက်တော့ ၂နာရီပတ်ဝန်းကျင်ပါဘဲ။ ကျမတို့လေယာဉ်နဲ့မရှေးမနှောင်းဆိုက်
တာက ကချင်မြစ်ကြီးနားလေယာဉ်နဲ့ တရုတ် ခွန်းမင်လေယာဉ်တဲ့။ အားပါးပါး..ဟိုက်ရှားလပတ်စ်..ကိုယ်တို့
ပြည်သားများ သုံးတဲ့ အာမေဍိတ် အသံလေးဘာလေးတောင်ပြုလိုက်ရတယ်..။ တရုတ်ပြည်များမှားဆင်း
လာမိသလားလို့ပါ...ကျုံးကျုံးကျန်းကျန်းရှိရှဲ့အသံမျိုးစုံနဲ့ ပြည်ကြီးတရုတ်တွေ တကွင်းလုံးပြည့်ဘဲ။



လေဆိပ်ကနေ တည်းခိုရာဟော်တယ်ရောက်တော့ ၄နာရီလောက်တောင်ရှိတော့မယ်။ လက်ထဲမှာမြန်မာ
ငွေတထောင်တောင်မရှိဘူး။ သူငယ်ချင်းကသူ့အိမ်နားတဝိုက်မှာရှိတဲ့ ဟော်တယ်တခုမှာ ကြိုတင်ဘွတ်ကင်
တင်ထားပေးတာလေ။ ဒီတော့ပစ္စည်းချပြီး သူ့ဆီတန်းပြေးရတယ်။ မြန်မာငွေတွေလှဲပြီးမှ ချက်ချင်းဘုရား
ကြီးလိုက်ပို့မယ်ဆိုတော့ အဝတ်အစားမလှဲဘဲ ဘောင်းဘီနဲ့ ဘုရားသွားရတာ။ ဘဝမှာစိတ်အကျဉ်းကျပ်ဆုံး က ဘုရားသွားတာ ဘောင်းဘီကြီးတကားကားနဲ့ပါဘဲ။ ထိုင်းမှာ မြဘုရားသွားရင် ဟိုနေရာဒီနေရာလည်း ဝင်ရမှာမို့လို့ ဘောင်းဘီနဲ့ဘဲသွားခဲ့ရတယ်။

ဒီမှာလည်း သူငယ်ချင်းကိုဟော်တယ်ပြန်ပြီး အဝတ်လှဲဖို့မပြောချင်တော့ဘူး တကွေ့တပတ်ကြီးသွားနေရမှာ။





ဘုရားဖူးပြီးတော့ ဘုရားနားက ထမင်းဆိုင်မှာ ဂျိုင့်နဲ့ဟင်းတွေ ဝယ်ပါတယ်။ ပြီး သူငယ်ချင်းအိမ်မှာ စားကြ မှာလေ..။

ဗမာဟင်းတွေဆိုတော့ ဆီပြန်ပေါ့..ဘာဟင်းတွေမှန်းတောင်မသိပါဘူး..အားလုံးအတူတူလို့ဘဲထင်နေတာ
အဟီး...

ပုန်းရည်ကြီးသုပ်..( သဲတွေ ဖုန်မူန့်တွေကင်းတဲ့ ပုန်းရည်ကြီးတွေများတွေ့ခဲ့ရင်လက်တို့ပါအုံး စားလိုက်တိုင်း
သဲဝါးမိလို့မစားရဲတော့ဘူး)




ကျမတို့ရောက်တော့ ထမင်းဝိုင်းတဝိုင်းက လူ၂ယောက်ဘဲရှိတာပါ။ စားပြီးထပြန်ကြတယ်။ သူတို့ကျန်ခဲ့တဲ့
ဟင်းတွေပါ။ အသုပ်တဲ့ ပုဂံအပြည့်ဘဲ။ အထောင်းတွေ ဟင်းရည်တွေရော ဆီပြန်ဟင်းတွေရောဘဲ။ ဆိုင်
ကအားလုံးကိုသွန်ပစ်မှာလား။ ဘယ်လိုပြန်လုပ်မလဲမသိဘူး..တော်တော်စဉ်းစားမိခဲ့တယ်။

ဟင်းတွေထဲ့နေတော့ ကျမတို့ကို လက်ဖက်သုပ်နဲ့ ငှက်ပျော်သီးပေါင်းအလကားလာချကျွေးပါတယ်။ တကဲ့
ကို သူများတွေအပေါ်စေတနာရှိတဲ့ ထမင်းဆိုင်ပါဘဲ..

အိမ်ရောက်တော့ သူ့ဆီမှာရှိတဲ့ဟင်းတွေ ဝယ်လာတဲ့ဟင်းတွေ အားလုံးချ အားပါးတရဝါးတီးပေါ့ရှင်..

ဟော်တယ်ပြန်ရောက်တော့ တန်းအိပ်တာဘဲ..ပင်ပန်းတာလေ...။မနက်နိုးတော့ ဟော်တယ်ဘရိတ်ဖတ်က
မိုက်တယ်..မယ်ငီးကြိုက်တဲ့ ဆန်ပြုတ်...ဆန်ပြုတ်ဆိုတာ အတကယ်ဝါးရသက်သာတာနော်..ရှလောရှလော
နဲ့ဝင်သွားတာ..မိုက်တယ်..




အမိူက်သိမ်းကားလာတယ်..မနက်မိုးလင်းမှာတဲ့..ဖြစ်သင့်တာ..မိုးမလင်းခင် လမ်းသွားလမ်းလာ ရှင်းလင်း
တဲ့အချိန်ဆိုရင် ပိုကောင်းမလားနော်..လမ်းမပေါ်မှာပုံထားတဲ့ စူပါဟီးထနေတဲ့အမိူက်ကိုလှဲ ကျုံးနေတာက နာရီနဲ့ချီကြာတယ်လေ။ အနံအသက်ကမကောင်း ပတ်ဝန်းကျင်မှာ မုန့်ဟင်းခါးဆိုင် အသုပ်ဆိုင်တွေကပတ်
လည်မှာဘဲ...အော်...နိုင်ငံခြားနဲ့မနိုင်းပါဘူးတော်..ကျုပ်တို့ ကျိုင်းတုံရှမ်းပြည်လောက်ပါဘဲ။ မနက် မီးခွက်
ထွန်းပြီးဈေးတန်းခင်းကြတာ။
ထွန်းပြီးဈေးတန်းခင်းကြတာ။


ရှစ်နာရီဆိုရင်..အိမ်ရှင်မတွေဈေးဝယ်ပြီး ပြန်တောင်ပြန်ကြပြီ..အဟီး..ဒီမှာက လမ်းမတခုလုံးရှင်းလင်းလို့...
အိမ်ထဲကနေတောင် မထွက်လာကြသေးဘူး။


မန္တလေးတောင်လည်း ဖြတ်သွားဖြတ်လာ ငေးမောမျှော်ကြည့်ခဲ့ရုံဘဲ...
အော်...သူ့အမျိုးတွေဆီလာလည်တာဆိုတော့...
နောက်တခေါက်မှ ကိုယ် သွားချင်တာ သွားလည်ရဖို့
ဒုတိယအကြိမ်မန္တလေးကို ကြိုတင် ဘွတ်ကင်ထားလိုက်ပါမယ်လေ...
နောက်တခေါက်မှ ကိုယ် သွားချင်တာ သွားလည်ရဖို့
ဒုတိယအကြိမ်မန္တလေးကို ကြိုတင် ဘွတ်ကင်ထားလိုက်ပါမယ်လေ...
အားလုံးဘဲရွှင်လန်းချမ်းမြေ့ပါစေရှင်~~~
မီးမီး