Wednesday, July 8, 2015

ထိုင်းတို့ရဲ့ရှင်ပြု ရဟန်းခံမင်္ဂလာအခမ်းအနား..

မင်္ဂလာပါရှင်~~~
ဘန်ကောက်ရောက်ခဲ့တဲ့အအချိန်က မတ် ဧပြီလ ဆိုတော့ ကျမတို့မြန်မာပြည်လိုဘဲ၊ရှင်ပြု ရဟန်းခံအလူ
တွေများပါတယ်။ ကျမသူငယ်ချင်းနေတဲ့ ဘန်ကောက် လေယာဉ်ကွင်းအသစ်ပတ်ဝန်းကျင်ဒေသကလူတွေ
အလှူအဒါန်းလည်းရက်ရောကြပါတယ်။ အခမ်းအနားပွဲတွေကို အပတ်စဉ်မအားရဘူး။ ကျမတော့ ၂ ခုဘဲသွား ခဲ့တာ။အဲဒီအထဲက ဒီ ရဟန်းခံပွဲကပုံရိပ်လေးတွေနဲ့ ပြောပြရအုံးမယ်..မိတ်ဆွေတို့ရေ..
အလှူမသွားခင် ခြံရှေ့မှာ မနက်စောစော ဆွမ်းခံကြွတဲ့ဘုန်းကြီးကို တွေ့ရတာက ကြည်နူးစရာ............
ကျမနေခဲ့ဖူးတဲ့ ၉နှစ် ကာလတခါမှ မသွားခဲ့ဖူးတဲ့ မဆုံခဲ့ဖူးတဲ့ ရဟန်းခံပွဲတခုပါ...။
ပြီးခဲ့တဲ့အပတ်ကမောင်ရှင်လောင်းအလှူတခုတော့ မလိုက်သွားဖြစ်ဘူး..အံသြစရာကောင်းတာက ညစာကို တရုတ်ထမင်းစားဝိုင်းနဲ့ကျွေးတယ်တဲ့။ ဘတ်သိန်းချီအကုန်ခံတယ်ဆိုဘဲ..ဝိုင်းပေါင်း ၃ဝဝ ကျော်တယ်..
စတိတ်ရိုးပွဲလည်းပါတယ်။

ကျမကျိုင်းမယ်မှာနေတုံးကသူငယ်ချင်းမင်္ဂလာဆောင်တော့ ရွှာဖက်ပိုင်းကပါ.. ကောက်ညှင်းပေါင်း ဆာလာ အိပ်နဲ့ ၂အိပ်တောင်ကုန်တယ်ဆိုဘဲ..ကျိုင်းမယ်ကထိုင်းတွေက ကောက်ညှင်းဘဲစားကြတာများတယ်လေ။
စတိတ်ရိုးနဲ့ ပွဲဈေးတန်းနဲ့အရမ်းစည်ဘဲ..တရွှာလုံးမီးခိုးတိတ်လာကြတာ.. ၃ ရက်တိတိကျွေးတယ်..အဟဲ
ခုလည်း ခပ်ဆန်းဆန်း ရဟန်းခံပွဲတခုခေါ်သွားမယ်လေ...(အပေါ်ကဓါတ်ပုံတွေက အလှူပွဲတွေ သင်္ကန်း
ပရိက္ခရာတွေပြင်ဆင်ထားတာပါ..)
ဘန်ကောက်မြို့လို့ ဆိုပေမဲ့တောအလှူလို့လည်းပြောလို့ရတယ်။ အဲ့ဒီနေရာက နဲနဲကျေးလက်ဆန်တယ်..
ပျော်စရာကောင်းလှပါတယ်။အလှူ ကျင်းပရာ ဘုန်းကြီးကျောင်းထဲဝင်ဖို့ ကားထားတဲ့နေရာမှာလည်း ဗာလံ
တီယာ ကိုကိုကြီးတွေကဝီစီ..တရွှီးရွှီးနဲ့မူတ်လို့..လူတွေအများကြီးဘဲ..

ရောက်တာနဲ့ ရဟန်းလောင်းလျှာတွေကိုဆံစဖြတ်နေပြီ။
ထိပ်ဆုံးကတော့ ဘုန်းကြီးတွေက စပါတယ်..လာသမျှလူတွေကို ဝေဖို့ ကပ်ကျေးအသေးလေးတွေ ခြင်း
ငယ်လေးထဲမှာ ထည့်ထားတာတွေ့ရတယ်..။

 ပြီးတော့ ရဟန်းလောင်းတွေရဲ့မိဘဆွေမျိုးတွေပေါ့..အားလုံးတန်းစီရတယ်..
ဘာယဉ်ကျေးမူ့ထုံးစံလည်း မယ်ငီးမသိ..သူငယ်ချင်းကိုမေးတော့လည်း..ဒီလိုဘဲလုပ်ကြတယ်..တဲ့..
 ရဟန်းခံမဲ့ (ဆံဖြတ်ခံ)ပုဂ္ဂိုလ်ဘေးမှာ ကြာဖက်နဲ့ လူတယောက်စီ ကိုင်ပြီးစောင့်နေပါတယ်..။
သူတို့ကလက်အုပ်လေးတွေချီလို့..

 ဆံဖြတ်မဲ့သူလည်း လက်အုပ်ချီ ခွင့်တောင်းပြီးဖြတ်..ပြီးဆုတောင်းပေးကြရပါတယ်..
 လူ ၃ဝလောက်ရှိမယ်နဲ့တူတယ်..တခါရှိခိုးလိုက်..
 နဲနဲစတိလောက်ဖြတ်လိုက်..နဲ့ပေါ့၊ နောက်မှ ဆံပင်ကိုရိတ်ကြပါတယ်တဲ့..။ ကျမကတော့နောက်ဆုံးအချိန် အထိနေပြီးစောင့်ကြည့်ချင်တာပေါ့...သူငယ်ချင်းကပြန်မယ်ဆိုတော့လည်း..ပြန်လာခဲ့ရတာ..။
ဟော..ကိုကိုတို့..ဆံပင်ပုံလေး..ဂလိုဖြစ်သွားလေရော..ဟယ်..ကျမတခါမှမကြုံဖူးခဲ့ပါ။ ပထမဦးဆုံးအတွေ့
အကြုံပါဘဲရှင်..။

အဟမ်းဟမ်း..ပြီးတော့ ဘူဖေးမနက်စာပေါ့..ထမင်းကြိုက်သလောက်ခူးခဲ့..ဘာဟင်းတွေကြိုက်လည်းပြော
အားလုံးခပ်ထည့်ပေးလိုက်မယ်..။

 မုန့်တီလည်းရှိတယ်..။ကျမတော့ မုန့်တီဘဲတီးခဲ့ပါတယ်..ငါးနဲ့လုပ်တာ ..နမ့်ယာ လို့ခေါ်တယ်လေ.။
ပြီးရင်..အအေး..ဇီးဖျော်ရည် ချဉ်ပေါင်းသီးရည် ပန်းပွင့်ရည် အိုး..ထိုင်းအရည်ဖျော်မျိုးစုံ..ရေခဲမုန့်လည်း
ပါသေးတယ်ဗျား..

မနက် ရနာရီကျော်ဘဲရှိသေးပေမဲ့လည်း..အရမ်းပူတာဘဲ...
တရားနာရေစက်ချ ကနေ့လည်မှဆိုတော့ သူငယ်ချင်းတို့က သွားစရာရှိတာနဲ့ ..အောင်မြင်စွာနဲ့ တပ်ခေါက်ပြန်လာကြပါတယ်..
ထိုင်းဇရပ်ကတော့ ဘယ်အချိန်ကြည့်ကြည့်အလွန်လှပနေတာအမှန်ပါဘဲ...

ကဲ...တနေ့နဲနဲပေါ့နော်...
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

4 comments:

  1. ရှမ်းစာတွေနဲ့ ခပ်ဆင်ဆင်ပဲလား။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. မ..
      ရှမ်းအစားအစာကိုပြောတာလား...
      ထိုင်းနိုင်ငံအလယ်ပိုင်းကျတော့သိပ်မဆင်ဘူး၊
      ထိုင်းမြောက်ပိုင်း ဇင်းမယ်(ကျိုင်းမိုင်)၊ကျိုင်းရိုင်း၊မယ်ဆိုင်
      ဒီလိုဖက်ကျတော့ကျမတို့အရှေ့ဖက်ကရှမ်း၊
      ဂုံရှမ်းနဲ့အစားအစာရောအရေးအသားစာပေပါ
      အတော်ကြီးဆင်တူတယ်..
      ဟီး..အမမေးတဲ့..ရှမ်းစာဆိုတာ(၂)ခုလုံး
      ခြုံဖြေလိုက်ပြီနော်..

      Delete