မင်္ဂလာပါရှင်~~~
ဘန်ကောက်ရောက်ခဲ့တဲ့အအချိန်က မတ် ဧပြီလ ဆိုတော့ ကျမတို့မြန်မာပြည်လိုဘဲ၊ရှင်ပြု ရဟန်းခံအလူ
တွေများပါတယ်။ ကျမသူငယ်ချင်းနေတဲ့ ဘန်ကောက် လေယာဉ်ကွင်းအသစ်ပတ်ဝန်းကျင်ဒေသကလူတွေ
အလှူအဒါန်းလည်းရက်ရောကြပါတယ်။ အခမ်းအနားပွဲတွေကို အပတ်စဉ်မအားရဘူး။ ကျမတော့ ၂ ခုဘဲသွား ခဲ့တာ။အဲဒီအထဲက ဒီ ရဟန်းခံပွဲကပုံရိပ်လေးတွေနဲ့ ပြောပြရအုံးမယ်..မိတ်ဆွေတို့ရေ..

အလှူမသွားခင် ခြံရှေ့မှာ မနက်စောစော ဆွမ်းခံကြွတဲ့ဘုန်းကြီးကို တွေ့ရတာက ကြည်နူးစရာ............
စတိတ်ရိုးပွဲလည်းပါတယ်။
ကျမကျိုင်းမယ်မှာနေတုံးကသူငယ်ချင်းမင်္ဂလာဆောင်တော့ ရွှာဖက်ပိုင်းကပါ.. ကောက်ညှင်းပေါင်း ဆာလာ အိပ်နဲ့ ၂အိပ်တောင်ကုန်တယ်ဆိုဘဲ..ကျိုင်းမယ်ကထိုင်းတွေက ကောက်ညှင်းဘဲစားကြတာများတယ်လေ။
စတိတ်ရိုးနဲ့ ပွဲဈေးတန်းနဲ့အရမ်းစည်ဘဲ..တရွှာလုံးမီးခိုးတိတ်လာကြတာ.. ၃ ရက်တိတိကျွေးတယ်..အဟဲ
ခုလည်း ခပ်ဆန်းဆန်း ရဟန်းခံပွဲတခုခေါ်သွားမယ်လေ...(အပေါ်ကဓါတ်ပုံတွေက အလှူပွဲတွေ သင်္ကန်း
ပရိက္ခရာတွေပြင်ဆင်ထားတာပါ..)
ကျမနေခဲ့ဖူးတဲ့ ၉နှစ် ကာလတခါမှ မသွားခဲ့ဖူးတဲ့ မဆုံခဲ့ဖူးတဲ့ ရဟန်းခံပွဲတခုပါ...။
ပြီးခဲ့တဲ့အပတ်ကမောင်ရှင်လောင်းအလှူတခုတော့ မလိုက်သွားဖြစ်ဘူး..အံသြစရာကောင်းတာက ညစာကို တရုတ်ထမင်းစားဝိုင်းနဲ့ကျွေးတယ်တဲ့။ ဘတ်သိန်းချီအကုန်ခံတယ်ဆိုဘဲ..ဝိုင်းပေါင်း ၃ဝဝ ကျော်တယ်..စတိတ်ရိုးပွဲလည်းပါတယ်။
ခုလည်း ခပ်ဆန်းဆန်း ရဟန်းခံပွဲတခုခေါ်သွားမယ်လေ...(အပေါ်ကဓါတ်ပုံတွေက အလှူပွဲတွေ သင်္ကန်း
ပရိက္ခရာတွေပြင်ဆင်ထားတာပါ..)
ပျော်စရာကောင်းလှပါတယ်။အလှူ ကျင်းပရာ ဘုန်းကြီးကျောင်းထဲဝင်ဖို့ ကားထားတဲ့နေရာမှာလည်း ဗာလံ
တီယာ ကိုကိုကြီးတွေကဝီစီ..တရွှီးရွှီးနဲ့မူတ်လို့..လူတွေအများကြီးဘဲ..
ငယ်လေးထဲမှာ ထည့်ထားတာတွေ့ရတယ်..။
သူတို့ကလက်အုပ်လေးတွေချီလို့..
အကြုံပါဘဲရှင်..။
အားလုံးခပ်ထည့်ပေးလိုက်မယ်..။
ပါသေးတယ်ဗျား..
မနက် ရနာရီကျော်ဘဲရှိသေးပေမဲ့လည်း..အရမ်းပူတာဘဲ...
ကဲ...တနေ့နဲနဲပေါ့နော်...
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး
Thanks for sharing ama..
ReplyDeleteTTW
You are very welcome my bro :D
Deleteရှမ်းစာတွေနဲ့ ခပ်ဆင်ဆင်ပဲလား။
ReplyDeleteအိုင်အိုရာ
မ..
Deleteရှမ်းအစားအစာကိုပြောတာလား...
ထိုင်းနိုင်ငံအလယ်ပိုင်းကျတော့သိပ်မဆင်ဘူး၊
ထိုင်းမြောက်ပိုင်း ဇင်းမယ်(ကျိုင်းမိုင်)၊ကျိုင်းရိုင်း၊မယ်ဆိုင်
ဒီလိုဖက်ကျတော့ကျမတို့အရှေ့ဖက်ကရှမ်း၊
ဂုံရှမ်းနဲ့အစားအစာရောအရေးအသားစာပေပါ
အတော်ကြီးဆင်တူတယ်..
ဟီး..အမမေးတဲ့..ရှမ်းစာဆိုတာ(၂)ခုလုံး
ခြုံဖြေလိုက်ပြီနော်..