Tuesday, September 9, 2014

သောင်းပြောင်းထွေလာမယ်ငီးကမ္ဘာ..

မင်္ဂလာပါရှင်~~~

လူ့ဘဝသက်တမ်းဆိုတာ လူတယောက်ရဲ့ ဒီလူ့ဘဝမှာနေထိုင်ရှင်သန်ကြရတဲ့ကာလတခုပါ။ အသက်ရှည် သည်ဖြစ်စေ တိုသည်ဖြစ်စေ ကိုယ်တို့ခံယူတဲ့ သဘောထားပေါ်မှာ ကွဲပြားကြတာပါ။ ရှည်လွန်းတယ်လို့ခံ ယူရင်လည်း ရှည်တယ်ပေါ့။ တိုတောင်းတယ်လို့မှတ်ယူရင်လည်း ရေပွက်ပမာ တခဏမျှလောက်ပါဘဲလေ။
မယ်ငီးလည်း ခုတလော အရင်က ခဏလေးလို့ထင်တတ်ခဲ့တာ..ခုတော့ အတော့်ကိုရှည်လျားပြီး ကြာမြင့် လွန်းနေတယ်လို့ တွေးနေမိပြန်တယ်။ တနေ့နေ့ ပြောမကုန်နိုင်လောက်အောင်ကို ဇာတ်လမ်းတွေလည်း
ရှိတာပေါ့..။

ဒီသူငယ်ချင်းနဲ့ပတ်သက်ပြီး..ရေးဖူးထားတာလေးတွေကို ဒီမှာ နဲ့ အရင်တုံးက အကြောင်း တွေကိုဖတ် ဖူးကြပါလိမ့်မယ်။

သူငယ်ချင်းနဲ့တွေ့တုံးက သူပြောပြတဲ့ သူ့ဘဝဇာတ်လမ်းတွေထဲက တချို့ကို ပြန်အာလူးဖုတ်ရမယ်ဆိုရင်..
"1986" ပတ်ဝန်းကျင်လောက်မှာဘဲ china airline ကလေယာဉ်မယ်ဘဝနဲ့ ကမ္ဘာအနှံရောက်ခဲ့တာပေါ့။
"ငါကကျိုင်းတုံမှာမွေးပြီး ကြီးပြင်းလာခဲ့ရတော့ ကိုယ့်ကိုယ်ကိုတောသားလို့ဘဲမှတ်ယူပါတယ်လေ" သူ့အပြောပေါ့..။ ဒီတော့ ဘယ်ရောက်ရောက် နားတယ်ဆိုတာထက် လမ်းတကာလားနေတတ်တယ်တဲ့။
၁ဝ တန်းကျောင်းပြီးလို့ သူက ဘန်ကောက်က ပုဂ္ဂလိကကျောင်းတခု(ခရစ်ရှန်ဘာသာဘန်းကြီးတွေ ထူထောင်ထားတာ)မှာ ကျောင်းဆက်တက်တယ်တဲ့။ ဘာသာရေးအဖွဲ့အစည်းကထောက်ပံ့တယ်ဆိုတော့
သူလည်း ဘာသာပြောင်းလိုက်ရတယ်လေ။ အဲဒီကျောင်းမှာ မြန်မာသံရုံးဆိုလား(သူလည်းမေ့နေပြီ) လူကြီး
သားသမီးတယောက်လည်းရှိတယ်တဲ့။ အရမ်းကိုဈေးကြီးတဲ့ကျောင်းလို့လည်းပြောတယ်။ သူငယ်ချင်းက
ကိုယ့်အားကိုယ်ကိုးပြီး နေထိုင်ရတာလေ..ငွေရေးကြေးရေးမပြည့်စုံဘူး။ စာတော်တော့ ကျောင်းအုပ်က
ကျောင်းဝင်းထဲက အလုပ်သမားတန်းလျားအိမ်ယာမှာ တခန်းပေးထားတယ်။ လူကြီးသမီးက သူ့ထက် အတန်းပိုကြီးတယ်တဲ့။ သူက မြန်မာပြည်ကလာသိတော့ လာပြီးမိတ်ဖွဲ့လို့ ခင်ကြတာပေါ့။ နောက်တော့ သူ့
အိမ်စာတွေလုပ်ပေးဖို့ စာကူကျက်ဖို့ သူငယ်ချင်းကို အိမ်မှာ ၂လခေါ်ထားတယ်..ဆိုဘဲ..။ အရမ်းချမ်းသာ
တာဘဲလို့..သူကပြောပါတယ်။ ခုဆိုနံမည်တောင်မေ့နေပြီ..တဲ့။..ဟင်းဟင်း..၁၉၈၂ ခုနှစ်ကတဲက အုပ်ချုပ်
သူများဆိုတာ သုံးမကုန်အောင်ပိုက်ပိုက်တွေပေါများနေပါပြီ..ခုမှမဟုတ်ပါဘူးလေ.. ^_^

နောက်ပိုင်း..သူ့စာရွက်စာတမ်းတွေ လိုအပ်လာတော့ မြန်မာပြည်ခဏပြန်လာသေးတယ်။ ပညာရေး
ထောက်ခံချက်ပေါ့..။ ၁ဝတန်းအောင်လက်မှတ်၊ ဒေသကောလိပ်အောင်လက်မှတ်ကို ဂုဏ်ထူးဘယ်နှစ်လုံး
နဲ့လိုချင်လည်း အားလုံးပိုက်ဆံပေးရင်ရတယ်..တဲ့။(တကယ်တော့သူက၁ဝတန်းကိုဂုဏ်ထူးနဲ့အောင်တာပါ)
ရိုးရိုးတန်းတန်းလက်မှတ်ဆိုရင် အချိန်ကြာတော့ မြန်မြန်ဆန်ဆန်(ပိုက်ပိုက်များများနဲ့ပေါ့) လုပ်လိုက်ရတယ် တဲ့။အဲ့ဒီအချိန်က အောင်လက်မှတ်ဆိုတာ မမြင်ဖူးတော့ တောင်းကြည့်ခဲ့ဖူးသေးတယ်။ မြစ်ကြီးနားကော
လိပ်ကျောင်းအုပ်ကြီးတံဆိပ်နဲ့ ဘာနဲ့..ဟား... ကဲ ၁၉၈၄-၁၉၈၅ ပတ်ဝန်းကျင်နော့်း))


သူလေယာဉ်မယ်နဲ့ အနောက်နိုင်ငံဖက်(အထူးသဖြင့် ဥရောပပေါ့)ရောက်တဲ့အကြောင်းကိုပြောတော့..
ထုံးစံ..လူမျိုးရေးတွေပါလာတာပေါ့..ဟိုဖက်ကလူတွေ အဲဒီအချိန်တုံးကဆိုပါတော့ တရုတ်တွေဆိုရင်
အရမ်းနှိမ်ကြပါတယ်တဲ့..(ကိုယ်တွေ့ပါ ဂျာမာန်မှာ တရုတ်တွေကို မနှစ်မြို့တာခုထိပါဘဲ) ပြင်သစ်က
Louis Vuitton ဆိုင်ဝင်တော့(ခုလိုတန်းစီခြင်းမျိုးမရှိသေးဘူးတဲ့) သူတို့ပုံက ဂျပန်နဲ့မတူဘူးလေ..။ ဂျပန်ဆို
ရင်တော့ စိတ်ကြိုက်ဝယ်လို့ရတယ်။ သူတို့ကိုတော့ ပတ်စ်ပို့အရင်တောင်းကြည့်တာတဲ့။ ရောက်တုံးတခု
လောက်ဝယ်မလို့လုပ်တော့ တောင်းကြည့်တာ တကယ်ဝယ်မဝယ်ထပ်မေးတာတဲ့ ဝယ်မှကိုင်ပါလို့လည်း
ပြောတယ်ဆိုဘဲ..။ ခုတော့ Louis Vuitton ဆိုင်မှာတရုတ်စကားနဲ့ဘဲပြောဝယ်ရင်တောင်ရပြီတဲ့ :P
တရုတ်စကားပြောနဲ့ မင်္ဂလာပါ ဘာညာဘာညာတွေတောင် စပီကာကနေလ့င့်ပေးနေတတ်ပြီဆိုဘဲ..။

ဒီနောက်ပိုင်း ပစ္စည်းတခုဝယ်ဖို့ရောက်သွားတုံးက လူလတ်ပိုင်းအမျိုးသမီးတယောက်(သူ့အပြော အစိုးရ
အရာရှိကတော်ပုံ..တဲ့၊နောက်က အထိန်းတို့ ဘော်ဒီဂတ်တို့ပါသေးတာတဲ့..) ဝင်လာနဲ့ကြုံတယ်။ ထုံးစံပေါ့
တရုတ်အမျိုးသမီးတွေဆိုတာ အန်မတန်မှ ခွဲစိပ်ပြုပြင်တာလေ..မျက်နှာက မင်းသမီးရှံးလောက်အောင် လှပဝင်းဖန့်နေတာတဲ့..။မျက်စိ နားနှာခေါင်း အားလုံးက ပန်းချီဆရာဆေးချယ်ထားတဲ့အတိုင်း..တဲ့။ သူဝင်
လာတာနဲ့ အဝင်တံခါးကို ဂျိန်း..ကနဲပိတ်လိုက်တာဘဲတဲ့..။ မျက်နှာကလည်းမာထန်နေတာဘဲတဲ့။ နံရံပေါ်
display တွေတချက်ဝေ့ကြည့်ပြီး ၃ - ၄ ခုလောက်ကို ဒါ..ဒါ..ဒါ..လက်ညိုးထိုးပြီး အဲဒါကိုမယူဘူး။ ကျန်တာ အားလုံးယူမယ်ဆိုဘဲ..။ ပြင်သစ်ကိုကို မမတွေ ပျာယာခပ်သွားတာပေါ့...။ ကဲ..ကိုယ်တို့ဆီကဘဲ.. ကတော်
ကြီးတွေဘဲသုံးစွဲကြတယ်ထင်နဲ့..ဟိုကလည်း ထိုနည်းလည်းကောင်း..တဲ့ဗျား...။ အလကားရတဲ့ပိုက်ဆံတွေ
နောင်ဘဝမှာပျော်ပျော်ကြီးဘဲ ဆပ်တော့မယ်..ဆိုလားဘဲ..ဟီးး)))


ဂျပန်မှာဆို တရုတ်တွေဈေးဝယ်ထွက်ကြတယ်..ဒီတော့ သူတို့လေယာဉ်က နေ့တိုင်းဂျပန်ခရီးစဉ်အခေါက်
များစွာရှိတယ်တဲ့။ ဒီတော့လည်း မယ်ငီးကို ဂျပန်အစားအသောက် အဝတ်အစားများစွာ ယူလာပေးနိုင် တာပေါ့လေ..ဟီး..ကောင်းလေစွ..။ မိတ်အင်ဂျပန်ဆိုရင် ကိုကိုချိုင်းနားတွေက အရမ်းကြိုက်တဲ့ ^_^

ဂျာမဏီက Black forest ဆိုတာနံမည်ကြီးပေါ့..ငီးငီးတို့တောင်သွားခဲ့တာ..(ဒီတဆောင်းမှာ အဲ့အကြောင်း
လေးရေးအုံးမှ) ဤကားစကားချပ်ပေါ့လေ. .. သူတို့သွားတုံးက ပွဲတော်ရှိတာတဲ့။ ဒေသခံတွေက သူတို့အိမ်
တွေကို အလကားပေးအိပ်တာတဲ့ မည်သူမဆိုပေါ့နော်..။ သူတို့တံခါးသွားခေါက်တဲ့အချိန်က ညအချိန်..။
တရုတ်ဆိုတာသိတာနဲ့..နိုး..တံခါးပြန်ပိတ်တာဘဲ..တဲ့..။ သူကပြောရင်းနဲ့ တရုတ်တွေကလည်း အမြင်ကပ် စရာဘဲလို့ ခဏခဏပြောတတ်တယ်..။ဒေါင့်မကျိုးတာရယ်..၊ သူများကိုအထင်သေးအမြင်သေး ဆက်ဆံ
တတ်တယ်..ဆိုဘဲ..။ (ပြည်ကြီးကတရုတ်တွေဖြစ်ပါလိမ့်မယ်နော့်..) ဟဲ့..နင်ကတရုတ်မဟုတ်ဘူးလား.. ဆိုတော့..ငါက ကျိုင်းတုံရှမ်း..ဆိုဘဲ..ဟဟ..ထိုင်ဝမ်မှာ လူကြားထဲအတင်းတုပ်ချင်ရင် သူတို့မိသားစုက ရှမ်းလိုပြောကြတာတဲ့။ ဘယ်သူမှနားမလည် ဘူးလေ..ဆိုဘဲ..။ နောက်တခုပြောပါသေးတယ် လွှတ်တော် 

ထဲမှာပါးတွေချကြ နပန်းလုံးကြဆိုတာ ထိုင်ဝမ်လွှတ်တော်က ကမ္ဘာမှာနံမည်အကြီးဆုံးပါဘဲတဲ့...။
တော်သေးတာပေါ့..သူတို့ကပါးတွေဘဲချကြတာ..ကြားဖူးတာကကိုယ်တို့ဆီမှာဆိုလား..လွှတ်တော်ပြင်ပ 
မှာပုဆိုးလှန်ပြ..ကိုယ်ပိုင်ပစ္စည်းတွေပြမလို့ကြိုးစားတယ်တဲ့...
(ဟားဟား..ဟုတ်ကြောင်းမဟုတ်ကြောင်း..ဘလားဘလား...ပြောပါရစေ..း))))


ကဲပါလေ..များစွာသောအကြောင်းအရာတွေထဲကပေါ့....။ကြုံရင်ကြုံသလို အာလူးဆက်
ပေးကြတာပေါ့နော်..


အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

စန်းထွန်းကမိတ်ဆက်ပေးတာတော့ဟုတ်ပြီ..ရေးဆိုလည်း အတင်းဖြစ်ညှစ်ရေးလိုက်ပြီနော့်. ဒါပေမဲ့..ပြန်မိတ်ဆက်ပေးဖို့ရာ.. တာဝန်မကျေနိုင်ခဲ့တာကိုတော့ ခွင့်လွှတ်ဗျို့
(ဒါလေးကိုတောင် ကမန်းကတန်းရေးရတာ)

6 comments:

  1. ဟီးဟီး စန်းထွန်းလေးအချွန်နဲ့ မတာကိုယ်တို့ မှာသုတ်ခြေတင်ပြီးရေးလိုက်ရတာနော်။

    ReplyDelete
    Replies
    1. ဒီကတော့ရေးပြီးလည်းပြန်တခေါက်ရောက်ဖို့၊
      မနဲအားယူနေရတဲ့အခြေအနေဗျို့း)))

      Delete
  2. ဒါကိုဖတ်ချင်နွန်းနို့ညနေတစ်ခေါက်ပြန်လာဖတ်ရပါတယ်မမမီးငယ်ရယ်
    တရုတ်စက်တရက်စုတ်တွေကိုတော့ဖြင့်စိတ်ကုန်လွန်းပေမယ့် တရုတ်တွေချမ်းသာတာကိုလဲငြင်းမရတာတော့အမှန်ပါ
    တသက်မှာတခါ အယ်လဗီလေးကိုင်နိုင်ရင်သေပျော်ပါပြီလေ ဟိဟိ


    စိန်စိန်တင်

    ReplyDelete
    Replies
    1. ဒေါ်စိန်စိန်တင်ရေ့..
      သူများကရှိနေတဲ့အိတ်ပုံစံလေးကလွဲလို့၊
      တဆိုင်လုံးဘဲမတာပါ..၊
      ကိုယ်တို့တော့ဆိုင်ဖွင့်ကတည်းကခုထိ၊
      ပုံစံအားလုံးကိုအိမ်မက်ထဲမှာသုံးဖူးပြီးသား..ဟီး
      Coach ပစ္စည်းတွေဒီမှာဈေးချတော့
      တရုတ်တွေများလုဝယ်ကြတာ
      တယောက်ကို 4/5 ခုကအနဲဆုံးဘဲ..
      မျက်မြင်နော့်(ပြန်ရောင်းစားတာနေမှာပါအေ..ဟီး)

      Delete
  3. ဟား..ဟား..သောင်းပြောင်းထွေလာဆိုတဲ့အတိုင်း တကယ့်ကို စုံပလုံစိနေတာပဲ..ဗီယက်နမ်နဲ့  ဖိလစ်ပိုင်တွေလည်း တရုတ်ကို မုန်းကြတယ်တဲ့..တရုတ်သူငယ်ချင်းကလည်း ပြောပြသွားတယ် သူတို့ ဆီမှာ ဂျပန်ဆန့် ကျင်မုန်းတီးရေး ချယ်နယ်တွေဆိုတာ လေးငါးခုလောက် ရှိတယ်တဲ့...မိတ်အင်ချိုင်းနားတွေဆို ကြောက်လွန်းလို့ ...

    ReplyDelete
    Replies
    1. ပြည်ကြီးတရုတ်တွေ၊
      အန်မတန်မှအမြင်ကပ်စရာကောင်းတာအမှန်ဘဲ၊
      ပီကင်းကဆိုပိုဆိုးတယ်၊
      ရှာလိပ်လိပ်ပြီးပြောနေကြတာ၊
      (ဟီး..တကယ်ဆို ပီကင်းမတယောက်ကမြန်မာပြည်ဆိုတာ၊
      သူတို့နိုင်ငံရဲ့ပြည်နယ်တခုလားလို့မေးခံရကတဲက၊ အရမ်းအမြင်ကပ်
      သွားတာလေ..)

      Delete