Tuesday, July 22, 2014

ကျမတို့ဒေသကအစားအစာတွေပေါ့ ၂

မင်္ဂလာပါရှင်~~~
နေရာဒေသအလိုက် လူမျိုးအလိုက် စားတာသောက်တာကွဲပြားခြားနားကြတော့ ကျမမမြင်ဘူးတဲ့တချို့ အစားအစာတွေကို တွေ့မိခဲ့ရင် အရမ်းစိတ်ဝင်စားတာဘဲ ကျမလိုဘဲ မိတ်ဆွေများလည်း ဖြစ်တတ်ကြ မယ်ထင်ပါတယ်။ ဒီတခါတော့ ကျမတို့မြို့လေးက နေ့လည်သားရေစာလေးတွေ အများကြီးထဲကတခု
ဖြစ်တဲ့ ခေါက်ဆွဲချပ် (တိုက်ရိုက် ဘာသာပြန်လိုက်တာလေ..ဟီး ပူပူနွေးနွေး လတ်လတ် ဆတ်ဆတ်
ခေါက်ဆွဲအချပ်သေးသေးသုပ် ဆိုပါတော့လေး)))) မိတ်ဆက်ပေးချင်ပါတယ်။ 


တချို့မိတ်ဆွေများ မြင်ဖူးစားဖူးကြပေမဲ့ မသိသေးတဲ့သူတွေလည်းရှိကြမှာပါ။ ကဲ..ကျမလိုဘဲ အမြင်အာ
ရုံလေးနဲ့ ခံစားကြည့်ရအောင် :P

ဒီအစာကို အထူးသဖြင့်ဆောင်းတွင်း မိုးတွင်းအချိန်တွေဆိုရင် စားလို့ပိုကောင်းတယ်။ ကိုယ်တို့အိမ်က
မြို့လည်ခေါင်နေရာလောက်မှာရှိတော့( ဒီဆိုင်မျိုးတွေကလည်း နဲနဲလှမ်းတဲ့ရပ်ကွက်ရွှာလေးတွေမှာဘဲ
ရတတ်တယ်လေ) ဆိုင်ဘီးလေးစီးလို့ နေ့လည် ၂နာရီ ၃နာရီအချိန်ဆိုရင် စားပုံတော်ဖွင့်ရတာပေါ့။
ကျမတော့ ရပ်ကွက်ဆိုတာထက် ရွှာအနေနဲ့ဘဲမြင်ပါတယ်။ ခြေတံရှည်အိမ်ရှေ့လေးတွေမှာ ဝါးလုံးလေး
စိတ်ပြီး ခြံစည်းရိုးခတ်ထားတာ ၂တန်းလောက်ဖြူတ်ပြီး တိုင်ထောင် သက်ကယ်မိုးထား မြေစိုက်တဲလေး
ဖြစ်ရော။ အဲဒီထဲမှာ ဝါးခြမ်းလေးနဲ့ စားပွဲရိုက် ထိုင်ဖို့ကတော့ သစ်သားရှည်တချောင်းကို အောက်မှာ သစ်တုံးလေး ၃နေရာလောက်ရိုက်ထဲ့လိုက်ရင်ဘဲ ဆိုင်ခန်းလေးတခုဖြစ်လာပါတယ်။ ရောင်းသူက အထဲဖက်မှာထိုင်လို့ အုတ်တုံး ၃ တုံးဖိုခနောင့်ဆိုင်ထားတဲ့နေရာမှာ ထင်းတုံးတွေ သစ်တိုသစ်စအကိုင်း အခက် ရှိသမျှပစ်ထဲ့ မီးမွှေးတာပါဘဲ..တခါလေ ကိုယ်တို့စောစောလေးရောက်သွားရင် သူ့ကိုကူပြီး မီးမူတ်ပေးရတယ်။ ဝါးလုံးချောင်းမဲမဲလေး မီးပြောင်းလို့ခေါ်ကြောင်း အဲဒါကြီးကိုင်ပြီး ကုန်းကုန်းမူတ်ပေး ခဲ့ရပါသေးတယ်။ မီးဖိုတွေအူနေတာက သဘာဝ ခေါက်ဆွဲချပ် ဆိုင်ပါဘဲ..ခေါက်ဆွဲကလည်း မီးခိုးနံ့သင်း
နေပါတယ်။ မီးဖိုပေါ်မှာ အိုးမဲမဲကြီးပေါ့ ရေအပြည့်နီးပါးဖြည့်ပြီးတည်ထားရတယ်လေ။


အပေါ်ပုံကတော့ ကျမတူမလေးတွေ အိမ်မှာကိုယ်တိုင်လုပ်စားကြတာပါ။ အဓိကတော့ ဆန်မုန့်ဖျော်တာပါ။ ဆိုင်တွေမှာတော့ ဆန်ကိုတညရေစိမ်ပြီးကျောက်ပြားဆုံနဲ့ကြိတ်တာပေါ့ ဆန်ကိုလည်း မယ်ငီးစပ်စုစိန် စားတုံးကမေးဖူးပါတယ် ရှမ်းဆန်နဲ့မနောဟရီဆန်ကိုရောသုံးပါတယ်တဲ့။ ရှမ်းဆန်ကအရမ်းစေးတယ် မနော် ဟရီဆန်က မာတဲ့သဘောရှိတာတဲ့။ သိပ်မစေးကပ်တော့ဘဲ အနေအထားအတော်လောက်မှ ဗန်းထဲကနေ
ခွါရတာလည်းလွယ်ကူမှာလေ..။ စားဖို့သောက်ဖို့လုပ်တာဘာမှမခက်ပါဘူး။ သီးနှံစားစရာတွေ တခုခြင်း
ရဲ့ အစွမ်းသတ္တိတွေသဘောသဘာဝတွေသိထားရင် ရပါတယ်..။(အဟဲ..အနည်းဆုံးတော့ ခု မယ်ငီးလို
ဆရာကီး ဝင်လုပ်တတ်ပြီလေ..)

ဆန်မုန့်ရည်မကြဲမပစ်အနေအထားနဲ့ ဘာမှမပါပါဘူး။ ရိုးရိုးဆန်ခေါက်ဆွဲလုပ်သလိုပါဘဲ သံဖြူဗန်းသေးသေး
လေးမှာဆီဆွတ်ထားတဲ့အဝတ်စလေးနှံအောင် သုတ်လိုက်ပြီးရင် ယောက်မတဇွန်းလောက်လောင်းထဲ့ ပြီး
နှံသွားအောင် ဗန်းလေးကိုဘယ်ညာစောင်းလိုက်တယ်။ နောက်တော့ ဗွက်ဗွက်ဆူနေတဲ့ အိုးရဲ့အဖုံးလေးဖွင့်
ပြီး ရေပေါ်တင်လိုက်ရုံပါဘဲ အဖုံးလေးပိတ်လို့ နောက်ဗန်းတခုမှာ သွားကြားထိုးတံလေးအသုံးပြုပေါ့ ဗန်း 

ဘေးပတ်လည်ကိုခြစ်လိုက် ပြီးအဲဒီသွားကြားထိုးတံနဲ့ နဲနဲကလော် လက်နဲ့ခေါက်ဆွဲကို လိုသလိုလိပ်လိုက်
တာပါ။ ပြီးဆီပြန်ဆွတ် ဆန်မုန့်ရည်တဇွန်းလောင်းထဲ့ အဲဒီအချိန်ဆိုရင် မီးဖိုပေါ်က ဗန်းလေးကကျက်ပြီ ကွက်တိပါဘဲ။ တဖက်ကအဖုံးလှပ် တခြားလက်တဖက်နဲ့ အသစ်ထဲ့မဲ့ ဗန်းလေးမုန့်ရည်နှံအောင်စောင်း လိုက်နဲ့ ပါးစပ်ကလည်း ဖေါက်သည်တွေနဲ့ စကားလေးပြော..ပြီး တချက်ချက်အူနေတဲ့မီးခိုးတွေကြားထဲ
မူတ်ပြောင်းကိုင်ပြီး တဖူးဖူးမူတ်ပေါ့...။

အဲဒီခေတ်ကာလက ခေါက်ဆွဲက ၂မျိုးဘဲရှိတယ် အလွတ်ဘာမှမပါတာရယ် နောက်အပေါ်ကပုံလို ဝက် သားတောက်တောက်စင်းနဲ့ကြက်သွန်ဖြူနီကြော်လေး တစ်ဇွန်းထဲ့ပြီးလိပ်တာပါ ဒါကိုတော့ အစာသွပ် အသားပါခေါက်ဆွဲချပ်လို့ခေါ်တာပေါ့။ ဥပမာ အသားပါတာ ၃ချပ်ကို ကျပ်၁ဝဝ ဆိုရင် အသားမပါတာက
၅ချပ်လောက်ရတာပေါ့။ တပွဲပြင်ရင် အသားပါ ၃ချပ်ကို ကပ်ကျေးနဲ့ညှပ်ပေးလိုက်တယ်။ ပြီးရှေ့မှာတန်းစီ
ချထားတဲ့ ဆား အချိုမုန့် ကြာညို့ (ပဲသံပြာရည်)ငရုတ်သီးကြော် ငရုတ်ချဉ် ဆလပ်ရွှက် မြေပဲထာင်း ဒါတွေ စိတ်ကြိုက်ထည့်စားကြတာပေါ့ရှင်။ 

တခါတလေ စိတ်ကူးပေါက်ရင်လည်း အဖြူထည်ကိုဘဲတို့စားတတ်ကြပါတယ်။ ကျမတော့ ၂ မျိုးစလုံး တကယ်ကြီုက်ပါတယ်။ ခုတော့ လမ်းသရဲ ခေါက်ဆွဲချပ်ဆိုလား ဒစ်စကို ခေါက်ဆွဲချပ်တဲ့ တူမလေး ဝယ်လာ
ပေးတာ အစာပလာတွေအားလုံးတခါထဲထည့်ပေါင်းတာပါ။ အရွှက်တွေရောဘဲလေ..။ ကျမတော့ ဒီလိုမျိုး သိပ်မကြိုက်ဘူး

ရန်ကုန်မှာနေတုံးက ညီမဝမ်းကွဲတွေ တူမတွေ အိမ်လည်လာပြီး လုပ်စားတတ်တယ်။ တခုတော့ရှိတယ်
တခါထဲရေဖျော်တာမျိုးမဟုတ်ဘဲ။ ဆန်မုန့်ကို စတီးဇွန်းနဲ့၎-
၅ ဇွန်းလောက်ခပ်ပြီး ရေဖျှော်မီးပေါ်တင်ကျို
ပါတယ်။ကော်ရည်လိုခပ်စီးစီးလေးရလာတော့ မီးပိတ် နောက်ကျန်တဲ့အထုပ်ထဲကဆန်မုန့် အားလုံးရေဖျော် အဲဒီ အထဲကိုခုနကကျိုထားတာ သူတို့အခေါ် ဦးရည် တဲ့။အဲဒါကိုနဲနဲချင်းစီလောင်းထဲ့ပြီးမွှေတာဘဲ...။
ဆန်မုန့်ဖျော်တာ သူကပိုတော် ငါကပိုတော်နဲ့ အရာကြီး ချင်းကပြိုင်နေကြသေး..ဟီး

ခုတော့သူတို့လုပ်ပြီး ဘုတ်အုပ်ပေါ်တင်သမျှ သားရေကျနေရတာပေါ့ရှင်။ ဝက်အူချောင်းတွေလည်းထဲ့တာ
တွေ့တယ်။ ကျမတို့မြို့လေးမှာ မှတ်မိသေးတယ် စားတဲ့ဆိုင်လေးက ကြက်တွေမွေးထားတယ်။ ကြက်
တွေကကိုယ်တို့နားပတ်ချာလည်နေတာပေါ့ လက်တဖက်ကကြက်မောင်း လက်တဖက်ကတူကိုင် ပါးစပ် ထဲအလျှင် မပြတ်ထည့်ရတာလေ..။အဲဒီမှာ ကန်စွန်းရွှက်တွေ တတောင်းကြီးမလာတယ်။ ကြက်စာ
ကျွှေးဖို့လားတော့မသိ။ ကျမတို့အုပ်စုက ကန်စွန်းရွှက်စားမယ်ဆိုတော့ ရေတွင်းထဲရေငင် တောင်းထဲ
လောင်းထဲ့ရေဆေးပြီးခေါက်ဆွဲအိုးထဲက ရေပူထဲခဏလောက်စိမ်လိုက်ပြီး ကပ်ကြေးနဲ့ညှပ် အလယ်မှာ တပန်းကန် အပြည့်ထည့် ထားပြီးခေါက်ဆွဲတလုပ် ကန်းစွန်းရွှက်တလုပ် စားကြတာကောင်းမှကောင်းရှင်။ တချို့ဆိုင်တွေမှာ ဆနွန်း ထည့်တတ်တယ် ခေါက်ဆွဲက ဝါဝါကြီးပေါ့။ ကိုယ်တို့တော့ Old fashion lady ရိုးရိုးစင်းစင်းလေးဘဲကြိုက် တယ်။

ဒီအမေရိကားမှာ လုပ်စားဖို့ဗန်းလေးဝယ်လာပါတယ်ဆို အိမ်မှာ ခဏလာတည်းတဲ့ချစ်လှစွာသော ရွှေ
ယောင်းမက ကျမအပြင်သွားတုံး ခေါက်ဆွဲဗန်းကြီးကို ခြင်ဆေးခွေထွန်းတဲ့အခံလုပ်လိုက်တယ်လေ...။
ရင်နာလိုက်လေခြင်း..။ ဒါနဲ့ထားပစ်ခဲ့တယ်။ခုတော့ လွှမ်းလိုက်တာရှင်...။

ဒါကတော့ကြည့်ရတာညှပ်ပြီးအစာပလာအစုံထဲ့ထားပါးစပ်ထဲထည့်ဖို့အသင့်..ဆိုတဲ့ပုံ

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

11 comments:

  1. အောက်ဆုံးတပုံကိုကြည့်ပြီး တော်တော်သွားရည်ယိုတယ်။ အဆာပလာတွေ ထည့်ထားလိုက်တာ စားချင်စရာကြီး :)

    ReplyDelete
    Replies
    1. ဟုတ်တယ်စူးနွယ်ရေ့..
      ချဉ်ချဉ်ငံငံစပ်စပ်ပြီးသကြားလည်း၊
      ထဲ့စားတတ်ကြသေးတယ်လေ၊
      ဒီတော့ချိုချဉ်ငံစပ်လေး..
      ကောင်းမှကောင်း..း)))

      Delete
  2. ကြည့်ရတာတရုတ်စတိုင်လိုလိုဘာလိုလိုနဲ့ နော်။
    ကယ်လီဖိုးနီးယားမှာတခါ အမေရိကန်တွေအစားအသောက်ဈေးပွဲတော်လုပ်တာအဲလိုမျိုးချက်ချင်းလုပ်ချက်ချင်းလိပ်ပေးတာ။
    စားချင်လို့ တိုးလိုက်ရတာ။ အမေရိကန်လေးတွေနဲ့ အေးရှန်းလေးတွေရောင်းတာ။
    အဲဒါဝယ်စားရတာမတန်ဘူး။ လုပ်စားကြမယ်ဆိုပြီးအဲဒီကအပြန်တရုတ်ဆိုင်တန်းဝင်ပြီးဈေးဝယ်ပြီး
    အဲလိုလိပ်စားကြတာ။ ကိုယ်တို့ လည်းစားချင်တာလျှောက်ထဲ့ပြီးလိပ်ကြတာဘဲ။
    ပုံကြည့်ရင်တော့တော်တော်စားချင်စရာကောင်းတယ်။
    နောက်နေ့ ကျတော့မာကုန်လို့ မစားချင်ကြတော့လွှတ်ပစ်ရသေးတယ်။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. မအိုင်အိုရာရေ့..
      အေးသွားရင်မာသွားတတ်တယ်
      ပူပူနွေးနွေးလေးမှစားကောင်းတာ
      ထိုင်ဝမ်နဲ့ဟောင်ကောင်က
      လမ်းဘေးအစားအစာအကြောင်းတွေ
      ရုပ်ရှင်ရိုက်ပြထားတာ
      တီဗီထဲမှာကြည့်တော့မြင်ဖူးတယ်
      သူတို့ကနဲနဲထူတယ်
      လုံးလုံးလေးလိပ်ပေးပြီး
      ခပ်ပြစ်ပြစ်အရည်ညိုညိုနဲ့နှမ်းလေးတွေဖြူးလို့
      တုတ်ချောင်းတခုထိုးပေးလိုက်တာဘဲ
      ကိုယ်တို့ဆီကနဲနဲပိုပါးတယ်
      အဆာပလာတွေမျိုးစုံနဲ့ဆိုတော့
      ပိုကောင်းတယ်လို့ထင်တာဘဲ..အဟဲ

      Delete
  3. ဒီတစ်ပတ်သက်သတ်လွတ်စားရင် ခေါက်ဆွဲချပ်လုပ်စားမလားလို့ စဉ်းစားတုန်းရှိသေးတယ် မမီး ခေါက်ဆွဲချပ်တွေမြင်တော့ ပိုစားချင်လာတယ်...း)

    ReplyDelete
    Replies
    1. မိုးငွေ့လေးရေ..
      ခုခေတ်မှာတော့ ဒစ်စကိုခေါက်ဆွဲချပ်ဆိုလား
      အစုံထဲ့တတ်ကြတယ်လေ..
      အဲလိုလုပ်စားတာလား..
      လုပ်ပြီးရင်လည်းပြပါအုံး..
      အာသာပြေလေးကြည့်ချင်ပါတယ်ကွယ်..
း)))

      Delete
  4. မစားဖူးဘူး။ အခုမှမြင်ဖူးတာ။ အစ်မမီးငယ် အဲ့အထဲ ဝက်သားတောက်တောက်စင်း ကို ဘယ်လိုချက်လဲ? အိမ်မှာ လုပ်စားကြည့်ချင်လို့။

    ReplyDelete
    Replies
    1. မြတ်ကြည်လေးရေ..
      ဝက်သားတောက်တောက်စင်းကို၊
      ကြက်သွန်ဖြူနီ ငရုတ်ကောင်း
      ပဲငံပြာရည်နဲ့ကြော်တာပါဘဲ။
      ဆီအများကြီးထဲ့စရာမလိုပါ။
      ခရုဆီလေးထဲ့ရင်ပိုစားကောင်းတယ်။
      သာကူလုံးထဲအစာသွပ်ရင်ထဲ့သလိုပါဘဲ။
      စမ်းလုပ်စားကြည့်ပါ။
      လင်ဗန်းတွေကကျိုင်းတုံကသံဖြူဆိုင်တွေမှာ
      ရောင်းတတ်ကြတယ်။
      ၂ချပ်ဆိုလောက်ပါတယ်။
      ကပ်စားတဲ့အရွှက်ကဆလပ်ရွှက်နဲ့
      ကြက်သွန်ဖြူ ပင်ဆိုပိုလိုက်တယ်။
      အချဉ်အတွက်ကငရုတ်ချဉ်နဲ့နော်၊
      သံပုရာသီးနဲ့သပ်မစားကောင်းဘူး။

      Delete
    2. ကျေးဇူး အစ်မ မီးငယ်။ ပုံတွေကြည့်ပြီး ဗိုက်တောင်ဆာတယ်။ လုပ်ပြီးမှ ပုံလာတင်ပေးမယ်။ :)

      Delete
  5. စားချင်​လိုက်​တာ အန်​တီမီး
    အန်​တီမီးပိုစ့်​​တွေကို အစဉ်​​မျှော်​လျက်
    Apple Blossom

    ReplyDelete
    Replies
    1. ကျေးဇူးဘဲ..
      သမီးလေးရေ...
      ကိုယ်လည်းစိတ်ကူးယဉ်ပြီးရေးနေတာ
      ကြာပေါ့ဟယ်..
      ဟီး..ခုမှဖြစ်တော့တယ်..

      Delete