Tuesday, March 25, 2014

ကျမရဲ့ထိုဖူးကမ္ဘာ

မင်္ဂလာပါရှင်~~~ 

ရှမ်းမမို့လို့ထိုဖူးကြိုက်တာဟုတ်ရပေါင်....သူများတွေလည်းကြိုက်ကြမှာဘဲ။ လုပ်စားတဲ့နည်းတွေတာ မတူကြတာ။ ရှမ်းတွေတော့ နည်းပေါင်းသောင်းခြောက်ထောင်ရှိတယ်ဗျို့...။ ဒီအကြောင်းကို နဲနဲဖေါက် သည်ချပါရစေရှင်။

ထိုဖူးမှာလည်းအမျိုးမျိုးပါဘဲ။ ပြုလုပ်တဲ့အခြေခံပစ္စည်းပေါ်မူတည်ပြီးကွဲပြားသွားတာပေါ့။ ဆန်ထိုဖူး၊
မြေပဲထိုဖူး၊ ကုလားပဲထိုဖူး၊ စားတော်ပဲထိုဖူး တဲ့။ လုပ်တာကတော့အားလုံးနီးပါးအတူတူလောက်ပါဘဲ။
ပဲတွေရေစိမ် ကြိတ်ပြားနဲ့ ကြိတ်ချင်လည်းရ၊  Blender နဲ့ဘလူးဘလူးလုပ် ပြီးပိတ်ပါးနဲ့စစ် ဒါတွေပါဘဲ။
ဒီတခါ ကျမပြောပြမဲ့ထိုဖူးသုပ်ကတော့ ကျမတို့မြို့မှာရှိတဲ့ သုတ်နည်းပေါင်း သောင်းခြောက်ထောင်ထဲက
တနည်းဆိုပါတော့။ ဒီအသုပ်က စားတော်ပဲ(ရှမ်းလို "ထိုအွန်" ကျမဗမာလိုခေါ်တာမှန်မမှန်တော့မသိဘူး)
နဲ့လုပ်တဲ့ထိုဖူးနဲ့ ပိုကောင်းမယ်နဲ့တူတယ်။ ထိုဖူးသားလေးက အိအိလေးပေါ့။

အိုစွမ်းဆိုတဲ့ ဆလတ်ရိုးနဲ့ထိုဖူးသုပ်တာပါ။ ထိုဖူးသားက ရန်ကုန်ဖက်မှာစားတဲ့ထိုဖူးနဲ့နဲနဲကွာသလို
ပါဘဲ..။ ကုလားပဲနဲ့လုပ်တာချင်းအတူတူ ကြိတ်ပြီးတချို့က အားလုံးပြန်ကျိုတယ်။ ကျမတို့က စစ်ပြီး အဖတ်ပြန်မသုံးတတ်ဘူး..အဲဒီနေရာမှာကွာတာလားမသိပါဘူးလေ..။ဒီပုံထဲက ထိုဖူးကျမကိုယ်တိုင်ကြိုတာ
ဟုတ်ဖူးရှင့် ..။ ခင်မင်ရတဲ့ညီမလေး Song Song တဗူးလက်ဆောင်ပေးလိုက်တာပါ။ အိုစွမ်းတွေလည်း
၎ချောင်းပေးလိုက်တယ်။ ရင်ထဲမှာ ဒိန်းတပ်တပ်နဲ့မြည်ဟီးနေတာဘဲ..ပျော်လွန်းလို့။ အိမ်ရောက်တော့ ၂ ခုပေါင်းသုပ်စားတာ။ တနေ့တခါနဲ့ ၄ ရက်တိတိဆက်တိုက်စားရပါတယ်။  

အဲဒီထဲကို ထဲ့တာလည်း ရိုးရိုးလေးပါ ။ကြက်သွန်ဖြူဆီချက်၊ဆား၊ငရုတ်သီးမူန့်၊ မြေပဲထောင်း၊နံနံ့ပင်၊ရှာ
လကာရည်နဲ့ ကြံသကာရည် နဲနဲစီ...ဒါပါဘဲရှင်...။ ထိပ်ကပုံမှာတော့  ပဲပုပ်ချဉ်လေးနဲနဲပိုနေတာကောက် ထဲ့လိုက်တာပါ။ မထဲ့လည်းရပါတယ်။

ကျမတို့က အဲလိုအရည်စပ်စပ်လေးနဲ့စားရတာပိုကြိုက်ပါတယ်။ တောင်ကြီးဖက်မှာမိတ်ဆွေတို့စားဖူးကြတဲ့ ပဲချဉ်လေးထဲ့တဲ့ ထိုဖူးသုပ်ကိုတော့ စားဖူးကြမှာပါ။ အဲဒါကိုကျတော့ အင်းသားသုပ်ဆိုပြီး အိမ်ကဒီလိုအ
လွယ်ခေါ်လိုက်တာပါဘဲ။ထိုဖူးကြော်လေးတွေပါညှပ်ပြီးထဲ့သုပ်တာလေ..ကောက်ညှင်းပေါင်းနဲ့စားလို့ အရမ်းလိုက်ဖက်တာပေါ့ရှင်။
နောက်တခုက ကျမတို့ကျိုင်းတုံသားတွေ စားတတ်ကြတဲ့ မြေပဲထိုဖူးပါ။ လုပ်ရတာလည်းလွယ်ပါတယ်။
ဟိုဖက်မှာတော့ မြေပဲဆံကအခွံနဲ့ဝယ်ရတာလွယ်ပေမဲ့ ဒီမှာက ဟောလို..အခွံမပါတော့ ကျမမြေပဲ ထိုဖူး
လေးအရောင်ဖြူရော်ရော်ပေါ့ရှင်..။
ဒီမှာ ဒါတွေဘဲတွေ့တယ် အစိမ်းဆိုလို့..များသောအားဖြင့် လှော်ထားတာတွေများတယ်..
ညီမဝမ်းကွဲပေးတဲ့နည်းအတိုင်း မြေပဲဆံ နဲ့ ဆန်မူန့် ၃း၁ တဲ့...ဆန်မူန့်များမှနဲနဲမာတောင့်တောင့်လေးဖြစ်
မှာပါ။ သိပ်ပျော့ရင် လှီးဖြတ်ရတာ မကောင်းဘူး..။ ဒီလိုထိုဖူးနွေးအနေအထားကို ကျိုင်းတုံမှာ ပါလျှံဆိုတဲ့
ရပ်ကွက်ဖက်မှာ ဝါတွင်း၃ လအခါ၊ ဥပုဉ်နေ့ဆိုရင် အထမ်းလေးနဲ့ ရောင်းတယ်။ ခပ်ပူပူနွေးနွေးလေး ဒီအတိုင်းခပ်စားရုံပါဘဲ...ဘာမှထဲ့စရာမလိုအောင်ကို အရသာကောင်းမွန်ပါတယ်။

ဆားတခုထဲဘဲထဲ့ပါ။ အချိုမူန့်တို့ အသားမူန့်တို့က တကယ်အရသာပျက်တယ်။ တကယ့်မြေပဲရဲ့စိမ့်စိမ့်လေး
အရသာက အင်မတန်ကောင်းပါတယ်။ အိုးဖင်ကပ်လေးတောင် အေးခဲသွားရင်ခြစ်စားရတာအရသာရှိပါ့..။

ဒီလိုလေး တဗူးဘဲရတာ...။
ကျန်တဲ့ မြေပဲဖတ်တွေတော့ နွားစာဝက်စာ ကျွေးချင်ပေမဲ့ လောလောဆယ်တော့ဝဲထုတ်လိုက်ရတာပေါ့ရှင်။
မြေပဲတဗူးနဲ့ မအေးခင်မှာဘဲ တဝက်လောက်ကကိစ္စပြတ်သွားပါတယ်။ အချဉ်တောင်လုပ်စရာမလိုဘူး။
အချဉ်လည်း ဘာမှမခက်ပါဘူး..။ ပဲငံပြာရည်၊ငရုတ်သီးဆီချက်၊နှမ်းထောင်း(သို့မဟုတ်ေ)မြေပဲထောင်း၊
ကျမတော့ ၂ခုလုံးထဲ့တယ်၊ ဆားနဲနဲ..ဒီလောက်ပါဘဲ...
ဒါကကျိုင်းတုံဈေးထဲကနေဝယ်လာတာ..တို့စရာအချဉ်ထုတ်လေးပါတယ်။ အခွံပါရင်အရောင်က ညစ်ညစ် 
လေးပေါ့..
ဒါက ခရီးသွားရင်းလမ်းဘေးတနေရာမှာစားခဲ့တာ သူကဆန်မူန့်အများကြီးထဲ့တော့ ဒီလိုလေးပေါ့။ အချဉ်ရည်ကခရမ်းချဉ်သီးပြုတ်ရည်နဲ့ပါ..ရွှေပဲရွှက်အစိမ်းနဲ့ကော်ဖီထုတ်အရွှက်ရောပါတယ်။ 
ကျိုင်းတုံလေယာဉ်ကွင်းမှာရောင်းတဲ့ မြေပဲထိုဖူးသည်ပါ..။ငရုတ်သီးကြော်နှဘေးကဗူးက အာဂျီနိုမိုတိုပေါ့...
ဒီနေ့တော့ ထိုဖူး ၂မျိုးနဲ့ဘဲ ခဏရပ်လိုက်ပါအုံးမယ်ရှင်...
အရမ်းအီသွားတဲ့အတွက် မကျဉ်းသီးဖျော်ရည်ကြံသာကာနဲ့ သံပုရာသီးလေးညှစ်လို့....အိုး... မယ်ငီး ဘဝကသာယာနေတာပေါ့ရှင်...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

# မြေပဲ ၃ဆ၊ဆန်မူန့် ၁ဆ၊
   မြေပဲကိုအရင်ရေတညစိမ်ပါ
   ပြီးကြိတ်ပါ
   အဝတ်ပါးနှင့်စစ်ပါ
   အဖတ်မသုံးပါနှင့်
   ဆန်မူန့် ၁ဆကိုရေအနည်းငယ်နှင့်ဖျော်ပါ
   ပြီးအိုးကြီးကြီးထဲရေနဲနဲထဲ့ဗွက်လာမှ
   ကျန်တာအားလုံးလောင်းထဲ့ပြီးတလစပ်မွှေပါလေ့..။
   ဆားနဲနဲထဲ့ပါ... #

ဆန်ထိုဖူးအကြောင်းကို ဒီမှာ လည်းတခါတုံးကအာလူးပေးဖူးတာပေါ့ရှင်....

18 comments:

  1. မြန်မာပြည် ပြန်ရောက်နေတယ် ထင်လို့ ပါ
    ဝမ်းသာနေတယ့် ပုံစံတွေဖတ်ရလို့
    ထပ်တူ ပျော်မိပါတယ် မမီး . .ခင်ဗျား .

    ReplyDelete
    Replies
    1. ဒီတနှစ်မပြန်နိုင်တော့ဘူး..
      ဝက်တွေခမ်းလို့..ဟီး..
      ကောင်းခြင်းတွေ၊ကောင်းသတင်းတွေ၊
      လာနေလို့လေ...။
      လွန်ခဲ့သောနှစ်ပေါင်း၃ဝကျော်၊
      ကွဲနေတဲ့သူငယ်ချင်းတွေနဲ့ပြန်တွေ့တယ်။
      အလုပ်ရပြီ..သိလား...။
      2015 မှပြန်တော့မယ်..။

      Delete
    2. good good. မြတ်ကြည်လဲ အလုပ်ရပြီ ၃ လ ပြည့်တော့မယ် :)

      Delete
  2. အင်ဒီးယန်းဆိုင်မှာရောင်းတဲ့မြေပဲကကိုယ်တို့ မြန်မာမြေပဲနဲ့ ဆင်တယ်။
    အဲဒါနဲ့ လုပ်ရင်ရော..?
    ဘေဘီလည်းမြေပဲတိုဖူးလုပ်တယ်။ မစားဖူးဘူး။ စားကြည့်ချင်တယ်။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. မလှော်တဲ့မြေပဲနဲ့ဆိုရင်ရတယ်၊
      ကျမခုတလောအာချားဟဲတို့ဖက်မရောက်ဖြစ်ဘူးလေ..။
      စမ်းကြည့်ပါ စားကောင်းတယ်..။

      Delete
  3. ထမင်းစားပြီးပြီးချင်း အစ်မတိုဖူးပို့စ်ကိုလာဖတ်လိုက်တာ သရေကျလိုက်တာ ခုလိုချိန်မျိုးဆို ရှမ်းပြည်မှာ တိုဖူးဆိုင်ကိုရောက်နေပြီလေ...စားချင်လိုက်တာနော်...။

    ReplyDelete
    Replies
    1. ဟုတ်ပါ့...ညနေဆိုရင်၊
      စက်ဘီလေးထုတ်၊
      ဘာစားရမလဲ..၊
      စဉ်းစားခန်းလေးနဲ့..
      သတိရတယ်..ဒီတနှစ်မပြန်ရလို့ပိုသတိရတယ်၊
      နှစ်တိုင်းပြန်နေကျ..

      Delete
  4. အကြိုက်တွေချည်းပဲ မမီးရေ..
    မြေပဲတိုဖူးတော့ မစားဖူးသေးဘူး.. မြေပဲသိပ်မကြိုက်တော့ ကြိုက်မယ် မထင်ဘူး..ကျန်တာတွေတော့အကုန်ကြိုက်တယ်
    စားတော်ပဲနဲ့လုပ်တဲ့ တိုဖူးနွေးဆို ကောင်းမှကောင်း... အသားမပါ သက်သတ်လွတ်..
    ရှာလကာရည်ရွှဲရွှဲနဲ့ သုပ်တဲ့စတိုင်လည်း ကြိုက်တယ်.. အင်းသားသုပ်လည်း စားပါတယ်
    ဒီမှာတောင် အင်းသားသုပ်အကြောင်းလေး ရေးထားသေးတယ်
    http://suenwelay.blogspot.de/2014/02/blog-post_20.html

    ReplyDelete
    Replies
    1. စားကြည့်ပါ၊
      အင်းသားသုပ်ကမနက်ကောက်ညှင်းပေါင်းနဲ့စား၊
      နေ့လည်ခင်းမှအဲလိုလေးတွေစားဖြစ်တယ်။
      တွေ့တယ်..စူးနွယ်ထိုဖူးသုပ်..
      ကိုယ်လည်းနောက်အခွံပါတာရှာဝယ်လို့ရရင်ထပ်လုပ်အုံးမယ်။

      Delete
  5. တိုဟူးကြော်တာက ဘာတိုဟူးလည်းမသိ။ ရှမ်း တို့ဟူးတွေကို ပိုကြိုက်တယ်။ နူးညံ့လို့။ နောက်တို့ဟူးထဲမယ် အကြိုက်ဆုံးက တို့ဟူးနွေး :) မနက်စာ ခနခန စားဖြစ်တယ်

    ReplyDelete
    Replies
    1. ထိုဖူးကြော်တာကကုလားပဲနဲ့လုပ်ကြတာများပါတယ်။
      ပဲကစစ်စစ်နဲ့လတ်ဆတ်ရင်လည်းအရမ်းကောင်းတာပေါ့၊
း)

      Delete
  6. ဒီရှမ်း ပြည်ကလူတွေ တိုဟူး တယ်ကြိုက် တာ ကိုး။ ဟဲဟဲ ရန်စ လိုက် မယ်။

    မြေပဲ အစိမ်းကို တရုတ် ဆိုင် မှာ ၀ယ် လို့ ရ ပါ တယ်။

    ReplyDelete
    Replies
    1. ရှမ်းပြည်ကလူတွေထိုဖူးစားပြီးလှနေကြတာ၊
      ဟင်းဟင်း..သိတယ်နော့်...
      ပေးလိုက်တဲ့ထိုဖူးကိုတယောက်ထဲဘဲစားတယ်။
      သူ့ကိုတောင်လုံးဝမကျွေးပါဘူးဆို.. :P
      အိစံကွားဆိုင်ကတော့၊
      မရောက်ဘူးလေ..ဒီတော့ရှိတာနဲ့လုပ်ရတာပေါ့း)))

      Delete
  7. မမီးမီးရေ.. မြေပဲထိုဖူးလုပ်နည်းတွေ့ပြီဆို ပျော်သွားတာ။ အဲလောက်ဆိုရင် မလုပ်တတ်သေးဘူး..hee.. :D မြေပဲဆံနဲ့ ဆန်မှုန့်က ၃း၁ ဆိုတော့ မြေပဲကို blender နဲ့ ရေထည့်ဖျော်ပြီး အဖတ်တွေ ညှစ်လိုက်ပြီးမှ ကျိုရမှာလား?

    ReplyDelete
    Replies
    1. မြေပဲကိုတညရေစိမ်ပြီးမှblender နဲ့ကြိတ်
      ပြီးမှအဝတ်နဲ့စစ်ပြီးညှစ်..
      နောက်မှဆန်မူန့် ၁ဆကိုရေဖျော်
      အားလုံးရောကြိုတာပါဘဲ..

      Delete
    2. ပို့စ်အောက်ဆုံးနားမှာ
      လုပ်နည်းလေးပြန်ရေးထားလိုက်တယ်..
      ညီမလေးရေ့...
      မသိရင်ထပ်မေးပါ..
      ကိုယ့်ဆရာညီမဝမ်းကွဲပြောသလိုဆိုရင်
      အမလုပ်တာလုပ်ကြည့်ပါ တခါမဖြစ်ရင်နောက်တခါပေါ့..တဲ့
      :)))))

      Delete
  8. အလုပ်ရပြီဆိုလို့ ၀မ်းသာတယ် အားရင်တော့ ဖတ်စရာလေးတွေ တင်ပေးဦးနော်

    ReplyDelete
    Replies
    1. ရေးမယ်ပါ..အားပေးနေတာကျေးဇးတင်ပါတယ်ရှင်...

      Delete