ရှမ်းမမို့လို့ထိုဖူးကြိုက်တာဟုတ်ရပေါင်....သူများတွေလည်းကြိုက်ကြမှာဘဲ။ လုပ်စားတဲ့နည်းတွေတာ မတူကြတာ။ ရှမ်းတွေတော့ နည်းပေါင်းသောင်းခြောက်ထောင်ရှိတယ်ဗျို့...။ ဒီအကြောင်းကို နဲနဲဖေါက် သည်ချပါရစေရှင်။
ထိုဖူးမှာလည်းအမျိုးမျိုးပါဘဲ။ ပြုလုပ်တဲ့အခြေခံပစ္စည်းပေါ်မူတည်ပြီးကွဲပြားသွားတာပေါ့။ ဆန်ထိုဖူး၊
မြေပဲထိုဖူး၊ ကုလားပဲထိုဖူး၊ စားတော်ပဲထိုဖူး တဲ့။ လုပ်တာကတော့အားလုံးနီးပါးအတူတူလောက်ပါဘဲ။
ပဲတွေရေစိမ် ကြိတ်ပြားနဲ့ ကြိတ်ချင်လည်းရ၊ Blender နဲ့ဘလူးဘလူးလုပ် ပြီးပိတ်ပါးနဲ့စစ် ဒါတွေပါဘဲ။
ဒီတခါ ကျမပြောပြမဲ့ထိုဖူးသုပ်ကတော့ ကျမတို့မြို့မှာရှိတဲ့ သုတ်နည်းပေါင်း သောင်းခြောက်ထောင်ထဲက
တနည်းဆိုပါတော့။ ဒီအသုပ်က စားတော်ပဲ(ရှမ်းလို "ထိုအွန်" ကျမဗမာလိုခေါ်တာမှန်မမှန်တော့မသိဘူး)
နဲ့လုပ်တဲ့ထိုဖူးနဲ့ ပိုကောင်းမယ်နဲ့တူတယ်။ ထိုဖူးသားလေးက အိအိလေးပေါ့။
အိုစွမ်းဆိုတဲ့ ဆလတ်ရိုးနဲ့ထိုဖူးသုပ်တာပါ။ ထိုဖူးသားက ရန်ကုန်ဖက်မှာစားတဲ့ထိုဖူးနဲ့နဲနဲကွာသလို
ပါဘဲ..။ ကုလားပဲနဲ့လုပ်တာချင်းအတူတူ ကြိတ်ပြီးတချို့က အားလုံးပြန်ကျိုတယ်။ ကျမတို့က စစ်ပြီး အဖတ်ပြန်မသုံးတတ်ဘူး..အဲဒီနေရာမှာကွာတာလားမသိပါဘူးလေ..။ဒီပုံထဲက ထိုဖူးကျမကိုယ်တိုင်ကြိုတာဟုတ်ဖူးရှင့် ..။ ခင်မင်ရတဲ့ညီမလေး Song Song တဗူးလက်ဆောင်ပေးလိုက်တာပါ။ အိုစွမ်းတွေလည်း
၎ချောင်းပေးလိုက်တယ်။ ရင်ထဲမှာ ဒိန်းတပ်တပ်နဲ့မြည်ဟီးနေတာဘဲ..ပျော်လွန်းလို့။ အိမ်ရောက်တော့ ၂ ခုပေါင်းသုပ်စားတာ။ တနေ့တခါနဲ့ ၄ ရက်တိတိဆက်တိုက်စားရပါတယ်။
လကာရည်နဲ့ ကြံသကာရည် နဲနဲစီ...ဒါပါဘဲရှင်...။ ထိပ်ကပုံမှာတော့ ပဲပုပ်ချဉ်လေးနဲနဲပိုနေတာကောက် ထဲ့လိုက်တာပါ။ မထဲ့လည်းရပါတယ်။
ကျမတို့က အဲလိုအရည်စပ်စပ်လေးနဲ့စားရတာပိုကြိုက်ပါတယ်။ တောင်ကြီးဖက်မှာမိတ်ဆွေတို့စားဖူးကြတဲ့ ပဲချဉ်လေးထဲ့တဲ့ ထိုဖူးသုပ်ကိုတော့ စားဖူးကြမှာပါ။ အဲဒါကိုကျတော့ အင်းသားသုပ်ဆိုပြီး အိမ်ကဒီလိုအ
လွယ်ခေါ်လိုက်တာပါဘဲ။ထိုဖူးကြော်လေးတွေပါညှပ်ပြီးထဲ့သုပ်တာလေ..ကောက်ညှင်းပေါင်းနဲ့စားလို့ အရမ်းလိုက်ဖက်တာပေါ့ရှင်။
လွယ်ခေါ်လိုက်တာပါဘဲ။ထိုဖူးကြော်လေးတွေပါညှပ်ပြီးထဲ့သုပ်တာလေ..ကောက်ညှင်းပေါင်းနဲ့စားလို့ အရမ်းလိုက်ဖက်တာပေါ့ရှင်။
နောက်တခုက ကျမတို့ကျိုင်းတုံသားတွေ စားတတ်ကြတဲ့ မြေပဲထိုဖူးပါ။ လုပ်ရတာလည်းလွယ်ပါတယ်။
ဟိုဖက်မှာတော့ မြေပဲဆံကအခွံနဲ့ဝယ်ရတာလွယ်ပေမဲ့ ဒီမှာက ဟောလို..အခွံမပါတော့ ကျမမြေပဲ ထိုဖူး
လေးအရောင်ဖြူရော်ရော်ပေါ့ရှင်..။
လေးအရောင်ဖြူရော်ရော်ပေါ့ရှင်..။
မှာပါ။ သိပ်ပျော့ရင် လှီးဖြတ်ရတာ မကောင်းဘူး..။ ဒီလိုထိုဖူးနွေးအနေအထားကို ကျိုင်းတုံမှာ ပါလျှံဆိုတဲ့
ရပ်ကွက်ဖက်မှာ ဝါတွင်း၃ လအခါ၊ ဥပုဉ်နေ့ဆိုရင် အထမ်းလေးနဲ့ ရောင်းတယ်။ ခပ်ပူပူနွေးနွေးလေး ဒီအတိုင်းခပ်စားရုံပါဘဲ...ဘာမှထဲ့စရာမလိုအောင်ကို အရသာကောင်းမွန်ပါတယ်။
အရသာက အင်မတန်ကောင်းပါတယ်။ အိုးဖင်ကပ်လေးတောင် အေးခဲသွားရင်ခြစ်စားရတာအရသာရှိပါ့..။
မြေပဲတဗူးနဲ့ မအေးခင်မှာဘဲ တဝက်လောက်ကကိစ္စပြတ်သွားပါတယ်။ အချဉ်တောင်လုပ်စရာမလိုဘူး။
အချဉ်လည်း ဘာမှမခက်ပါဘူး..။ ပဲငံပြာရည်၊ငရုတ်သီးဆီချက်၊နှမ်းထောင်း(သို့မဟုတ်ေ)မြေပဲထောင်း၊
ကျမတော့ ၂ခုလုံးထဲ့တယ်၊ ဆားနဲနဲ..ဒီလောက်ပါဘဲ...
အချဉ်လည်း ဘာမှမခက်ပါဘူး..။ ပဲငံပြာရည်၊ငရုတ်သီးဆီချက်၊နှမ်းထောင်း(သို့မဟုတ်ေ)မြေပဲထောင်း၊
ကျမတော့ ၂ခုလုံးထဲ့တယ်၊ ဆားနဲနဲ..ဒီလောက်ပါဘဲ...
ဒါကကျိုင်းတုံဈေးထဲကနေဝယ်လာတာ..တို့စရာအချဉ်ထုတ်လေးပါတယ်။ အခွံပါရင်အရောင်က ညစ်ညစ်
လေးပေါ့..
လေးပေါ့..
ဒါက ခရီးသွားရင်းလမ်းဘေးတနေရာမှာစားခဲ့တာ သူကဆန်မူန့်အများကြီးထဲ့တော့ ဒီလိုလေးပေါ့။ အချဉ်ရည်ကခရမ်းချဉ်သီးပြုတ်ရည်နဲ့ပါ..ရွှေပဲရွှက်အစိမ်းနဲ့ကော်ဖီထုတ်အရွှက်ရောပါတယ်။
ကျိုင်းတုံလေယာဉ်ကွင်းမှာရောင်းတဲ့ မြေပဲထိုဖူးသည်ပါ..။ငရုတ်သီးကြော်နှဘေးကဗူးက အာဂျီနိုမိုတိုပေါ့...
ဒီနေ့တော့ ထိုဖူး ၂မျိုးနဲ့ဘဲ ခဏရပ်လိုက်ပါအုံးမယ်ရှင်...
ဒီနေ့တော့ ထိုဖူး ၂မျိုးနဲ့ဘဲ ခဏရပ်လိုက်ပါအုံးမယ်ရှင်...
အရမ်းအီသွားတဲ့အတွက် မကျဉ်းသီးဖျော်ရည်ကြံသာကာနဲ့ သံပုရာသီးလေးညှစ်လို့....အိုး... မယ်ငီး ဘဝကသာယာနေတာပေါ့ရှင်...
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး
# မြေပဲ ၃ဆ၊ဆန်မူန့် ၁ဆ၊
မြေပဲကိုအရင်ရေတညစိမ်ပါ
ပြီးကြိတ်ပါ
အဝတ်ပါးနှင့်စစ်ပါ
အဖတ်မသုံးပါနှင့်
ဆန်မူန့် ၁ဆကိုရေအနည်းငယ်နှင့်ဖျော်ပါ
ပြီးအိုးကြီးကြီးထဲရေနဲနဲထဲ့ဗွက်လာမှ
ကျန်တာအားလုံးလောင်းထဲ့ပြီးတလစပ်မွှေပါလေ့..။
ဆားနဲနဲထဲ့ပါ... #
ဆန်ထိုဖူးအကြောင်းကို ဒီမှာ လည်းတခါတုံးကအာလူးပေးဖူးတာပေါ့ရှင်....
မီးမီး
# မြေပဲ ၃ဆ၊ဆန်မူန့် ၁ဆ၊
မြေပဲကိုအရင်ရေတညစိမ်ပါ
ပြီးကြိတ်ပါ
အဝတ်ပါးနှင့်စစ်ပါ
အဖတ်မသုံးပါနှင့်
ဆန်မူန့် ၁ဆကိုရေအနည်းငယ်နှင့်ဖျော်ပါ
ပြီးအိုးကြီးကြီးထဲရေနဲနဲထဲ့ဗွက်လာမှ
ကျန်တာအားလုံးလောင်းထဲ့ပြီးတလစပ်မွှေပါလေ့..။
ဆားနဲနဲထဲ့ပါ... #
ဆန်ထိုဖူးအကြောင်းကို ဒီမှာ လည်းတခါတုံးကအာလူးပေးဖူးတာပေါ့ရှင်....