Sunday, December 29, 2013

အလှူတခုအကြောင်းပြု..

 
မင်္ဂလာပါရှင်~~~
ရာသီဥတုအရမ်းကြီးသာယာတဲ့စနေနေ့ တနေ့ မှာ ချစ်လှစွာသောမိတ်ဆွေ ရဲ့ နှစ်သစ်ရည်စူးလို့ အလှူ
တခုဖိတ်ကြားခြင်းခံရပါတယ်။ နယူးယောက်မြို့ ထဲ Brooklyn ကမစိုးရိမ်ကျောင်းတိုက်မှာပါ။ အဲဒီလမ်း ထဲမှာမစိုးရိမ်ကျောင်း ၂ကျောင်းတောင်ရှိတယ်။ ဖြစ်ချင်တော့ တနေ့ ကတဲက ပဲပုပ်ကြော်ကောင်းလို့ (ပြူ
တင်းပေါက်တွေ အားလုံးဖွင့်ရတယ်လေ) လူကနဲနဲအအေးမိချင်ပြီး ညစာမစားဘဲဆေးသောက်အိပ်တာ၊
အိပ်ယာကထတော့ နွားနို့ ဘဲသောက်ပြီး စားကြောကိုမှန်းလို့ ဗိုက်ဟောင်းလောင်းနဲ့ ကိုသွားတာ ^_^


နယူးယောက်မှာ နယ်မြေပိုင်းခြားထားတာ ၅ ခုဘဲရှိတာ ။ မှတ်ရလွယ်တယ် ။ ကျမတို့ ဖက်ကလာတော့ တကယ်ဆို Holland Tunnel ကနေလာရင်လွယ်ပေမဲ့ အိမ်က ကို GPS ကြီးက ကကျိုးကကြောင် ။
အမြဲတမ်းသွားတတ်တဲ့ Gorge Washington Bridge ကိုဘဲပြတယ်..။ ဒါကတံတားပေါ်ကနေ မြို့ ထဲကို
လှမ်းကြည့်တာ..။ Toll ပေးရတဲ့ဂိတ်နံပါတ်တွေ လိုက်ဖတ်တာ စုစုပေါင်း ၇ဝကျော်တယ် ။ ကားသေးဆိုရင်
၁၃ ဒေါ်လာ ။ အရင်က ၈ ဒေါ်လာဘဲလားမသိဘူး..သူတို့ လည်းတရိတ်ရိတ်ပါဘဲ..။
ဒီတော့ ဟတ်ဆန်မြစ်ကမ်းနားတလျှောက်ဆင်းသွားရတာပေါ့..ကမ်းနားလမ်းမှာ ဒီစစ်သဘောင်္ပြတိုက်ကြီး intrepid museum ကိုသွားမယ်ဆိုပြီးချိန်နေတာ နှစ်ပေါက်နေပါပြီ မရောက်သေးဘူး..။
ဒီကကမ်းနားလမ်းကတော့ငါးနံ့ ညီနံ့ မရပါဘူး..လမ်းကမြို့ ထဲထက်ပိုရှင်းပြီး ကားမောင်းရလွယ်ပါတယ်။
မက်ဟန်တန် ကမ်းနားတလျောက်ရွှက်လှေသဘောင်္တွေ...
ဒီ Brooklyn တံတားပေါ်တက်ပြီး ဟိုဖက် Brooklyn ထဲရောက်မှာလေ...
GPS က 9/11 နားမှာ ကွေ့ ခိုင်းတယ်။ လမ်းကပိတ်ထားတော့ တကွေ့ တပတ်ကြီးပြန်ပတ်နေရတာ..
တိုက်တွေ..အဆောက်အဦတွေ ချွန်ချွန်ပုံ ဂငယ်ပုံ လေးထောင့်ပုံ ပုံစံများစွားနဲ့ ဘဲ...
 
ဒီတံတားက သက်တမ်းရာကျော်ရှိတဲ့ ဒီနိုင်ငံရဲ့ နံမည်ကျော်ကြားတဲ့တံတားတခုပါ ၁၈၈၃ ခုနှစ်ကတည်းစ
ဖွင့်ခဲ့တယ်တဲ့..။

ဘယ်ဖက်ဘေးကမြင်ရတဲ့ အပေါ်မှာလူလျှောက်လမ်းရှိတယ်..များသောအားဖြင့် တိုးရစ်တွေ အားကစားလုပ်တဲ့လူတွေနဲ့ ပြည့်နေတာဘဲ..။
အပေါ်ကအစွန်းထွက်နေတာက ကားလမ်းလေ..ဒီလိုမျိုးပုံစံနဲ့ ကားလမ်းတွေ နယူးယောက်မြို့ မှာ အများကြီးဘဲ။
 
ကဲ..ဘရွတ်ကလင်..ဆိုတဲ့ နယ်မြေထဲဝင်လာပြီ..။ဘုန်းကြီးကျောင်းထဲမရောက်မှီ ဂျုးနယ်မြေတမျှော်တခေါ်
ကြီးဖြတ်ရသေးပါတယ်..။ မည်းမည်းကြီးတွေဝတ်ထားတဲ့ ဦးထုပ်မည်းကြီးဆောင်းလို့  လူတွေ ကလေးတွဲ
လောင်းတွေ ဂါဝန်ဒူးဖုံးတွေနဲ့ အမျိုးသမီးတွေရော အဖိုးကြီးတွေအုပ်စုလိုက်ထိုင်ပြီး အဖွဲ့ ကျနေကြတယ်။

ကဲ..ရောက်ပြီ..ဒီဘုရားကသစ်သားနဲ့ ထုလုပ်ထားတာမဟုတ်ဘူးတဲ့။ ပန်းပေါင်းစုံစုထားတဲ့ ကြိတ်သားနဲ့ 
လုပ်ထားတာတဲ့..။
အဟဲ..မိတ်ဆွေကြီးမခိုင်၊ညီမလေး စန်းထွန်း နဲ့ ရှမ်းမကြီးပေါ့...တွေ့ တုံးအမှတ်တရ..ကျမက အလှူဆို
တော့များများဝင်အောင်လို့  အလျှော့အတင်းရှိတဲ့ ထမိန်လေးနဲ့ ပေါ့..လူလည်လေ.. :P
ဒီအလှူကြောင့် စာနဲ့ ဘဲဆက်သွယ်ဖူးတဲ့ စန်းထွန်းကိုလည်းတွေ့ ဖူးသွားပါပြီ။ ကျမက မိတ်ဆွေတွေ လိုချင်လို့ လိုက်ရှာနေတာ၊ဒီမှာနေလာတာ အကြာကြီးအပေါင်းအသင်းမရှိဘူး..နောက်တော့လည်း ဘလောက်အကြောင်းပြုပြီး မိတ်ဆွေသစ်တွေ တိုးလာတယ်။ တကယ်ဘဲ ဝမ်းသာကြည်နူးမိတယ်။
အစားအသောက်က ကျမရိုက်တာဟုတ်ဘူး..အလူရှင်တို့ FB ဝေါ်ပေါ်ကဆွဲလာတာ..။
ကိုယ်က ငမ်းကြောဆွဲနေလို့ မရိုက်ဖြစ်ဘူး..ကျမ၂ပွဲစားခဲ့တဲ့ ထိုဖူးသုပ်လည်းဒီမှာမပါဘူး..
တကယ်ကောင်းတယ် သူတို့ ကလားရိုးက ရှမ်းတရုတ်စပ်တဲ့ ..ပြောစရာကိုမလိုဘူး ထိုဖူးအိနေတာဘဲ.
စားသောက်ပြီး အာလူးလေးဘာလေးဖုတ် တရားလေးနာ မိတ်ဆွေအသစ်တောင်ရသွားတယ်..။
အလှူရှင်မိသားစုနဲ့ အမှတ်တရ
အလူရှင်တွေကို ဆုတောင်းပေးဖို့ တောင်သတိမရလိုက်ဘူး..ပြီးတန်းပြန်တာဘဲ..အားနာလိုက်တာ
နောက်တခါမဖိတ်ရင်..ဒွတ်ဘဲ :)))

ကိုထွန်းထွန်းဝင်းတို့ ဇနီးမောင်နှံနဲ့ တကွ ကျန်တဲ့အလူရှင်မောင်ငယ်ညီမငယ်လေးအားလုံး နှစ်သစ်အခါမှာ
         စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျမ်းမာခြင်းတို့ နဲ့ အမြဲထာဝရပြည့်စုံနိုင်ကြပါစေရှင်.....

ကဲ..ပြန်မယ်..ကို GPS ကြီးပြောတော့ ၁နာရီသာသာပါ..ဟူး..တကယ်တမ်း ကိုယ်ကမှားလိုက် ပြောင်း လိုက်နဲ့ အိမ်ကို မှောင်မှရောက်သွားတော့တယ်..၂နာရီလောက်ကြာပါတယ်ဆို.. :((
ဟိုဖက်က..မက်သက်တန်ကိုလှမ်းမြင်ရတာ...
ဒါက လေဘာတီကိုသွားကြမယ်ဆိုရင် ဒီနေရာတဝိုက် Battery Park ကိုလာကြရတယ် ဖယ်ရီရှိတယ်လေ
နောက်ပြီး 9/11 တာဝါနဲ့ Wall street ပတ်ဝန်းကျင်နေရာဆိုတော့ တကယ်လူရူပ်တယ်..။

လူတွေနဲ့ ဘတ်စကားတွေကြားထဲမှာ ကို GPS signal ပျောက်သွားပါတယ်..။
အဲနားလည်နေတာက ၁ဝမိနစ်လောက်ရှိတယ်..။
နောက်တော့ကမ်းနားအတိုင်းသွားဖို့ ဟာ..ကားခေါင်းက မက်ဟန်တန်အရှေ့ ဖက်ကိုတော်နေတယ်..။
ဒီတော့ မက်ဟန်တန်နဲ့ ဘရွှတ်ကလင်၊ကွင်းတို့ ဆက်စပ်တဲ့ တံတားပေါင်းမြောက်မြားစွာ မြင်ခဲ့ရတာပေါ့။
အဟား..ကျမပြောတဲ့အလှူတခုအကြောင်းပြုရ်ျ ဆိုတာ မိတ်ဆွေများကို နယူးယောက် sightseeing ပေါ့ ။
ကဲ..အင်ပါယာစတိတ်ကိုတောင်လှမ်းမြင်ရပြီ..။
ကျမတို့ ကဒီအလမ်းအတိုင်းဆင်းပြီး Bronx အထိသွားရမှာလေ..
ရှေ့ ကမြင်ရတဲ့ပြားပြားတိုက်ကြီးကတော့ UN ပေါ့ရှင်..။
ကဲ..နောက်တံတားတခု...
တံတားတွေကမျာလွန်းလို့ ဘယ်ဟာက ဘာမှန်းတောင်မမှတ်မိတော့ဘူး..
ကျမက ကမ်းနားလမ်းတွေကို ဒီလို ၂ထပ်ဆောက်ထားတာသဘောကျတယ်..ရန်ကုန်မှာကားသိပ်ကျပ်
တယ်တဲ့..သူတို့ ဒီလိုလေးဆောက်ပေးရင် ..ဘယ်ပြောကောင်းမလဲနော်..အဘွားတနေ့ တထောင်ပေး ပစ်မယ် @_@(ဘယ်တော့မှမဖြစ်လာနိုင်ဘူးသိလို့ ပြောတာ..ဟိ)
ဒီလိုတိုက်အောက်ကနေ ကားလမ်းဖေါက်ထားတာတော့ ကြိုက်ပါတယ်။ ဒါပေမဲ့ အဲဒီတိုက်ပေါ်တော့ ဘယ်တော့မှ မနေဘူး သေချာတယ်..။
တိုက်ကလည်းပြားချပ်နေတာဘဲ..မော်ဒယ်ကိုယ်လုံးလေးလို.. :)))
ဒီပုံမှာ တံတား ၃ စင်းပါတယ်...
လွှမ်းစရာ..ညနေခင်းလေး...
ရာသီဥတုကောင်းတော့ ကောင်းကင်တခုလုံးလင်းနေတာဘဲ...
ဒီကနေစပြီးကားတွေကပ်တော့တာဘဲ...
ကျမက တချပ်ချပ်နဲ့ ရိုက်နေတာ သူလမ်းယူမှားလို့ နောက်တံတားတခုပေါ်ရောက်သွားတယ်...ဟိ
အော်လိုက်တာ..လမ်းကြည့်ပေးပါဆို....ဘလားဘလားနဲ့ ..ဒီတော့ ကင်မရာကိုပိတ်...ပိုက်ဆံအိပ်ဖွင့်
ထပ်ပေးရတယ်လေ.. ၇.၅ဝ ဒေါ်လာ..ဟီး...၅း၄၅ လောက်မှ အိမ်ရောက်တော့တယ်...ဟူး....
ဒါပေမဲ့ပျော်တယ်လေ...နော်

အလှူတခုအကြောင်းပြုလို့ နယူးယောက်ကို Sightseeing Tour လည်းပြီးပေါ့ရှင်..
မီးမီး


Wednesday, December 25, 2013

မီယာမီမြို့သို့တနေ့တာ...

မင်္ဂလာပါရှင်~~~
Miami မီယာမီဆိုတာ အမေရိကားနိုင်ငံ့အချမ်းသာဆုံးနဲ့အသန့်ရှင်းဆုံးနံပါတ်ချိတ်ဖူးတဲ့မြို့ပေါ့။
လက်တင်အမေရိကရဲ့မြို့တော် ဆိုတဲ့ nickname ရှိပြီး ကျုးဘားကလာတဲ့ ကျုးဘားအမေရိကန်တွေ
(စူပါသူဋ္ဌေးကြီးတွေများတယ်..ဘာနဲ့ချမ်းသာလာသလဲမမေးနဲ့..အဟဲ..ရိုးရိုးသားသားတွေရှိသလို ဟိုလို
ဒီလိုပေါ့ဗျာ..မိုးကောင်းကင် ထိပ်ဖျားလောက်အထိ ပိုက်ပိုက်တွေပေါများကြပါတယ်တဲ့...)ဂိုက်ပြောပြ တာပါ...ရမ်းတုတ်ဟုတ်ဘူးနော့်....


အမေရိက မြေပုံကိုကြည့်လိုက်ရင်  ဖလော်ရီဒါပြည်နယ်ဆိုတာ အရှေ့တောင်ဖက် အတ္တလန်တိတ်သမုဒ္ဒရာ
ကမ်းခြေ အစွန်ဖျားလေးနားမှာပေါ့ ၊အဲဒီမှာမှ မီယာမီက ဟိုးထိပ်ဖျားလေးနားမှာရှိပါတယ်..။

မီယာမီတရက်ခရီး ရှိတဲ့Tour ဝယ်လာတာလေ..၊ သူတို့ပြောတဲ့အတိုင်းမနက်အစောကြီး ၆း၃ဝ မိနစ်ကတဲ
ကဟော်တယ်ရှေ့မှာစောင့်နေရတယ်..ပေါင်မုန့်ကားလို့ကျမတို့ခေါ်တဲ့ မီနီဗင်နဲ့လာခေါ်ပါတယ်။ ကားပေါ်
မှာ လူ ၆ယောက်လောက်ရှိနေပြီ ကျမတို့ကိုခေါ်ပြီး နောက်ထပ်လူ ၄ယောက်ပတ်ပြီးကြိုရသေးတယ်..။
ပြီး၂၄ နာရီဖွင့်တဲ့ ဆေးဆိုင်နဲ့စတိုးဆိုင်ကြီးတခုရှေ့မှာချထားခဲ့ပြီး..၊နောက် ၁ဝမိနစ်လောက်ဆိုရင်ဘတ်စ် ကားတစင်းလာလိမ့်မယ် အဲဒါနဲ့လိုက်သွားကြတဲ့...ဒီလိုလွယ်တာ။ ကားကုမ္မဏီက Gray Line ကုမ္မဏီ  
ကြီးပါ ကမ္ဘာ အနှံ့မှာရှိတယ်..။နောက်ဆိုသူ့နဲ့တိုက်ရိုက်ဆက်ပြီးသွားရင်ရပြီ..။ကျမတို့ကတခြား Tour ကနေဝယ်တော့အဲဒီလိုင်းနဲ့ပြန်ချိတ်ပေးတာပါ..။ စာရင်းချုပ်တော့ ၈နာရီလောက်မှမြို့ထဲကနေထွက်ရတာ
ပေါ့ ။ကားပေါ်မှာ နိုင်ငံခြားသားတွေများပါတယ် အထူးသဖြင့် အင်္ဂလန် စကော့တလန် နဲ့ဂျပန်၂ တရုတ် ၂ မူတူး ၄ တို့တတွေ နဲ့ပါလေရာပဲခူးဆားလေး မယ်ငီးတို့၂ယောက်ပေါ့ :))..။ကားပေါ်မှာ မထင်ရဘူး ။ လူအပြည့်ပါဘဲ။ Gray Line ကုမ္မဏီရဲ့CEO တယောက်ဟာ စကော့တလန်ကတဲ့..ဒါကြောင့် သူ့တိုင်းပြည် ဖက်ကလူတွေချည်းဘဲ တကားလုံး...ဒါနဲ့စကားမစပ်အင်္ဂလိပ်ဗြိတိသျှအသံထွက်တွေဟာတကယ်နား 
ထောင်လို့ကောင်းတာဘဲနော်..
Orlando နဲ့မီယာမီ၃နာရီခွဲကျော်လောက်ကားစီးရတယ်လေ..ကျုးဘားနဲ့လက်တင် အမရိကနိုင်ငံငယ်
တခုဖြစ်တဲ့ချီလီနိုင်ငံသား ကပြား ဒီမှာမွေးပြီး အမေရိကန်ဖြစ်နေတဲ့ Tour Guide ကတကယ်ပျော်စရာ
ကောင်းတယ် ပေါက်ကရရှစ်သောင်းပြောလိုက် တဟီးဟီးရီလိုက် အားလုံးကိုလိုက်စနေတယ်..ဂျပန်
ကြီးကိုလည်း alligators အာရိဂေတာ မိချောင်းလို့လိုက်ခေါ်တယ်..ကိုယ်တို့ကို မာဖီးယားလားတဲ့ ^_^
လမ်းမှာတခါနားတယ်..။ကြုံလို့ဒီလိုဘတ်စ်ကားနဲ့ခရီးထွက်သမျှ ကားပေါ်ကဂိုက်တွေပြောတာ တပုံစံထဲဘဲ
ကားပေါ်ကရေအိမ်ကို အရေးပေါ်အပေါ့အပါးတွက်ဘဲသုံးပါ တစုံတယောက်ဝင်သွားပြီး ၅မိနစ်ထက် ပိုကြာ ရင်ကားဆရာနဲ့ဂိုက်ကတော့ပါးစပ်နဲ့လာမပြောဘူး ဒါပေမဲ့ကားကိုဟိုယမ်းဒီယမ်းနဲ့မောင်းရင်အဲဒါသတိပေး
တာပါဘဲ ဆိုတာမျိုးတွေ ပုံသဏ္ဏန်ကွဲပြားပေမဲ့ ရည်ရွှယ်ချက်တူတဲ့သဘောမျိူးတွေပြောကြတာဘဲ..အဟဲ
ကိုယ့်ဆီကတော့ ပြတ်တယ်..အိမ်သာခန်းကိုဖြုတ်ထားလိုက်တယ်..အေးရော ကျမတောင်ကြီးကိုသွား
ရင် လမ်းဘေးမှာဘဲထိုးရပ်ပေးတာဘဲ..ပေါက်တော...ဆိုပြီး..အဲဒီလေးဘမ်းလမ်းဘေးမှာဘဲ အားရပါးရ ထမိန်ခြုံတောထိုင်ခဲ့ကြတာ..ဟားဟား မိုက်ထှာ.ခုအမြန်လမ်းမကြီးဖေါက်ပြီးတော့ဘတ်စ်ကားနဲ့ တခါမှမ
သွားဖူးသေးဘူး..တခါဘဲရပ်နားတယ်လို့တော့ ပြောကြတာဘဲ..။

မီယာမီနဲ့နီးလာလေ..လမ်းဘေးတဖက်တချက်မှာ ကုမ္မဏီကြီးတွေ ကာစီနိုတွေတန်းစီနေတာဘဲ..မြင်ရတဲ့
Hard Rock ကာစီနိုဟာနံမည်ကြီးဘဲ..တဲ့..ဒီမြို့မှာ တဖက်က လက်တင်အမေရိကနဲ့ဆက်သွယ်သွားလာမူ့
လွယ်ကူတာကြောင့် လက်တင်အမေရိကနိုင်ငံအတွက် နိုင်ငံတကာကုမ္မဏီကြီးတွေရဲ့headquarters ပေါင်း
၁၄ဝဝ ကျော်ရှိတယ်တဲ့ဗျား...။ နောက်ဒီအမေရိက ရဲ့နံမည်ကြီး Burger King အပါအဝင်နောက်ကုမ္မဏီ
မြောက်များ စွာတွေရဲ့မိခင်ဌာနတွေနဲ့ ပင်လယ်ကူးဇိမ်ခံသဘောၤကြီးတွေရဲ့headquarters တွေအများကြီး
ဘဲတဲ့..။ မီယာမီဆိပ်ကမ်းကိုတောင် ပင်လယ်ကူးဇိမ်ခံသဘောၤကြီးတွေရဲ့မြို့တော်လို့တောင်တင်စားခေါ်
ဝေါ်ကြတယ်တဲ့..။ ကျမတော့ ၅စင်းတန်းစီပြီးရပ်ထားတာတွေ့ခဲ့ရတယ်..။ အော်..စီးပွားရေးကောင်း လို့မြို့လေးက နံမည်ကြီးတာကိုး..ကိုယ်သွားခါမှဘဲလေ့လာမိတော့တယ်လေ..။
ဒီရထားတိုလေးကို Metromover လို့ခေါ်ပြီး မြို့ထဲက ရပ်ကွက်လို့ခေါ်မလားဒေသ၄နေရာကိုပြေးဆွဲ
ပေးတယ်။ ပိုပြီးစိတ်ဝင်စားစရာကောင်းတာက Free တဲ့ ပိုက်ဆံပေးစရာမလိုပါဘူး..လူတွေရုံးတက်ရုံးဆင်း
ချိန်ကားတွေ ရထားတွေနဲ့ကြပ်ပိတ်နေတာကို ဖြေရှင်းပေးဖို့လုပ်ထားပေးတာတဲ့။ ရထားတိုရပ်တဲ့ဘူတာရုံ
ပေါင်း ၂၁ ခုရှိတယ်တဲ့..။စစခြင်းတော့ ၂၅ပြားကောက်ပါသေးတယ်..။ လူကျချိန်ဆို ၃မိနစ်ကိုတစင်းလာပြီး သာမာန်ချိန်ဆို ၅-၆ မိနစ် တကြိမ်ထွက်ပါတယ်တဲ့။သူတို့မြို့ရဲ့လူဦးရေ ကားလမ်း အလုပ်ဝင်ချိန်ကားတွေ
ကပ်ပြီး အချိန်တွေပုပ် ဓါတ်ဆီတွေကုန်တဲ့ ပိုက်ဆံတွေ အားလုံးတွက်ချက်ပြီး ဒီစနစ်လေးကို တီထွင်လိုက်
တာတဲ့၊ ပြီး Free တဲ့..။(သူတို့မြို့ကိုတိုးတက်အောင် ကြံဆောင်လုပ်ကိုင်ပေးတဲ့ လူတွေကိုမချီးကျုးဘဲမနေ
နိုင်ပါဘူး..ပါးစပ်ကချစ်ပါတယ်ပြောပြီး တိုင်းပြည်ချစ်မောင်တွေ ချစ်ကိုကြီး ချစ်ဘကြီးတို့တသိုက်ကို ကိုယ်
တို့ဆီမှာဒီလို တိုင်းပြည်သူသားတွေ အတွက် နဲနဲလေးကူညီပေးဖို့နည်းလမ်းလေးများ စဉ်းစားပေးခဲ့ရင်...
ဟီး...လေကြော..လေကြော...ရှည်တယ်နော်...)
ကိုယ်တို့လိုရှေးဘတ်စ်ကားကြီးနော်...
ဒီပုံကတော့ ကျမရိုက်တာဟုတ်ဘူး..မိတ်ဆွေတွေကိုပြဖို့ကူးလာတာ...အပေါ်ဆုံးက ရထား၊ အလယ်က ရထားတို (ကျမအခေါ်ပေါ့) အောက်ဆုံးက ဘတ်စ်ကား...မီယာမီရဲ့ဘယ်ယူပို့ဆောင်ရေးစနစ်...။
ကဲပါလေ..ကျမလည်း ကိုGuide ကြီးအတုခိုးလို့ မိတ်ဆွေများ မပျင်းအောင် ပေါက်ကရပြောဆွဲခေါ်လာတာ
ခုမှမြို့ထဲရောက်တော့တယ်..အဟိ...ကိုယ်တို့သာအင်္ီထူကြီးဝတ်နေတာ သူတို့ကတော့ ဟော့ဟော့
ရှော့ရှော့ပါဘဲ...တကယ်ဘဲ မြို့လေးဟာသန့်ရှင်းနေပါတယ်..။
ကျမတို့စီးလာတဲ့ဘတ်စ်ကားပါ..ဒီနေရာမှာ ရပ်ပြီး တချို့နဲ့လမ်းခဏခွဲကြပါတယ်...အဟဲ..ဒီလိုလေ
သူတို့ထုံးစံ Tour ဆိုတာ Tour ပါဘဲ..အဲလေ..တခြားဘာညာကွိကွက သပ်သပ်ဆိုတာလေ...ဒီတော့ ဒီမှာ
ရပ်မယ် နောက်ဘယ်နှစ်နာရီမှာ ကမ်းခြေတခုမှာ ပြန်တွေ့မယ်ပေါ့..။တချို့လည်း Sightseeing ကားစီး
လည်ကမ်းခြေသွားရေကစား..။နောက်တခုက သူလိုက်ပို့မယ် မော်တော်သေး နဲ့မော်တော်ကြီးစီး..တဲ့..။
ကျမနဲ့ချစ်ချစ်ကြီး ကားပေါ်မှာနဖူးတိုက်ဒူးတိုက် အခြေအတင်ဆွေးနွေးပြီး ရလာတဲ့ရလဒ်က မော်တော်
ကြီးသေး ၂ခုလုံးစီးဖို့အရေးပါဘဲ..ဒီတော့ ပိုက်ဆံတွေထပ်ပေးပေါ့ ဒီမှာခဏဆင်းပြီးတောင်မြောက် ဓါတ်ပုံ ရိုက်ပြီး ကားပေါ်ပြန်တက် မော်တော်သေးသေးသွားစီးမယ်..။
  ကဲ..မြို့ထဲကနေတခါပြန်ထွက်မယ်..
လေယာဉ်ကွင်းလည်းလမ်းရဲ့တဖက်မှာဘဲ လှမ်းမြင်ရတယ်...။
 လေယာဉ်ဆင်းတက် မြင်နေရတယ်...။
 Berger King ရဲ့ headquarter ပါ..
လမ်းမှာ အဝေးပြေးလမ်းကြီးလမ်းလွဲတွေ ပင့်ကူယှက်အပေါ်ထပ်လမ်းတွေဆောက်နေတယ်..
အဲဒါနဲ့ပတ်သက်ပြီး နောက်တခါပြောပြအုံးမယ်နော်...စိတ်ဝင်စားစရာတွေပါ..။
 ဘေးက သစ်ပင်တွေမီးလောင်ခံရလို့တဲ့...
ကားလမ်းမ နှဘေးကမြောင်းကြီးက လူလုပ်ရေထုတ်မြောင်းပါ ဒီဒေသတခုလုံးရဲ့ရေတွေထွက်ပေါက်တဲ့ ဟိုးပင်လယ်သမုဒ္ဒရာအထိအရှည်ကြီးဖေါက်ထားပါတယ်..အထဲမှာ မိချောင်းတွေအများကြီးဘဲ..
 ဟား..သူပြောတဲ့မော်တော်သေးသေးဆိုတာ Air boat ကိုခေါ်တာကိုး...ဒါမျိုးတွေ ဓါတ်ရှင်ထဲမြင်ဘူးတာပေါ့
ပွတာဘဲ..မသိဘဲနဲ့လိုက်ခဲ့တာ..အတော်ကြောင်တဲ့မယ်ငီးဘဲ..:P
ကဲ..ဆင်းကြတော့ ..အီဖေကိုယ်တို့တက်ရမယ်... (တခန်းရပ်လိုက်အုံးမယ်နော်)

နဲနဲလေပေါလိုက်ရင် စာလည်းရှည်သွားပေါ့ရှင်..
နောက်တခါမှ အင်းထဲသွားရင်း ဌက်တွေ မိချောင်းတွေနဲ့တခြားပျော်စရာလေးတွေမျှဝေတော့မယ်နော်...
ပျော်ရွှင်တဲ့ ခရစ်စမတ်ကာလလေးတွေဖြစ်ကြပါစေ မိတ်ဆွေများ...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး