Monday, October 21, 2013

အမှိုက်ပုံ၊လူတယောက်၊FBI နဲ့ လေကြောရှည်သူ..

မင်္ဂလာပါရှင်~~~
ခုတလောတော့ အမှိုက်ပုံထဲကနေတော်တော်နဲ့ ခွါသေးမှာဟုတ်ဘူးနော်။ မြန်မာပြည်က အမှိုက်ပစ်ပုံအ
ကြောင်းလေးနဲ့ စပြီး သူများတွေဆီကိုအသွားမှာ ဓါတ်ရှင်ကားတွေထဲက စုံထောက်ဇာတ်လမ်းလိုလိုပေါ့
(ဒီလိုဘဲထင်ပေးလိုက်ပါရှင်:)) ကျမနဲ့ အမှိုက်ပုံဇာတ်လမ်းလေးအကြောင်းကို ကျော်ခွသွားလို့ မဖြစ်ချေဘူး
အတင်းဆွဲစေ့ပြီး ကြုံကြိုက်တုံး ပြောပြချင်နေတာလေ.... :))))
ဒီလိုရှင့်...မင်းသမီးတော့ အီဖေကိုယ်ကလွဲလို့ ဘယ်သူရှိမလဲ..နော့်..။မနှစ်က နွေမကုန်တကုန်အချိန် ကျမ
ရွှေပြည်ကြီးမပြန်ခင်ကာလပေါ့...။August ကုန် September လဆန်းပိုင်းလောက်နေမှာ..အိမ်ကကျေးဇူး ရှင် ကြီးဂျာမဏီကို ၁ဝ ရက်လောက်ခရီးထွက်ရတယ်။ မသွားခင်ကတဲက အတန်တန်မှာပါတယ်။ လျှာမရှည်
နဲ့ မလိုအပ်ရင်အပြင်သိပ်မထွက်နဲ့ ..ဘလားဘလား..ပေါ့..။ ကျမတို့ ကလည်း နယူးယောက် လောင်းအိုင်း လိုင်းကနေပြောင်းလာခါစဆိုတော့ နယ်မြေသစ်နဲ့ အထာမကျသေးဘူး။
ကကြီးနယ်မြေဆိုပေမဲ့လည်း အမည်းတွေလည်းတွေ့ ရတယ်။ Apartment ဝင်းကြီးကလည်း ခြံခတ်ထား တာမျိုးလည်းမရှိဘူး၊ အိမ်ကလည်းလမ်းမတန်းနဲ့ နီးတယ်လေ..။ အရင်နေခဲ့တဲ့နေရာနဲ့  အရမ်းကွာခြားတော့
နေရတာ တမျိုးကြီးပါဘဲ..။ ကျမကလည်းသတ္တိခဲဆိုတော့ သူကစိုးရိမ်ပေးတာပါ။ ၁ဝ ရက်လုံးတယောက်
ထဲနေရမှာလေ...။
ကျမတို့ အိမ်ရာဝင်းထဲကအမှိုက်ပုံးတွေပါ..
၅ပုံးကရိုးရိုးအမှိုက်တွေအတွက်ဖြစ်ပြီး
တခြမ်းစောင်းလှည့်ထားတာကစက္ကူနဲ့ ကဒ်ထူတွေပစ်ဖို့ 
အနီရောင်က အသုံးမလိုတဲ့ပစ္စည်းတွေဘာညာတွေပစ်ကြတာ...
ကျမလည်း အမှိုက်ပစ်သွား၊ အဝတ်လျှော်ထွက်( ဒီNJမှာက အဝတ်လျှော်စက်လည်း အခန်းထဲမှာ မရှိဘူးလေ)ဒီလောက်ဘဲ တယောက်ထဲသွားလုပ်တာပါ။ သူခရီးထွက်တဲ့ ညနေမှာ အမှိုက်သွားပစ်တယ်။
အမှိုက်ပစ်ပြီးလှည့်အထွက် ဘယ်အချိန်ကရောက်နေမှန်းမသိတဲ့ လူတယောက်ကျမကို အတင်းဆွဲပြီး
မေးတယ် လူကလည်းနံ့ စော်နေတာဘဲ Where is my sister? တဲ့ ဒီကလည်းထွက်ပြေးတာတန်းနေတာဘဲ။
အဲနားမှာကားတွေရပ်ထားတဲ့နေရာနဲ့ နီးတာကိုး..အနီးကအမည်းတယောက်က အော်ဟောက်ပေးတယ်။ 
Who is your sister? တဲ့။ကိုယ်တော့ အိမ်ထဲရောက်အောင်ပြေးတာဘဲ။အပေါ်ထပ်ရောက်တော့ မောလို့ ၊
ပြောပြဖို့ ကျေးဇူးရှင်လည်း လေယဉ်ကွင်းရောက်နေပြီလေ..။

အပေါ်ရောက်ပြီး သူ့ ကိုယိင်းလိပ်ကြားထဲက ချောင်းကြည့်နေသေးတာ Apartment ဝင်းကိုပတ်ပတ်
ပြီးပြေးနေလေရဲ့ ။ နောက်၃ ရက်လောက်ကြာမှ အမှိုက်နောက်ထပ်သွားပစ်တယ်။ တောင်ကြည့်မြောက်
ကြည့်ဘေးကြည့် ကျီးကန်းတောင်းမှောက်ပေါ့..ဟီး..ကိုကိုကြီး ဘွားကနဲပေါ်လာမှာကြောက်လို့ လေ..။

ကမန်းကတန်းပစ်ပြီးလစ်တာဘဲ။ ဘာမှမတွေ့ ပါဘူး..။

တခုတော့ရှိတယ် အမှိုက်ပုံထုံးစံပေါ့။ တချို့ လူတွေက အမှိုက်ကိုထုတ်ပိုးပြီးမပစ် တတ်ကြပါဘူး..။ ကျမတို့ ရွှေပြည်ကြီးကလိုပါဘဲ၊နိုင်ငံကြီးသားတိုင်းစည်းကမ်းရှိတယ်မထင်ပါနဲ့ ။ အနံ့ တွေကဟောင်နေ တတ်ပါတယ်။ ကကြီးတွေကများတော့ သူတို့ စားတဲ့ချဉ်ဖတ်တွေလာပစ်တာ သေသေချာချာမထုတ်လို့ 
ဆိုပြီးကျမက မေတ္တာတွေပို့ လို့ ။ ကျမက ငါးကြိုက်တော့ အမှိုက်ကိုနေ့ တိုင်းပစ်ရတာပေါ့။ အခန်းထဲမှာနံ  မှာစိုးလို့ လေ။ နောက်ပိုင်းပိုပို အနံ့ ပြင်းလာတယ်..။ အမှိုက်ကိုတောင် အဝေးကနေ ရွှီးကနဲဝဲပြီး ပုံးထဲထည့်
ရတာ..။အသက်အောင့်ပြီးထွက်ပြေးပေါ့...။


နောက် အမျိုးသားသွားပြီး တပတ်ကျော်လောက်ရှိတဲ့အချိန် ကျမလည်း ဆေးရုံချိန်းရှိတာနဲ့  မနက်
ကတဲကနေသွားတာ နေ့ လည်မှပြန်ရောက်တယ်(နေရာဒေသအသစ်ရောက်လို့ ဆေးခန်းအသစ်သွားပြရင်
သူတို့ ကတကိုယ်လုံးစစ်လိုက်တာဘဲ နောက်လူကိုဆေးရုံမှာဟိုဟာစစ်ခိုင်း ဒီဟာစစ်ခိုင်းနဲ့ သိပ်ရူပ်တာနော်
ဒါကစကားချပ်ပေါ့...ဒါနဲ့  ၄ဝ ကျော်လို့  ရင်သားကင်ဆာ အကျိတ်ရှိမရှိမစစ်ဖူးတာကို မရဘူး စစ်ကိုစစ်ရတယ် အဲဒါကြောင့်ဆေးရုံသွားရတာ) အိမ်နားရောက်တော့..အိုး..အို ..ဓါတ်ရှင်ထဲကအတိုင်းပေါ့
ကြိုးဝါတွေတန်း၊ရဲကားတွေ ဆေးရုံကားတွေ အများကြီး လူတွေလည်း အများကြီး...။ကားတွေထားတဲ့နေရာ
မှာသူတို့ ကားတွေနဲ့ ပြည့်နေတာဘဲ။ဒီမှာကရိုးရိုးလူသေရင်လည်း ဆေးရုံကားရော ရဲရောလာရတယ်။

ကျမတော့ အိမ်ပေါ်ကနေနေ့ လည်စာ စားလိုက် ပြူတင်းပေါက်ကြားထဲကနေချောင်းလိုက်လုပ်နေတာ စပ်စုစိန်ပါဆို... ဟီး..။

နောက်၂နာရီကြာထိလည်းမပြီးသေးဘူး..ဘာလာလုပ်မှန်းလဲသိဘူးလေ..။ နောက်မှ တံခါးတဝုန်းဝုန်းထုသံ
ကြားရတော့ ပြေးဆင်းသွားတာ။ လားလား...အိမ်ရှေ့ မှာ FBI ဆိုတဲ့ တံဆိပ်အင်္ကျီနဲ့ ခပ်တောင့်တောင့် လူ၂ယောက် ဆရာရေ့ ..။သူတို့ တံဆိပ်ထုတ်ပြပြီးမှ ပြောတာ။ သူ့ ဖုံးထဲက ဓါတ်ပုံတပုံကိုပြတာမြင်ဖူး

လား..တဲ့။အော်..ခင်ကြောင်ကြောင်မယ်မီးဘဲဟာ..moment..ဆိုပြီးဒုန်းဒုန်း အပေါ်ပြေးတက်
အူယားဖားယားနဲ့ ရွှေမျက်မှန်ပြေးယူရသေးတယ်..ကဲ..သူ့ ဖုံးကိုလည်းလက်ကကိုင်ပြီးသေသေချာချာ
ကြည့်တာပေါ့..တယောက်ကမေးတယ်၊တယောက်ကစာအုပ်ထဲမှာသေသေချာချာမှတ်မလို့ ဟန်ပြင်

နေတာ ဘာလူမျိုး နံမည် ကွီကွကစ မေးတာ..လေ။

ကိုင်း...တပတ်ဆယ်ရက်လောက်စကားပြောဖော်မရှိ ပျင်းနေတဲ့ ဒေါ်မီးအတွက်တော့မင်းတို့ ကသားကောင် ပါဘဲကွယ်။Yes, I have seen him...အန်မတန်တိကျသောအချိန်ကာလဒေသ နဲ့ ဒင်း.အကျီ င်္မပါတာက  
စလို့ ၊အနံ့ တွေနံ တာရော ဘောင်းဘီအရောင်ရော..အမည်းလူကြီးကူညီပြောဆိုတာရော အိမ်ရာဝင်းထဲ

ပတ်ပြေးနေတာရော ဘလားဘလား...နဲ့ အမူအရာလက်ဟန်ခြေဟန်ပြောလိုက်တာ ကိုကိုကြီး FBI 
ပါးစပ်လေးဟောင်းလောင်းထလို့ ...ဟီး...ဘေးအခန်းကအမျိုးသမီးကိုမေးတော့ ဘယ်သူမှ သိတယ်ပြော ကြဘူး။

ကျမတယောက်ထဲလျှာရှည်တာလေ...။ ကိုကြီး FBI ဆက်ကပြောပါတယ်။လိုရင်ဖုံးဆက်ခေါ်မယ်။
မေးမယ်တဲ့။ အဲဒီအချိန်မှသိတော့တယ်..အရှည်လွန်သွားလေခြင်း...^_^ အဲလူကဘာဖြစ်လို့ လဲမေးတော့
ဘာမှမဟုတ်ပါဘူးတဲ့..သူများတွေကိုသာမေးတာ။ သူတို့ ကျတော့တိတိကျကျအဖြေမပေးချင်ကြဘူး။

(တူလိုက်တာနော်..ကိုယ်တို့ ဖက်ကလူကြီးမင်းများနဲ့ ..ဟုတ်လား..ဟီး) 

သူတို ပြန်သွားတော့ကျမဂဏမငြိမ်ဖြစ်ပြီပေါ့...ဘာတွေဖြစ်နေလဲ..ဘယ်သူ့ ကိုမေးရမှန်းလဲသိဘူး..။
ထုံးစံ..ပြူတင်းပေါက်နားကပ်ချောင်းနေရတယ်..နောက်မှ ဝင်းထဲမှာအလုပ်လုပ်တဲ့အလုပ်သမားအမည်း
တယောက်ကိုတွေ့ တော့ မယောင်မလည် အနားကပ်ပြီးသွားမေးတာ...။

လူကြီးက အဲဒီအကာအဖြူရောင်အနောက်ဖက်ကြားထဲမှာသေနေတာ ၄-၅ရက်လောက်တောင်ရှိတာတဲ့
ကျမလက်ကိုဆွဲတဲ့ လူကြီးက အမှိုက်ပုံးနောက်မှာသေနေတာတဲ့။ မျက်နှာကိုရှဉ့် တွေကိုက်ထားလို့ ပျက်စီး၊
အလောင်းလဲပုပ်ပွလို့ ဆိုဘဲ..အောင်မငီး.....မျက်စိထဲကထွက်ကိုမထွက်ဘူး...ဆိုတာမျိုးပါဘဲ...။
အဲ့..လူကိုဘဲမြင်နေတာ..နဲနဲကျပ်မပြည့်လို့ ၊သူ့ ဖာသာသူမူးပြီးသွားအိပ်နေတုံးလေဖြတ်သေသွားတယ်
လို့ ကောက်ချက်ချလိုက်ပေလို့ သာပေါ့...နို့ မို့ ရင် ဒေါ်လျှာရှည် ဘယ်အထိမြန်းနေရအုံးမလဲမသိပါဘူး။

ချစ်ချစ်လည်းပြန်လာခါနီးပြီ။..ဘယ်လိုဆင်ခြေပေးရပါ့....@_@

တွေ့ လား..သူတို့ လည်းစည်းကမ်းမရှိပါဘူးဆို..ဒီလောက်ကြီးတဲ့ပုံးကြီးထားပေးတာတောင်ဝင်အောင်
မထဲ့သွားတတ်ကြပါဘူးလေ..။ခလေးမှန်တင်ခုံတခုလာပစ်ထားတာတွေ့ ရသေးတယ်..။

နောက်နိုင်ငံ၊ဒီနိုင်ငံက အမှိုက်ကိစ္စတွေလာပါအုံးမယ်လေ...။

အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~
မီးမီး

14 comments:

  1. မမီးကတော့လေ အက်ဖ်ဘီအို်င်တွေကို ပါးစပ်လေးဟောင်းလောင်းဖြစ်အောင် လုပ်ချက်...း)ာ.ညီမနေခဲ့တဲ့အိမ်တွေက townhouse ဆိုတော့ အဲဒီပြသနာနည်းတယ်...ဆူနမ်တို့ နားမှာတော့ ပြသနာများတယ်...ရီဆိုင်ကယ်မရှိလို့  ညီမမှာ ဒီဟာ ရီဆိုင်ကယ် လုပ်လို့ ရတယ်နဲ့  မချင့်မရဲ ပစ်ရတယ်...စကားမစပ် မမီး လက်ရာတွေ သွက်လာတယ်..း)

    ReplyDelete
    Replies
    1. အာချောင်တဲ့အဖွးကြီးလေဟာ..
      ဂလောက်တော့အပျော့ပေါ့..နော့်
      ဟုတ်လားသွက်လာလား...(မြောက်တာခပ်ကြိုက်ကြိုက်နော်)
      နောက်ပိုင်း..ဟိုစဉ်းစားဒီစဉ်းစားရင်
      ဘယ်လိုစာရေးမယ်ဆိုတာစဉ်းစားတတ်လာလို့ 
      ကိုယ့်ကိုကိုယ်အံသြနေတာ..
      စာရေးဝါသနာပါလာပြီနဲ့ တူတယ်.. :P

      Delete
  2. လန့်စရာကြီး မမီးရယ်....

    ReplyDelete
    Replies
    1. သူ့ မျက်နှာကို
      ခုထိမြင်ယောင်နေပါတယ်ဆို...

      Delete
  3. စိတ်ဝင်စားဖို့ကောင်းတယ်။

    ReplyDelete
  4. try not to go to garbage dump after dark. Even you live in the safe place, you might face a strange behavior..

    ReplyDelete
    Replies
    1. Now I try to go at noon..:))
      Yes, only one time experience is enough for me :P

      Delete
  5. ကြောက်စရာကြီးဟယ်..နော်။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ဟုတ်တယ်မရေ...
      ကျမနဲ့ တွေ့ တဲ့ညကသေသွားတာလားမသိဘူး..

      Delete
  6. ဟန်ကြည်October 23, 2013 8:35 AM

    အားပါး...တို့တော်မီး ကလောင်သွက်လာတာ အသိသာချည်းပါလား...ရေးလိုက်တာများ ဒွတ်ဒက် ရွှတ်ရှက်နဲ့နေတာကိုးဗျ...

    FBI က မောင်မင်းကြီးသားတွေခမျာ အတော်အံ့သြသွားရှာမယ်...ဒီတစ်ယောက်တော့ အရင်တိုင်းပြည်တုန်းက ဘာကောင်ညာကောင်များပါလိမ့်လို့တောင် စဉ်းစားသွားမယ် ထင်ပါရဲ့...

    စကားမစပ် ကလေးမှန်တင်ခုံလေး ပစ်ထားတာ နှမြောစရာကြီးနော်...ဒီမှာဖြင့် ဒါမျိုးဘယ်သူမှ ပစ်ဘူးဗျို့...ကလေး ဒိုက်ပါတော့ ပစ်တတ်ကြတယ်...မနက်လင်းတိုင်း အိမ်ရှေ့မှာ ခွေးချီလာတဲ့ ဒိုက်ပါနဲ့ နပမ်းလုံးနေရတာ စိတ်ကုန်ပါ့...

    ReplyDelete
    Replies
    1. ဟား...သိပ်မပင့်နဲ့ နော်...
      ဟင်း...နဂိုလ်ကတည်းကခပ်ထောင်ထောင်..:P
      ဓါတ်ရှင်တွေထဲမှာတွေ့ ဖူးတာတော့..၊
      ရုပ်မြင်သံကြားကလည်းလာဗြူးသေးတာလေ..
      မျှော်နေခဲ့တာပေါ့..ဘယ်ကင်မရာမင်းရှေ့ ကပေါ်လာမလဲလို့ 
      ဟီး....
      အမှိုက်ပုံကတော့ တကဲ့ရွှေပါဘဲ..
      တော်တော်ကြီးကောင်းနေသေးတဲ့
      အိမ်ထောင်ပရိဘောက၊ဆိုဖာ၊အားလုံးတွေ့ ရတယ်..။
      နောက်ဇာတ်လမ်းတခုပြောပြအုံးမယ်လေ..နော်..

      Delete
    2. ကောင်းပါလေ့ဗျာ...အမှိုက်ပုံဆီးရီး တစ်တွဲပြည့်အောင်သာ ရေးပေရော့...ပြီးရင် စာတစ်အုပ်ဖြစ်အောင် ထုတ်လိုက်ရင် အမှတ်တရဖြစ်သွားမယ်...ကျွန်တော်တော့ လုပ်ဖြစ်တာ မလုပ်ဖြစ်တာ ဘေးချိတ်...အနှီလို စိတ်ကူးယဉ်လိုက်ရတာနဲ့တင် ရေးလို့အားရတယ်...း)

      Delete
    3. စာရေးမူ့ ပြုလုပ်ခြင်းအပေါ်သာယာမိပြီလေ..
      ဆြာဟန်ခြေလှမ်းကိုအားကျလို့ နေမှာဗျို့ ..:P

      Delete