Monday, October 7, 2013
ကျမတို့ ရဲ့ အမှိုက်စွန့် ပစ်ခြင်းစနစ်
မင်္ဂလာပါရှင်~~~
အော်..ဒါကအမှိုက်ပုံမဟုတ်ပါဘူးရှင်..လူနေတဲ့အိမ်တိုက်ခန်းလမ်းကြားဆိုပါတော့..
နေရာက ရန်ကုန် လွှမ်းမိုး..စိတ်နာတဲ့လမ်းရဲ့အနောက်ဖက်..
ကြားဖူးကြပါရဲ့ လား ^_^
အိမ်ထောင်စုတခုမှာ မနက်ကနေ ညနေစာချက်ပြီးချိန်ထိဆိုရင် ထွက်လာတဲ့စွန့် ပစ်ပစ္စည်းအမှိုက်ထုပ်က
ကျန်ကျောင်းကျွတ်ကျွတ်အိတ်နဲ့ အနဲဆုံးတအိတ်တော့ရှိကြတာပေါ့။ တအိမ်လုံးအမှိုက်ဆိုရင်တော့ ပလပ်စတိတ်ပုံးနဲ့ ထဲ့ပြီးပစ်ရတော့မယ်လေ။ ကျမတို့ ဆီက အမှိုက်တွေကိုများသောအားဖြင့် အမှိုက်
တောင်းထဲမှာ အားလုံးသိမ်းကြုံးပစ်ထဲ့ကြတာဘဲ။ စက္ကူသော ပလပ်စတစ်သော ဘာမှမခွဲခြားပါဘူး။
အစိုအမှိုက် အခြောက်အမှိုက်ဆိုတာလည်း မခွဲပါဘူး..ရောထဲ့ပါဘဲ။ ပြီးဗြဲလရမ်းကြီးပစ်ထုတ်လိုက်တာဘဲ။
ဒီတော့ အမှိုက်ပုံတွေနားဖြတ်သွားမှအနံ့ ကရတာဟုတ်ဘူးလေ။အနံ့ ကဟိုး..တမိုင်ကတဲကနေထောင်း ကနဲနှာခေါင်းဝ လာဆောင့်သွားတာပါဘဲ။
ရန်ကုန်ဘူတာကြီးတဝိုက်သွားတုံးက အမှိုက်တထုပ် သစ်ပင်ပေါ်တောင်တက်ချိတ်နေတာ
ပစ်တဲ့သူကို တကယ့်ကိုမြင်ဖူးလိုက်ချင်ပါတယ်။
ရန်ကုန်တိုက်ခန်းတွေမှာဆို ခေါင်းလောင်းလေးနဲ့ လက်တွန်းလှည်းလေးတွန်းပြီး ညနေလောက်ဆိုရင် အမှိုက်လာကောက်ပြီ။ အလကားဆင်းပစ်လို့ မရဘူးဆရာ့...တထုပ်ကို ၂ဝကျပ်(ကျမရှိတုံးကပါ ၂ဝဝ၆
ခုနှစ်၊ လမ်း၅ဝ ဖက်မှာနေတုံးကပေါ့) မပေးချင်ရင် အမှိုက်ပုံနားသွားပစ်ပေါ့။ နာမည်ကြီးမော်တော်ပီကပ်ရုံး အနောက်ဖက်မှာ ညညမိုးချုပ်မှပစ်လို့ှရတာတဲ့။ နဲနဲစောလို့ လူတွေ့ ရင် ဒဏ်ငွေဆောင်ရတယ်။့ လက်တွန်း
လှည်းအမှိုက်သည်မမလေးကလည်း နောက်ပိုင်း အထုပ်နဲနဲကြီးသွားရင် ၂ဝကျပ်နဲ့  ပေးလို့ ရဘူးဗျ.......။ကောင်မလေးအအော်ခံရလို့ ၂ထုပ်ဆိုရင် ၅ဝကျပ်အထိပေးခဲ့ရတယ်လေ။
အလုံသီရိရိပ်သာမှာနေတုံးကတော့ ဈေးသွားရင်းဈေးထဲကအမှိုက်ပုံနားမှာယောင်မလည်နဲ့ သွားပစ်တယ်။
အမှိုက်ပုံနဲ့ နေတဲ့အိမ်နဲ့ နဲနဲလှမ်းတော့ အမှိုက်တခါပစ်ဖို့ စိတ်ပင်ပန်းလိုက်တာ။ နောက်မှအိမ်ရှေ့ ရဲ့ အရှေ့  တည့်တည့်ကုလားဗလီကွင်းပြင်ကြီးအနောက်ဖက်မှာ အမှိုက်ပုံရှိတာသိရတာ။
ကမာရွတ်မြကန်သာအိမ်ယာနဲ့ လှိုင်မြင့်မိုရ်ဖက်မှာလည်းနေဖူးသေးတယ်။ ၂နှစ်သာနေလာတာ အဲဒီ
အိမ်ယာရဲ့ အမှိုက်သိမ်းစနစ်ကို တော့အောချမိပါရဲ့ ။ ဘယ်နားသွားပစ်ရမှန်းမသိဘူး။ လှိုင်မြင့်မိုရ်မှာတော့
အမှိုက်ပစ်ဖို့ နေရာတခုတော့ရှိတယ်။ အိမ်ယာက လူနေထူထပ်တယ်။အခန်းအများကြီးရှိတယ်။ စည်ပင် ကားတွေလာသိမ်းရင်လည်းအပြောင်အစင်မသိမ်းသွားနိုင်ဘူးလေ။ ဒီတော့ အမှိုက်လက်ကျန်တွေနဲ့ 
နံဟောင်နေတာဘဲ။ အဲနားကနေတဲ့လူတွေကိုတော့တကယ်ကိုယ်ချင်းစာတယ်။တချို့ တော်တော်များများ လှိုင်နယ်မြေနဲ့ ကမာရွတ် နယ်မြေ ၂ခုခြားထားတဲ့ရေချောင်းထဲသွားပစ်ကြတာတွေ့ တယ်။ကျမတကယ်ဘဲ
စိတ်ပျက်တယ်။ချောင်းရေကြီးက မြောင်းပုပ်ချောင်းကြီးဖြစ်လို့ ...အနံ့ တထောင်းထောင်းနဲ့ ပေါ့ရှင်..။
ရန်ကုန်နေရာတော်တော်များများနေခဲ့ဖူးတာ ဒီအမှိုက်ကိစ္စကို ကျမအမြဲတမ်းပွစိပွစိပြောလေ့ရှိတယ်..။
ဘယ်နေရာကမှအဆင်မပြေပါဘူး။ ကျမတို့ ကျိုင်းတုံကမှဟုတ်တုတ်တုတ်။ ကဲပါလေ..ကျိုင်းတုံ အကြောင်း ကိုနောက်မှအသာထား..ဒီအကြောင်းလေးဆက်ပါရစေ...
အိမ်ရာစခန်းတွေ တလစပ်ဖော်ထုတ်တတ်ကြ အိမ်ဆောက်ပြီးရောင်းဖို့ တော့သိကြပါတယ်။ ဒါပေမဲ့တကယ့်လူနေတဲ့နေရာဒေသရဲ့ အခြေခံလိုအပ်ချက်တွေ ထည့်ပေးဖို့ မသိတာလား ပိုက်ဆံတွေ
ချွေတာချင်တာလား သူတို့ နဲ့ မဆိုင်ဘူးလို့ ထင်ကြတာလား..ဘလား
ဘလားပေါ့ရှင်။
သက်ဆိုင်တဲ့
စည်ပင်သာယာကြီးတောင် နေစိမ့်ကြတာဘဲ ငါတို့ က အိမ်ရောင်းပိုက်ဆံရရင်တော်ပြီဆိုတဲ့ အသိမျိုးဘဲ   ကျမတို့ ဆီကကန်ထရိုက်တာကြီးများခံယူထားကြပါတယ်လို့ ပြောရင် မလွန်ပါဘူးနော်..။
အမှိုက်သိမ်းကားလာသိမ်းရင်တစုတဝေးထဲဖြစ်အောင်လို့ တနေရာသတ်မှတ်ပြီး
ရှိတဲ့အိမ်ရာ
အရေအတွက် ပေါ်မှုတည်ပြီး သင့်လျှော်တဲ့ အမှိုက်ကန် အမှိုက်ပုံးများထားပေးဖို့ အိမ်ရာ စီမံကိန်း
ဥပဒေတွရှိတာတော့ရှိပါလိမ့်မယ်။
(ဘာလည်းဆိုတော့
တချို့ ဟာတွေကစာအုပ်ထဲမှာဘဲရှိကြတယ်လို့  ပြောသံကြားဖူးတယ်လေ) ^-^
ခုနောက်ပိုင်းအဆင့်မြင့် အိမ်ရာစီမံကိန်းတွေမှာတော့ ရှိတယ်လို့ ပြောတာပါဘဲ..။ကျမတော့ကျမကြုံတွေ့ ဖူး
ခဲ့တာတွေကိုပြောပြတာပါ။ ကျမတို့ မြို့ လေးမှာတော့ ဟိုး...စော်ဘွားတွေခေတ်ကတဲက အမှိုက်ကန်တွေ ထားပေးတယ်။ ကျမအိမ်ရှေ့ ကအမှိုက်ကန်ရှိခဲ့ဖူးတယ်လေ။ နောက်တော့ ကားနဲ့ ခေါင်းလောင်းထိုးပြီး လိုက်ကောက်ပါတယ်။ နေ့ တိုင်းတော့မလာပါဘူး။ ၃ /၄ ရက်တခါပေါ့။တောအိမ်ခြံကျယ်ရှိတော့ အမှိုက်
ပုံးကိုအိမ်ထဲမှာလောင်ပိတ်ပြီးသိပ်ထားစရာမလိုဘူးလေ။တော်သေးတယ်လို့ ဆိုရမယ်။
ကျမက ငယ်ငယ်လေးကတဲက အကျင့်တမျိုးရှိတယ်။ ရောဂါလို့ ခေါ်ရမလားဘဲ။အနံ့ ကိုသိပ်ကြောက် တတ်တာ။အနံ့ တော်တော်များများနဲ့ လည်းမတဲ့ပါဘူး။ ကောင်းတယ်ဆိုတဲ့ နံ့ သာဖြူနဲ့ လည်းမရဘူး။
ဖုံမှုန့် အနံ့  ချဉ်စုပ်စုပ်နံ့  ဇီးသီးမှည့်အနံ့  ဒီလိုမျိုးအနံ့ တွေရူမိရင် အသက်ရူကြပ်လာတယ်။ နှာချေတယ် နာရည်ကျတာဘဲ။ ဒီတော့ ကျမနေထိုင်မဲ့ပတ်ဝန်းကျင်ဆိုရင်
အရင်ဆုံးသန့် ရှင်းရေးလုပ်ပြီးမှ  နေထိုင်
တတ်တဲ့အကျင့်ကြီးက ပါလာတယ်။ ဒီတော့ အိမ်ကအမှိုက်တောင်းကိုအဖုံးနဲ့ အကာနဲ့ ထားတယ်။
(တကယ်ရန်ကုန်မှာတော်တော်များများ ဒီအတိုင်းဘဲထားတာ မဖုံးထားဘူး မြင်ဖူးတယ်)။ကျမ ပစ္စည်းတွေ
ပစ်ရင်လည်း ခွဲခြားပြီးပစ်တတ်တဲ့အကျင့်ရှိတယ်။အခြောက်တွေဆိုရင် နောက်မှစုပုံပစ်လဲ ရတာကိုး ။
အနံ့ ထွက်လာနိုင်မဲ့ဟာတွေဆိုရင် သေသေချာချာထုတ်ပိုးပြီးမှပစ်တာ။ ဒါကတော့ကိုယ့်ရောဂါမို့ လို့ 
စည်းနဲ့ ကမ်းနဲ့ အမှိုက်ကိုပစ်တတ်သွားတယ်လို့ ပြောလည်းရပါတယ်။ကျမတို့ အားလုံးကျောင်းမှာ.. 
(အသက်ကြီးလာလို့ နဲနဲတော့မေ့ချင်နေပါတယ် )မူလတန်းပညာသင်ယူခဲ့ကြတုံးက ပတ်ဝန်းကျင် ဘာသာ ဆိုတာသင်ဖူးခဲ့ကြသလိုပါဘဲလေ။ တကျောင်းလုံးအမှိုက်တွေတောင်လိုက်ကောက်ခဲ့ဖူးတာဘဲ။
ဘာဖြစ်လို့ များမေ့နေကြတာလည်းမသိဘူး...။
ရန်ကုန်ကအမှိုက်အကြောင်းပြောမယ်ဆိုရင် တထောင့်တညပုံပြင်တောင်အရှုံးပေးသွားရမယ်။ မြို့ လယ် ခေါင်ရော တခြားမြို့ နယ်တွေကရော တိုက်တွေရဲ့ နောက်ဖေးလမ်းကြားမှာ အမှိုက်ပုံ
တွေဟီးထနေတဲ့နေရာမရှိတဲ့တိုက်ဆိုရင် လက်တို့ ကြပါအုံး...
အေးပါလေ....ခေတ်ကာလ ပြောင်းလဲသွားသလို စနစ်တွေပြောင်း မူတွေပြောင်းလို့ လူတွေလည်းငွေကြေး
ကအရေးပါဆုံးဆိုတာတွေဖြစ်လာပြီလေ...။ ပြီးခဲ့တဲ့ ၆ လအထိ ကျမတို့ မြို့ မှာနေခဲ့တုံးက အထက်ဆိုခဲ့တဲ့  အတိုင်း ခေါင်းလောင်းတီးပြီး အမှိုက်ကောက်နေပါသေးတယ်။ အခုတော့..ဟင်းဟင်း ထူးဆန်းဖွယ်ရာတခု
ပြောပြချင်တာ...ကျိုင်းတုံစည်ပင်သာယာ..အမှိုက်ကို ကန်တရိုက်နဲ့ ကောက်ပါသတဲ့..။ နောက်ပြီးသူတို့ က
စည်ပင်ခွန်ဆိုပြီး ပိုက်ဆံလည်းကောက်တယ်။ဒီတော့ မြို့ သားတွေ ၂ခါပေးရတာပေါ့။တကယ်လာသိမ်းတဲ့
လူကိုလည်းပေးရ။ အမှိုက်မကောက်တဲ့ စည်ပင်ကိုလည်းပေးရ..ကဲ.ကျမတို့ ရဲ့ အမှိုက်စွန့် ပစ်ခြင်းစနစ်
ကတော့ ဒါပါဘဲရှင်။
 တပည့်လေးတယောက်ရဲ့ အဖေ့ဘုတ်အုပ်ထဲကနေသက်သေပြဖို့ ယူခဲ့တာပါ
တွေ့ လား ၂နေရာစလုံးပေးကြရတယ်။
သူတို့ ဘယ်လောက်တောင်ပိုက်ဆံသွင်းထားရလဲမသိဘူး...။တလကိုမနဲဘူး...တမြို့ လုံးဆိုရင်..
တွက်သာကြည့်ပေတော့..
နောက်ပြီးတခုဆက်စပ်လို့ စဉ်းစားမိတာရှိပါသေးတယ်။ ဦးကျော်သူက အမှိုက်ကောက်ဖို့ ခွင့်တောင်းတော့
အခွင့်မရဘူးတဲ့..အစကအရမ်းအံသြမိတယ်။ခုတော့သဘောပေါက်လာပြီ။ သူတို့ ကို အမှိုက်ကောက်ခွင့် လိုင်စင်ကြေးပေးစေချင်တာဖြစ်မယ်။ ကျုပ်တို့ တောမှာတော့ ညှာတုပ်နေကြပြီလေ...။
အော်...စည်ပင်သာယာ.....သူတို့ တွေတော်တော်စည်စည်ပင်ပင်နဲ့ သာယာနေကြပါတယ်လေ...။
အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~
မီးမီး
10 comments:
  1. ကိုယ်လည်းအဲဒီအမှိုက်ကိစ္စကိုအမြဲစိတ်ပျက်မိတယ်။
    ရန်ကုန်မှာကတော့အိမ်တွေမှာစနစ်တကျလာမသိမ်းတာအဓိကပြဿနာလို့ ထင်တယ်။
    နယ်တွေသွားရင်တော့လမ်းဘေးဝဲယာရထားလမ်းဘေးကားလမ်းဘေးရွာလမ်းဘေး
    ကြွတ်ကြွတ်အိတ်ချည့်ဘဲ။
    လူတွေကိုအမှိုက်ပစ်စရာနေရာသတ်သတ်မှတ်မှတ်လုပ်မပေးဘူး။
    လုပ်ပေးပြီးရင်လည်းသပ်သပ်ယပ်ယပ်သိမ်းတဲ့စနစ်မရှိဘူး။
    ဒါတွေကအစိုးရမှာတာဝန်ရှိတာပေါ့။
    ပြောရင်းမွန်းကြပ်လာပြီ။း)
    အိုင်အိုရာ
    ReplyDelete
    Replies
    1. ဟုတ်တယ်..မရေ..
      ဒီနောက်ပိုင်းမှာတော့၊
      မျက်စိလေးမှတ်ပြီးရန်ကုန်ကိုပုံဖော်မိရင်၊
      အမှိုက်ပုံဘဲတန်းမြင်လာတတ်နေတယ်။
      အမှိုက်သိမ်းတဲ့သူမရှိပေမဲ့၊
      နေရာအနှံ ပလပ်စတိတ်တွေ၊
      ကျွတ်ကျွတ်အိပ်တွေ၊
      ကွမ်းသွေးရေဝနေတဲ့ ကတ္တရာလမ်းမကြီးတွေ၊
      အမှိုက်တွေစက္ကန့် မလပ်ပစ်ချနေတဲ့လူတွေ၊
      များနေပြီလေ...။
      ဦးကျော်သူကောက်မယ်ဆိုတာ၊
      ငြင်းခဲ့တဲ့လူကြီးခေါင်းပေါ်အမှိုက်ထုပ်သွားတင်ချင်နေတာနော်...
      ဟင်း.... ^-^
      Delete
  2. ကောင်းမွန်တဲ့  အမှိုက်သိမ်းစနစ်၊ အမှိုက်ပုံးတွေ၊ ပြည်သူတွေကလည်း စနစ်တကျ အမှိုက်ပစ်တတ်ဖို့  လိုပါတယ်...
    ReplyDelete
    Replies
    1. ဒီလိုလုပ်ဖို့ ပညာပေးလုပ်ငန်း၊
      လှုံဆော်ဖို့ ဦးဆောင်ပေးနိုင်တဲ့၊
      အဖွဲ့ အစည်းတွေများရှိချင်ရှိနေမှာပါဘဲ၊
      ပရဟိတအဖွဲ့ တွေအရမ်းများလာပြီလို့ ဆိုကြတယ်။
      မူလတန်းကျောင်းသားလေးတွေကို၊
      ခုကတဲကသင်ကြားပေးကြဖို့ လိုတယ်...။
      (ဆြာကြီးလုပ်ပြန်ပြီလို့ ပြောခံထိမှာမြင်ယောင်မိပါသေးတယ် :P)
      Delete
  3. Nice Post ; Ma Mee Nage
    Khine
    ReplyDelete
    Replies
    1. ကျေးဇူးပေါ့..တူနယ်ဂျင်းရယ်..
      :)))))
      ဖုံးမျှော်နေတာနော်..
      ပိတ်ရက်ဆိုဆက်ပါအုံး...
      Delete
  4. ဟန်ကြည်October 08, 2013 4:05 PM
    ဗျိုး ဒေါ်မီး...ကျန်တဲ့ဒေသတွေတော့ မပြောတတ်ဘူး...ဒီနယ်မှာတော့ အမှိုက်ကောက်တာက ပုဂ္ဂလိက ဖြစ်သွားပြီ...တစ်လမှ မြန်မာကျပ်ငွေ တစ်ထောင်...အမှိုက်ကားတွေ လာပေးနေတာ ကျေးဇူးတင်လိုက်တာဗျာ...
    ရန်ကုန်ကိုတော့ ကြောက်သဗျ....တိုက်တန်းတွေ နောက်ဘေးဘက်ကနေ လမ်းမလျှောက်ရဲဘူး...ခေါင်းပေါ်ကို ချေးထုပ် ပြုတ်ကျလာမှာ ကြောက်လို့... ဟဲ ဟဲ
    ReplyDelete
    Replies
    1. အော်...အဲ့ ..ဖက်မှာလည်း၊
      ဂလိုလားတဲ့....
      ဒါဆိုကျုပ်တို့ က စည်ပင်မလိုတော့ဘူးဆိုတဲ့၊
      သဘောပေါ့နော်...။
      တစ်ထောင်ဆိုတော့ပေးရတာတန်ပါတယ်။
      ကိုယ်တို့ ဆီကတောင်းတာလည်းကြည့်ပါအုံး....
      တိုက်ခန်းနောက်ကနေဖြတ်သွားရင်လည်းဘေးဝဲယာမကြည့်လေနဲ ၊့
      တန်းလန်းကြီးချိတ်နေတတ်တဲ့၊(အတောင်ပါသောပစ္စည်းများ)
      ဟီး...အဟိ..မြင်တွေ့ နိုင်၏ :P
      Delete
  5. ဟုတ်ပ အန်တီမီးမီး ကန်ထရိုက် တွေ က စည်ပင် ကို ပိုက်ဆံပေးပြီး ဆောက်ကြတယ် ပြီးတော့  ဘယ်တော့မှ အမှိုက်ကိစ်စနဲ့ ရေမြောင်းမလုပ်ဘူး အကျင့်ယုတ်တဲ့ အကောင်တွေ..အမှိုက်ပြသာနာ က အမှိုက်ပြစ်ဖို့ အလွယ်တကူ အမှိုက်ပုံးတွေ ကန်တွေ စနစ်တကျမလုပ်နိုင်တဲ့  ငတ်ကြီး ကျ စည်ပင်၇ဲ့ တာဝန်ပါ
    ReplyDelete
    Replies
    1. အားလုံးမှာတာဝန်ရှိတာပေါ့...
      ဒီလိုမသန့် ရှင်းတဲ့ပတ်ဝန်းကျင်မှာနေထိုင်တာ။
      ကျမ်းမာရေးဘယ်လောက်ထိခိုက်နိုင်သလဲဆိုတာလည်း၊
      မသိနားမလည်ကြဘူး၊
      တာဝန်ရှိသူတွေမရှင်းပြတော့၊
      ပြည်သူတွေလည်းဘယ်နားလည်မှာလဲလေ...။
      ဒီ ဆယ်စုနှစ်နောက်ပိုင်းဘယ်လိုရောဂါမျိုးတွေ၊
      ရန်ကုန်ကပိုပြီးဖြစ်ပွားလာသလဲဆိုတာ...၊
      ကြောငြာချက်စာစောင်တွေ၊ထုတ်ဝေသင့်တယ်။
      (ကိုယ်ကျမ်းမာရေးစာစောင်တခုမှာဖတ်ဖူးတယ်
      သေသေချာချာဓါတ်ပုံရိုက်ယူထားရမှာမေ့နေလို့ ၊
      ရန်ကုန်မြို့ လယ်ခေါင်က၊လမ်းဘေးဆိုင်ဆိုပါတော့၊
      အသုပ်နဲ့ ငရုပ်ချဉ်ရည်ကိုဓါတ်ခွဲကြည့်တာ၊
      မစင်တွေမှာတွေ့ ရတဲ့ပိုးလောက်လန်းတွေပါသတဲ့၊)
      Delete