မင်္ဂလာပါရှင်~~~
ကိုးရီးယားပဲခေါက်ဆွဲကိုတော့ လူတွေတော်တော်များများကြိုက်နှစ်သက်ကြတယ်လို့ ထင်တာဘဲ။
ကျမတော့အရမ်းကြိုက်တယ်။ ခေါက်ဆွဲလည်းအရမ်းကြိုက်တယ်၊ပဲမျိုးစုံလည်းကြိုက်တာကိုး...။
ဒီရောက်တော့ အသင့်စားပဲခေါက်ဆွဲထုပ်တွေစားရင်းနဲနဲငြီးငွေ့ လာတယ်။ တခါခါလည်းကိုယ့်ဖာသာသာ ကိုယ်လည်းချက်စားတတ်တယ်။ ပဲအနှစ်ထုပ်လေးတထုတ်လောက်ဝယ်ထားရင် စားပါလေ့..တမေ့တမော။
ဒီနေ့ ချက်ချင်း..မိတ်ဆွေများကိုပြောပြမယ်နော့်....။ဒီနေ့ မနက်ကချက်စားတာလေ ^_^
ကြက်သားကလည်းတောင်ပံလေးတွေတွေ့ တာနဲ့ ဝယ်လာတာ။ကျမတော့ အရင်ဆုံး အရေခွံအထူကြီးတွေ အဆီလေးတွေညှပ်ထုတ်ပစ်လိုက်တာဘဲ။
ကကြီးရဲ့ ပဲနှစ်ကိုသုံးတဲ့အတွက်သူတို့ ရဲ့ ငရုတ်နှစ်ကောနဲနဲထဲ့ဖို့ ဝယ်လာခဲ့တယ်လေ။တဗူးမှ ၂$ ဘဲပေးရ တာ။ အစိမ်းရောင်လှီးချွတ်ထားတာက တရုတ်နံနံပင်အရိုး နဲ့ ခပ်ဆင်ဆင် Celery ပါ။သူက မွှေးလို့ 
ဟင်းအနှစ်တွေမှာကြက်သွန်နီကိုလျှော့ပြီးအဲဒါကျမသုံးလေ့ရှိတယ်။ ငရုတ်သီးစိမ်းနဲနဲပါထဲ့တယ်။
အားလုံးကိုဆီသပ်ပြီးချက်တာ..နဲနဲမွှေးလာရင်(အနှစ်ခပ်ပြစ်ပြစ်လေးလိုချင်လို့ ပါ) Blander ထဲပြောင်းထဲ့။
ပြီးအိုးထဲပြန်ထဲ့..မီးအေးအေးနဲ့ ပြန်ချက်တာပေါ့။ရေခန်းရင်ရေလည်းနဲနဲထဲ့၊ဆီပြန်ဟင်းဆိုတာ၊အရသာက
ဟင်းအနှစ်မှာရှိတာ..စိတ်ရှည်ရှည်လေးထားပြီး အနှစ်ကိုချက်ရတယ်။ ရေနွေးတအိုးလည်းလိုပါတယ်။
ဟင်းအနှစ်မှာရှိတာ..စိတ်ရှည်ရှည်လေးထားပြီး အနှစ်ကိုချက်ရတယ်။ ရေနွေးတအိုးလည်းလိုပါတယ်။
ရေနွေးနဲနဲဆီထဲ့၊ ပြန်မွှေ..အိုးနဲနဲကပ်လာရင်ရေပြန်ထဲ့...ဟင်းအရောင်လည်းလှတယ်။
နောက်..ကြက်သားထဲ့...နှံအောင်မွှေပြီးအဖုံးလေးပိတ်...။ အချိန်ပိုနေရင် သူများတွေဘာဟင်းတွေများ
ချက်စား ကြသလဲလို့  fb မှာစပ်စုတာပေါ့..:P
ဆုံဆေးရည်တော့မရှိဘူး..ဒါပေမဲ့ ဘလူးဘလူးလုပ်တဲ့အခါသုံးတဲ့ခွက်လေးမှာကပ်နေတဲ့အနှစ်တွေနှမျော
စရာ..ဒီတော့ ခွက်ဆေးရည်လည်းနဲနဲထဲ့...ပြီးဆက်လက်မွှေ..အဖုံးပြန်ပိတ်.. ဟီး...:))
ဟော..အဆီပြန်လာရင် ပဲအနှစ်တဇွန်းမောက်မောက်လောက်ကလော်ထဲ့...ရေသံဆီသံတဖြစ်ဖြစ်ကြား
လာရင်..ရေနဲနဲထပ်ထဲ့...ပြီးမီးမိတ်အိုးပိတ်....လှော်ထားတဲ့ကိုယ်တိုင်လုပ်ပုဇွန်ခြောက်မှုန့် နဲနဲ၊ မုန်လာဥဖြူ
နဲနဲ နဲ့ နိုင်လွန်ဟင်းရည်..(ဖြူဖွေးပြီး သန့် ရှင်းကြည်လင်နေသောဟင်းရည်လေ..ဟီး) ငရုတ်ကောင်း၊ ကြက်သွန်ဖြူတဥ ဓါးပြားရိုက်ထဲ့..၊ဟော..ဟင်းရည်ရပြီ...တခွက်၊ နောက်ဘလူးဘလူးခွက်ကိုဆေး၊
ကြက်သွန်ဖြူ၊ ငရုတ်သီးထောင့်တွေ ခုတ်ထစ်ပြီးဆားနဲနဲထဲ့...ခဏလောက်ထပ်ဘလူးလိုက်တာနဲ့  ငရုတ်သီး
ဆားထောင်းတခွက်...မိုတ်တယ်နော်...တော်ပြီ...တို့ စရာအသီးအရွှက်အပြည့်ရှိတယ်။

ချိုချို စိမ့်စိမ့် စပ်မွှေးနေတာဘဲ...အန်မတန်မှတော်သော အီဖေကိုယ်ပါလား.... ^_^ ပထမဦးဆုံးစမ်းသပ်ချက်ကြည့်တာ...မဆိုးဘူးဘဲ.. အလှူအဒါန်းပွဲများအော်ဒါလက်ခံရင် ကောင်းမယ်ကြောင်း.... ဟီး.
အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~
မီးမီး