Saturday, September 28, 2013

Green tea နဲ့ Pannsylvania ခရီး

မင်္ဂလာပါရှင်~~~
ဒီလိုပါဘဲ...ဘဝဆိုတာ မြုပ်တခါပေါ်တလှည့်ဆိုသလိုပေါ့ရှင်...။ကျမလည်း ပေါ်လာလိုက် ပျောက်သွား
လိုက်နဲ့ အားလည်းနာပါတယ် တကယ်တန်းရေးပြီးပြောမလို့ ကြံရွှယ်နေတာက အမှိုက်များနဲ့ ကျမတို့ 
ရွှေပြည်ကြီးအကြောင်းတွေပါ။ ဓါတ်ပုံလေးတွေအချက်လေးတွေစုပြီးနောက်မှ ပြောပြအုံးမယ်နော်..
ခုတော့ လွန်ခဲ့တဲ့ ၂ပတ်က သွားလည်ခဲ့တာလေးနဲ့ တွေ့ ခဲ့တာလေးတွေပါ...


Pennsylvania ပြည်နယ်က နယူးဂျာစီနဲ့ ကပ်ရပ်ပြည်နယ်ပေါ့ ။ ကျမတို့ ကနယူးယောက်နဲ့ ကပ်ရပ်ဖက်မှာ ဆိုတော့ ၁နာရီခွဲကျော်လောက် တော်တော်မောင်းရပါတယ် ကားသိပ်မကျပ်ရင်ပေါ့လေ...။


အဲဒီပြည်နယ်အစပ်က Easton မြို့ လေးမှာရှိတဲ့အပေါင်းအသင်းရောင်းရင်းကြီးဆီသွားကြတာပါ။ မြို့ လေးက သေးသေးလေးပါ..မြို့ လယ်ခေါင်မှာရှိတဲ့ကျောက်တိုင်ပတ်လည်မှာ စနေနေ့ တိုင်းလယ်
သမားဈေးရောင်းကြတာရှိတယ်..။ နေရာထိုင်ခင်း မြို့ အနေအထား လူပုံပန်းသဏ္ဌန်တွေ ရာသီဥတုကစလို့  Oostvoorne Holland 
နဲ့ ဆင်သလိုလိုမိုးကလည်းအုံ့ ပြီး..အဲဒီနေ့ က ရာသီဥတုအေးစပြုလာပြီလေ...။
အားလုံးခြုံ ကြည့်လိုက်တော့ ဥရောပကိုပြန်ရောက်နေသလိုခံစားရတယ်.။


နောက်မှ မြို့ အကြောင်းကို ဝီကီကနေ ရှာဖတ်ကြည့်တော့  ဒတ်ခ်ျ Dutch တို့ ကိုလိုနီနယ်ဖြစ်ခဲ့ဖူးတာကိုး..၊
ပြီး..ခုလည်း အဲဒီပြည်နယ်မှာဂျာမာန် German စကားပြောတွေက ၂၈.၅% ရှိတယ်တဲ့။ ဒီနေရာမှာသူတို့ ဆို လိုချင်တဲ့ ဂျာမန်စကားဟာ..Pennsylvania Dutch language ဖစ်ပြီး ဂျာမာန် အနောက်အလယ်ပိုင်းဒေသ
ကအသံထွက်မျိုးဖြစ်ပါတယ်တဲ့..။ သိကြတဲ့အတိုင်း အာခေါင်ခြစ်သံ ဝမ်းခေါင်းသံနဲ့ ပြောတတ်တဲ့ ဂျာမန်
စကားဟာ ဒတ်ခ်ျစကားနဲ့ တွေ့ တော့ easy ဖြစ်သွားတယ်..ဒတ်ခ်ျတွေက ခွီးငီးကွီး..အဟီး..ဒီလိုဘဲကြား
တာဘဲ တွံတွေးတွေစင်ထွက်ကုန်တယ်လို့ ထင်ရတယ် လေ...။

တကယ်တော့လည်း Deutsch စကား ဆိုတာ English နဲ့ Dutch ရောစပ်ထားတယ်လို့ ဘဲအကြမ်းအားဖြင့် နားလည်ထားတာပါ။သူငယ်ချင်းသားလေးလည်း ဂျာမာန်စကားသင်နေတာတဲ့။သူတို့ ကခလေးနဲ့ ပြောခိုင်း တာ ဒီကလည်းတော်တော်မေ့နေတယ် အစကိုမချီနိုင်ဘူး အိုးနင်းခွက်နင်းနဲ့ ..ဟီး..ရီရတယ

သူ့ ခမျာကြိုးစားပြီးရောင်းရှာတယ် သူ့ ပျားရည်က သဘာဝပျားရည်တဲ့ အမြည်းတွေစားကြည့်ပြီးဝယ်လည်း
မဝယ်ခဲ့ပါဘူး... ^_^   မိတ်ဆွေတို့ လင်မယားက ကျမတို့ ကို အဲဒီအဝိုင်းနားက ဆိုင်မှာ နေ့ လည်စာ
နဲ့ တည်ခင်းဧည့်ခံပါတယ်ရှင် :P ချစ်စရာကောင်းထှာ

 ကျမကျေးဇူးရှင်က ကြက်သားဆင်းဝှစ်၊ချိစ် နဲ့ ...

ကိုယ်တော့ ဘာရမလဲ စားပွဲထိုးမလေးကိုမေးတာပေါ့ မင်းတို့ ထဲကအကောင်းဆုံးဆိုတာဘာလဲ ဆိုတော့
LOBSTER Roll တဲ့...
ရောင်းရင်းကြီး တို့ ၂ယောက်ဘာမှာစားကြမှန်းတောင်မသိလိုက်ဘူး... ဓါတ်ပုံရိုက်တော့ ဂလိုလေးတွေ့ ရ တာဘဲ...
စာရင်းချုပ်လိုက်ရင် အင်မတန်စားကောင်းတာပေါ့ရှင်...။ (သူများကျွေးတာမို့ ပြောတာဟုတ်ဘူးနော်..)
ပိုက်ဆံရှင်းတော့ နဲနဲချောင်းကြည့်လိုက်တယ် ၇၅$ တဲ့...ဘီယာ နဲ့ ဝိုင် ၂ခွက် ဘဲပါတာ..ဈေးကြီးပါဘူးနော်.
စားပြီးတော့ ယောက်ကျားလေးတွေက သေနတ်သွားပစ်ကြတယ်တဲ့...မမိုက်လိုက်ထှာ..
ကိုယ်တို့ တော့ မိန်းမပီပီ ရှော့ပင်း..ဟင်းဟင်း....
Easton မြို့ လေးမှာနံမည်ကြီးတဲ့နေရာလေးတခုကတော့ Crayola crayon company သူက ခလေးတွေရောင်စုံခဲတံချောင်း၊ဘောပင်ချောင်းတွေထုတ်တဲ့စက်ရုံပေါ့...။ိ


 မြို့ ပါတ်လည်မှာ ဒါလေးဘဲရှိတာ...
ဒါကတော့ စက်ရုံနောက်ကျောဖက်မှာပေါ့...ရွှေမင်းသမီးအဖွားအိုလေးနဲ့ လေ... :) 
ကဲ...သူငယ်ချင်းနဲ့  ရှော့ပင်းသွားရင်း...လက်ဖက်ခြောက်တွေဝယ်ခဲ့တယ်..
ကျမထုံးစံ ဂျပန်ဂရင်းတီးပေါ့...


သူတို့ လက်ဖက်ခြောက်ရောင်းတဲ့နေရာ...ဗူးလေးဖွင့်စက္ကူအိတ်ထဲစတီးဇွန်းနဲ့ ကလော်ထဲ့ အလေးချိန်
ပြီးကျသင့်သလောက်ထွက်လာတဲ့ စတိတ်ကာကပ်...ပေါ့ မော်နီတာ နဘေးကစက္ကူထုတ်လေးတွေ က
ကျမတို့ ထဲ့ထားတာတွေပေါ့ရှင
 မွှေးလွန်းလို့ ဈေးနူံးကိုသိပ်မကြည့်ဘူး...တပေါင် ၇၉.၉၉ $ တဲ့
 အရွှက်လေးတွေလည်း လှမှလှ...
ဒီဟာက ပိုတောင်လှသေးတယ်..မွှေးနေတာဘဲ...၉၉.၉၉ $ အမေရေ..အမေ့သမီး တသက်မှာတခါလောက်
သောက်စမ်းကြည့်ချင်လို့ ပါ...
လုံးကျစ်လေးတွေ...ထိုင်ဝမ်ဖက်ကလာတာလည်း ဒီလိုမျိုးသောက်ဖူးတယ်..။
ဟောဒီဘောလုံးကြီးက အိုးလိုက်ဖျော်မှဘဲသောက်လို့ ရမယ်နဲ့ တူတယ်...။မြင်သမျှအားလုံးဝယ်
ချင်နေတာချည်းပါဘဲ။ မိန်းခလေးတွေဆိုရင် ဒီလိုဘဲ အမြင်လောဘအသောမသတ် နိုင်ပါရှင်။

ဒါတော့ ဂျပန်လေယာဉ်ကွင်းမှာရောင်းတာတွေ့ ဖူးတယ်..သောက်လို့ ကောင်းတယ်။ကောက်ညှင်းနံ့ လေး
မွှေးလို့ ..။ ၅ ထုပ်လောက်ယူလာပြီး  ပိုက်ဆံမရှင်းခင်မှာ သေသေချာချာပြန်ကြည့်မှ Made in China
လည်းပါတယ် Japan လည်းပါတယ်။ရောနေတာကိုး..သူ့ နေရာပြန်သွားပြီး China ကို သာသာလေးနား
ထား
ခိုင်းလိုက်ပြီး ကိုဂျပန် ၃ ထုပ်ဝယ်ခဲ့ကြတာပေါ့...ကွယ်..^_^ 
နဲနဲစီဘဲခပ်ထဲ့ခဲ့တာပါ...ချွေတာရေး လုပ်ခဲ့ ကြပါတယ်လေ။(ကပ်စီးကုပ် ဒေါ်ကြီးမီးလေ)
ကျမတို့ ၂ယောက်လည်း..အဲဒီလက်ဖက်ခြောက်စခန်းမှာအချိန်တွေကြာသွားတာနဲ့  တပ်ခေါက်ပြီးပြန် လာကြရပါတယ။်
စကားတွေပြောနေတာနဲ့  ဖြတ်ပြီး အေးတာလည်းပါပါတယ်လေ..ခပ်စောစောပြန်ခဲ့ကြပါတယ်။

ရာသီဥတုကသာယာနေတော့လည်း ကားသွားနေရင်းက (နယူးယောက်ဖက်ကမ်းကိုလှမ်းမြင်နေရတာကိုး)
မနေနိုင်ပါဘူး ဓါတ်ပုံလှမ်းရိုက်ထားလိုက်တယ။် 
ဟော..လမ်းခွဲလေးရောက်ပြီ..အိမ်နားက ညနေတိုင်းသွားပြေးတဲ့နေရာမှာပေါ့..
ကြည့်လိုက်တော့ ပူစီဖေါင်းတွေ ထိုးထိုးထောင်နဲ့  ဘာပွဲလည်းသိဘူး...
ခဏဆိုပြီးဝင်ကြပါတယ်...။
ကကြီးရှပ်ရုင်ထဲမှာမင်းသမီးတွေလှလိုက်ကြတာ ဒီမှာခြုံကြည့်လိုက်ရင် မျက်နှာခပ်ပြဲပြဲကြီးတွေနဲ့  မလှဘူး..

Korean thanksgiving ပွဲတဲ့..
 ရောက်တော့နောက်ကျနေပြီးဖြစ်တဲ့အတွက် စားစာရာရောင်းတာတွေတောင်ကုန်နေပြီ..

ကားကိုလည်းဟိုးအဝေးကြီးကွင်းပြင်မှာရပ်ထားခဲ့ရတယ်..

ကားပေးမဝင်ဘူးလေ..

သူတို့ စီစဉ်ပေးတဲ့ ဘတ်စ်ကားနဲ့ သွားတာပေါ့...
ကဲ..ခြေလည်းတို..နေလည်းညိုလို့ ..အိမ်ပြန်ကြပါစို့ ကွယ်....

အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်
မီးမီး

12 comments:

  1. မီးမီး..
    ဂရင်းတီးလေးငမ်းရင်းလိုက်လည်လိုက်တယ်။
    ဒီတခါသိပ်မမောဘူး။ ဟိ.
    ခရီးသွားရတာကြိုက်တော့ဘယ်သွားသွားကိုယ်ကလိုက်မှာဘဲ။း)

    ReplyDelete
    Replies
    1. ဟီး...ခရီးရှည်ကြီးမဟုတ်ပါဘူး..
      ရန်ကုန် နဲ့ ပဲခူး..ဆိုပါတော့..:P
      (ခုတလော ဂျီကျနေတာခရီးမထွက်ရတာကြာပြီ..လို့ )

      Delete
  2. ရွှေမင်းသမီးပုံက သေးသေးလေးး))

    ReplyDelete
    Replies
    1. ပုံကြီးကြီးနဲ့ ဆိုညသန်းခေါင်လန့် အော်ကြမှာစိုးလို့ ပါ...
း)))

      Delete
  3. Hi, Ma Mee Nage!!
    Do you want to visit again?
    Next time let's shoot assault rifles, just you and me, no guys!
    Danke aunty Mee Nage (klein, klein)
    Khine

    ReplyDelete
    Replies
    1. Yes, next time we go to shoot rifles.
      We had a great time there, Vielen Dank.

      Delete
  4. အဲဒီ ဂရင်းတီးတွေ သောက်ချင်လိုက်တာ...း) ဟုတ်ပါ့ ကကြီးတွေက တီဗွီထဲမှာသာ ချောသာ..အပြင်မှာ မျက်နှာပြဲပြဲကြီးတွေ...ဒီစီကို လာလည်ရင် ပြောနော်..ပုန်းနေမလို့ ...းD

    ReplyDelete
    Replies
    1. ဟင်း..နော်..
      ဒီစီကိုနောက်တခါထပ်လာလည်မလားလို့ စိတ်ကူးနေတာ...
      ကကြီးတွေ ကိုယ်တို့ ကိုဘယ်မှီလိမ့်မတုံး..နော်..
      လှတပတ..ချစ်စရာဂျပု...လေးလေ..ဟီး

      Delete
  5. ခရီးသွားရတာ ပျော်စရာနော်၊
    အတွေ့အကြုံအသစ်တွေကို ရတာမျိုး သိပ်ပြီး နှစ်သက်သဘောကျမိတယ်။

    ReplyDelete
    Replies
    1. ခရီးထွက်နေရရင်..
      စိတ်ကိုချမ်းသာလို့ ..
      အိမ်မှာဆိုရင်..သိမ်းဆည်း ချက်ပြုတ် အလုပ်လုပ်
      နော့်....ခရီးရှည်ကြီးတွေမထွက်ရတာ နှစ်ပေါက်တော့မယ်ကွာ...
      ဘယ်သွားရမှန်းတောင်မသိတော့ဘူး.. :))

      Delete
  6. အန်တီမီးနဲ့အတူလျှောက်လည်လိုက်တာ နေလဲညိုပြီ ခြေလဲတိုပြီ တာ့တာ ပြန်တော့မယ်..။

    ReplyDelete
    Replies
    1. ဧည့်သည်ကြီးကို ဂရင်းတီးနဲ့ ဧည့်ခံမလို့ ပြန်တော့မလား
      :P

      Delete