ကျမတို့ တွေညညအိပ်ယာကနေရုတ်တရက်လန့် နိုးလာရတဲ့အကြောင်းရင်းများစွာထဲကတခုတော့၊
ဆီးသွားချင်လို့ ပါဘဲ..။ ဟင်းဟင်း...သုတေသနသေသေချာချာလုပ်ပြီးမှ ပြောတာနော့်...။
(ပတ်ဝန်းကျင်က လူ ၄- ၅ယောက်ကိုမေးမြန်းကြည့်ပြီးသောအခါ..ပေါ့ရှင်)း))
ရွှေပြည်ကြီးမှာလည်း ဂလိုဘဲတဲ့..နီးစပ်ရာလေးမေးမြန်းပြီး အားလုံးဘဲ ရာနူံးပြည့်အောင်မြင်ပါကြောင်း...:P
အဟဲ...ထိပ်ထုခြင်းခံရတော့မယ်... @_@
ကျမငယ်ငယ်ကတဲကကျောက်ကပ်တခုကိုပြည်တည်ပြီး၊ဆေးကုရသေးတယ်။တခုကကောင်းကောင်းအလုပ်
မလုပ်နိုင်ဘူးဆိုပါတော့..စာရင်းချုပ်လိုက်တော့ ဆီးမထိန်းနိုင်ဘူး..ရေအိမ်ခဏခဏသွားရတယ်။ဒါကြောင့်
လည်းကျောင်းမှာနေတုံးက ခင်သက်ထွေး..ဆိုတဲ့နာမည်ကို သူငယ်ချင်းတွေဝိုင်းပေးကြတယ်လေ။
နေရာဒေသတွေလည်းခဏခဏပြောင်းနေတဲ့ကျမတယောက်တော့..အိပ်ခါနီးဘယ်နေရာမှာအိမ်သာရှိ
လည်း၊သေသေချာချာမှတ်ပြီးအိပ်တာ(ဒါဘယ်နေရာမှာ..အိပ်နေတာလဲလို့ ..မှတ်မိနိုင်မှာလေ)။နိုးတာနဲ့ 
မှတ်ဥာဏ်လေးကိုပြန်ဆွဲဆန့် ရတယ်။ ပြီးမှ..ထပြီးသွားတာပေါ့..တညကို ၂ခါအနဲဆုံးသွားရတယ်။ အိပ်ရေးပျက်တယ်လေ..။
လူကလည်းခပ်ပျင်းပျင်းဆိုတော့ အိမ်သာနဲ့ အိပ်ယာကိုခြေလှမ်းအရေအတွက်နဲ့ မှတ်ထားလေ့ရှိတယ်။
မီးကိုမဖွင့်ဘဲ မျက်စိမှိတ်ပြီးသွားနိုင်တဲ့ အတတ်ပညာလည်းရှိတယ်...(ဂလိုတော်တာနော်...^_^)
လက်နဲ့ စမ်းပြီးသွားတာ ခြေလှမ်းရည်တွက်လို့ ဘယ်ကွေ့ ညာကွေ့ တံခါးလှပ်..အားလုံးအော်တိုငုတ်တုတ်
ရတယ်ဗျို့ ..။
ဒီလိုနဲ့ ချိုင်းမိုင်ရောက်တော့ ထိုင်းလူမျိုး( ရှမ်းနက်လူမျိုး)မိသားစုအိမ်မှာ အဆောင်သဘောမျိုးနေတာပါ။
အဲဒီမှာ ၄ နှစ်လောက်ကြာသွားတယ်။မိသားစုဝင်တယောက်လိုဖြစ်သွားတာ..။အိမ်ကလည်း အပြင်ကနေ ကြည့်ရင်၂ထပ်၊ ဒါပေမဲ့အထဲမှာ ၃ထပ်ရှိတယ်။ကျမကအောက်ဆုံးထပ်မှာ တံခါးပေါက်ကလည်း၃ပေါက် ရှိတယ်။မိသားစုလည်းနဲတယ်။ ကျမတယောက်ထဲအောက်ဆုံးထပ်မှာအပိုင်စားရတာပေါ့..။ဧည့်ခန်း၊ထမင်း
စားခန်း၊ရေချိုးခန်းအိမ်သာ..ဒါတွေတဦးတည်းမူပိုင်ယူထားတာ..။သူတို့ တွေက သူတို့ အခန်းထဲမှာရှိကြ တယ်။ထိုင်းတွေသိတဲ့အတိုင်း ဝယ်စားကြတာဘဲ သူတို့ ထမင်းစားရင်ခြံထဲကခုံပေါ်မှာစားကြတယ်။အိမ်
မှာဧည့်သည်လာရင်ကျမရဲ့ ဧည့်သည်ကပိုတောင်များနေသေးတာ..။နေတဲ့နေရာကလည်း နဲနဲမြို့ ပြင် ကျပါတယ်။ပတ်ပတ်လည် သစ်ပင်တွေ တောတွေနဲ့ ..။(ခုတော့ဒီလိုဟုတ်တော့ဘူးစည်ကားလို့ ..)
ကဲပါလေ..လိုရင်းကိုရောက်တော့ဘူး..ညညအိပ်ယာကနေခြေလှမ်း၂လှမ်းကနေစရပါတယ်။တံခါးဂျက်ဆီ
ရောက် ဆွဲဖွင့်၊အခန်းထဲကနေထွက်လာတာနဲ့ ဧည့်ခန်းကိုဖြတ် ခြေ၅လှမ်း၊ ထမင်းစားခန်းလှေခါး ၃ ထစ် ကိုတက်၊နောက် ၅လှမ်းလောက်လှမ်းပြီးရင် တံခါးဖွင့် အိမ်သာကကပ်ရပ်ကို တွန်းဖွင့်ကိစ္စပြီးရင် ဘယ်ဖက်
ကိုနောက်၃လှမ်းလောက်ဆိုရင် ရေခဲသေတ္တာရှေ့ ရောက် ဆွဲဖွင့် ရေသောက် ပြန်ပိတ်၊ဟား....မျက်စိ
ကျယ်ကျယ်မဖွင့်ရဲဘူး..မီးရောင်နဲ့ စူးသွားပြီး ပြန်အိပ်ရခက်မှာစိုးလို့ ...။ သာသာလေး မပွင့်တပွင့်လေးဟ၊ တံခါးနားရောက်ရင်ပြန်ပိတ်အထဲဝင် မှတ်ဥာဏ်လေးပြန်မှတ် ၁ ၂ ၃ ၄ ၅ လှေခါးထစ်ရှိတယ်။
နောက် ၁ ၂ ၃ တည့်တည့်ပြန်သွား...အဟီး..ဒီလိုနဲ့ အခန်းကိုပြန်ပြီးအိပ်တာ..ဇိမ်ကိုကျလို့ ....။
သေးပေါက်လိုက်ရေသောက်လိုက်နဲ့ မယ်မီးညဘဝကြီးက..သံသာရာလည်နေတာပေါ့...။ဒီလိုနဲ့ တနေ့ ကျ
တော့..ပုံမှန်အတိုင်းပါဘဲ ရေအိမ်အထဲအထိ..ပုံမှန်..ပြန်ထွက်လာပြီးမှ ဘယ်ဖက်၃လှမ်းဆိုရင်ရေခဲသေတ္တာ
ရှေ့ သွားရမဲ့နေရာကြတော့ သွားတာကတော့သွားတယ် ကွေ့ ဝိုက်ပြီးသွားတယ်ဗျ..ပုံမှန်ဆို ညာဖက်လက် နဲ့ ရေခဲသေတ္တာကိုဆွဲဖွင့်ကြတယ်လေ..ခုတော့ လူက ရေခဲသေတ္တာရှေ့ တည့်တည့်မရောက်ဘဲ ဘေးကနေ
ဘယ်လက်နဲ့ လှမ်းပြီးကျော်ခွဖွင့်ပါတယ်...(ထူးဆန်းလေစွ..) အထဲကမီးရောင်နဲ့ ...ရေခဲသေတ္တာရှေ့တည့် တည့်မှာခွေနေတဲ့ ကိုရွှေမြွေကြီးကိုတွေ့ လိုက်မှ..အိုး...လာ..လား...မျက်မှေးလေးလုပ်ထားတဲ့ မျက်စိ၂လုံး
ပြူးကျယ်ပြီးထွက်ပြေးတာမှာတန်းနေတာဘဲ..အပေါ်ထပ်ကအခန်းတွေအားလုံးသွားထု..အားပါးတရအော်
ဟစ်..ဝက်ဝက်ကွဲလိုက်တော့တယ်...
နို့မို့ ရင်...သူ့ ကိုတက်နင်းမှာအသေအချာဘဲ..ဘာဖြစ်လို့ ..ချော်တောငေါ့ပြီး ကွေ့ သွားရသလဲဆိုတာကို
လည်းခုထိ ကိုယ်ဖာသာကိုယ်နားမလည်သေးဘူး..ကဲ..ကျမရဲ့ sixth sense လို့ ဘဲဆိုရတော့မယ်ပေါ့နော်.။
တခုခုယားကျိယားကျိနဲ့ ဖြစ်လို့ လက်နဲ့ သပ်လိုက်မိတယ်။လက်အထိအတွေ့ ကိုသိလိုက်တော့ ကမန်းက တန်းမီးထဖွင့်ကြည့်မိတယ်..အိုး...ကင်းခြေများကောင်ကြီးလေ..လက်တထွာလောက်ရှည်တယ်...။
အဲဒီနေ့ ကသူငယ်ချင်းတယောက်လာအိပ်လို့ သိပ်မကြောက်မိဘူး။သူနဲ့ ဧည့်ခန်းဆိုဖာပေါ်မှာသွားအိပ် ကြရတယ်လေ..။အိမ်ရှင်မှာသား ၂ယောက်ကောင်လေးရှိတယ်..အကြီးကောင်လေးကိုဖမ်းခိုင်းထားလိုက်
တယ်။ညနေအလုပ်ကပြန်တော့ သူက ပြောတယ်တဲ့။ ပီမီးမီးရေ အဲဒီအကောင်ကအမ သူ့ ခလေးတကောင် ပါထပ်မိတယ်တဲ့..။ ဟေ..ဒါဆို သူ့ ယောက်ကျားအထီးကိုပါရအောင်ရှာ မရလို့ ကတော့ ငါပြောင်းမှာနော်..။
ဟင်းဟင်း...ကိုယ်က သူတို့ အိမ်မှာ essential;extremely important.မရှိမဖြစ်လိုအပ်သောပုဂ္ဂိုလ်လေ၊
သူတို့ အဖွားကို ချေးဝတ်သေးဝတ်ကအစ လိုက်လုပ်ပေးတယ်။အတူတူနေတော့ သံယောဇဉ်တွေလေ..။
(အိမ်ရှင်အမျိုးသားကတောကျောင်းအုပ်၊အမျိုးသမီးကချိုင်းမယ်က ယောက်ကျားလေးကျောင်း တခုမှာ
ထမင်းဟင်းရောင်းတယ်၊ကောင်လေး ၂ယောက်က ကျောင်းသား မနက် ရနာရီဆိုသူတို့ တွေတယောက် မှမရှိတော့ဘူး..၊အဖွားက ရဝကျော်ရှိပြီ သူ့ ဖာသာသူလုပ်တဲ့ ချိုင်းမယ်ကဝက်အူချောင်းတွေဟင်းတွေကို
လမ်းထိပ်မှာလင်ပန်းလေးနဲ့ သွားရောင်းတယ်။တနေ့ တော့ ဆိုင်ကယ်ပွတ်သွားပြီး ပေါင်ရိုးကျိုးသွားတာ။
ကျမဘဲ ပြုစုပေးမဲ့သူရှိတယ်။ညနေ အလုပ်ကပြန်ရင် ကျမအခန်းရှေ့ မှာ စားစရာလင်ပန်းလေး ချထားပေး တယ်။ရေချိုးပြီး အပေါ်တက်အဖွားနဲ့ စားတာပေါ့။ သူတို့ တွေညည ဘယ်အချိန်ပြန်လို့ ဘာတွေစားကြမှန်း
တောင်ကျမသိပ်မမြင်ဘူးပါဘူးဆို...တကယ်ဘဲ။မနက်ဆိုလည်း ကားသံဆိုင်ကယ်သံဘဲကြားလိုက်တာ။
အဆောင်ဖိုးပေးရတာက ဘတ်တထောင်ထဲ..အရမ်းပိုင်တာဘဲနော်..တံမျက်လှည်း၊အိမ်သိမ်း၊ခြံရေလောင်း
ဒါတွေအားလုံးလုပ်တယ်...ကိုယ်နေတဲ့နေရာဟာဘာဘဲဖြစ်ဖြစ် ကိုယ့်နေရာဘဲလို့  သဘောထား လိုက်ပါ တယ်လေ..။)
ကဲ...ဘေးချော်သွားပြီ..နောက်မှ အိမ်ရှင်အမကြီးနဲ့ သူတို့ အစားအစာတွေလုပ်ကူရင်း ရလာတဲ့ အတွေ့  အကြုံတွေမျှရသေးတာပေါ့..ခုတော့..စထားတဲ့အကြောင်းလေး..ဆက်အုံးပါမယ်လေ...:)))ကောင်လေးစိတ်
တွေညစ်သွားတယ်...။ကျမလည်းဂျီကျတယ်..အထီးမရှိဘဲနဲ့ ဘယ်လိုလုပ်ခလေးကရမှာလဲလို့ ဟုတ်လား။သူ တို့ တအိမ်လုံးရှာရတယ်..နောက်ဆုံးရှာမရတော့ ကျမ အလယ်ထပ်က ကောင်လေး အကြီးရဲ့ အခန်းကို အ ပိုင် စားရလိုက်တယ်..ရေချိုးခန်းအိမ်သာတွဲရပ်လေးနဲ့ ...ဟူး................... :P
ကျေးဇူးတင်လိုက်တာ...ကင်းခြေများ သားအမိရေ..ခြေလှမ်း၎လှမ်းလောက်နဲ့ လိုရာရောက်သွားနိုင်ပြီ။
အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~
မီးမီး
အဲဒါအရမ်းဆန်းတယ်နော်။
ReplyDeleteကိုယ်တခါအလုပ်ထဲမှာတုန်းကတောထဲကနေလမ်းလျှောက်ပြီးအိမ်ပြန်တာသူငယ်ချင်းတွေအများကြီး။ အများကြီးဆိုတော့စကားတွေပြောသီချင်းတွေဆိုဘေးဘီအောက်ကြည့်တာမဟုတ်ဘူး။ တနေရာမှာလျှောက်နေရင်းနဲ့ ကိုယ်တန့် ခနဲရပ်လိုက်တယ်။ ဘာမှလည်းသဲသဲကွဲကွဲမြင်ရတာမဟုတ်ဘူး။ တောထဲဆိုတော့ပိန်းနေပြီးကြယ်ရောင်ပဲရှိတာ။
ကိုယ်ရပ်တော့ဘာမှန်းမသိကိုယ့်သူငယ်ချင်းတွေလည်းတန့် သွားတာပေါ့။
အဲဒီမှာ ကိုယ်တို့ ရှေ့ မှာ မြွေတစ်ကောင်ခွေနေတာ။ သစ်ကိုင်းကျိုးတွေနဲ့ ရှုပ်နေတာ။
အဲဒီမြွေကိုကိုယ်မမြင်ဘူး။ ကိုယ်ဘာကြောင့်ရပ်တာလည်းကိုယ်လည်းမသိဘူး။ တောထဲကလမ်းဆိုတော့လမ်းပေါ်မှာသစ်ရွက်တွေသစ်ကိုင်းတွေ မကြာခဏတွေ့ နေရတာလေ။သူငယ်ချင်းကအဲတော့မှဓါတ်မီးနဲ့ ဟိုထိုးဒီထိုးကြည့်ရင်းမြင်တာ။ တောထဲသွားရင်ဓါတ်မီးကိုခြွေတာကြရတယ်။ ဆက်တိုက်ထိုးထားရင်ခဏလေးနဲ့ ဓါတ်ခဲကုန်သွားရော။
ကြယ်ရောင်နဲ့ သွားတတ်အောင်ကျင့်ရတယ်။
ဆဋ္ဌမအာရုံဆိုတာပဲဖြစ်မယ်ထင်တယ်နော်။
အို်င်အိုရာ
ဟုတ်တယ်မအိုင်အိုရာရေ..
ReplyDeleteတခါခါကျမတို့ မသိစိတ်ကနိုးဆော်တာ၊
တားမြစ်တာ..တာတွေသူများတွေလည်းဖြစ်လေ့ရှိတယ်၊
လို့ ထင်ရတာဘဲ..ဆန်းကြယ်တယ်နော်..။
စိတ်ကိုထိန်းချုပ်ဖို့ ၊စိတ်ကိုအလိုမလိုက်ဖို့ လေ့လာရင်းက၊
ပြန်သတိရမိတာလေးတွေမျှဝေတာပါ...။
တခါခါမထင်မှတ်တဲ့သူတယောက်ကိုသတိရမိနေတဲ့အခါ၊
သူကလည်းကိုယ့်ကိုသတိရနေတတ်တာမျိုးတွေလေ..နော်..
အဟား..ဘာဟင်းတွေချက်ရမှန်းမသိတဲ့အချိန်ဆို..
မအိုင်အိုရာကိုထိပ်ဆုံးကသတိရနေတတ်တယ်နော်...
သိလား... :)))
ဒီကလည်းခဏခဏသတိရနေတာပါနော်။
Deleteတိုက်ဆိုင်တာတွေကအများကြီး။
အဲတော့ခဏခဏသတိရမိတာပေါ့။
အိုင်အိုရာ
အဟီး...
Deleteဒီလိုချစ်စရာကောင်းလို့ အမြဲသတိရတာလည်းပါတာ...
"ကျမတို့ တွေညညအိပ်ယာကနေရုတ်တရက်လန့် နိုးလာရတဲ့အကြောင်းရင်းများစွာထဲကတခုတော့၊
ReplyDeleteဆီးသွားချင်လို့ ပါဘဲ..။ ဟင်းဟင်း...သုတေသနသေသေချာချာလုပ်ပြီးမှ ပြောတာနော့်...။"
ကိုယ်တွေ့ မို့  ယုံပါတယ် ခင်ညာ..း)
မမီး sixth sense နဲ့  ချော်တောငေါ့ပြီး ကွေ့ သွားတာ ကံကောင်းလို့ ...နို့ မို့  ခုလို ဖြစ်ရပ်မှန်တွေ ရေးနိုင်မှာ ဟုတ်ဘူး...း)
ကင်းခြေများသားအမိကို ကျေးဇူးတင်နေတယ်ပေါ့..အိပ်နေတုန်း ကင်းခြေမျှား..အောင်မငှီး...ဂစ်းD
အော်..ဘဝတူတွေပါလားနော်...
Delete:P ကင်းခြေများကောင်..
လည်ပင်းနားပတ်ပြီး၊ခေါင်းအုံးအောက်ထဲဝင်သွားတာ..
ပြန်စဉ်းစားကြည့်ရင်အသည်းယားစရာကြီးနော်..
သတ္တိတွေရှိနေလိုက်မိတာ..အဲဒီတုံးကပေါ့..
ထူးဆန်းလိုက်တာမမီးရယ် ။ မမီးမှာအတွေ့အကြုံအဆန်းတွေအများကြီးပဲ ဆက်ရေးပါဦးမမီးရယ်..အတွေ့အကြုံတွေကလိုချင်လို့ ပိုက်ဆံပေးဝယ်ရင်တောင်မရနိုင်ပါဘူးနော်။
ReplyDeleteချစ်ခင်လျက်
ဆုမြတ်
ဆုမြတ်လေးက..အပြောကောင်း...
Deleteဒီကလည်း..အခွင့်အရေးတွေရှိသရွှေ့ တော့..
လေပေါနေ..အဲလေ..ရေးနေအုံးမယ်လေ..နော်...
Wow, superb blog layout! How lobg have yoou been blogging for?
ReplyDeleteyou make blogging look easy. The overall look of your weeb site is
excellent, as well as the content!
Here is my webpage paul ponna autoblogsamurai
Thank you for another informative web site. Where else could I am getting that type of info written in such an ideal means?
ReplyDeleteI've a project that I am simply now operating
on, and I've been at the look out for such information.
Also visit my blog post baby rugs