Monday, September 9, 2013

ချက်စားဝယ်စား(၂)

မင်္ဂလာပါရှင်~~~
ဟိုဟိုဒီဒီလေးတွေ ပြောပြမယ်လို့ဂတိတလှေကြီးပေးပြီး ပေါ်မလာအတော်ကြာသွားတာ၊ခွှင့်လွှတ်ပါလို့
ပြောရင်း၊စားစရာလေးတွေနဲ့မျက်နှာလုပ်ရအုံးမယ်ကွယ်..😁
အိမ်ပြောင်းတာ အလုပ်သမားရှာလည်းမရ၊သိတဲ့လူလည်းမရှိ..၂ယောက်ထဲ ၄ ရက်တိတိပစ္စည်းတွေ
ရွှေ့ရတာအီစလံဝေသွားပြီး၊လက်ချောင်းထိပ်တွေ နာနေလို့ကွန်ပြူတာလက်ကွက်ကိုမနှိပ်ချင်ဘူးလေ။
(အပေါ်ထပ်နဲ့အောက်ထပ်ပြောင်းတာပါ၊ပြောင်းတဲ့ကုမ္မဏီကိုဆက်တာပြန်ကိုမဆက်သွယ်လာဘူး)
ပိုက်ဆံသက်တာသွားပေမဲ့ လူက မသက်တာချက်....ဗျ...😔
ပစ္စည်းသိမ်းတုံးကလည်းချက်ဖို့ပျင်း၊ပြောင်းတဲ့အချိန်လည်းမအားလို့၊ ပြောင်းပြီးသွားလည်းယောင်ခြောက်
ဆယ်လုပ်ပြီးပျင်းနေတာနဲ့အပြင်စာfirst-food တွေစားဖြစ်တယ်။ကျမ်းမာရေးအရကြည့်ရင်တကယ်မ
ကောင်းတာပါ။ငံကလည်းငံ၊တရုတ်ဆိုင်ဆိုရင်လည်းဆီများ..မမိုက်ပါဘူးလေ..။



ဗီဇာဆိုင်မှာ ချိစ်နဲနဲလေးဘဲပါမယ်ဆိုပြီးမှာကြည့်တာ spinach & cheese တဲ့အစားအသောက်ကိုဟိုဟာဒီဟာနဲ့ချေးများတတ်ပေမဲ့ ပျင်းလာရင်ရေတောင် ထမသောက်ချင်တဲ့ လူတန်း စားလေ ဒီတော့ ဝယ်စားတာပေါ့....ပြီးခဲ့တဲ့လကတဲက ချိစ်တွေဘာတွေ ဆက်တိုက်စားမိတယ်..
ဂျပန်ဆိုင်တဲ့၊salad တွေရတယ်ဆိုလို့..ဂဏန်းဆလတ်တဲ့...ခေါက်ဆွဲလိုလိုဘာလိုလိုနော်...အပေါ်ကဆမ်း
ပေးတဲ့အရည်က..မြေပဲတွေပါသလိုဘဲ...ပြစ်ခဲနေတာဘဲ..အော်..ကော်လက်စထော်တွေ...
အမျိုးသားအလုပ်ထဲလိုက်သွားတာ သူ့အလုပ်ထဲကလူတွေဝယ်ကျွေးတယ် chicken & vige pizzaတဲ့
ကိုယ့်ဖာသာကိုယ်သွားဝယ်တာ spinach & cheese pizza လေ.. အချိုတည်းတာက
chocolate ice-cream cup cake နဲ့...cocktail သောက်သေးတာနော်...အဟီး..မိုက်ထှာ
မွေးနေ့မှာ အလုပ်တွေရှုပ်နေတယ်လေ...နေ့လည်စာကိုညနေမှစားရတာ..အဲဒါမွေးနေ့အစားအစာတဲ့ :( 
မျက်မှန်အသစ်သွားလုပ်တုံးက ဆေးခန်းဘေးကဆိုင်မှာဝယ်ခဲ့တာ..rokula cheese pizza နဲ့garlic knots.
ချိစ်ဖြူးကြက်သွန်ဖြူပေါင်မုန့်ခေါ်ရမလားမသိပါဘူး..၃လုံးမှ ၁ဒေါ်လာထဲပေးရတာ..
ရက်ပေါင်း၃ဝ အတွင်းထောပတ်တွေချိစ်တွေတလှေကြီးစားမိပြီး မအီမသာဖြစ်လိုက်တာ...
နေ့တိုင်းစားနိုင်တဲ့သူတွေကိုတော့ တကယ်ချီးကျုးပါတယ်လေ...။
ကျမဗီဇာစားရင်လူကြားထဲမှာမစားရဲဘူး..စက္ကူနဲ့အပေါ်ကဆီတွေကိုစုပ်ရသေးတယ်လေ..
သူများတွေတွေ့ရင်အမြင်ကပ်ချင်စရာ..ကဲကဲပိုလေ..အဟီး...
ကိုးရီးယားဆိုင်သွားပြီး လာတီးနို(စပိန်စကားပြောတဲ့ လက်တင်အမေရိက ကလာတဲ့သူတွေ)ချက်တဲ့၊
ဗီယက်နမ်ခေါက်ဆွဲ ကိုရှမ်းမ စားခဲ့တာပါ..ထည့်ပေးလိုက်တဲ့လင်ပန်းကြီးကိုဘယ်ရတာကပိုမောတယ်
ကြီးမားလှသော ဇလုံ..အင်တုံ နဲ့ကိုရောင်းတာဘဲနော်..ဘယ်သူတွေစားလို့ကုန်ကြမလဲ....
ကျေးဇူးရှင်ကလည်း ကိုးရီးယားပန်ကိတ်ကိုပိုကြိုက်တာတဲ့..အထဲမှာမြေပဲယိုလိုမျိုးပါတယ်လေ..။
တခါဝယ်ရင် ၂ ထုတ် ၃ ထုတ်..ကျမတော့သိပ်မကြိုက်ပါဘူး..။
သူ့ကိုကျတော့ မိုင်ကရိုဝေ့နဲ့ပြန်နွေးလို့မကောင်းဘူး..မီးအေးအေးလေးနဲ့ပြန်လှော်ပေးရုံပါဘဲ။
ဒါကကျမတို့ရှမ်းလိုဆိုရင် ခေါက်ယာကု လို့ခေါ်တာဘဲ ကြံသကာနဲ့ကောက်ညှင်းပေါင်းပေါ့..အလှုတွေမှာ
ကျွေးတတ်တယ်။ဝယ်လာတာနဲနဲမာတယ်..။ဒါနဲ့ကိုယ့်ဖာသာကိုယ်လုပ်စားတာ..ပေါ့..
တွေ့လား...ကြံသကာကိုအများကြီးမထဲ့လို့အရောင်မရဲတာပါ။အုန်းသီးဖတ်လေးတွေပါထဲ့ထားတော့ အုန်းနို့ နံလေးမွှေးပြီး စားကောင်းလိုက်တာ...မနက်စာအတွက်အများကြီးလုပ်ထားပြီး တနေ့နဲနဲစီစားတယ်။
ဒီတခါတခြားကိုးရီးယားဆိုင်ကဂျပန်ပဲပုပ်ရခဲ့တယ်။တကဲ့တောင်ကြီးပအို့ဝ်တွေရောင်းတဲ့အတိုင်းစေးစေးလေး
အထဲမှာဖော့ဗူးလေးနဲ့၃ဗူးပါတယ်။တခါလုပ်စားရင်တဗူးနူန်းနဲ့၊ထမင်းနဲ့တခါကြော်စားတယ်။ ဒီတခါကဂျင်းနဲ့ငရုတ်သီးနဲ့ကြက်သွန်မိတ်(တကယ်ဆိုနံနံပင်ထဲ့ရတာပါ မရှိလို့) ကျွတ်ကျွတ်ကြော်စားတယ်။ထမင်းပူပူလေးနဲ့စားလို့ကောင်းတယ်လေ...။

တဗူးဆိုပုဂံလုံးရဲ့ဖင်ကပ်ကလေးဘဲရတာ....။
နောက်နေ့နံနံပင်နဲ့ကြော်ထားတာ...
                                                                                       
အိမ်မှာဂျင်းသုပ်စားချင်လို့ပုဇွန်ခြောက်ရှာဝယ်တာ မိတ်အင်ချိုင်းနားဘဲတွေ့မိတယ်...။ဟင်းဟင်း...
အသက်သာအသေခံမယ် မိတ်အင်ချိုင်းနားနဲ့ရောဂါအဖြစ်မခံချင်ပါဘူး။တနေ့ကသတင်းထဲမှာတွေ့မိတယ်
တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းတွေနဲ့ဆီချက်ပြီးစားသောက်ကုန်လုပ်ငန်းတွေဆိုင်တွေပြန်သွင်းတာတဲ့...။
တရုတ်ပြည်မရောက်ဖူးတာဘဲ ကျေးဇူးတင်ရမလိုလို..မိတ်အင်ချိုင်းနားကို..သူတို့တိုင်းပြည်မှာဘဲသုံးကြ
ပါစေလေ...ကိုယ်တို့တော့ခပ်ဝေးဝေးရှောင်နေနိုင်ရင်အကောင်းဆုံးပါဘဲ...။
ဒီတော့ ကိုယ်တိုင်မူလလက်ဟောင်း ပုဇွန်ခြောက်လုပ်ပြီး စားကြည့်တာ မဆိုးဘူးဗျ။ဆားလည်းပေါ့သလားမမေးနဲ့...ဆားကိုမထဲ့မိလို့..နောက်တခါဆားနဲ့နယ်ပြီးပြန်လုပ်ရတယ်..။
ကျက်ပြီးခဲထားတဲ့အကောင်အသေးဆုံးပုဇွန်ကိုရေဆေးပြီး ဒယ်အိုးထဲထဲ့လှော်..ရေခန်းတာနဲ့အိုဝင်မှာ ၁ရဝ
လောက်အပူပေးပြီး ၄၅ မိန်စ်လောက်ပစ်ထားလိုက်တာ..ကြွတ်ရွှနေတဲ့ပုဇွန်ခြောက်ရလာတာဘဲ...

 ပဲပြားကိုလည်း ဒီလိုလှော်ဆားလေးငရုပ်ကောင်းလေးဖြူး၊သူများလက်ဆောင်ပေးထားတဲ့ဆီလေးဆမ်း..
 ဟော...မွှေးမွှေးအိအိလေး..ငရုတ်ချဉ်နဲ့တို့စားကောင်းပါဧ။်..
တခါတလေလည်းကင်စား...အသားမလိုပါဘူးခင်ဗျား...ခရမ်းချဉ်သီးထောင်း၊ပဲပြားကင်၊ပဲနီလေးဟင်းရည်နဲ့
တို့စရာအသီးအရွှက်တပန်းကန်..ဆို...ကျမရဲ့နတ်သုဓ္ဒာ.ပါဘဲလေ...
 ပဲပြား(ထိုဖူးဖြူ)ဟင်းကိုတပတ်မှာ ၃ခါလောက်ချက်စားဖြစ်တယ်..
ငရုတ်သီးရှိရင်ထဲ့ဖြစ်တယ်..။ငရုတ်သီးတောင့်ကြော်နဲ့ပိုလိုက်တယ်...။ပဲစားပြီးပဲများပါတယ်..:P
အိတ်သွန်ဖာမှောက်ပွဲနဲ့ဘလော့ဒေးနေ့ဆိုတာလည်း..တပတ်လောက်တောင်ကြာခဲ့ပြီဆိုတော့...
တရေးနိုးမှထအော်သလိုဖြစ်နေပါပြီလေ..ဟီး..happy blogger day...
ဒါပေမဲ့ မယ်မီးတော့ အိတ်ဘဲသွန်ပြတာဟုတ်ပါဘူးနော်...
ဘဝတခုလုံးသွန်မှောက်ပြသ ဘလော့ကင်းနေပါကြောင်း.... :)))))

အော်...ဒါနဲ့...ကျမရဲ့မိတ်ဆွေများဘာဟင်းတွေချက်စားကြပါသလဲရှင်....
ဝယ်စားလိုက်ချက်စားလိုက်နဲ့..ကျမလိုပေါ့နော်...ကျမဟင်းတွေကတဖြေးဖြေးနဲ့ဆီတွေပျောက်လို့ခြောက်
တောက်တောက်တွေဖြစ်ကုန်ပါပြီ....ကျမ်းမာရေး..လေနော်...^_^
ချက်စားဝယ်စား(၁)

23 comments:

  1. အသားမပါရင္မစားခ်င္ဘူး..
    ဟဟ..စတာနော်..
    km

    ReplyDelete
    Replies
    1. ပါနာတိပါတာ..
      မပါရင် ဟာတာတိဟာတာ..
      ဒီလိုလား..
      :P

      Delete
    2. ဟီး...စာလုံးပေါင်းမှားသွားတယ်
      ပါဏာတိပါတာ..
      ဂလိုလေးဖြစ်ရမှာ...

      Delete
  2. How are you meemee?
    Long time no see...
    Take care..
    anyway keep going..
    cheer you up..

    ReplyDelete
  3. ခေါက်ယာဂုလေးစားချင်တယ်တော့.... အစားအစာတွေစုံနေတာပါပဲလားမမီးရယ်..ဆုမြတ်က တို့ဖူးမကြိုက်ဘူး ။ ဆုမြတ်ရဲ့တောင်ကြီးသားကတော့တို့ဖူးအရမ်းကြိုက်တာ...း) စကားမစပ် မမီးဆိုရင်ဟင်းထုပ်ကောင်းကောင်းလုပ်တတ်မလားပဲ ။ ဆုမြတ်လုပ်ကြည့်တာဘယ်လိုမှအဆင်မပြေဘူး ။ ငပျောရွက်ကလည်းမရှိတော့ ပလတ်စတိတ်နဲ့ထုတ်ရတာလေ..။ ဘာတွေမှားလဲမသိဘူး ။ သုံးခါရှိပြီ သုံးခါလုံးအဆင်မပြေဘူး ။ အဆာပလာကတော့ ဆန်မှုန့်တစ်ထုပ် ၊ ကောက်ညှင်းမှုန့်တစ်ဇွန်း ၊ ခ၇မ်းချဉ်သီး ၊ ကြက်သွန်မိတ်ကို ရေကြဲကြဲနဲ့ပေါင်းတာပါပဲ ။အမြဲတမ်းမာမာသွားလို့ဘယ်လိုလုပ်ရမှန်းမသိတော့ဘူး ။ ချက်နည်းလေးသင်ပေးပါဦးနော် မမီးး) လုပ်ကျွေးချင်လို့ ။

    ချစ်တဲ့
    ဆုမြတ်

    ReplyDelete
    Replies
    1. ကိုယ်လည်းငပျောရွက်မရှိတော့
      ဒီလိုဘဲပလပ်စတိတ်အကြည်လေးနဲ့ ပေါင်းတာဘဲ..
      ဆန်မှုန့် ကဘာဆန်အမျိုးအစားလည်း..
      ကိုယ်ဆိုကောက်ညှင်းတောင်မထဲ့ပါဘူး..
      ပြောင်းဖုးမှုန့် နဲနဲထဲ့ကြည့်ပါလား..
      ကြက်သွန်မိတ်ကိုတော့များများသာထဲ့ပါ။
      ဆီနဲနဲ၊ဂျင်း၊ကြက်သွန်ဖြူ ညက်ညက်ထောင်းနဲနဲ၊
      ဆား၊အရသာလေးလေးကြိုက်ရင်ငါးပိနဲနဲထဲ့၊
      အသားမှုန့်တွေမထဲ့ပါနဲ့ ၊နံတယ်။
      အသားထဲ့ချင်ရင်ထဲ့ပါ(ဝက်သားအဆီပါရင်ပိုကောင်းတယ်တဲ့)။
      ရေထဲ့ပြီးမွှေ၊ခနတော့နှပ်ထားရသေးတယ်..။
      သိပ်ကြီးပြစ်နေစရာမလိုသလိုကြဲကြဲကြီးလည်းဟုတ်ဘူး...။
      သိပ်အကြာကြီးတော့မပေါင်းနဲ့ လေ။
      အလွန်ဆုံး ၄၅ မိနစ်လောက်ဆိုရပြီ..။
      မာတာ..ဆီမပါလို့ များလား..မသိဘူးကော..။
      နောက်တခါစမ်းပေါင်းကြည့်လေ..။
      မူရင်းကအင်းသားအစားအစာပါ..။
      ရှမ်းလိုတောင် ညောင်ရွှေကမုန့် လို့ ခေါ်တာဘဲ.။
      အဆင်ပြေပါစေနော်.. :)


      Delete
  4. အိမ်ပြောင်းတာကူမဲ့သူမရှိတော့တော်တော်ပင်ပန်းမယ်။ ကိုယ်တွေကူမဲ့သူရှိတာတောင်အီစလံကိုဝေနေတာဘဲ။
    ရှမ်း သို့ မြန်မာတိုဖူး ကြိုက်တယ်။ ပဲပြားကတော့ သုတ်စားအစာသွတ်စားရင်ကြိုက်ပေမဲ့ ကျန်တာသိပ်မကြိုက်ဘူး။
    Spinach cheese အတွဲဆိုတော်တော်များများပုံစံကြိုက်တယ်။
    ပီဇာပူရင်စားတယ်။ အအေးလုံးဝမစားချင်။
    အကြိုက်ဆုံးကတော့ ပဲပုတ်ပါဘဲရှင်။
    ကိုယ်လည်းတစ်ဘူးကိုတစ်ခါချက်တယ်။ အတော်ပါဘဲ။ နဲပေမဲ့။
    ပုဇွန်ခြောက်လုပ်တာမိုက်တယ်ကွာ။း))
    အို်င်အိုရာ

    ReplyDelete
    Replies
    1. ၂ရက်တောင်...ဖျားသွားလို့  :(
      ပဲပြားတွေ ကကြီးဆိုင်သွားရင်
      အမြဲတမျိုးပြီးတမျိုးလုပ်ပြီးအမြည်းပေးတယ်လေ။
      တကယ်စားကောင်းတယ်..။
      သူတို့ တွေဒီလိုစားလို့ ဂျပန်မလေး၊ကကြီးမလေးတွေ၊
      အသားအရည်လေးလှနေတာလားမသိဘူး..
      အဟီး..လှချင်လို့ လိုက်စားတာလေ...။
      Soybean ကအရမ်းကောင်းတယ်ဆိုလို့ ပါ..အဟဲ..
      ပုဇွန်ခြောက်နဲ့ ဂျင်းသုပ်ကပိုမိုက်တာ..သိလား.. :)

      Delete
  5. ပီဇာတော့ကြိုက်ဘူး..
    ပဲပြားတော့ရေလည်ကြိုက်တယ်
    တီတီမီးလိုပဲ အသားမပါလဲပဲပြားတို့ ပဲတို့ အသီးအရွက်တို့ပါရင်ထမင်းမြိန်တယ်..:)
    Yummy Yummy ရှလွတ်

    ReplyDelete
    Replies
    1. ကောင်းတယ်...
      အသီးအရွှက်များများစား..
      ဒါပေမဲ့ မစားခင်
      ရေ...အများကြီးနဲ့ စိမ်ထားဖို့ မမေ့နဲ့ နော်
      ပြီးသေသေချာချာဆေး...
      :)))

      Delete
  6. အစပိုင်းကြည့်တော့ အီလည်လည်ဖြစ်သွားတယ်မမီး...။ နောက်ပိုက်းဟင်းလေးတွေက အိမ်ချက်လေးတွေဆိုတာ့ သရေတောင်ကျတယ် ဟိဟိ..။ အိမ်ပြောင်းတော့ တော်တော်လေးပင်ပန်းသွားတဲ့ကြားက ဘလော့ကစာဖတ်သူတွေအတွက်...ကြိုးစားပြီး ပုံတွေတင်ပေးတာကျေုးဇူးပါ... ဟက်ပီဘီလိတ်တစ်ဘလော့ဒေးပါ..။

    ReplyDelete
    Replies
    1. ဟက်ပီဘီလိတ်တစ်ဘလော့ဒေးပါ..
      မိုးငွေ့ လေးရေ...
      ဟိုချက်ဒီချက်..ဘာချက်ရမလဲဆို..
      သူများတွေဆီကသွားချောင်း...
      ဒါနဲ့ ....
      အုန်းနို့ ခေါက်ဆွဲအရမ်းကြိုက်တာပေါ့။
      :))

      Delete
  7. မမီးငယ် ချက်ထားတဲ့ အောက်ဆုံးဟင်း ၂ခွက်...အရမ်း အရမ်းကိုကောင်းမယ့်ပုံပဲ... ပဲပုပ်ချက်လည်းကြိုက်တယ်။ အရည်စပ်စပ်လေးချက်ပြီး မုန်ညင်းရွက်ပြုတ်လေးနဲ့ ကပ်စား... ရှလွတ်.. :)

    ReplyDelete
    Replies
    1. ပဲပြားဟင်း...လေ..ကိုယ်လည်းအရမ်းကြိုက်။
      ပဲပုပ်ချက်ဆိမ့်ဆိမ့်လေး၊ငရုတ်သီးစပ်စပ်လေး၊
      ခရမ်းချဉ်အရသာမှာမုန်ညှင်းအရသာသက်သက်လေးနဲ့ ဆို...
      အိုး...heaven ပေါ့နော်...
      နောက်တခါချက်မှ ပုံလေးတင်အုံးမယ် :)

      Delete
  8. အပေါ်ကညီမတယောက်မေးထားတာ ကိုယ်လည်းကြုံဖူးလို့ မမီးငယ်အစားဖြေပေးလိုက်တယ်နော်..ကိုယ်လုပ်တုန်းကလည်း မာနေတာနဲ့ နောက်တော့မှ စမ်းသပ်ရင်း သိသွားတယ်။ ဆန်မှုန့်နဲ့ ကြက်သွန်မြိတ်အချိုးအဆ မမှန်လို့ပါ။ ဆန်မှုန့်ကို နည်းနည်းပဲထည့်၊ ကြက်သွန်မြိတ်မတရားများများထည့်၊ အချိုးအဆ အတိအကျ မပြောနိုင်တာ ခွင့်လွှတ်ပါ။ ဆီလေးနည်းနည်းလည်းထည့်။ ဒါဆိုရပြီ။

    ReplyDelete
    Replies
    1. အရမ်းချစ်စရာကောင်းတဲ့စူးနွယ်လေး...
      ဟုတ်တယ်..ကိုယ်လည်းတိတိကျကျ
      အချိုးအစားပြောပါဆိုရင်မပြောတတ်ဘူး
      အင်းသားဟင်းထုတ်ဆိုရင်ကြက်သွန်မြိတ်များများဘဲ..
      ကြက်သွန်မြိတ်ကထွက်တဲ့အချိုရည်ကဟင်းထုတ်ကို
      မွှေးပြီးအိအောင်လုပ်တာလား..မသိပါဘူး..
      ရှမ်းတွေကျတော့နဲနဲဘဲထဲ့တတ်တယ်..
      ကဲ...ဆုမြတ်မိုးလေးရေ..အဆင်ပြေရင်
      ပို့ လာပေးအုံး..မြည်းကြည့်ရအောင်..
း)))

      Delete
  9. အနီးအနားဆို လာကူပေးချင်သား...အိမ်ပြောင်းတာ ဘယ်လောက်ပင်ပန်းမှန်း ကိုယ်တိုင် ခံစားဖူးလို့  သိတယ်..ပုဇွန်ခြောက်လုပ်နည်းက မိုက်တယ်...သာမီးက ပင်လယ်သူဆိုတော့ ပဲပုပ်တို့ ၊ ပဲပြားတို့  သိပ်မကြိုက်ပေမယ့် စုံအောင်တော့ စားနေတယ်...ဟတ်ပီးဘီလိတ်တက်စ် ဘလော့ဒေး မမီး...ပျော်ရွှင်စွာ ဘလော့ဂင်း ကြပါစို့ ...း)

    ReplyDelete
    Replies
    1. ကောင်းမယ်ထင်တာလေးတွေ
      လူနဲ့ တဲ့တာလေးတွေ
      မကြိုက်လည်းစားရင်းက
      ကြိုက်သွားတာ..
      နောက်တခါဆိုအကူခေါ်မယ်နော်..:)

      Delete
  10. စားစရာတွေ ကြည့်ရတာ သွားရည်တွေ ကျလာတယ် မမီးငယ်ရယ်.... စူးနွယ်လေးပြောလို့ ရောက်လာပါတယ် အမြဲတမ်းလာဖတ်တော့မယ်

    ReplyDelete
    Replies
    1. Kai..မကြာမကြာလာပါ..
      အမြဲလာပါ..အဟဲ..
      welcome ပါ..

      Delete
  11. မမီးရယ် ခုမိတ်အင် ချိုင်နားကို သူတို့ကိုယ်တိုင်တောင် မသုံးတော့ပါဘူးကွယ်
    ယုတ်စွအဆုံး iphone တောင် ဟောင်ကောင်ကနေလာဝယ်ပါသတဲ့
    ဘာလို့လဲဆိုတော့ သူတို့လဲ မိတ်အင်ချိုင်နား ကြောက်လှပါသတဲ့..

    ReplyDelete
    Replies
    1. တခါခါလည်း..
      လူမျိုးနဲ့ သိမ်းကျုံးပြောလို့ မဖြစ်တော့ဘူးနော်၊
      လူတဦးချင်းရဲ့ စာရိတ္တနဲ့ ဘဲဆိုင်တယ်လို့ ပြောရမှာ။
      ဒါပေမဲ့မဟုတ်တာကလည်း၊
      ဒင်းတို့ ဆီကဘဲလာတော့ခက်တယ်..နော့်

      Delete